လူတစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ ကွဲပြားခြားနားခြင်း၏အကြောင်းများ

လူတစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ ကွဲပြားခြားနားခြင်း၏အကြောင်းများ - Property Knowledge in Myanmar from iMyanmarHouse.com
14 Jul 2023 4:30 pm တွင် တင်ခဲ့သည်
610 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

သာဝတ္ထိပြည် ဇေတဝန်ကျောင်းမှာ ဘုရားရှင် သီတင်းသုံးတော်မူစဉ်အခါက တောဒေယျပုဏ္ဏားရဲ့သားဖြစ်တဲ့ သုဘလုလင်ဟာ ဘုရားရှင်ထံချဉ်းကပ်ပြီး ဒီလိုလျှောက်သတဲ့....

“အရှင်ဂေါတမ လောကမှာ လူတွေဟာ လူအချင်းချင်း ဖြစ်ပါလျက် တစ်ယောက်နှင့်တစ်ယောက် မတူညီဘဲ ကွဲပြားခြားနားခြင်း ရှိနေကြပါတယ်။

(၁) အချို့က အသက်တိုတယ်၊ (၂) အချို့က အသက်ရှည်တယ်၊ (၃)အချို့ကအနာရောဂါ ပေါများတယ် ၊ (၄) အချို့က အနာရောဂါကင်းစင်တယ်၊ (၅) အချို့က ရုပ်အဆင်းမလှဘူး၊(၆) အချို့က ရုပ်အဆင်း လှပတင့်တယ်တယ်၊ (၇) အချို့က အခြံအရံချို့တဲ့တယ်၊ (၈) အချို့က အခြံအရံပေါများတယ်၊ (၉) အချို့က စည်းစိမ်ဥစ္စာနည်းပါးတယ်၊ (၁၀)အချို့က စည်းစိမ်ဥစ္စာ ပေါများတယ်၊ (၁၁) အချို့က အမျိုးယုတ်တယ်၊ (၁၂) အချို့က အမျိုးမြတ်တယ်၊ (၁၃) အချို့က ဉာဏ်ပညာ မရှိဘူး၊ (၁၄) အချို့က ဉာဏ်ပညာရှိတယ်။

အရှင်ဂေါတမ… လူအချင်းချင်းဖြစ်ပါလျက် အဘယ်ကြောင့် ဒီလိုကွဲပြားပါသလဲ”လို့ လျှောက်ထားတယ်။

ဘုရားရှင်က “လုလင်…သတ္တဝါတွေဟာ ကံသာလျှင် မိမိဥစ္စာရှိကြတယ်၊ ကံရဲ့ အမွေခံများဖြစ်ကြတယ်၊ အယုတ်အမြတ်ဖြစ်အောင် ကံက ဝေဖန်တယ်”လို့ ဟောတော်မူတယ်၊ ဒီအခါ သုဘလုလင်က-

အရှင်ဂေါတမ…အကျဉ်းဟောတဲ့တရားကို ဝေဖန်ပြီး တပည့်တော်များ ဝေဖန်ပြီး မသိနိုင်ကြပါ၊ တပည့်တော်များ သိလွယ်အောင် အကျယ်ဟောပြတော်မူပါ”လို့ ထပ်မံလျှောက်ထားတဲ့အခါ ဘုရားရှင်က..

“လုလင်…အကျယ်နာလိုလျှင် နာလော့လို့ မိန့်တော်မူပြီး လုလင် ဤလောကမှာ မိန်းမဖြစ်စေ၊ယောက်ျားဖြစ်စေ အချို့သောသူဟာ သူ့အသက်ကို သတ်လေ့ရှိတယ်၊ ကြမ်းကြုတ်ရက်စက်တယ်၊ သွေးစွန်းတဲ့လက်ရှိတယ်၊ သတ်ပုတ်ညှဉ်းဆဲမှုမှာ စိတ်ပါဝင်စားတယ်၊ သတ္တဝါတွေအပေါ်မှာ သနားကြင်နာမှုကင်းတယ်၊ ထိုကဲ့သို့သော ပုဂ္ဂိုလ်ဟာ မိမိပြုခဲ့သော မကောင်းမှုကံကြောင့် သေလွန်လျှင် ငရဲကျတတ်တယ်၊အကယ်၍ ငရဲမကျဘဲ လူဖြစ်ခဲ့လျှင် ထိုပုဂ္ဂိုလ်ဟာ အသက်တိုတယ်။

