လော့စ်အိန်ဂျလိမြို့တွင် လူသွားလမ်းပလက်ဖောင်းအောက် မြေအောက်ခန်းအတွင်း နေထိုင်လျက်ရှိသော အိမ်ယာမဲ့အမျိုးသား တရားစွဲခံရ

လော့စ်အိန်ဂျလိမြို့တွင် လူသွားလမ်းပလက်ဖောင်းအောက် မြေအောက်ခန်းအတွင်း နေထိုင်လျက်ရှိသော အိမ်ယာမဲ့အမျိုးသား တရားစွဲခံရ - Property News in Myanmar from iMyanmarHouse.com
17 Jul 2023 11:02 am တွင် တင်ခဲ့သည်
504 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိမြို့တွင် ရေဘားများထားရှိရာ မြေအောက်ခန်းအတွင်း အိမ်ယာမဲ့အမျိုးသားတစ်ဦး နေထိုင်လျက်ရှိသည်ကို တွေ့ရှိခဲ့ရာ လော့စ်အိန်ဂျလိ၏ အိမ်ယာမဲ့ပြဿနာ အလွန်ဆိုးရွားနေကြောင်း ပြသလျက်ရှိသည်။

အဆိုပါ မြေအောက်ခန်းသည် လော့စ်အိန်ဂျလိမှ တိုကျိုတန်းဟု ခေါ်ကြသော နေရာရှိ ဂျပန်အမေရိကန် အမျိုးသားပြတိုက် အနီးတွင် တည်ရှိသည်။

ယခုအခါ ပြတိုက်အရာရှိတို့က အိမ်ယာမဲ့အမျိုးသားကို တရားစွဲထားသည်။

လော့စ်အိန်ဂျလိ၏ အိမ်ယာမဲ့ပြဿနာမှာ အလွန်ဆိုးရွာလာလျက်ရှိသောကြောင့် နေထိုင်ရန် နေရာမရှိသူတို့မှာ မြေအောက်တွင်ရှိသော နေရာများကို ဝင်ရောက်နေထိုင်လာကြသည်။

စောင့်ကြည့်ရေးကင်မရာမှ ဗွီဒီယိုမှတ်တမ်းအရ အိမ်ယာမဲ့အမျိုးသားတစ်ဦးသည် မြေအောက်ခန်းသို့ ဆင်းသည့် အံဖုံးကို ဖွင့်လိုက်ပြီး သူ၏ ကျောပိုးအိတ်ကို မြေအောက်ခန်းအတွင်းချလိုက်ပုံ တွေ့ရသည်။

ပြတိုက်၏ဘေး ကပ်လျက်တည်ရှိသော Alameda လမ်းပေါ်တွင် ပြီးခဲ့သော တနင်္လာနေ့ညက အဆိုပါ အိမ်ယာမဲ့အမျိုးသားကို လုံခြုံရေးအစောင့်များ ပထမဆုံးသတိပြုမိခဲ့ကြောင်း ပြတိုက်၏ ဘဏ္ဍာရေးအရာရှိချုပ် Doug Van Kirk က ပြောသည်။

“လုံခြုံရေးအစောင့်တွေက ဒီဖြစ်ရပ်ကို တွေ့ခဲ့ပြီး လုံခြုံရေးအကြီးအကဲကို ခေါ်ယူခဲ့ပါတယ်”ဟု Van Kirk က ပြောသည်။ ထိုနောက် ၎င်းတို့က ရဲတပ်ဖွဲ့ကို ခေါ်ယူခဲ့သည်။

မြေအောက်ခန်းများသည် အများအားဖြင့် ရေဘား ၊ သဘာဝဓာတ်ငွေ့ဘားများ (သို့မဟုတ်) လျှပ်စစ်မီးကြိုးလိုင်းများ ထားရှိလေ့ရှိသည်။

ယခုမြေအောက်ခန်းတွင်မူ ရေမီတာတစ်ခု ထားရှိကြောင်း လော့စ်အိန်ဂျလိ ရေနှင့်စွမ်းအင် ဌာနက ပြောသည်။

အဆိုပါ မြေအောက်ခန်းအတွင်း အစားအသောက်ပုံးခွံများနှင့် အခြားပစ္စည်းအစုတ်အပြတ်များ တွေ့ရသည်။

ထိုမြေအောက်ခန်းမှတဆင့် ပြတိုက်သို့ ဝင်ရောက်နိုင်ခြင်းမရှိချေ။

သို့သော် Van Kirk က ပြောသည်မှာ မြေအောက်ခန်းမှာ အဆောက်အအုံနှင့် နီးကပ်သောကြောင့် အိမ်ယာမဲ့များ ဝင်ရောက်နေထိုင်ခြင်းက မီးဘေးအန္တရာယ်စိုးရိမ်ရကြောင်း ပြောသည်။

