မြေပုံမြေရာဇဝင်လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတ ရေးသားပေးလိုက်ပါတယ်။

မြေပုံမြေရာဇဝင်လျှောက်ထားခြင်းများနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့် အချက်အလက်များ ဥပဒေဗဟုသုတ ရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
16 Jul 2023 2:07 pm တွင် တင်ခဲ့သည်
978 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

မြေပုံမြေရာဇဝင်ကူးယူရာတွင် အကြောင်းအရာအမျိုးမျိုးဖြင့် ကူးယူခြင်းများရှိပြီး ကန့်သတ်ချက် အနေနဲ့ ကတော့ ရွာမြေ၊ဥယျာဉ် ခြံမြေစိုက်ပျိုးမြေများကို မြေပုံကူးမပေးပါဘူး။ ထို့ပြင် ဂရန်မြေ၊ မြေပိုင်မြေ၊ ဘိုးဘွားပိုင်မြေများကိုသာ ခွဲစိတ်မြေပုံ လျှောက်ထားနိုင်ပါတယ်။ ကျူးလွန်ကြောင်းမြေပုံအား မြေပုံမြေရာဇဝင်ရှိပြီး သူကသာ လျှောက်ထားခွင့်ပြုပါတယ်။ သက်တမ်းကုန်နေသည့် ဂရန်မြေကို အမွေဆက်ခံပိုင်ဆိုင်ကြောင်း ကြေငြာစာချုပ်ချုပ်ဆိုရန်အတွက်သာ မြေပုံမြေရာဇဝင် ကူးယူးလျှောက်ထားခွင့်ပြုပါတယ်။

လိုင်စင်မြေ၊ပါမစ်မြေကို အဆောက်အဦး ဆောက်လုပ်ရန်၊အကြီးစားပြင်ဆင်ရန်၊ခြံစည်းရိုးကာရန်နှင့် အဝီစိတွင်းတူးရန်အတွက်သာ မြေပုံလျှောက်ထားလို့ရပါတယ်။ မြေပုံလျှောက်ထားရာတွင် အမည်ပေါက် ကိုယ်တိုင်မှ လျှောက်ထားရန်လိုအပ်ပြီး စွန့်လွတ်စာချုပ်ချုပ်ဆိုရန်မြေပုံအား ပူးတွဲပိုင်ဆိုင်သူများက လျှောက်ထားနိုင်ပါသည်။

ဦးကျော်ကျော်မင်းပါ-၂ နှင့် ဌာနမှူး မြို့ပြစီမံကိန်း၊မြေစီမံခန့်ခွဲမှုဌာန ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီပါ-၂တွင် မည်သည့်အခါ အာဏာပေးစာချွန်တော်အမိန့် ထုတ်ဆင့်နိုင်ခြင်း။ ထိုအမှု၌ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မြေပုံ၊မြေရာဇဝင်ထုတ်ပေးရန် ငြင်းဆိုခြင်းသည်ပြည့်သူ့ တာဝန်ဝတ္တရားဆိုင်ရာ ပျက်ကွက်မှုဖြစ်၍ ဖြည့်ဆည်းဆောင်ရွက်စေရေးအတွက် အာဏာပေး စာချွန်တော် အမိန့် ထုတ်ဆင့်နိုင်ခြင်းဟု ဖော်ပြထားပါသည်။

အမူတွင် လျှောက်ထားသူသည် အမွေဆက်ခံခွင့်အရ မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးဖြစ်ကာ ကိတ္ထိမ သားသမီးမွေးစားစာချုပ်မှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်ညီမညီ လက်ခံစဉ်းစား ဆုံးဖြတ်ပြီး မြေပုံဆွဲ ပေးနိုင်ခြင်း မရှိကြောင်း ပြန်ကြားခြင်းသည် မိမိ၏ ဌာနဆိုင်ရာ လုပ်ပိုင်ခွင့်ကို ဘောင်ကျော်ဆုံးဖြတ်ရာ ရောက်သကဲ့သို့ တရားရုံး၏ စီရင်ချက်အမိန့်အရ ဆောင်ရွက်ခြင်းအပေါ်တွင်လည်း ဘောင်ကျော်ဆုံးဖြတ် ခြင်းဖြစ်ကြောင်း လျှောက်ထားသူ၏ စာချွန်တော်လျှောက်ထားခြင်းအား စဉ်းစားသင့်ပါကြောင်း တွေ့ရှိရပါသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေ အခန်း(၉) မှတ်တမ်းများ၊ပုံစံများသတ်မှတ်ခြင်း၊ထိန်းသိမ်းထားရှိခြင်းနှင့် မိတ္တူကူးခြင်း အခန်းပါအပိုဒ်(၄၃)၌ မြေစာရင်းမှတ်တမ်းများကို သတ်မှတ်ချက်များနှင့်အညီ အများပြည်သူအားကြည့်ရှုခွင့်ပေးခြင်း၊ မိတ္တူကူးယူ ခွင့်ပြုခြင်း၊ မိတ္တူကူးယူခသတ်မှတ်ခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသဖြင့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ သတ်မှတ်ထားသည့် စာတမ်းအမှတ်အသားများပြည့်စုံ မှန်ကန်ခြင်းရှိမရှိ စီစစ်ကာ ခွင့်ပြုနိုင်ခြင်းရှိ မရှိ ပြန်ကြားရန်သာဖြစ်ကြောင်းဖော်ပြထားပါသည်။