သူ့အသက်ကိုမသတ်၊ သူတစ်ပါးကို မညှဉ်းဆဲ၊ မေတ္တာထားတယ်၊ သနားတတ်တယ်၊ သူ့အကျိုးစီးပွားကို လိုလားတယ်၊ ထိုသူကွယ်လွန်လျှင် နတ်ပြည်ကိုရောက်နိုင်တယ်၊ အကယ်၍ နတ်ပြည်မရောက်ဘဲ လူဖြစ်ခဲ့လျှင်လည်း အသက်ရှည်တယ်။

“လုလင်… အချို့သောသူဟာ သတ္တဝါတို့ကို ညှဉ်းဆဲတတ်တယ်၊ လက်နက်ဖြင့် ကျိုးပဲ့ ကန်းရွဲ့သွားအောင် နှိပ်စက်တတ်တယ်၊ ထိုသူသေလျှင် ငရဲသို့ရောက်တတ်တယ်၊ ငရဲကလွတ်လို့ လူဖြစ်ခဲ့ပြန်လျှင်လည်း အနာရောဂါ ပေါများတတ်တယ်၊ အချို့သောပုဂ္ဂိုလ်ကမူ သတ္တဝါတို့ကို ညှဉ်းဆဲလေ့မရှိ၊ ကိုယ်ချင်းစာနာတတ်တယ်၊ သနားညှာနာတတ်တယ်၊ ထိုသူကွယ်လွန်လျှင် နတ်ဖြစ်နိုင်တယ်၊ နတ်မဖြစ်ဘဲ လူဖြစ်ခဲ့လျှင် အနာရောဂါ ကင်းစင်တတ်တယ်။

“လုလင်… ဤလောက၌ အချို့သောသူဟာ အမျက်ဒေါသ ထွက်လွယ်တယ်၊ စိတ်ပင်ပန်းတယ်၊ ဖျက်ဆီးတတ်တယ်၊ ဆန့်ကျင်ဘက်လုပ်တတ်တယ်၊ အဲဒီပုဂ္ဂိုလ် ကွယ်လွန်လျှင် ငရဲကျရောက်တတ်တယ်၊ ငရဲကလွတ်ပြီး လူဖြစ်လာလျှင် အရုပ်ဆိုးတတ်တယ်၊ အကြင်ပုဂ္ဂိုလ်ကတော့ အမျက်ဒေါသမကြီးဘူး၊ ပင်ပန်းခြင်းမရှိဘူး၊ သူတစ်ပါးကို မဖျက်စီးဘူး၊ထိုသူကွယ်လွန်လျှင် နတ်ဖြစ်တတ်တယ်၊ နတ်မဖြစ်ဘဲ လူဖြစ်ခဲ့လျှင် လှပတဲ့ အဆင်းရှိသူ ဖြစ်နိုင်တယ်။

“လုလင်…အချို့သောပုဂ္ဂိုလ်ဟာ သူတစ်ပါး ကြီးပွားတိုးတက်တာကို မနာလိုဘူး၊ ငြူစူတတ်တယ်၊ ဣဿာအားကြီးတယ်၊ထိုသူကွယ်လွန်လျှင် ငရဲကျရောက်တတ်တယ်၊ ငရဲကလွတ်လို့ လူဖြစ်ခဲ့လျှင် အခြံအရံ နည်းပါးတတ်တယ်၊ တစ်ကိုယ်တည်း နေရတတ်တယ်၊ အချို့သော ပုဂ္ဂိုလ်ကမူ သူတစ်ပါး ကြီးပွားချမ်းသာတဲ့ အတွက် ငြူစူခြင်းမရှိဘူး၊ မဆဲရေးဘူး၊ မပြစ်မှားဘူး၊ သူတစ်ပါးကြီးပွားလျှင် နှစ်သက်တဲ့ မုဒိတာတရား ဖြစ်ပွားတယ်၊ ထိုသူကွယ်လွန်လျှင် နတ်ဖြစ်တယ်၊ နတ်ဘဝကစုတေပြီး လူဖြစ်လာလျှင် အခြံအရံပေါများတယ်”

