ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသော ဘုရင်မကြီး မေရီ အန်တွိုင်းနက်၏ လျှို့ဝှက်အိပ်ဆောင်တော်ကို ဗာဆိုင်းနန်းတော်၏ နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အများပြည်သူအားဝင်ရောက်ကြည့်ရှုခွင့်ပေး

ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသော ဘုရင်မကြီး မေရီ အန်တွိုင်းနက်၏ လျှို့ဝှက်အိပ်ဆောင်တော်ကို ဗာဆိုင်းနန်းတော်၏ နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အများပြည်သူအားဝင်ရောက်ကြည့်ရှုခွင့်ပေး - Property News in Myanmar from iMyanmarHouse.com
12 Jul 2023 12:26 pm တွင် တင်ခဲ့သည်
913 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပြင်သစ်နိုင်ငံ၊ ဗာဆိုင်းနန်းတော် နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ဗာဆိုင်းနန်းတော်ရှိ ဘုရင်မကြီး မေရီ အန်တွိုင်းနက်၏ သီးသန့်အိပ်ဆောင်တော်ကို ၇ နှစ်ခန့် အချိန်ယူမွမ်းမံမှုများ ပြုလုပ်ခဲ့ပြီးနောက် အများပြည်သူ အား ဝင်ရောက်ကြည့်ရှုခွင့်ပေးလျက်ရှိသည်။

အိပ်ဆောင်တော်တွင် မေရီအန်တွိုင်းနက်ကိုယ်တိုင်ရွေးချယ်ထားသော ပရိဘောဂများဖြင့် ခမ်းနားထည်ဝါစွာ မွမ်းမံထားပြီး စာကြည့်တိုက်၊ အပျိုတော်များအိပ်ဆောင်၊ ညစာစားခန်းနှင့် ဘိလိယက်ခန်းမတို့ ပါဝင်သည်။

အဆိုပါအခန်းများသည် အထပ် ၂ ထပ်တွင် ဖြန့်ကျက်တည်ရှိပြီး ဘုရင်မကြီး၏ အိပ်ဆောင်တော်ရှိ တံခါးတစ်ချပ်မှ တဆင့် ရောက်ရှိနိုင်သည်။

“ဒီအခန်းတွေကို ဘုရင်မကြီးရဲ့ မိတ်ဆွေအနည်းငယ်နဲ့ အနီးကပ် နေထိုင်သူတွေသာ ဝင်ခွင့်ရှိခဲ့ပါတယ်။ သူ့လက်ထက်က ဒီအခန်းတွေကို မြင်ခွင့်ရခဲ့တာ ၁၀ ယောက်လောက်ပဲ ရှိခဲ့တယ်”ဟု ဗာဆိုင်းနန်းတော်၏ ဥက္ကဌ ကတ်သရင်း ပီဂါက The Guardian သတင်းဌာနသို့ ပြောသည်။

မေရီအန်တွိုင်းနက်သည် သြစထရီးယားဘုရင့်သမီးတော်ဖြစ်ပြီး နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၌ နောက်ဆုံး အုပ်စိုးသွားခဲ့သော ဘုရင်မကြီး ဖြစ်လာခဲ့သည်။

၁၄ နှစ်သမီးအရွယ်တွင် ဗာဆိုင်းနန်းတော်သို့ ရောက်ရှိလာခဲ့ပြီး ခင်ပွန်းဖြစ်သူ လူဝီ ၁၆ နှင့် ထိမ်းမြား လက်ထပ်ခဲ့သည်။ မေရီအန်တွိုင်းနက်က ၁၇၇၄ ခုနှစ်တွင် သူ၏ အိပ်ဆောင်တော်ပြုပြင်မွမ်းမံမှုများ ကိုယ်တိုင်ကြီးကြပ်ခဲ့ပြီး ၁၇၈၈ ခုနှစ်အထိ မွမ်းမံမှုလုပ်ငန်းများ ကာလကြာရှည် လုပ်ဆောင်ခဲ့သည်။

၁၇၈၉ ခုနှစ်တွင် မေရီအန်တွိုင်းနက် ၊ ဘုရင်နှင့် သားသမီးတော်များကို ဒေါသထွက်နေသော ပြင်သစ် ပြည်သူပြည်သားများက ဖမ်းဆီးခဲ့ကြသည်။