ထို့ကြောင့် မြို့တော်စည်ပင်သာယာရေးကော်မတီ၊မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ ပြန်ကြားစာကို ပယ်ဖျက်၍ ယင်းပြန်ကြားစာ၏ ရည်ညွန်းချက်ပါစာများအရ မြေပုံ၊မြေရာဇဝင်(အရောင်း)မြေပုံ လျှောက်ထားခြင်းအား ခွင့်ပြုထုတ်ပေးရန် အာဏာပေးစာချွန်တော်အမိန့်အား ထုတ်ဆင့်ထားသည်ကိုလဲ တွေ့ရှိရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

ေျမပုံေျမရာဇဝင္ေလွ်ာက္ထားျခင္းမ်ားႏွင့္ စပ္လ်ဥ္း၍ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား ဥပေဒဗဟုသုတ ေရးသားေပးလိုက္ပါတယ္။

 

ေျမပုံေျမရာဇဝင္ကူးယူရာတြင္ အေၾကာင္းအရာအမ်ိဳးမ်ိဳးျဖင့္ ကူးယူျခင္းမ်ား႐ွိၿပီး ကန္႔သတ္ခ်က္ အေနနဲ႔ ကေတာ့ ႐ြာေျမ၊ဥယ်ာဥ္ ျခံေျမစိုက္ပ်ိဳးေျမမ်ားကို ေျမပုံကူးမေပးပါဘူး။ ထို႔ျပင္ ဂရန္ေျမ၊ ေျမပိုင္ေျမ၊ ဘိုးဘြားပိုင္ေျမမ်ားကိုသာ ခြဲစိတ္ေျမပုံ ေလွ်ာက္ထားႏိုင္ပါတယ္။ က်ဴးလြန္ေၾကာင္းေျမပုံအား ေျမပုံေျမရာဇဝင္႐ွိၿပီး သူကသာ ေလွ်ာက္ထားခြင့္ျပဳပါတယ္။ သက္တမ္းကုန္ေနသည့္ ဂရန္ေျမကို အေမြဆက္ခံပိုင္ဆိုင္ေၾကာင္း ေၾကျငာစာခ်ဳပ္ခ်ဳပ္ဆိုရန္အတြက္သာ ေျမပုံေျမရာဇဝင္ ကူးယူးေလွ်ာက္ထားခြင့္ျပဳပါတယ္။

လိုင္စင္ေျမ၊ပါမစ္ေျမကို အေဆာက္အဦး ေဆာက္လုပ္ရန္၊အႀကီးစားျပင္ဆင္ရန္၊ျခံစည္း႐ိုးကာရန္ႏွင့္ အဝီစိတြင္းတူးရန္အတြက္သာ ေျမပုံေလွ်ာက္ထားလို႔ရပါတယ္။ ေျမပုံေလွ်ာက္ထားရာတြင္ အမည္ေပါက္ ကိုယ္တိုင္မွ ေလွ်ာက္ထားရန္လိုအပ္ၿပီး စြန္႔လြတ္စာခ်ဳပ္ခ်ဳပ္ဆိုရန္ေျမပုံအား ပူးတြဲပိုင္ဆိုင္သူမ်ားက ေလွ်ာက္ထားႏိုင္ပါသည္။