“လုလင်… ဤလောက၌ အချို့သောသူဟာ မိမိပိုင်တဲ့ပစ္စည်းကို မပေးမလှူရက်ဘူး၊ အလွန်ကပ်စေးနည်းတယ်၊ မစ္ဆရိယတရား အားကြီးတယ်၊ ထိုသူကွယ်လွန်လျှင် ငရဲဘုံကျရောက်တတ်တယ်၊ တကယ်လို့ ငရဲဘုံမကျဘဲ လူဖြစ်လာလျှင် စည်းစိမ်ဥစ္စာ နည်းပါးတတ်တယ်၊ အကြင်ပုဂ္ဂိုလ်ကတော့ ရှိတဲ့ပစ္စည်းကို ရက်ရက်ရောရော ပေးကမ်း လှူဒါန်းတတ်တယ်၊ ထိုပုဂ္ဂိုလ် ကွယ်လွန်လျှင် နတ်ဖြစ်တတ်တယ်၊ နတ်ဘဝက လူဖြစ်လာလျှင်လည်း စည်းစိမ်ဥစ္စာ ပေါများကြွယ်ဝတတ်တယ်”

“လူလင်…ဤလောက၌ အချို့သောပုဂ္ဂိုလ်များဟာ ရိုသေထိုက်သူကို ရိုသေရမှန်း မသိဘူး၊ ခက်ထန်တယ်၊ မထီမဲ့မြင် ပြုတတ်တယ်၊ ထိုသူကွယ်လွန်လျှင် ငရဲကျတတ်တယ်၊ အကယ်၍ လူဖြစ်ခဲ့လျှင်လည်း အမျိုးယုတ်မှာ ဖြစ်တတ်တယ်၊ အကြင်ပုဂ္ဂိုလ်ကတော့ ရိုသေထိုက်သူကိုရိုသေတယ်၊ ခရီးဦး ကြိုဆိုတယ်၊ လမ်းခရီးပေးတယ်၊ အလေးအမြတ်ပြုတယ်၊ ထိုသူကွယ်လွန်လျှင် နတ်ဖြစ်တယ်၊ လူဖြစ်လျှင်လည်း မြတ်တဲ့ အမျိုးမှာဖြစ်တယ်”

“လုလင်…ဤလောက၌ အချို့သောသူဟာ မေးမြန်းထိုက်တဲ့ တရားကို မမေးမြန်းဘူး၊ စုံစမ်းထိုက်တဲ့ တရားကို မစုံစမ်းဘူး၊ မေးမြန်းစုံစမ်းခြင်းမရှိတဲ့အတွက် ကျင့်သင့်ကျင့်ထိုက်တဲ့ တရားကိုလည်း မကျင့်ဘူး၊ ထိုသူ ကွယ်လွန်လျှင် ငရဲကို ကျရောက်တတ်တယ်၊ လူဖြစ်လာလျှင်လည်း အကြံမရှိ ဉာဏ်မရှိတဲ့ လူ့နလပိန်းတုံး ဖြစ်တတ်တယ်၊ အကြင်ပုဂ္ဂိုလ်ကတော့ ပညာရှင်များထံ ချဉ်းကပ်ပြီး မေးမြန်းထိုက်တဲ့တရားကို မေးမြန်းတယ်၊ စုံစမ်းထိုက်တဲ့တရားကို စုံစမ်းတယ်၊ စုံစမ်းမေးမြန်းပြီး ကျင့်သင့်ကျင့်ထိုက်တဲ့ တရားကိုကျင့်တယ်၊ ထိုသူ ကွယ်လွန်လျှင် နတ်ဖြစ်တတ်တယ်၊ အကယ်၍ လူဖြစ်ခဲ့လျှင်လည်း ဉာဏ်ပညာကြီးမားတဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။”