ရဲအရာရှိများ ရောက်ရှိလာချိန်တွင် အိမ်ယာမဲ့အမျိုးသားကို မြေအောက်ခန်းထဲမှ ထွက်လာရန် အမိန့်ပေးခဲ့ပြီး ၎င်းအား ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။

ထိုအခါ အိမ်ယာမဲ့အမျိုးသားက ရဲအရာရှိတစ်ဦးကို ထိုးနှက်မှုများ ပြုလုပ်ခဲ့ကြောင်း လော့စ်အိန်ဂျလိ ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထိုအမျိုးသားကို ကျူးကျော်မှု ၊ ရဲအရာရှိအား ရိုက်နှက်မှုတို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားသည်။

“ရဲအရာရှိတွေက အဲဒီလူရဲ့ ကျောပိုးအိတ်ကို ရှာဖွေတာမှာ လက်နက်တစ်ခု (ဒါမှမဟုတ်) လက်နက်လိုမျိုးတစ်ခုခု တွေ့ခဲ့တယ်လို့ ကျွန်တော်တို့ သိထားပါတယ်”ဟု Van Kirk က ပြောသည်။

အလုပ်သမားများအနေဖြင့် မွမ်းမံထိန်းသိမ်းရေးအပါအဝင် အကြောင်းရင်းများစွာအတွက် ထိုမြေအောက်ခန်း များသို့ မကြခဏ ဝင်ရောက်ရန် လိုအပ်သောကြောင့် မြေအောက်ခန်းများကို အသေပိတ်မထားခြင်းဖြစ်ကြောင်း လော့စ်အိန်ဂျလိ ရေနှင့်စွမ်းအင် ဌာနက ပြောသည်။

ယခုအခါ အိမ်ယာမဲ့အမျိုးသား ဝင်ရောက်နေထိုင်ခဲ့သော မြေအောက်ခန်း ၂ ခုကို သော့ခတ်ထားလိုက်ပြီဟု ဆိုသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Homeless man found living in underground vault in downtown Los Angeles (ktla)

[Zawgyi]

ေလာ့စ္အိန္ဂ်လိၿမိဳ႕တြင္ လူသြားလမ္းပလက္ေဖာင္းေအာက္ ေျမေအာက္ခန္းအတြင္း ေနထိုင္လ်က္႐ွိေသာ အိမ္ယာမဲ့အမ်ိဳးသား တရားစြဲခံရ

ေလာ့စ္အိန္ဂ်လိၿမိဳ႕တြင္ ေရဘားမ်ားထား႐ွိရာ ေျမေအာက္ခန္းအတြင္း အိမ္ယာမဲ့အမ်ိဳးသားတစ္ဦး ေနထိုင္လ်က္႐ွိသည္ကို ေတြ႕႐ွိခဲ့ရာ ေလာ့စ္အိန္ဂ်လိ၏ အိမ္ယာမဲ့ျပႆနာ အလြန္ဆိုး႐ြားေနေၾကာင္း ျပသလ်က္႐ွိသည္။

အဆိုပါ ေျမေအာက္ခန္းသည္ ေလာ့စ္အိန္ဂ်လိမွ တိုက်ိဳတန္းဟု ေခၚၾကေသာ ေနရာ႐ွိ ဂ်ပန္အေမရိကန္ အမ်ိဳးသားျပတိုက္ အနီးတြင္ တည္႐ွိသည္။

ယခုအခါ ျပတိုက္အရာ႐ွိတို႔က အိမ္ယာမဲ့အမ်ိဳးသားကို တရားစြဲထားသည္။

ေလာ့စ္အိန္ဂ်လိ၏ အိမ္ယာမဲ့ျပႆနာမွာ အလြန္ဆိုး႐ြာလာလ်က္႐ွိေသာေၾကာင့္ ေနထိုင္ရန္ ေနရာမ႐ွိသူတို႔မွာ ေျမေအာက္တြင္႐ွိေသာ ေနရာမ်ားကို ဝင္ေရာက္ေနထိုင္လာၾကသည္။

ေစာင့္ၾကည့္ေရးကင္မရာမွ ဗြီဒီယိုမွတ္တမ္းအရ အိမ္ယာမဲ့အမ်ိဳးသားတစ္ဦးသည္ ေျမေအာက္ခန္းသို႔ ဆင္းသည့္ အံဖုံးကို ဖြင့္လိုက္ၿပီး သူ၏ ေက်ာပိုးအိတ္ကို ေျမေအာက္ခန္းအတြင္းခ်လိုက္ပုံ ေတြ႕ရသည္။

