ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ရှဲပြုတ်စေတဲ့ ကား
မူလတန်းနဲ့ အလယ်တန်းကျောင်းသားဘဝဆိုတာ အတော်မျောက်ရှုံးလို့ကောင်းတဲ့ အချိန်ကာလပေါ့။ ကျောင်းဆင်းရင် ကျောင်းအဝထိတော့ လက်ပိုက်ပြန်တဲ့ကောင်တွေချည်းပါပဲ။ ကျောင်းအပြင် ရောက်လို့ကတော့ မြင်းဇောင်းဖွင့်လွှတ်လိုက်သလား အောင့်မေ့ရတယ်။ယောက်ျားလေးအတော်များများဟာ ဒုန်းစိုင်းပြေးတော့တာပါပဲ။
လမ်းမှာ လှည်းကြုံတွေ့ရင် လှည်းပေါ်နောက်ပြန်တက်ပြီး ခြေတွဲလောင်းချစီးပြီး လိုက်တာပေါ့။ ခင်တဲ့သူ တစ်ယောက်ယောက် စက်ဘီးစီးလာတာတွေ့ရင်လည်း နောက်ကယ်ရီယာမှာ လူမပါရင် လိုက်စီးကြတာပါပဲ။ ဒီအတွက်လည်း ဘယ်သူကမှ ဘာမှမပြောကြပါဘူး။ ကျောင်းသားတွေကို ခွင့်လွှတ်ကြပါတယ်။လမ်းသင့်ရင် တင်ပြီးခေါ်သွားတတ်ကြပါတယ်။
ကျွန်တော်တို့ငယ်ငယ်က ကျွန်တော်တို့မြို့ပေါ်မှာ အိမ်စီးကားဆိုတာ ရှားပါးပါပဲ။ အလွန်တွေ့ရခဲ လှပါတယ်။ စီးနိုင်သူ မရှိဘူးလားဆိုတော့လည်း လူချမ်းသာတွေ ရှိသင့်သလောက်ရှိခဲ့ပါတယ်။ မျိုးနဲ့ရိုးနဲ့ကို တော်တော်ချမ်းသာကြတဲ့သူတွေလည်း ရှိကြပါတယ်။ လွန်ခဲ့တဲ့ ခေတ်အခြေ အနေက ဘယ်လိုကြောင့် လည်းတော့ မသိပါဘူး ကားဆို ကုန်တင်ကားနဲ့ မန္တလေးထိသွားတဲ့ ခရီးသည်တင်ကားလောက်သာ ကျွန်တော်တို့မြို့မှာ တွေ့ဖူးသလိုပါပဲ။
သုံးဘီးကားလေးတွေ ပေါ်ခဲ့ဖူးတဲ့ အချိန်ကပေါ့။ ကျွန်တော်တို့ မြို့မှာလည်း သုံးဘီးကားနဲ့ သွားတာလာတာ တွေ့ခဲ့ဖူးပါတယ်။
စတွေ့စက ထူးဆန်းသလိုလေးပါပဲ။ကျောင်းဆင်းတဲ့ အချိန် ကိုယ့်ဘေးနားက ဖြည်းဖြည်းမောင်းလာတဲ့ သုံးဘီးကားကိုတွေ့ရင် နောက်ပိတ်ကို လှမ်းကိုင်ပြီး ခြေနင်းပေါ်ခြေတင်လို့ ကျွန်တော်တို့ ကျောင်းသားတွေ ခိုပြီး လိုက်ကြတာပေါ့။
တစ်ခါတော့ ကျွန်တော်တို့ ကျောင်းဆင်းလို့ ကျောင်းက ပြန်လာတဲ့ အချိန် နောက်ကနေ သုံးဘီးကားလေး လာနေတာ တွေ့ကြတာပေါ့။ အရှိန်မများလို့ လက်လှမ်းမီရင် ကျွန်တော်တို့သူငယ်ချင်းတွေ ခိုစီးကြမလို့ စောင့်နေကြတာပေါ့။
