Beverly Hills နှင့် Brentwood တို့အပါအဝင် လော့စ်အိန်ဂျလိ၏ အချမ်းသာဆုံးနေရာများတွင် အိမ်ရာမဲ့ဦးရေ ၄၅ ရာခိုင်နှုန်းအထိ များပြားလာ

Beverly Hills နှင့် Brentwood တို့အပါအဝင် လော့စ်အိန်ဂျလိ၏ အချမ်းသာဆုံးနေရာများတွင် အိမ်ရာမဲ့ဦးရေ ၄၅ ရာခိုင်နှုန်းအထိ များပြားလာ - Property News in Myanmar from iMyanmarHouse.com
10 Jul 2023 10:36 am တွင် တင်ခဲ့သည်
380 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လော့စ်အိန်ဂျလိခရိုင် အိမ်ရာမဲ့ရေးရာ အာဏာပိုင်အဖွဲ့က ဇွန်လကုန်ပိုင်းတွင် နှစ်ပတ်လည် အိမ်ရာမဲ့စာရင်းကို ထုတ်ပြန်ခဲ့ရာ ခရိုင်တစ်ခုလုံးတွင် အိမ်ရာမဲ့ပမာဏ ၁၀ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ ၅ နှစ်တာကာလ အတွင်း ဒုတိယမြောက် အများဆုံးမြင့်တက်မှုဖြစ်ကြောင်း ဖော်ပြသည်။

၂၀၂၂ မှ ၂၀၂၃ ခုနှစ်အထိ ကာလအတွင်း ဝန်ဆောင်မှု စီမံကိန်းဒေသ ၅ (“Service Planning Area 5” –SPA 5) ဟု ခေါ်သော လော့စ်အိန်ဂျလိ အချမ်းသာဆုံးနေရာများဖြစ်သည့် Bel Air, Beverly Hills, Brentwood, Culver City, Ladera, Malibu, Mar Vista, Marina del Rey, Pacific Palisades, Palms, Playa del Rey, Santa Monica, Venice, West LA, Westchester နှင့် Westwood တို့တွင် အိမ်ရာမဲ့ဘဝနှင့် ရင်ဆိုင်ရသူ ၄၅ ရာခိုင်နှုန်း မြင့်တက်လာသည်။

SPA 5 ဒေသကြီး၏ အိမ်ရာမဲ့ပမာဏမှာ ၄၆၀၄ ဦးမှ ၆၆၆၉ ဦးအထိ ရှိလာရာ ၁၂ လတာကာလအတွင်း ၂၀၆၅ ဦးအထိ မြင့်တက်လာခြင်း ဖြစ်သည်။ SPA 5 တွင် နေထိုင်သော ဒေသခံတို့က အိမ်ရာမဲ့ပြဿနာအပေါ် နှစ်ပေါင်းများစွာ တင်ပြတိုင်တန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ဇွန်လကုန်ပိုင်းတွင် လော့စ်အိန်ဂျလိမြို့ ကောင်စီဝင်အမျိုးသမီး Traci Park က အမှတ် ၁၁ ခရိုင်အတွင်း ကားအိမ်များနှင့် နေထိုင်သူတို့အရေး ဖြေရှင်းပေးမည့် လှုပ်ရှားမှုတစ်ရပ် စတင်ခဲ့သည်။

အမှတ် ၁၁ ခရိုင်တွင် Brentwood, Del Rey, Mar Vista, Marina del Rey, Pacific Palisades, Palms, Playa del Rey, Playa Vista, Sawtelle, Venice, West Los Angeles နှင့် Westchester ဒေသများ ပါဝင်သည်။

RV Rehousing Pilot Program ဟု အမည်ပေးထားသော ထိုအစီအစဉ်အတွက် ဒေါ်လာ ၅၀၀၀၀၀ ရင်းနှီးမြှုပ်နှံထားကာ ကားအိမ်ဖြင့် နေထိုင်သူတို့ကို အမြဲအခြေချနေထိုင်မည့်နေရာ ရစေရန် ကူညီမှုများ၊ လမ်းကြောင်းများ ဖန်တီးပေးမည့် အစီအစဉ်လည်း ဖြစ်သည်။ လော့စ်အိန်ဂျလိမြို့ Venice အရပ်တွင် မကြာသေးမီက ကားအိမ်တစ်ခု မီးလောင်မှုဖြစ်ပွားခဲ့ရာ မိခင်နှင့် ကလေးငယ်များ လက်မတင်ကလေး အသက်ဘေးမှ လွတ်မြောက်ခဲ့သည့်ဖြစ်ရပ်ပေါ်ပေါက်ပြီးနောက်ပိုင်း ယခုအစီအစဉ် စတင်ခဲ့ခြင်းလည်း ဖြစ်သည်။