ျပတိုက္၏ေဘး ကပ္လ်က္တည္႐ွိေသာ Alameda လမ္းေပၚတြင္ ၿပီးခဲ့ေသာ တနလၤာေန႔ညက အဆိုပါ အိမ္ယာမဲ့အမ်ိဳးသားကို လုံျခဳံေရးအေစာင့္မ်ား ပထမဆုံးသတိျပဳမိခဲ့ေၾကာင္း ျပတိုက္၏ ဘ႑ာေရးအရာ႐ွိခ်ဳပ္ Doug Van Kirk က ေျပာသည္။

“လုံျခဳံေရးအေစာင့္ေတြက ဒီျဖစ္ရပ္ကို ေတြ႕ခဲ့ၿပီး လုံျခဳံေရးအႀကီးအကဲကို ေခၚယူခဲ့ပါတယ္”ဟု Van Kirk က ေျပာသည္။ ထိုေနာက္ ၎တို႔က ရဲတပ္ဖြဲ႕ကို ေခၚယူခဲ့သည္။

ေျမေအာက္ခန္းမ်ားသည္ အမ်ားအားျဖင့္ ေရဘား ၊ သဘာဝဓာတ္ေငြ႕ဘားမ်ား (သို႔မဟုတ္) လွ်ပ္စစ္မီးႀကိဳးလိုင္းမ်ား ထား႐ွိေလ့႐ွိသည္။ ယခုေျမေအာက္ခန္းတြင္မူ ေရမီတာတစ္ခု ထား႐ွိေၾကာင္း ေလာ့စ္အိန္ဂ်လိ ေရႏွင့္စြမ္းအင္ ဌာနက ေျပာသည္။

အဆိုပါ ေျမေအာက္ခန္းအတြင္း အစားအေသာက္ပုံးခြံမ်ားႏွင့္ အျခားပစၥည္းအစုတ္အျပတ္မ်ား ေတြ႕ရသည္။

ထိုေျမေအာက္ခန္းမွတဆင့္ ျပတိုက္သို႔ ဝင္ေရာက္ႏိုင္ျခင္းမ႐ွိေခ်။ သို႔ေသာ္ Van Kirk က ေျပာသည္မွာ ေျမေအာက္ခန္းမွာ အေဆာက္အအုံႏွင့္ နီးကပ္ေသာေၾကာင့္ အိမ္ယာမဲ့မ်ား ဝင္ေရာက္ေနထိုင္ျခင္းက မီးေဘးအႏၲရာယ္စိုးရိမ္ရေၾကာင္း ေျပာသည္။

ရဲအရာ႐ွိမ်ား ေရာက္႐ွိလာခ်ိန္တြင္ အိမ္ယာမဲ့အမ်ိဳးသားကို ေျမေအာက္ခန္းထဲမွ ထြက္လာရန္ အမိန္႔ေပးခဲ့ၿပီး ၎အား ႐ွာေဖြမႈမ်ား ျပဳလုပ္ခဲ့သည္။

ထိုအခါ အိမ္ယာမဲ့အမ်ိဳးသားက ရဲအရာ႐ွိတစ္ဦးကို ထိုးႏွက္မႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ေလာ့စ္အိန္ဂ်လိ ရဲတပ္ဖြဲ႕က ထုတ္ျပန္သည္။ ထိုအမ်ိဳးသားကို က်ဴးေက်ာ္မႈ ၊ ရဲအရာ႐ွိအား ႐ိုက္ႏွက္မႈတို႔ျဖင့္ အမႈဖြင့္ ဖမ္းဆီးထားသည္။

“ရဲအရာ႐ွိေတြက အဲဒီလူရဲ႕ ေက်ာပိုးအိတ္ကို ႐ွာေဖြတာမွာ လက္နက္တစ္ခု (ဒါမွမဟုတ္) လက္နက္လိုမ်ိဳးတစ္ခုခု ေတြ႕ခဲ့တယ္လို႔ ကြၽန္ေတာ္တို႔ သိထားပါတယ္”ဟု Van Kirk က ေျပာသည္။

အလုပ္သမားမ်ားအေနျဖင့္ မြမ္းမံထိန္းသိမ္းေရးအပါအဝင္ အေၾကာင္းရင္းမ်ားစြာအတြက္ ထိုေျမေအာက္ခန္း မ်ားသို႔ မၾကခဏ ဝင္ေရာက္ရန္ လိုအပ္ေသာေၾကာင့္ ေျမေအာက္ခန္းမ်ားကို အေသပိတ္မထားျခင္းျဖစ္ေၾကာင္း ေလာ့စ္အိန္ဂ်လိ ေရႏွင့္စြမ္းအင္ ဌာနက ေျပာသည္။

ယခုအခါ အိမ္ယာမဲ့အမ်ိဳးသား ဝင္ေရာက္ေနထိုင္ခဲ့ေသာ ေျမေအာက္ခန္း ၂ ခုကို ေသာ့ခတ္ထားလိုက္ၿပီဟု ဆိုသည္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Homeless man found living in underground vault in downtown Los Angeles (ktla)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service