ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
မူကက်ရှ်အမ်ဘာနီနှင့် နီတာအမ်ဘာနီတို့ဇနီးမောင်နှံသည် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတွင် ပါဝင်သူများ ဖြစ်ကြပြီး အေကက်ရှ်အမ်ဘာနီ ၊ အီရှာအမ်ဘာနီနှင့် အာနန်အမ်ဘာနီဟူသော သားသမီး ၃ ဦးရှိသည်။
အမ်ဘာနီမိသားစုသည် ကမ္ဘာပေါ်တွင် အင်္ဂလန်မှ ဘက်ကင်ဟမ်နန်းတော်ပြီးလျှင် ဒုတိယတန်ကြေးအကြီးဆုံး စံအိမ်ကြီးကို ပိုင်ဆိုင်ထားသည်။
အမ်ဘာနီမိသားစု၏ စံအိမ်မှာ မွန်ဘိုင်းမြို့တွင် တည်ရှိပြီး အန်တီလီယာဟု အမည်ရကာ တန်ကြေး ကန်ဒေါ်လာ ၂ ဘီလီယံခန့် ရှိသည်။
အန်တီလီယာစံအိမ်အပြင် မူကက်ရှ်အမ်ဘာနီသည် အင်္ဂလန်နိုင်ငံ ၊ လန်ဒန်မြို့တွင်လည်း အလွန်တရာ ကျယ်ဝန်းလှသော ခြံဝန်းနှင့် စံအိမ်ကြီးတစ်လုံး ပိုင်ဆိုင်ထားသည်။
မူကက်ရှ်အမ်ဘာနီသည် လန်ဒန်မြို့ ဘက်ကင်ဟမ်ရှိုင်းယားခရိုင်တွင် တည်ရှိသော ဧက ၃၀၀ ကျယ်ဝန်းသည့် Stoke Park ခြံကြီးအတွင်းရှိ စံအိမ်ကို ရူပီး ၅၉၂ ကုဋေဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အိမ်တော်သည် သမိုင်းဝင် အဆောက်အအုံတစ်ခုဖြစ်ပြီး ယခင်က ဘုရင့်ညီတော်များဖြစ်သော Chester , Hertford နှင့် Witney တို့ ပိုင်ဆိုင်ခဲ့သည်။
Stoke Park ခြံကြီးသည် လန်ဒန်မြို့လယ်မှ ၄၀ ကီလိုမီတာခန့်အကွာတွင် တည်ရှိသည်။
ခြံဝန်းကြီးအတွင်း အခန်း ၄၉ ခန်းပါ ကြယ်ငါးပွင့်အဆင့် ဟိုတယ် ၁ လုံး ပါဝင်ပြီး အမ်ဘာနီ မိသားစုက ဆေးရုံငယ် ၁ ခု ဆောက်လုပ်သွားရန်လည်း စီစဉ်ထားသည်။
စံအိမ်တွင် ကြီးမားသော မြက်ခင်း ၊ တံတား ၁ စင်းနှင့် ရေကန် ၁ ခုတို့ ပါဝင်သည်။
Stoke Park ခြံကြီးတွင် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကား ၂ ခု ရိုက်ကူးခဲ့ဖူးရာ Tomorrow Never Dies -၁၉၉၇ နှင့် Goldfinger- ၁၉၆၄ တို့ကို ရိုက်ကူးခဲ့သည်။
Stoke Park ခြံကြီးကို ဘုရင့်မိသားစု ပိုင်သော International Group က ပိုင်ဆိုင်ခဲ့ပြီး အမ်ဘာနီ မိသားစုထံ ရောင်းချခဲ့ခြင်း ဖြစ်သည်။
Country Club တည်ရှိသော ထိုခြံကြီးကို IG က ၁၉၀၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Step inside Mukesh Ambani and Nita Ambani's London home with 49 rooms spread across 300 acres, its worth (dnaindia)
[Zawgyi]