“ဒီ စူဠကမ္မဝိဘင်္ဂသုတ်မှာ ကံခုနစ်မျိုး ခွဲခြားပြီး ဟောပြတော်မူတယ်၊ ကံခုနစ်မျိုးက…

(၁) အသက် အတို, အရှည် ဖြစ်စေတတ်တဲ့ကံ၊

(၂) အနာရောဂါကင်းခြင်း၊ မကင်းခြင်း ဖြစ်စေတတ်တဲ့ကံ၊

(၃) အဆင်းလှခြင်း၊ မလှခြင်း ဖြစ်စေတတ်တဲ့ကံ၊

(၄) အခြံအရံ ရှိခြင်း၊ မရှိခြင်း ဖြစ်စေတတ်တဲ့ကံ၊

(၅) စည်းစိမ်ဥစ္စာ များခြင်း၊ နည်းခြင်း ဖြစ်စေတတ်တဲ့ကံ

(၆) အမျိုးယုတ်ခြင်း၊ မြတ်ခြင်း ဖြစ်စေတတ်တဲ့ကံ၊

(၇) ပညာကင်းမဲ့ခြင်း၊ ပညာရှိခြင်း ဖြစ်စေတတ်တဲ့ကံများ ဖြစ်ကြတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လူတစ္ေယာက္ႏွင့္တစ္ေယာက္ မတူညီဘဲ ကြဲျပားျခားနားျခင္း၏အေၾကာင္းမ်ား

 

သာဝတၳိျပည္ ေဇတဝန္ေက်ာင္းမွာ ဘုရားရွင္ သီတင္းသုံးေတာ္မူစဥ္အခါက ေတာေဒယ်ပုဏၰားရဲ႕သားျဖစ္တဲ့ သုဘလုလင္ဟာ ဘုရားရွင္ထံခ်ဥ္းကပ္ၿပီး ဒီလိုေလွ်ာက္သတဲ့....

“အရွင္ေဂါတမ ေလာကမွာ လူေတြဟာ လူအခ်င္းခ်င္း ျဖစ္ပါလ်က္ တစ္ေယာက္ႏွင့္တစ္ေယာက္ မတူညီဘဲ ကြဲျပားျခားနားျခင္း ရွိေနၾကပါတယ္။

(၁) အခ်ိဳ႕က အသက္တိုတယ္၊(၂) အခ်ိဳ႕က အသက္ရွည္တယ္၊ (၃)အခ်ိဳ႕ကအနာေရာဂါ ေပါမ်ားတယ္ ၊ (၄) အခ်ိဳ႕က အနာေရာဂါကင္းစင္တယ္၊(၅) အခ်ိဳ႕က ရုပ္အဆင္းမလွဘူး၊(၆) အခ်ိဳ႕က ရုပ္အဆင္း လွပတင့္တယ္တယ္၊(၇) အခ်ိဳ႕က အျခံအရံခ်ိဳ႕တဲ့တယ္၊(၈) အခ်ိဳ႕က အျခံအရံေပါမ်ားတယ္၊(၉) အခ်ိဳ႕က စည္းစိမ္ဥစၥာနည္းပါးတယ္၊(၁၀)အခ်ိဳ႕က စည္းစိမ္ဥစၥာ ေပါမ်ားတယ္၊(၁၁) အခ်ိဳ႕က အမ်ိဳးယုတ္တယ္၊ (၁၂)အခ်ိဳ႕က အမ်ိဳးျမတ္တယ္၊(၁၃) အခ်ိဳ႕က ဉာဏ္ပညာ မရွိဘူး၊(၁၄) အခ်ိဳ႕က ဉာဏ္ပညာရွိတယ္။

အရွင္ေဂါတမ… လူအခ်င္းခ်င္းျဖစ္ပါလ်က္ အဘယ္ေၾကာင့္ ဒီလိုကြဲျပားပါသလဲ”လို႔ ေလွ်ာက္ထားတယ္။