ဦးေက်ာ္ေက်ာ္မင္းပါ-၂ ႏွင့္ ဌာနမႉး ၿမိဳ႕ျပစီမံကိန္း၊ေျမစီမံခန္႔ခြဲမႈဌာန ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္ သာယာေရး ေကာ္မတီပါ-၂တြင္ မည္သည့္အခါ အာဏာေပးစာခြၽန္ေတာ္အမိန္႔ ထုတ္ဆင့္ႏိုင္ျခင္း။ ထိုအမႈ၌ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီက ေျမပုံ၊ေျမရာဇဝင္ထုတ္ေပးရန္ ျငင္းဆိုျခင္းသည္ျပည့္သူ႕ တာဝန္ဝတၱရားဆိုင္ရာ ပ်က္ကြက္မႈျဖစ္၍ ျဖည့္ဆည္းေဆာင္႐ြက္ေစေရးအတြက္ အာဏာေပး စာခြၽန္ေတာ္ အမိန္႔ ထုတ္ဆင့္ႏိုင္ျခင္းဟု ေဖာ္ျပထားပါသည္။

အမူတြင္ ေလွ်ာက္ထားသူသည္ အေမြဆက္ခံခြင့္အရ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုၿပီးျဖစ္ကာ ကိတိၳမ သားသမီးေမြးစားစာခ်ဳပ္မွာ ျမန္မာ့ဓေလ့ထုံးတမ္းဥပေဒႏွင့္ညီမညီ လက္ခံစဥ္းစား ဆုံးျဖတ္ၿပီး ေျမပုံဆြဲ ေပးႏိုင္ျခင္း မ႐ွိေၾကာင္း ျပန္ၾကားျခင္းသည္ မိမိ၏ ဌာနဆိုင္ရာ လုပ္ပိုင္ခြင့္ကို ေဘာင္ေက်ာ္ဆုံးျဖတ္ရာ ေရာက္သကဲ့သို႔ တရား႐ုံး၏ စီရင္ခ်က္အမိန္႔အရ ေဆာင္႐ြက္ျခင္းအေပၚတြင္လည္း ေဘာင္ေက်ာ္ဆုံးျဖတ္ ျခင္းျဖစ္ေၾကာင္း ေလွ်ာက္ထားသူ၏ စာခြၽန္ေတာ္ေလွ်ာက္ထားျခင္းအား စဥ္းစားသင့္ပါေၾကာင္း ေတြ႕႐ွိရပါသည္။

ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲေရးဆိုင္ရာ နည္းဥပေဒ အခန္း(၉) မွတ္တမ္းမ်ား၊ပုံစံမ်ားသတ္မွတ္ျခင္း၊ထိန္းသိမ္းထား႐ွိျခင္းႏွင့္ မိတၱဴကူးျခင္း အခန္းပါအပိုဒ္(၄၃)၌ ေျမစာရင္းမွတ္တမ္းမ်ားကို သတ္မွတ္ခ်က္မ်ားႏွင့္အညီ အမ်ားျပည္သူအားၾကည့္႐ႈခြင့္ေပးျခင္း၊ မိတၱဴကူးယူ ခြင့္ျပဳျခင္း၊ မိတၱဴကူးယူခသတ္မွတ္ျခင္းတို႔ကို ေဆာင္႐ြက္ႏိုင္ေၾကာင္း ထုတ္ျပန္ထားသျဖင့္ ဌာနဆိုင္ရာ လုပ္ထုံးလုပ္နည္းႏွင့္အညီ သတ္မွတ္ထားသည့္ စာတမ္းအမွတ္အသားမ်ားျပည့္စုံ မွန္ကန္ျခင္း႐ွိမ႐ွိ စီစစ္ကာ ခြင့္ျပဳႏိုင္ျခင္း႐ွိ မ႐ွိ ျပန္ၾကားရန္သာျဖစ္ေၾကာင္းေဖာ္ျပထားပါသည္။

ထို႔ေၾကာင့္ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊ၿမိဳ႕ျပစီမံကိန္းႏွင့္ ေျမစီမံခန္႔ခြဲမႈဌာန၏ ျပန္ၾကားစာကို ပယ္ဖ်က္၍ ယင္းျပန္ၾကားစာ၏ ရည္ၫြန္းခ်က္ပါစာမ်ားအရ ေျမပုံ၊ေျမရာဇဝင္(အေရာင္း)ေျမပုံ ေလွ်ာက္ထားျခင္းအား ခြင့္ျပဳထုတ္ေပးရန္ အာဏာေပးစာခြၽန္ေတာ္အမိန္႔အား ထုတ္ဆင့္ထားသည္ကိုလဲ ေတြ႕႐ွိရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service