ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
[Unicode]
လက်တလော ရန်ကုန်အိမ်ခြံမြေဈေးကွက်မှာ သိန်းထောင်ဂဏန်းဝန်းကျင် ပေါက်ဈေးရှိတဲ့ မြေကွက်တွေသာ အရောင်းအဝယ်ပိုများနေတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ထံမှ သိရပါတယ်။ ရန်ကုန်အိမ်ခြံမြေဈေးကွက် မှာ ဈေးနှုန်းအမျိုးမျိုးပေါက်ဈေးရှိနေပေမဲ့ သိန်း ၅၀၀၀ ဝန်းကျင်မြေကွက်တွေနဲ့ ၅၀၀၀ အောက်ပေါက်ဈေးရှိတဲ့ မြေကွက်တွေသာ အရောင်းအဝယ်ပိုများတယ်လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။
" လက်ရှိ အိမ်ခြံမြေဈေးကတော့ အရင်နှစ်ထက်စာရင် အရောင်းအဝယ် ပိုဖြစ်လာတယ်။ အရောင်းအဝယ်များတဲ့ မြို့နယ်တွေကတော့ ဒဂုံမြို့သစ် ဘက်တွေပေါ့၊ တောင်ဒဂုံမြို့နယ်၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ မြောက်ဒဂုံ မြို့နယ်၊ အဲ့ဒီမြို့နယ်တွေမှာ အရောင်းအဝယ်ပိုများပါတယ်။အရောင်းအဝယ်အဖြစ်ဆုံးကတော့ မြောက်ဒဂုံမြို့နယ် ပါ” လို့ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ရဲ့ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ အိမ်ခြံမြေတန်ဖိုးတွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ နှစ်အလိုက် သတ်မှတ်ပေးနေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအစိုးရအဖွဲ့ ရဲ့ ကာလတန်ဖိုး စိစစ်ရေးအဖွဲ့အနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ် ရန်ကုန်အိမ်ခြံမြေဈေးနှုန်းများ သတ်မှတ်ပေးဖို့ ကွင်းဆင်းစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ မတ်လအတွင်းကဆောင်ရွက်ခဲ့ပြီးဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
ရန္ကုန္အိမ္ျခံေျမေစ်းကြက္တြင္ သိန္းေထာင္ဂဏန္းဝန္းက်င္ေျမကြက္မ်ားအေရာင္းအဝယ္ျဖစ္ေနၿပီး ဒဂုံၿမိဳ႕သစ္ၿမိဳ႕နယ္မ်ားအေရာင္းအဝယ္ပိုမ်ားေန
လက္တေလာ ရန္ကုန္အိမ္ျခံေျမေစ်းကြက္မွာ သိန္းေထာင္ဂဏန္းဝန္းက်င္ ေပါက္ေစ်း႐ွိတဲ့ ေျမကြက္ေတြသာ အေရာင္းအဝယ္ပိုမ်ားေနတယ္လို႔ ျမန္မာႏိုင္ငံအိမ္ျခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)ထံမွ သိရပါတယ္။ ရန္ကုန္အိမ္ျခံေျမေစ်းကြက္ မွာ ေစ်းႏႈန္းအမ်ိဳးမ်ိဳးေပါက္ေစ်း႐ွိေနေပမဲ့ သိန္း ၅၀၀၀ ဝန္းက်င္ေျမကြက္ေတြနဲ႔ ၅၀၀၀ ေအာက္ေပါက္ေစ်း႐ွိတဲ့ ေျမကြက္ေတြသာ အေရာင္းအဝယ္ပိုမ်ားတယ္လို႔ ျမန္မာႏိုင္ငံအိမ္ျခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)ရဲ႕ အေထြေထြအတြင္းေရးမႉး ေဒၚမို႔မို႔ေအာင္က ေျပာပါတယ္။
" လက္႐ွိ အိမ္ျခံေျမေဈးကေတာ့ အရင္ႏွစ္ထက္ စာရင္အေရာင္းအဝယ္ ပိုျဖစ္လာတယ္။ အေရာင္းအဝယ္မ်ားတဲ့ ၿမိဳ႕နယ္ေတြကေတာ့ ဒဂုံၿမိဳ႕သစ္ ဘက္ေတြေပါ့၊ ေတာင္ဒဂုံျမိဳ႕နယ္၊ ဒဂုံဆိပ္ကမ္းျမိဳ႕နယ္၊ ေျမာက္ဒဂုံ ျမိဳ႕နယ္၊ အဲ့ဒီၿမိဳ႕နယ္ေတြမွာ အေရာင္းအဝယ္ပိုမ်ားပါတယ္။အေရာင္းအဝယ္အျဖစ္ဆုံးကေတာ့ ေျမာက္ဒဂုံၿမိဳ႕နယ္ ပါ” လို႔ ျမန္မာႏိုင္ငံအိမ္ျခံေျမဝန္ေဆာင္မႈအသင္း(ဗဟို)ရဲ႕ အေထြေထြအတြင္းေရးမႉး ေဒၚမို႔မို႔ေအာင္က ေျပာပါတယ္။
ရန္ကုန္တိုင္းေဒသႀကီးအတြင္းမွာ႐ွိတဲ့ အိမ္ျခံေျမတန္ဖိုးေတြကို တိုင္းေဒသႀကီးအစိုးရအဖြဲ႕အေနနဲ႔ ႏွစ္အလိုက္ သတ္မွတ္ေပးေနတာျဖစ္ပါတယ္။ ရန္ကုန္တိုင္းအစိုးရအဖြဲ႕ ရဲ႕ ကာလတန္ဖိုး စိစစ္ေရးအဖြဲ႕အေနနဲ႔ ၂၀၂၂-၂၀၂၃ ခုႏွစ္ ရန္ကုန္အိမ္ျခံေျမေစ်းႏႈန္းမ်ား သတ္မွတ္ေပးဖို႔ ကြင္းဆင္းစစ္ေဆးမႈေတြကို ၿပီးခဲ့တဲ့ မတ္လအတြင္းကေဆာင္႐ြက္ခဲ့ၿပီးျဖစ္တယ္လို႔ ရန္ကုန္တိုင္းေဒသႀကီးအစိုးရအဖြဲ႕က ထုတ္ျပန္ထားပါတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com