ဘုရားရွင္က “လုလင္…သတၱဝါေတြဟာ ကံသာလွ်င္ မိမိဥစၥာရွိၾကတယ္၊ ကံရဲ႕ အေမြခံမ်ားျဖစ္ၾကတယ္၊ အယုတ္အျမတ္ျဖစ္ေအာင္ ကံက ေဝဖန္တယ္”လို႔ ေဟာေတာ္မူတယ္၊ ဒီအခါ သုဘလုလင္က-

အရွင္ေဂါတမ…အက်ဥ္းေဟာတဲ့တရားကို ေဝဖန္ၿပီး တပည့္ေတာ္မ်ား ေဝဖန္ၿပီး မသိႏိုင္ၾကပါ၊ တပည့္ေတာ္မ်ား သိလြယ္ေအာင္ အက်ယ္ေဟာျပေတာ္မူပါ”လို႔ ထပ္မံေလွ်ာက္ထားတဲ့အခါ ဘုရားရွင္က..

“လုလင္…အက်ယ္နာလိုလွ်င္ နာေလာ့လို႔ မိန္႔ေတာ္မူၿပီး လုလင္ ဤေလာကမွာ မိန္းမျဖစ္ေစ၊ေယာက်္ားျဖစ္ေစ အခ်ိဳ႕ေသာသူဟာ သူ႔အသက္ကို သတ္ေလ့ရွိတယ္၊ ၾကမ္းၾကဳတ္ရက္စက္တယ္၊ ေသြးစြန္းတဲ့လက္ရွိတယ္၊ သတ္ပုတ္ညွဥ္းဆဲမႈမွာ စိတ္ပါဝင္စားတယ္၊ သတၱဝါေတြအေပၚမွာ သနားၾကင္နာမႈကင္းတယ္၊ ထိုကဲ့သို႔ေသာ ပုဂၢိဳလ္ဟာ မိမိျပဳခဲ့ေသာ မေကာင္းမႈကံေၾကာင့္ ေသလြန္လွ်င္ ငရဲက်တတ္တယ္၊အကယ္၍ ငရဲမက်ဘဲ လူျဖစ္ခဲ့လွ်င္ ထိုပုဂၢိဳလ္ဟာ အသက္တိုတယ္။

သူ႔အသက္ကိုမသတ္၊ သူတစ္ပါးကို မညွဥ္းဆဲ၊ ေမတၱာထားတယ္၊ သနားတတ္တယ္၊ သူ႔အက်ိဳးစီးပြားကို လိုလားတယ္၊ ထိုသူကြယ္လြန္လွ်င္ နတ္ျပည္ကိုေရာက္ႏိုင္တယ္၊ အကယ္၍ နတ္ျပည္မေရာက္ဘဲ လူျဖစ္ခဲ့လွ်င္လည္း အသက္ရွည္တယ္။

“လုလင္… အခ်ိဳ႕ေသာသူဟာ သတၱဝါတို႔ကို ညွဥ္းဆဲတတ္တယ္၊ လက္နက္ျဖင့္ က်ိဳးပဲ့ ကန္းရြဲ႕သြားေအာင္ ႏွိပ္စက္တတ္တယ္၊ ထိုသူေသလွ်င္ ငရဲသို႔ေရာက္တတ္တယ္၊ ငရဲကလြတ္လို႔ လူျဖစ္ခဲ့ျပန္လွ်င္လည္း အနာေရာဂါ ေပါမ်ားတတ္တယ္၊ အခ်ိဳ႕ေသာပုဂၢိဳလ္ကမူ သတၱဝါတို႔ကို ညွဥ္းဆဲေလ့မရွိ၊ ကိုယ္ခ်င္းစာနာတတ္တယ္၊ သနားညွာနာတတ္တယ္၊ ထိုသူကြယ္လြန္လွ်င္ နတ္ျဖစ္ႏိုင္တယ္၊ နတ္မျဖစ္ဘဲ လူျဖစ္ခဲ့လွ်င္ အနာေရာဂါ ကင္းစင္တတ္တယ္။