ကျွန်တော်တို့အနီးရောက်တော့ ကျွန်တော်တို့ လိုက်စီးမှာ စိုးလို့ထင်ပါ့ ကားကို အရှိန်တင်ပြီး မောင်းတာကို တွေ့ရတယ်။ဒါနဲ့ ကျွန်တော်တို့ မလိုက်နိုင်ဘူး ဖြစ်သွားတယ်။
ရှေ့နားရောက်တော့ ကားက ဆက်မမောင်းဘဲ စောင့်နေသလိုလုပ်ပြန်ပါတယ်။ဒါနဲ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကားနောက်ပြေးလိုက်ကြတာပေါ့။
ကျွန်တော်တို့တစ်တွေ ကားနားရောက်ခါနီးမှ ကားကမောင်းထွက်သွားပြန်တယ်။ မမီလိုက်ပြန်ပါဘူး။ ရှေနားကျ သုံးဘီးကားက ပြန်စောင့်နေပြန်ပါတယ်။
ကျွန်တော်တို့ တစ်သိုက် “ဟေး…”ဆို အော်ပြီး လိုက်ကြပြန်ပါတယ်။ ကျွန်တော်တို့ထဲက ဝင်းမောင်သန်းက အပြေးသန်တော့လိုက်လို့ မီသွားတယ်။ကျွန်တော်တို့က နောက်မှာကျန်ခဲ့တယ်။
အဲဒီကောင် ကားနောက်ပိတ်ကို လက်လှမ်းကုတ်မိလိုက်တဲ့ အချိန်နဲ့ တစ်ပြိုင်တည်း ကားက ဆောင့်ထွက်လိုက် တာကို တွေ့လိုက်ရပါတယ်။ ဒီကောင့်ခြေထောက် ကားခြေနင်းကို နင်းဖို့ ခြေကအလှမ်း ကားကအထွက် ဖြစ်လို့ မနင်းမိဘဲ ကားဆောင့်ရုန်းထွက်လိုက်တဲ့ အရှိန်နဲ့ပါသွားပြီး ဝမ်းလျားမှောက်လဲသွားတာကို တွေ့လိုက်ရပါတယ်။
ဒီတစ်ခါတော့ သုံးဘီးကားကတော့ မရပ်တော့ဘဲ မောင်းထွက်သွားပါတယ်။ဝင်းမောင်သန်းဆီ ကျွန်တော်တို့ ရောက်သွားတော့ ဖုန်တောထဲကနေ ကုန်းထနေတာကို တွေ့လိုက်ရတာ။ပါးစပ်ကို လက်နဲ့အုပ်ကာ ကျွန်တော်တို့ဘက်လှည့်လာပါတယ်။ဒီကောင့်လက်နဲ့ပါးစပ်မှာ သွေးတို့ပေနေပါပြီ။
ကျွန်တော်တို့က “ပြစမ်း..ပြစမ်း”ဆိုပြီး သူ့လက်ကိုဖယ်လိုက်ရာ ရှေ့သွားလေးချောင်း မရှိတော့။ မြေပြင်နဲ့ သွား ဆောင့်မိပြီး ရှေ့သွားတို့ ကျိုးကုန်ပါတယ်။
အဲဒီဖြစ်စဉ်ရဲ့နောက်တော့ အရှိန်နဲ့ထွက်စပြုတဲ့ ကားတို့ ရထားတို့ကို ဆွဲခိုတက်မစီးတော့ပါဘူး။ ကောင်းကောင်းရပ်ပေးပါမှ တက်စီးပါတော့တယ်။ဘဝမှာ သူတစ်ပါးပြပေးခဲ့တဲ့ သင်ခန်းစာလည်းရခဲ့ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၄)
