နာမည်ကြီး Dating app ဖြစ်သော Tinder ပူးတွဲတည်ထောင်သူက လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင်

နာမည်ကြီး Dating app ဖြစ်သော Tinder ပူးတွဲတည်ထောင်သူက လော့စ်အိန်ဂျလိစံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
13 Jul 2023 10:44 am တွင် တင်ခဲ့သည်
343 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

နာမည်ကြီး Dating app ဖြစ်သော Tinder ကို ၂၀၁၂ ခုနှစ်တွင် ပူးတွဲတည်ထောင်ခဲ့သူဖြစ်သော ရှောင်ရက်ဒ် (Sean Rad ) သည် လော့စ်အိန်ဂျလိမြို့ရှိစံအိမ်ကို ကန်ဒေါ်လာ ၃၂ သန်းဖြင့် အရောင်းဈေးကွက်တင် လာသည်။

အသက် ၃၇ နှစ်အရွယ်ရှိ ရှောင်ရက်ဒ်သည် စတုရန်းပေ ၁၀၆၀၀ ကျယ်ဝန်းသော စံအိမ်ကို အိမ်ခြံမြေ လုပ်ငန်းရှင် Kurt Rappaport ထံမှ ၂၀၁၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၆ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ရှောင်ရက်ဒ်နှင့် သူ၏ ဇနီး လစ်ဇီဂရိုဗာရက်ဒ်တို့က ကန်ဒေါ်လာ ၃၂ သန်းဖြင့် ပြန်လည် ရောင်းချလာခြင်း ဖြစ်သည်။

အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၉ ခန်းပါဝင်ပြီး Christies International အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Aaron Kirman က အရောင်းဈေးကွက်တင်ပေးခြင်း ဖြစ်သည်။

“ဒီအိမ်က ဂန္ထဝင်မြောက် လက်ရာတစ်ခုပါပဲ။ အခန်းတိုင်းဟာ အသေးစိတ် မွမ်းမံမှုကနေ ပစ္စည်းအရည်အသွေးတွေအထိ အနုပညာမြောက်ပါတယ်”ဟု အကျိုးဆောင် အာရွန်က ပြောသည်။

စံအိမ်တည်နေရာမှာ လော့စ်အိန်ဂျလိမြို့ ၊ N.Doheny Drive လမ်း ၊ အမှတ် ၁၃၇၅ တွင် တည်ရှိသည်။

(စံအိမ်ကို ၁၉၃၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။)

(စံအိမ်အတွင်း မျက်နှာကြက်များမှာ အလွန်မြင့်မားသည်။)

(နေအိမ်ပြင်ပ မီးလင်းဖိုနေရာ။)

(စံအိမ်အကျယ်အဝန်း ၁၀၆၀၀ စတုရန်းပေ ရှိသည်။)

(ရေကူးကန်နေရာ။)

(ရှောင်ရက်ဒ်က ၂၀၁၈ ခုနှစ်တွင် ဝယ်ယူခဲ့သော ဈေးနှုန်းထက် ဒေါ်လာ ၅ ဒသမ ၅ သန်း အမြတ်ရလိုလျက် ရှိသည်။)

(ဤစံအိမ်ကို Architectural Digest မဂ္ဂဇင်း၏ မျက်နှာဖုံးတွင် ဖော်ပြခဲ့ဖူးသည်။)

(ရေချိုးခန်း ၉ ခန်းပါဝင်သည်။)

(ဝိုင်သိုလှောင်ခန်း။)

(အိပ်ခန်း ၅ ခန်း ပါဝင်သည်။)

စကျင်ကျောက် ၊ ကြေးနီတို့ဖြင့် အသားပေး ဆောက်လုပ်ထားသော မီးဖိုဆောင်မှတဆင့် အိမ်နောက်ဘက် ကွက်လပ်ဆီသို့ ပေါက်သည်။

အောက်ထပ်တွင် ဝိုင်သိုလှောင်ခန်းနှင့် အရက်ဘားတို့ ပါဝင်ပြီး အိမ်တွင်းရုပ်ရှင်ရုံနှင့် ရေကူးကန်တို့လည်း ပါဝင်သည်။

ပင်မအိပ်ခန်းမှာ ကြယ်ငါးပွင့်အဆင့် အပန်းဖြေစခန်းအသွင် မွမ်းမံထားပြီး လသာဆောင် ၊ အီတလီစကျင်ကျောက်တို့ဖြင့် ဆောက်လုပ်ထားသော ရေချိုးခန်းနှင့် ကျယ်ဝန်းသော အဝတ်လဲခန်းတို့ ပါဝင်သည်။

ရှောင်ရက်ဒ်သည် ကွယ်လွန်သွားပြီဖြစ်သော ရုပ်ရှင်မင်းသမီး Yvette Mimieux ပိုင်ဆိုင်ခဲ့သော ဘဲလ်အဲရ်အရပ်ရှိ စံအိမ်ကို ပြီးခဲ့သောနှစ်အတွင်း ကန်ဒေါ်လာ ၃၅ သန်းဖြင့် ဝယ်ယူခဲ့သေးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Tinder co-founder no longer in love with LA mansion, lists for $32M (nypost)

[Zawgyi]