“လုလင္… ဤေလာက၌ အခ်ိဳ႕ေသာသူဟာ အမ်က္ေဒါသ ထြက္လြယ္တယ္၊ စိတ္ပင္ပန္းတယ္၊ ဖ်က္ဆီးတတ္တယ္၊ ဆန္႔က်င္ဘက္လုပ္တတ္တယ္၊ အဲဒီပုဂၢိဳလ္ ကြယ္လြန္လွ်င္ ငရဲက်ေရာက္တတ္တယ္၊ ငရဲကလြတ္ၿပီး လူျဖစ္လာလွ်င္ အရုပ္ဆိုးတတ္တယ္၊ အၾကင္ပုဂၢိဳလ္ကေတာ့ အမ်က္ေဒါသမႀကီးဘူး၊ ပင္ပန္ျခင္းမရွိဘူး၊ သူတစ္ပါးကို မဖ်က္စီးဘူး၊ထိုသူကြယ္လြန္လွ်င္ နတ္ျဖစ္တတ္တယ္၊ နတ္မျဖစ္ဘဲ လူျဖစ္ခဲ့လွ်င္ လွပတဲ့ အဆင္းရွိသူ ျဖစ္ႏိုင္တယ္။

“လုလင္…အခ်ိဳ႕ေသာပုဂၢိဳလ္ဟာ သူတစ္ပါး ႀကီးပြားတိုးတက္တာကို မနာလိုဘူး၊ ျငဴစူတတ္တယ္၊ ဣႆာအားႀကီးတယ္၊ထိုသူကြယ္လြန္လွ်င္ ငရဲက်ေရာက္တတ္တယ္၊ ငရဲကလြတ္လို႔ လူျဖစ္ခဲ့လွ်င္ အျခံအရံ နည္းပါးတတ္တယ္၊ တစ္ကိုယ္တည္း ေနရတတ္တယ္၊ အခ်ိဳ႕ေသာ ပုဂၢိဳလ္ကမူ သူတစ္ပါး ႀကီးပြားခ်မ္းသာတဲ့ အတြက္ ျငဴစူျခင္းမရွိဘူး၊ မဆဲေရးဘူး၊ မျပစ္မွားဘူး၊ သူတစ္ပါးႀကီးပြားလွ်င္ ႏွစ္သက္တဲ့ မုဒိတာတရား ျဖစ္ပြားတယ္၊ ထိုသူကြယ္လြန္လွ်င္ နတ္ျဖစ္တယ္၊ နတ္ဘဝကစုေတၿပီး လူျဖစ္လာလွ်င္ အျခံအရံေပါမ်ားတယ္”

“လုလင္… ဤေလာက၌ အခ်ိဳ႕ေသာသူဟာ မိမိပိုင္တဲ့ပစၥည္းကို မေပးမလွဴရက္ဘူး၊ အလြန္ကပ္ေစးနည္းတယ္၊ မစၦရိယတရား အားႀကီးတယ္၊ ထိုသူကြယ္လြန္လွ်င္ ငရဲဘုံက်ေရာက္တတ္တယ္၊ တကယ္လို႔ ငရဲဘုံမက်ဘဲ လူျဖစ္လာလွ်င္ စည္းစိမ္ဥစၥာ နည္းပါးတတ္တယ္၊ အၾကင္ပုဂၢိဳလ္ကေတာ့ ရွိတဲ့ပစၥည္းကို ရက္ရက္ေရာေရာ ေပးကမ္း လွဴဒါန္းတတ္တယ္၊ ထိုပုဂၢိဳလ္ ကြယ္လြန္လွ်င္ နတ္ျဖစ္တတ္တယ္၊ နတ္ဘဝက လူျဖစ္လာလွ်င္လည္း စည္းစိမ္ဥစၥာ ေပါမ်ားၾကြယ္ဝတတ္တယ္”

