တချိန်က စည်ကားခဲ့သော လန်ဒန်မြို့အရှေ့ပိုင်း Dagenham ဒေသမှာ တစ္ဆေမြို့တော်တစ်ခု ဖြစ်လာလျက်ရှိပြီး လူတိုင်းအလျင်စလို ရွှေ့ပြောင်းနေကြ
တချိန်က စည်ကားခဲ့သော လန်ဒန်မြို့အရှေ့ပိုင်း Dagenham ဒေသမှာ တစ္ဆေမြို့တော်တစ်ခု ဖြစ်လာလျက်ရှိပြီး လူတိုင်းအလျင်စလို ရွှေ့ပြောင်းနေကြ - Property News in Myanmar from iMyanmarHouse.com
18 Jul 2023 11:12 am တွင် တင်ခဲ့သည်
494 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် တစ်ချိန်က စည်ကားခဲ့သော လန်ဒန်မြို့အရှေ့ပိုင်း Dagenham ဒေသမှာ ယခုအခါ ခြောက်ကပ်လျက်ရှိကာ တစ္ဆေမြို့တော်တစ်ခု ဖြစ်လာလျက်ရှိပြီး လူတိုင်းအလျင်စလို ရွှေ့ပြောင်းနေကြ ကြောင်း The Sun သတင်းဌာနတွင် ဖော်ပြသည်။
(Dagenham ဒေသခံတို့က ထိုဒေသမှ ရွှေ့ပြောင်းရန် ဆန္ဒပြင်းပြလျက်ရှိကြောင်း ပြောသည်။ ဓာတ်ပုံ- BPM)
(ဒေသခံ Lemmy Kimani က ပြောသည်မှာ ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ရှိသော်လည်း မည်သည့်ပြောင်းလဲမှုမှ မရှိကြောင်း ပြောသည်။ ဓာတ်ပုံ- BPM)
တစ်ချိန်က ဖို့ဒ်မော်တော်ကားစက်ရုံဖြင့် စည်ကားသိုက်မြိုက်ခဲ့သော စက်မှုဒေသဖြစ်ခဲ့သော်လည်း လုပ်ငန်း ကျဆင်းသွားချိန်တွင် ထိုဒေသခံတို့မှာ အမေရိကကဲ့သို့ ဝေးလံသော နေရာများအထိ ပြောင်းရွှေ့သွား ခဲ့ကြသည်။
Dagenham ဒေသတွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့ကြသော Pat Mc Veigh နှင့် ဇနီးဖြစ်သူ Cathy တို့က My London သတင်းဌာနသို့ ပြောသည်မှာ “ကျွန်တော်တို့ ဒီဒေသမှာ တစ်သက်တာလုံး နေခဲ့ပြီးပြီ။ အခုတော့ ကျွန်တော်တို့ ဒီကနေ ထွက်ခွာသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလောက်ဆို လုံလောက်ပါပြီ။ ဒီဒေသဝန်းကျင်က လူတိုင်း စိတ်ကုန်နေကြပြီ။ ကျွန်တော်တို့ရဲ့ မိတ်ဆွေဟောင်းတွေ အားလုံး ဒီကနေ ပြောင်းသွားကြပါပြီ”ဟု ပြောသည်။
အခြားဒေသခံတစ်ဦးဖြစ်သူ အသက် ၁၈ နှစ်အရွယ်ရှိ Lemmy Kimani က ပြောသည်မှာ “ဒီကိုလာပြီး အခြေချဖို့ စီစဉ်တဲ့ ဘယ်သူကိုယ်မဆို ကျွန်တော် အားမပေးပါဘူး။ ဒီမှာရှိတဲ့ လူတိုင်း ပြောင်းဖို့ စီစဉ်နေကြပါတယ်”ဟု ဆိုသည်။
Kimani အတွက် ကံကောင်းသည့်အချက်မှာ အမေရိကန်ပြည်ထောင်စု ၊ ဆီယက်တဲမြို့ရှိ တက္ကသိုလ်တစ်ခု တွင် ရက်ဂ်ဘီဘောကစားရန် စကောလားရှစ် ရရှိခဲ့ရာ ဤဒေသမှ ကျောခိုင်းထွက်ခွာနိုင်ခဲ့သည်။
ပြီးခဲ့သောနှစ်အတွင်း အဆိုပါ ဒေသတွင် နေအိမ်သစ် ၃၅၀၀ ဆောက်လုပ်ရန် စီစဉ်ခဲ့ကာ ဒေသကောင်စီက ဒေသခံတို့၏ မကျေနပ်ချက်များကို ပြေလျော့စေရန် မျှော်လင့်ခဲ့သည်။
ဒေသခံတို့၏ မကျေနပ်ချက်အများစုမှာ Princess Parade ဆိုသော နေရာတစ်ခုနှင့် သက်ဆိုင်နေသည်။
ထိုနေရာမှာ ပျက်စီးနေသော ဈေးဆိုင်များနှင့် စီးပွားရေးလုပ်ငန်းများ ရှိခဲ့ဖူးသော နေရာတစ်ခုဖြစ်ပြီး ယခုအခါ ဘုရားကျောင်းများ ဖြစ်နေသည်။ ဒေသကောင်စီက ပြောသည်မှာ အဆိုပါ လမ်းတလျှောက်သည် ပုဂ္ဂလိကပိုင်ဖြစ်ကြောင်း သို့သော် ညံ့ဖျင်းသည့် အခြေအနေဖြစ်သည်ကို အသိအမှတ်ပြုကြောင်း ပြောသည်။
ထိုဒေသတွင် တစ်သက်တာလုံး နေထိုင်ခဲ့သူ Steve Furby က ပြောသည်မှာ ဤဒေသတွင် နေထိုင်သူတို့သည် မိမိတို့၏ နေအိမ်အပေါ် ဂုဏ်ယူခြင်း မရှိကြကြောင်း ပြောသည်။
လေ့လာချက်တစ်ခုတွင် အင်္ဂလန်တွင် နေရန် မကောင်းဆုံးနေရာ ၅၀ စာရင်းထုတ်ပြန်ခဲ့ရာ Dagenham မှာ နံပါတ် ၂၉ နေရာတွင် ရပ်တည်လျက်ရှိသည်။
(ခြောက်ကပ်လျက်ရှိသော မြို့တွင်းတစ်နေရာ။ ဓာတ်ပုံ- BPM)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: SCARY STUFF Our once-thriving area is now a ghost town – it’s dead and everyone is desperate to leave (thesun)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
သုခဒဂုံအငှားအိမ်ရာတွင် အိမ်ခန်းရမည်ဟုပြောကာ ငွေကြေးလိမ်လည်မှုများရှိနေကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
7Mile Condominium
royal-hill
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service