လူဝီ ၁၆ သည် ၁၇၉၃ ခုနှစ် ၊ ဇန်နဝါရီလတွင် ခေါင်းဖြတ်စက်ဖြင့် ကွပ်မျက်ခံခဲ့ရပြီး မေရီအန်တွိုင်းနက်မှာ လည်း ထိုနှစ်အောက်တိုဘာလတွင် ခေါင်းဖြတ်ကွပ်မျက်ခံခဲ့ရသည်။

မေရီအန်တွိုင်းနက်သည် သူ၏ ခန်းဆောင်တော်များကို ၁၅ နှစ်နီးပါး အချိန်ယူမွမ်းမံခဲ့သည့် ကာလအတွင်း ဘုရင့်ဗိသုကာအကြီးအမှူး Ange-Jacques Gabriel အပေါ် ပြင်းစွာ အမျက်ရှခဲ့သည်။

(မေရီအန်တွိုင်းနက်၏ အိပ်ခန်းဆောင်။ ဓာတ်ပုံ-AFP)

(Meridienne ဟုခေါ်သော လက်တင်ခုံတစ်မျိုး။ ဓာတ်ပုံ-Gianni Dagli)

(ဘုရင်မကြီး၏ အိပ်ခန်းဆောင်မှ အိပ်ယာတစ်ခု။ ဓာတ်ပုံ-Gianni Dagli)

(ဗာဆိုင်းနန်းတော်မှ မှန်နန်းဆောင်။ ဓာတ်ပုံ-Corbis)

(ဗာဆိုင်းနန်းတော်၏ ၂၀၁၇ ခုနှစ်က မြင်ကွင်း။ ဓာတ်ပုံ-AFP)

(ဗာဆိုင်းနန်းတော်၏ လိမ္မော်ဥယျာဉ်တော်ကို ၂၀၀၀ ပြည့်လွန်ကာလများက တွေ့ခဲ့ရပုံ။ ဓာတ်ပုံ- Getty Images)

(ဗာဆိုင်းနန်းတော် နှစ် ၄၀၀ ပြည့်အထိမ်းအမှတ်အဖြစ် အများပြည်သူတို့ကို ဝင်ရောက်ကြည့်ရှုခွင့်ပေးလျက် ရှိသည်။ ဓာတ်ပုံ-AFP)

(၁၇၈၃ ခုနှစ်က ရေးဆွဲခဲ့သော မေရီအန်တွိုင်းနက်၏ ပုံတူပန်းချီကား။ ဓာတ်ပုံ- Getty Images)

“မေရီအန်တွိုင်းနက်ဟာ ဗာဆိုင်းနန်းတော်ကိုရောက်ပြီး လအနည်းငယ်အကြာမှာပဲ ဘုရင်ကိုတောင် မလျှောက်တင်ဘဲ သူရဲ့ အိပ်ခန်းဆောင်ကို မွမ်းမံမှု အကြီးစားတွေ လုပ်ဖို့ ဗိသုကာအကြီးအကဲ Gabriel ကို အမိန့်ပေးခဲ့ပါတယ်။ Gabriel က လက်မခံဘဲ ဘုရင်ကို လျှောက်တင်ခဲ့တယ်။ ဒါပေမဲ့ မေရီအန်တွိုင်းနက်ရဲ့ ဆန္ဒအတိုင်း မွမ်းမံမှုတွေ ကာလကြာရှည် လုပ်ဆောင်ခဲ့ပြီး ပြင်သစ်တော်လှန်ရေးကြီးကြောင့် အဆုံးသတ် သွားခဲ့ရပါတယ်”ဟု ဗာဆိုင်းနန်းတော် ပြတိုက်မှူး Helene Delalex က ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Versailles reopens Marie Antoinette’s secret apartment for anniversary (nypost)

[Zawgyi]

ေခါင္းျဖတ္ကြပ္မ်က္ခံခဲ့ရေသာ ဘုရင္မၾကီး ေမရီ အန္တြိဳင္းနက္၏ လွ်ိဳ႕ဝွက္အိပ္ေဆာင္ေတာ္ကို ဗာဆိုင္းနန္းေတာ္၏ ႏွစ္ ၄၀၀ ျပည့္အထိမ္းအမွတ္အျဖစ္ အမ်ားျပည္သူအားဝင္ေရာက္ၾကည့္ရႈခြင့္ေပး

