ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် ကယ်လီဖိုးနီးယားပြည်နယ်မှ ဧက ၁၀၀ ကျယ်သော မွေးမြူရေးခြံကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်
ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန် ကယ်လီဖိုးနီးယားပြည်နယ်မှ ဧက ၁၀၀ ကျယ်သော မွေးမြူရေးခြံကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင် - Property News in Myanmar from iMyanmarHouse.com
12 Jul 2023 12:04 pm တွင် တင်ခဲ့သည်
706 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော် ရုပ်ရှင်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်သည် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်မှ ဧက ၁၀၀ ကျယ်သော မွေးမြူရေးခြံကို ဒေါ်လာ ၃၃ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ဂျိမ်းစ်ကင်မရွန်သည် ထိုခြံကြီးအတွင်း သူ၏ ဝက်ဝက်ကွဲအောင်မြင်ခဲ့သော Avatar ရုပ်ရှင်၏ ဇာတ်ညွှန်းကို ရေးသားခဲ့ခြင်းဖြစ်သည်။
တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာဘာဘရာခရိုင် Gaviota ကမ်းခြေတွင် တည်ရှိပြီး ဂျိမ်းစ်ကင်မရွန်နှင့် ဇနီးဖြစ်သူ ဆူဇီ အေမစ် ကင်မရွန်တို့က ၁၉၉၀ ပြည့်လွန်နှောင်းပိုင်းကာလများတွင် ကန်ဒေါ်လာ ၄ ဒသမ ၃၇၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
အော်စကာဆုရှင် ဂျိမ်းစ်ကင်မရွန်းက ပြောသည်မှာ စံအိမ်အပေါ်ထပ်မှ ပင်လယ်မျက်နှာမူသည့် အခန်းကို စာကြည့်တိုက်နှင့် ရုံးခန်းအဖြစ် အသုံးပြုခဲ့ကြောင်း ၊ ထိုအခန်းထဲတွင် Avatar နှင့် Avator The Way of Water ဇာတ်လမ်းများ ရေးသားခဲ့ကြောင်း ၊ ပင်လယ်ပြင်၏ လှပသော ရှုမျှော်ခင်းများက စိတ်ကူးစိတ်သန်းကောင်း ရရှိစေကြောင်း ပြောသည်။
ဂျိမ်းစ်ကင်မရွန်တို့ ဇနီးမောင်နှံ ဝယ်ယူခဲ့ချိန်က ၎င်းတို့စုံတွဲသည် မာလီဘူးရှိ ကြီးမားသော စံအိမ်ဝန်းကြီး တစ်ခုတွင် နေထိုင်နေချိန်ဖြစ်ပြီး ပိုမိုကျေးလက်ဆန်သည့် နေရာတစ်ခု လိုချင်ခဲ့သည်ဟု ဆိုသည်။
မာလီဘူးအိမ်မှ ယခုခြံသို့ ရော့ခ်အင်ရိုးသီချင်းများ နားထောင်ကာ ကားဖြင့်လာခဲ့ကြောင်း ဆူဇီက ပြောသည်။
ဂျိန်းစ်ကင်မရွန်၏ မွေးမြူရေးခြံကြီးတွင် စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းသော ပင်မစံအိမ် ၁ လုံးရှိပြီး အိပ်ခန်း ၅ ခန်းပါဝင်ကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Village Properties အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Emily Kellenberger က ပြောသည်။
စံအိမ်ကို သစ် ၊ မှန်တို့ဖြင့် ဆောက်လုပ်ထားပြီး ပင်လယ်ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားပြီး ရုံးခန်း ၂ ခန်း ၊ အားကစားလေ့ကျင့်ခန်းမ ၊ ဂိမ်းကစားခန်းနှင့် မီဒီယာခန်းမတို့ ပါဝင်သည်။ ယခုခြံကို ဝယ်ယူပြီးနောက်ပိုင်း တစ်နှစ်ခန့်အချိန်ယူကာ ပြန်လည်မွမ်းမံမှုများ ပြုလုပ်ခဲ့ကြောင်း ၊ မူရင်းလက်ရာဟန်များ ထိန်းသိမ်းခဲ့သည့် နည်းတူ သလင်းကျောက် ကြမ်းခင်းများ ခင်းကျင်းခဲ့ကြောင်း ဂျိမ်းစ်ကင်မရွန်က ပြောသည်။
စံအိမ်ဝန်းအတွင်း စတုရန်းပေ ၂၀၀၀ ကျယ်ဝန်းသော ဧည့်ဂေဟာအိမ်တစ်လုံးနှင့် တင်းနစ်ကွင်းတစ်ခုလည်း ပါဝင်သည်။
ထို့အပြင် အုန်းပင်များ ဝန်းပတ်သော ကြီးမားလှသည့် ရေကူးကန်ကြီးတစ်ခုရှိရာ ဟာဝိုင်အီမှ အပန်းဖြေစခန်းတစ်ခုအသွင် ခံစားရစေကြောင်း ဂျိမ်းစ်ကင်မရွန်က ပြောသည်။
ခြံဝန်းကြီးအတွင်း စတုရန်းပေ ၂၄၀၀၀ ခန့်ကျယ်ဝန်းသော မြင်းမွေးမြူရေးခြံလည်း ပါဝင်ပြီး ဂျိမ်းစ်ကင်မရွန်က ထိုနေရာကို ရဟတ်ယာဉ်နှင့် အခြားမော်တော်ယာဉ်များစွာ ထားသိုရန် အသုံးပြုသည်။
တစ်ခါတစ်ရံတွင်မူ ဂျိမ်းစ်ကင်မရွန်က ထိုနေရာတွင် ပင်လယ်ရေအောက် လေ့လာရေးအတွက် အသုံးပြုသော ရေငုပ်ယာဉ်များ ဒီဇိုင်းဆွဲ ထုတ်လုပ်ရေးအတွက် အသုံးပြုသည်။ ခြံဝန်းအတွင်း ရဟတ်ယာဉ်ကွင်းတစ်ခုလည်း ပါဝင်သည်။
ဂျိမ်းစ်ကင်မရွန်တို့စုံတွဲသည် အချိန်အများစုကို နယူးဇီလန်နိုင်ငံတွင် နေထိုင်ဖြတ်သန်းပြီး ၂ ဦးလုံးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ ဖြစ်ကာ လော့စ်အိန်ဂျလိတွင် Green School တစ်ခု တည်ထောင်ထားပြီး အပင်အခြေပြု စားသောက်ကုန်လုပ်ငန်းများစွာ လုပ်ကိုင်လျက်ရှိသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: James Cameron’s 100-Acre California Ranch Lists for $33 Million (wsj,robbreport)
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
royal-hill
magical-world
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service