ရွဲျပဳတ္ေစတဲ့ ကား
မူလတန္းနဲ႔ အလယ္တန္းေက်ာင္းသားဘဝဆိုတာ အေတာ္ေမ်ာက္ရႈံးလို႔ေကာင္းတဲ့ အခ်ိန္ကာလေပါ့။ ေက်ာင္းဆင္းရင္ ေက်ာင္းအဝထိေတာ့ လက္ပိုက္ျပန္တဲ့ေကာင္ေတြခ်ည္းပါပဲ။ ေက်ာင္းအျပင္ ေရာက္လို႔ကေတာ့ ျမင္းေဇာင္းဖြင့္လႊတ္လိုက္သလား ေအာင့္ေမ့ရတယ္။ေယာက္်ားေလးအေတာ္မ်ားမ်ားဟာ ဒုန္းစိုင္းေျပးေတာ့တာပါပဲ။
လမ္းမွာ လွည္းႀကဳံေတြ႕ရင္ လွည္းေပၚေနာက္ျပန္တက္ၿပီး ေျခတြဲေလာင္းခ်စီးၿပီး လိုက္တာေပါ့။ ခင္တဲ့သူ တစ္ေယာက္ေယာက္ စက္ဘီးစီးလာတာေတြ႕ရင္လည္း ေနာက္ကယ္ရီယာမွာ လူမပါရင္ လိုက္စီးၾကတာပါပဲ။ ဒီအတြက္လည္း ဘယ္သူကမွ ဘာမွမေျပာၾကပါဘူး။ ေက်ာင္းသားေတြကို ခြင့္လႊတ္ၾကပါတယ္။လမ္းသင့္ရင္ တင္ၿပီးေခၚသြားတတ္ၾကပါတယ္။
ကြၽန္ေတာ္တို႔ငယ္ငယ္က ကြၽန္ေတာ္တို႔ၿမိဳ႕ေပၚမွာ အိမ္စီးကားဆိုတာ ရွားပါးပါပဲ။ အလြန္ေတြ႕ရခဲ လွပါတယ္။ စီးႏိုင္သူ မရွိဘူးလားဆိုေတာ့လည္း လူခ်မ္းသာေတြ ရွိသင့္သေလာက္ရွိခဲ့ပါတယ္။ မ်ိဳးနဲ႔႐ိုးနဲ႔ကို ေတာ္ေတာ္ခ်မ္းသာၾကတဲ့သူေတြလည္း ရွိၾကပါတယ္။ လြန္ခဲ့တဲ့ ေခတ္အေျခ အေနက ဘယ္လိုေၾကာင့္ လည္းေတာ့ မသိပါဘူး ကားဆို ကုန္တင္ကားနဲ႔ မႏၲေလးထိသြားတဲ့ ခရီးသည္တင္ကားေလာက္သာ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ေတြ႕ဖူးသလိုပါပဲ။
သုံးဘီးကားေလးေတြ ေပၚခဲ့ဖူးတဲ့ အခ်ိန္ကေပါ့။ ကြၽန္ေတာ္တို႔ ၿမိဳ႕မွာလည္း သုံးဘီးကားနဲ႔ သြားတာလာတာ ေတြ႕ခဲ့ဖူးပါတယ္။
စေတြ႕စက ထူးဆန္းသလိုေလးပါပဲ။ေက်ာင္းဆင္းတဲ့ အခ်ိန္ ကိုယ့္ေဘးနားက ျဖည္းျဖည္းေမာင္းလာတဲ့ သုံးဘီးကားကိုေတြ႕ရင္ ေနာက္ပိတ္ကို လွမ္းကိုင္ၿပီး ေျခနင္းေပၚေျခတင္လို႔ ကြၽန္ေတာ္တို႔ ေက်ာင္းသားေတြ ခိုၿပီး လိုက္ၾကတာေပါ့။
တစ္ခါေတာ့ ကြၽန္ေတာ္တို႔ ေက်ာင္းဆင္းလို႔ ေက်ာင္းက ျပန္လာတဲ့ အခ်ိန္ ေနာက္ကေန သုံးဘီးကားေလး လာေနတာ ေတြ႕ၾကတာေပါ့။ အရွိန္မမ်ားလို႔ လက္လွမ္းမီရင္ ကြၽန္ေတာ္တို႔သူငယ္ခ်င္းေတြ ခိုစီးၾကမလို႔ ေစာင့္ေနၾကတာေပါ့။