ျပင္သစ္ႏိုင္ငံ၊ ဗာဆိုင္းနန္းေတာ္ ႏွစ္ ၄၀၀ ျပည့္အထိမ္းအမွတ္အျဖစ္ ဗာဆိုင္းနန္းေတာ္ရွိ ဘုရင္မၾကီး ေမရီ အန္တြိဳင္းနက္၏ သီးသန္႔အိပ္ေဆာင္ေတာ္ကို ၇ ႏွစ္ခန္႔ အခ်ိန္ယူမြမ္းမံမႈမ်ား ျပဳလုပ္ခဲ့ျပီးေနာက္ အမ်ားျပည္သူ အား ဝင္ေရာက္ၾကည့္ရႈခြင့္ေပးလ်က္ရွိသည္။

အိပ္ေဆာင္ေတာ္တြင္ ေမရီအန္တြိဳင္းနက္ကိုယ္တိုင္ေရြးခ်ယ္ထားေသာ ပရိေဘာဂမ်ားျဖင့္ ခမ္းနားထည္ဝါစြာ မြမ္းမံထားျပီး စာၾကည့္တိုက္၊ အပ်ဳိေတာ္မ်ားအိပ္ေဆာင္၊ ညစာစားခန္းႏွင့္ ဘိလိယက္ခန္းမတို႔ ပါဝင္သည္။

အဆိုပါအခန္းမ်ားသည္ အထပ္ ၂ ထပ္တြင္ ျဖန္႔က်က္တည္ရွိျပီး ဘုရင္မၾကီး၏ အိပ္ေဆာင္ေတာ္ရွိ တံခါးတစ္ခ်ပ္မွ တဆင့္ ေရာက္ရွိႏိုင္သည္။

“ဒီအခန္းေတြကို ဘုရင္မၾကီးရဲ႕ မိတ္ေဆြအနည္းငယ္နဲ႔ အနီးကပ္ ေနထုိင္သူေတြသာ ဝင္ခြင့္ရွိခဲ့ပါတယ္။ သူ႔လက္ထက္က ဒီအခန္းေတြကို ျမင္ခြင့္ရခဲ့တာ ၁၀ ေယာက္ေလာက္ပဲ ရွိခဲ့တယ္”ဟု ဗာဆိုင္းနန္းေတာ္၏ ဥကၠဌ ကတ္သရင္း ပီဂါက The Guardian သတင္းဌာနသုိ႔ ေျပာသည္။

ေမရီအန္တြိဳင္းနက္သည္ ၾသစထရီးယားဘုရင့္သမီးေတာ္ျဖစ္ျပီး ေနာက္ပိုင္းတြင္ ျပင္သစ္ႏိုင္ငံ၌ ေနာက္ဆံုး အုပ္စိုးသြားခဲ့ေသာ ဘုရင္မၾကီး ျဖစ္လာခဲ့သည္။

၁၄ ႏွစ္သမီးအရြယ္တြင္ ဗာဆိုင္းနန္းေတာ္သို႔ ေရာက္ရွိလာခဲ့ျပီး ခင္ပြန္းျဖစ္သူ လူဝီ ၁၆ ႏွင့္ ထိမ္းျမား လက္ထပ္ခဲ့သည္။ ေမရီအန္တြိဳင္းနက္က ၁၇၇၄ ခုႏွစ္တြင္ သူ၏ အိပ္ေဆာင္ေတာ္ျပဳျပင္မြမ္းမံမႈမ်ား ကိုယ္တုိင္ၾကီးၾကပ္ခဲ့ျပီး ၁၇၈၈ ခုႏွစ္အထိ မြမ္းမံမႈလုပ္ငန္းမ်ား ကာလၾကာရွည္ လုပ္ေဆာင္ခဲ့သည္။

၁၇၈၉ ခုႏွစ္တြင္ ေမရီအန္တြိဳင္းနက္ ၊ ဘုရင္ႏွင့္ သားသမီးေတာ္မ်ားကို ေဒါသထြက္ေနေသာ ျပင္သစ္ ျပည္သူျပည္သားမ်ားက ဖမ္းဆီးခဲ့ၾကသည္။