အိႏိၵယ အခ်မ္းသာဆံုးသူေဌးၾကီး မူကက္ရွ္အမ္ဘာနီ၏ လန္ဒန္ျမိဳ႕မွ ဧက ၃၀၀ က်ယ္ေသာ ျခံဝန္းၾကီးႏွင့္ အခန္းေပါင္း ၄၉ ခန္းပါ စံအိမ္ၾကီး
မူကက္ရွ္အမ္ဘာနီႏွင့္ နီတာအမ္ဘာနီတို႔ဇနီးေမာင္ႏွံသည္ ကမၻာ့အခ်မ္းသာဆံုးပုဂၢိဳလ္မ်ားစာရင္းတြင္ ပါဝင္သူမ်ား ျဖစ္ၾကျပီး ေအကက္ရွ္အမ္ဘာနီ ၊ အီရွာအမ္ဘာနီႏွင့္ အာနန္အမ္ဘာနီဟူေသာ သားသမီး ၃ ဦးရွိသည္။
အမ္ဘာနီမိသားစုသည္ ကမၻာေပၚတြင္ အဂၤလန္မွ ဘက္ကင္ဟမ္နန္းေတာ္ျပီးလွ်င္ ဒုတိယတန္ေၾကးအၾကီးဆံုး စံအိမ္ၾကီးကို ပိုင္ဆုိင္ထားသည္။
အမ္ဘာနီမိသားစု၏ စံအိမ္မွာ မြန္ဘုိင္းျမဳိ႕တြင္ တည္ရွိျပီး အန္တီလီယာဟု အမည္ရကာ တန္ေၾကး ကန္ေဒၚလာ ၂ ဘီလီယံခန္႔ ရွိသည္။
အန္တီလီယာစံအိမ္အျပင္ မူကက္ရွ္အမ္ဘာနီသည္ အဂၤလန္ႏိုင္ငံ ၊ လန္ဒန္ျမိဳ႕တြင္လည္း အလြန္တရာ က်ယ္ဝန္းလွေသာ ျခံဝန္းႏွင့္ စံအိမ္ၾကီးတစ္လံုး ပိုင္ဆိုင္ထားသည္။
မူကက္ရွ္အမ္ဘာနီသည္ လန္ဒန္ျမိဳ႕ ဘက္ကင္ဟမ္ရိႈင္းယားခရိုင္တြင္ တည္ရွိေသာ ဧက ၃၀၀ က်ယ္ဝန္းသည့္ Stoke Park ျခံၾကီးအတြင္းရွိ စံအိမ္ကုိ ရူပီး ၅၉၂ ကုေဋျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။
အဆိုပါ အိမ္ေတာ္သည္ သမိုင္းဝင္ အေဆာက္အအံုတစ္ခုျဖစ္ျပီး ယခင္က ဘုရင့္ညီေတာ္မ်ားျဖစ္ေသာ Chester , Hertford ႏွင့္ Witney တို႔ ပိုင္ဆိုင္ခဲ့သည္။
Stoke Park ျခံၾကီးသည္ လန္ဒန္ျမဳိ႕လယ္မွ ၄၀ ကီလုိမီတာခန္႔အကြာတြင္ တည္ရွိသည္။
ျခံဝန္းၾကီးအတြင္း အခန္း ၄၉ ခန္းပါ ၾကယ္ငါးပြင့္အဆင့္ ဟိုတယ္ ၁ လံုး ပါဝင္ျပီး အမ္ဘာနီ မိသားစုက ေဆးရံုငယ္ ၁ ခု ေဆာက္လုပ္သြားရန္လည္း စီစဥ္ထားသည္။
စံအိမ္တြင္ ၾကီးမားေသာ ျမက္ခင္း ၊ တံတား ၁ စင္းႏွင့္ ေရကန္ ၁ ခုတို႔ ပါဝင္သည္။
Stoke Park ျခံၾကီးတြင္ ဂ်ိမ္းစ္ဘြန္းရုပ္ရွင္ကား ၂ ခု ရိုက္ကူးခဲ့ဖူးရာ Tomorrow Never Dies -၁၉၉၇ ႏွင့္ Goldfinger- ၁၉၆၄ တို႔ကို ရုိက္ကူးခဲ့သည္။
Stoke Park ျခံၾကီးကို ဘုရင့္မိသားစု ပိုင္ေသာ International Group က ပိုင္ဆုိင္ခဲ့ျပီး အမ္ဘာနီ မိသားစုထံ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။
Country Club တည္ရွိေသာ ထိုျခံၾကီးကို IG က ၁၉၀၈ ခုႏွစ္ကတည္းက ပိုင္ဆိုင္ခဲ့ျခင္း ျဖစ္သည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Step inside Mukesh Ambani and Nita Ambani's London home with 49 rooms spread across 300 acres, its worth (dnaindia)