ကြၽန္ေတာ္တို႔အနီးေရာက္ေတာ့ ကြၽန္ေတာ္တို႔ လိုက္စီးမွာ စိုးလို႔ထင္ပါ့ ကားကို အရွိန္တင္ၿပီး ေမာင္းတာကို ေတြ႕ရတယ္။ဒါနဲ႔ ကြၽန္ေတာ္တို႔ မလိုက္ႏိုင္ဘူး ျဖစ္သြားတယ္။
ေရွ႕နားေရာက္ေတာ့ ကားက ဆက္မေမာင္းဘဲ ေစာင့္ေနသလိုလုပ္ျပန္ပါတယ္။ဒါနဲ႔ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ကားေနာက္ေျပးလိုက္ၾကတာေပါ့။
ကြၽန္ေတာ္တို႔တစ္ေတြ ကားနားေရာက္ခါနီးမွ ကားကေမာင္းထြက္သြားျပန္တယ္။ မမီလိုက္ျပန္ပါဘူး။ ေရွနားက် သုံးဘီးကားက ျပန္ေစာင့္ေနျပန္ပါတယ္။
ကြၽန္ေတာ္တို႔ တစ္သိုက္ “ေဟး…”ဆို ေအာ္ၿပီး လိုက္ၾကျပန္ပါတယ္။ ကြၽန္ေတာ္တို႔ထဲက ဝင္းေမာင္သန္းက အေျပးသန္ေတာ့လိုက္လို႔ မီသြားတယ္။ကြၽန္ေတာ္တို႔က ေနာက္မွာက်န္ခဲ့တယ္။
အဲဒီေကာင္ ကားေနာက္ပိတ္ကို လက္လွမ္းကုတ္မိလိုက္တဲ့ အခ်ိန္နဲ႔ တစ္ၿပိဳင္တည္း ကားက ေဆာင့္ထြက္လိုက္ တာကို ေတြ႕လိုက္ရပါတယ္။ ဒီေကာင့္ေျခေထာက္ ကားေျခနင္းကို နင္းဖို႔ ေျခကအလွမ္း ကားကအထြက္ ျဖစ္လို႔ မနင္းမိဘဲ ကားေဆာင့္႐ုန္းထြက္လိုက္တဲ့ အရွိန္နဲ႔ပါသြားၿပီး ဝမ္းလ်ားေမွာက္လဲသြားတာကို ေတြ႕လိုက္ရပါတယ္။
ဒီတစ္ခါေတာ့ သုံးဘီးကားကေတာ့ မရပ္ေတာ့ဘဲ ေမာင္းထြက္သြားပါတယ္။ဝင္းေမာင္သန္းဆီ ကြၽန္ေတာ္တို႔ ေရာက္သြားေတာ့ ဖုန္ေတာထဲကေန ကုန္းထေနတာကို ေတြ႕လိုက္ရတာ။ပါးစပ္ကို လက္နဲ႔အုပ္ကာ ကြၽန္ေတာ္တို႔ဘက္လွည့္လာပါတယ္။ဒီေကာင့္လက္နဲ႔ပါးစပ္မွာ ေသြးတို႔ေပေနပါၿပီ။
ကြၽန္ေတာ္တို႔က “ျပစမ္း..ျပစမ္း”ဆိုၿပီး သူ႔လက္ကိုဖယ္လိုက္ရာ ေရွ႕သြားေလးေခ်ာင္း မရွိေတာ့။ ေျမျပင္နဲ႔ သြား ေဆာင့္မိၿပီး ေရွ႕သြားတို႔ က်ိဳးကုန္ပါတယ္။
အဲဒီျဖစ္စဥ္ရဲ႕ေနာက္ေတာ့ အရွိန္နဲ႔ထြက္စျပဳတဲ့ ကားတို႔ ရထားတို႔ကို ဆြဲခိုတက္မစီးေတာ့ပါဘူး။ ေကာင္းေကာင္းရပ္ေပးပါမွ တက္စီးပါေတာ့တယ္။ဘဝမွာ သူတစ္ပါးျပေပးခဲ့တဲ့ သင္ခန္းစာလည္းရခဲ့ပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com