လူဝီ ၁၆ သည္ ၁၇၉၃ ခုႏွစ္ ၊ ဇန္နဝါရီလတြင္ ေခါင္းျဖတ္စက္ျဖင့္ ကြပ္မ်က္ခံခဲ့ရျပီး ေမရီအန္တြိဳင္းနက္မွာ လည္း ထုိႏွစ္ေအာက္တိုဘာလတြင္ ေခါင္းျဖတ္ကြပ္မ်က္ခံခဲ့ရသည္။

ေမရီအန္တြိဳင္းနက္သည္ သူ၏ ခန္းေဆာင္ေတာ္မ်ားကို ၁၅ ႏွစ္နီးပါး အခ်ိန္ယူမြမ္းမံခဲ့သည့္ ကာလအတြင္း ဘုရင့္ဗိသုကာအၾကီးအမွဴး Ange-Jacques Gabriel အေပၚ ျပင္းစြာ အမ်က္ရွခဲ့သည္။

(ေမရီအန္တြိဳင္းနက္၏ အိပ္ခန္းေဆာင္။ ဓာတ္ပံု-AFP)

(Meridienne ဟုေခၚေသာ လက္တင္ခံုတစ္မ်ဳိး။ ဓာတ္ပံု-Gianni Dagli)

(ဘုရင္မၾကီး၏ အိပ္ခန္းေဆာင္မွ အိပ္ယာတစ္ခု။ ဓာတ္ပံု-Gianni Dagli)

(ဗာဆိုင္းနန္းေတာ္မွ မွန္နန္းေဆာင္။ ဓာတ္ပံု-Corbis)

(ဗာဆိုင္းနန္းေတာ္၏ ၂၀၁၇ ခုႏွစ္က ျမင္ကြင္း။ ဓာတ္ပံု-AFP)

(ဗာဆိုင္းနန္းေတာ္၏ လိေမၼာ္ဥယ်ာဥ္ေတာ္ကို ၂၀၀၀ ျပည့္လြန္ကာလမ်ားက ေတြ႔ခဲ့ရပံု။ ဓာတ္ပံု- Getty Images)

(ဗာဆိုင္းနန္းေတာ္ ႏွစ္ ၄၀၀ ျပည့္အထိမ္းအမွတ္အျဖစ္ အမ်ားျပည္သူတို႔ကို ဝင္ေရာက္ၾကည့္ရႈခြင့္ေပးလ်က္ ရွိသည္။ ဓာတ္ပံု-AFP)

(၁၇၈၃ ခုႏွစ္က ေရးဆြဲခဲ့ေသာ ေမရီအန္တြိဳင္းနက္၏ ပံုတူပန္းခ်ီကား။ ဓာတ္ပံု- Getty Images)

“ေမရီအန္တြိဳင္းနက္ဟာ ဗာဆိုင္းနန္းေတာ္ကုိေရာက္ျပီး လအနည္းငယ္အၾကာမွာပဲ ဘုရင္ကိုေတာင္ မေလွ်ာက္တင္ဘဲ သူရဲ႕ အိပ္ခန္းေဆာင္ကို မြမ္းမံမႈ အၾကီးစားေတြ လုပ္ဖို႔ ဗိသုကာအၾကီးအကဲ Gabriel ကို အမိန္႔ေပးခ့ဲပါတယ္။ Gabriel က လက္မခံဘဲ ဘုရင္ကုိ ေလွ်ာက္တင္ခဲ့တယ္။ ဒါေပမဲ့ ေမရီအန္တြိဳင္းနက္ရဲ႕ ဆႏၵအတုိင္း မြမ္းမံမႈေတြ ကာလၾကာရွည္ လုပ္ေဆာင္ခဲ့ျပီး ျပင္သစ္ေတာ္လွန္ေရးၾကီးေၾကာင့္ အဆံုးသတ္ သြားခဲ့ရပါတယ္”ဟု ဗာဆိုင္းနန္းေတာ္ ျပတိုက္မွဴး Helene Delalex က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Versailles reopens Marie Antoinette’s secret apartment for anniversary (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service