နာမည္ၾကီး Dating app ျဖစ္ေသာ Tinder ပူးတြဲတည္ေထာင္သူက ေလာ့စ္အိန္ဂ်လိစံအိမ္ကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္တင္

နာမည္ၾကီး Dating app ျဖစ္ေသာ Tinder ကို ၂၀၁၂ ခုႏွစ္တြင္ ပူးတြဲတည္ေထာင္ခဲ့သူျဖစ္ေသာ ေရွာင္ရက္ဒ္ (Sean Rad ) သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕ရွိစံအိမ္ကို ကန္ေဒၚလာ ၃၂ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ လာသည္။

အသက္ ၃၇ ႏွစ္အရြယ္ရွိ ေရွာင္ရက္ဒ္သည္ စတုရန္းေပ ၁၀၆၀၀ က်ယ္ဝန္းေသာ စံအိမ္ကုိ အိမ္ျခံေျမ လုပ္ငန္းရွင္ Kurt Rappaport ထံမွ ၂၀၁၈ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၆ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ယခုအခါ ေရွာင္ရက္ဒ္ႏွင့္ သူ၏ ဇနီး လစ္ဇီဂရိုဗာရက္ဒ္တို႔က ကန္ေဒၚလာ ၃၂ သန္းျဖင့္ ျပန္လည္ ေရာင္းခ်လာျခင္း ျဖစ္သည္။

အိပ္ခန္း ၅ ခန္းႏွင့္ ေရခ်ဳိးခန္း ၉ ခန္းပါဝင္ျပီး Christies International အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Aaron Kirman က အေရာင္းေစ်းကြက္တင္ေပးျခင္း ျဖစ္သည္။

“ဒီအိမ္က ဂႏၳဝင္ေျမာက္ လက္ရာတစ္ခုပါပဲ။ အခန္းတိုင္းဟာ အေသးစိတ္ မြမ္းမံမႈကေန ပစၥည္းအရည္အေသြးေတြအထိ အႏုပညာေျမာက္ပါတယ္”ဟု အက်ဳိးေဆာင္ အာရြန္က ေျပာသည္။

စံအိမ္တည္ေနရာမွာ ေလာ့စ္အိန္ဂ်လိျမဳိ႕ ၊ N.Doheny Drive လမ္း ၊ အမွတ္ ၁၃၇၅ တြင္ တည္ရွိသည္။

(စံအိမ္ကုိ ၁၉၃၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့သည္။)

(စံအိမ္အတြင္း မ်က္ႏွာၾကက္မ်ားမွာ အလြန္ျမင့္မားသည္။)

(ေနအိမ္ျပင္ပ မီးလင္းဖုိေနရာ။)

(စံအိမ္အက်ယ္အဝန္း ၁၀၆၀၀ စတုရန္းေပ ရွိသည္။)

(ေရကူးကန္ေနရာ။)

(ေရွာင္ရက္ဒ္က ၂၀၁၈ ခုႏွစ္တြင္ ဝယ္ယူခဲ့ေသာ ေစ်းႏႈန္းထက္ ေဒၚလာ ၅ ဒသမ ၅ သန္း အျမတ္ရလိုလ်က္ ရွိသည္။)

(ဤစံအိမ္ကို Architectural Digest မဂၢဇင္း၏ မ်က္ႏွာဖံုးတြင္ ေဖာ္ျပခဲ့ဖူးသည္။)

(ေရခ်ဳိးခန္း ၉ ခန္းပါဝင္သည္။)

(ဝိုင္သိုေလွာင္ခန္း။)

(အိပ္ခန္း ၅ ခန္း ပါဝင္သည္။)

စက်င္ေက်ာက္ ၊ ေၾကးနီတို႔ျဖင့္ အသားေပး ေဆာက္လုပ္ထားေသာ မီးဖိုေဆာင္မွတဆင့္ အိမ္ေနာက္ဘက္ ကြက္လပ္ဆီသို႔ ေပါက္သည္။

ေအာက္ထပ္တြင္ ဝိုင္သုိေလွာင္ခန္းႏွင့္ အရက္ဘားတို႔ ပါဝင္ျပီး အိမ္တြင္းရုပ္ရွင္ရံုႏွင့္ ေရကူးကန္တုိ႔လည္း ပါဝင္သည္။

ပင္မအိပ္ခန္းမွာ ၾကယ္ငါးပြင့္အဆင့္ အပန္းေျဖစခန္းအသြင္ မြမ္းမံထားျပီး လသာေဆာင္ ၊ အီတလီစက်င္ေက်ာက္တုိ႔ျဖင့္ ေဆာက္လုပ္ထားေသာ ေရခ်ဳိးခန္းႏွင့္ က်ယ္ဝန္းေသာ အဝတ္လဲခန္းတုိ႔ ပါဝင္သည္။

ေရွာင္ရက္ဒ္သည္ ကြယ္လြန္သြားျပီျဖစ္ေသာ ရုပ္ရွင္မင္းသမီး Yvette Mimieux ပိုင္ဆုိင္ခဲ့ေသာ ဘဲလ္အဲရ္အရပ္ရွိ စံအိမ္ကို ျပီးခဲ့ေသာႏွစ္အတြင္း ကန္ေဒၚလာ ၃၅ သန္းျဖင့္ ဝယ္ယူခ့ဲေသးသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Tinder co-founder no longer in love with LA mansion, lists for $32M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service