“လူလင္…ဤေလာက၌ အခ်ိဳ႕ေသာပုဂၢိဳလ္္မ်ားဟာ ရိုေသထိုက္သူကို ရိုေသရမွန္း မသိဘူး၊ ခက္ထန္တယ္၊ မထီမဲ့ျမင္ ျပဳတတ္တယ္၊ ထိုသူကြယ္လြန္လွ်င္ ငရဲက်တတ္တယ္၊ အကယ္၍ လူျဖစ္ခဲ့လွ်င္လည္း အမ်ိဳးယုတ္မွာ ျဖစ္တတ္တယ္၊ အၾကင္ပုဂၢိဳလ္ကေတာ့ ရိုေသထိုက္သူကိုရိုေသတယ္၊ ခရီးဦး ႀကိဳဆိုတယ္၊ လမ္းခရီးေပးတယ္၊ အေလးအျမတ္ျပဳတယ္၊ ထိုသူကြယ္လြန္လွ်င္ နတ္ျဖစ္တယ္၊ လူျဖစ္လွ်င္လည္း ျမတ္တဲ့ အမ်ိဳးမွာျဖစ္တယ္”

“လုလင္…ဤေလာက၌ အခ်ိဳ႕ေသာသူဟာ ေမးျမန္းထိုက္တဲ့ တရားကို မေမးျမန္းဘူး၊ စုံစမ္းထိုက္တဲ့ တရားကို မစုံစမ္းဘူး၊ ေမးျမန္းစုံစမ္းျခင္းမရွိတဲ့အတြက္ က်င့္သင့္က်င့္ထိုက္တဲ့ တရားကိုလည္း မက်င့္ဘူး၊ ထိုသူ ကြယ္လြန္လွ်င္ ငရဲကို က်ေရာက္တတ္တယ္၊ လူျဖစ္လာလွ်င္လည္း အႀကံမရွိ ဉာဏ္မရွိတဲ့ လူ႔နလပိန္းတုံး ျဖစ္တတ္တယ္၊ အၾကင္ပုဂၢိဳလ္ကေတာ့ ပညာရွင္မ်ားထံ ခ်ဥ္းကပ္ၿပီး ေမးျမန္းထိုက္တဲ့တရားကို ေမးျမန္းတယ္၊ စုံစမ္းထိုက္တဲ့တရားကို စုံစမ္းတယ္၊ စုံစမ္းေမးျမန္းၿပီး က်င့္သင့္က်င့္ထိုက္တဲ့ တရားကိုက်င့္တယ္၊ ထိုသူ ကြယ္လြန္လွ်င္ နတ္ျဖစ္တတ္တယ္၊ အကယ္၍ လူျဖစ္ခဲ့လွ်င္လည္း ဉာဏ္ပညာႀကီးမားတဲ့ ပုဂၢိဳလ္ျဖစ္တယ္။”

“ဒီ စူဠကမၼဝိဘဂၤသုတ္မွာ ကံခုနစ္မ်ိဳး ခြဲျခားၿပီး ေဟာျပေတာ္မူတယ္၊ ကံခုနစ္မ်ိဳးက…

(၁) အသက္ အတို, အရွည္ ျဖစ္ေစတတ္တဲ့ကံ၊

(၂) အနာေရာဂါကင္းျခင္း၊ မကင္းျခင္း ျဖစ္ေစတတ္တဲ့ကံ၊

(၃) အဆင္းလွျခင္း၊ မလွျခင္း ျဖစ္ေစတတ္တဲ့ကံ၊

(၄) အျခံအရံ ရွိျခင္း၊ မရွိျခင္း ျဖစ္ေစတတ္တဲ့ကံ၊

(၅) စည္းစိမ္ဥစၥာ မ်ားျခင္း၊ နည္းျခင္း ျဖစ္ေစတတ္တဲ့ကံ

(၆) အမ်ိဳးယုတ္ျခင္း၊ ျမတ္ျခင္း ျဖစ္ေစတတ္တဲ့ကံ၊

(၇) ပညာကင္းမဲ့ျခင္း၊ ပညာရွိျခင္း ျဖစ္ေစတတ္တဲ့ကံမ်ား ျဖစ္ၾကတယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service