အလားတူ အစီအစဉ်မျိုးကို ကောင်စီဝင်အမျိုးသမီးတစ်ဦးဖြစ်သူ Monica Rodriguez က သူ၏ အမှတ် ၇ ခရိုင်တွင် အကောင်အထည်ဖော်ခဲ့ဖူးရာ ကားအိမ်ဖြင့် နေထိုင်မှုများ လျော့ကျသွားခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Number Of Homeless People In Los Angeles’ Wealthiest Neighborhoods, Including Beverly Hills And Brentwood, Jumps 45% Year-Over-Year ( Deadline )

[Zawgyi]

Beverly Hills ႏွင့္ Brentwood တို႔အပါအဝင္ ေလာ့စ္အိန္ဂ်လိ၏ အခ်မ္းသာဆုံးေနရာမ်ားတြင္ အိမ္ရာမဲ့ဦးေရ ၄၅ ရာခိုင္ႏႈန္းအထိ မ်ားျပားလာ

ေလာ့စ္အိန္ဂ်လိခ႐ိုင္ အိမ္ရာမဲ့ေရးရာ အာဏာပိုင္အဖြဲ႕က ဇြန္လကုန္ပိုင္းတြင္ ႏွစ္ပတ္လည္ အိမ္ရာမဲ့စာရင္းကို ထုတ္ျပန္ခဲ့ရာ ခ႐ိုင္တစ္ခုလုံးတြင္ အိမ္ရာမဲ့ပမာဏ ၁၀ ရာခိုင္ႏႈန္းျမင့္တက္လာေၾကာင္း၊ ၅ ႏွစ္တာကာလ အတြင္း ဒုတိယေျမာက္ အမ်ားဆုံးျမင့္တက္မႈျဖစ္ေၾကာင္း ေဖာ္ျပသည္။

၂၀၂၂ မွ ၂၀၂၃ ခုႏွစ္အထိ ကာလအတြင္း ဝန္ေဆာင္မႈ စီမံကိန္းေဒသ ၅ (“Service Planning Area 5” –SPA 5) ဟု ေခၚေသာ ေလာ့စ္အိန္ဂ်လိ အခ်မ္းသာဆုံးေနရာမ်ားျဖစ္သည့္ Bel Air, Beverly Hills, Brentwood, Culver City, Ladera, Malibu, Mar Vista, Marina del Rey, Pacific Palisades, Palms, Playa del Rey, Santa Monica, Venice, West LA, Westchester ႏွင့္ Westwood တို႔တြင္ အိမ္ရာမဲ့ဘဝႏွင့္ ရင္ဆိုင္ရသူ ၄၅ ရာခိုင္ႏႈန္း ျမင့္တက္လာသည္။

SPA 5 ေဒသႀကီး၏ အိမ္ရာမဲ့ပမာဏမွာ ၄၆၀၄ ဦးမွ ၆၆၆၉ ဦးအထိ ရွိလာရာ ၁၂ လတာကာလအတြင္း ၂၀၆၅ ဦးအထိ ျမင့္တက္လာျခင္း ျဖစ္သည္။ SPA 5 တြင္ ေနထိုင္ေသာ ေဒသခံတို႔က အိမ္ရာမဲ့ျပႆနာအေပၚ ႏွစ္ေပါင္းမ်ားစြာ တင္ျပတိုင္တန္းမႈမ်ား ျပဳလုပ္ခဲ့ၾကသည္။ ဇြန္လကုန္ပိုင္းတြင္ ေလာ့စ္အိန္ဂ်လိၿမိဳ႕ ေကာင္စီဝင္အမ်ိဳးသမီး Traci Park က အမွတ္ ၁၁ ခ႐ိုင္အတြင္း ကားအိမ္မ်ားႏွင့္ ေနထိုင္သူတို႔အေရး ေျဖရွင္းေပးမည့္ လႈပ္ရွားမႈတစ္ရပ္ စတင္ခဲ့သည္။

အမွတ္ ၁၁ ခ႐ိုင္တြင္ Brentwood, Del Rey, Mar Vista, Marina del Rey, Pacific Palisades, Palms, Playa del Rey, Playa Vista, Sawtelle, Venice, West Los Angeles ႏွင့္ Westchester ေဒသမ်ား ပါဝင္သည္။

RV Rehousing Pilot Program ဟု အမည္ေပးထားေသာ ထိုအစီအစဥ္အတြက္ ေဒၚလာ ၅၀၀၀၀၀ ရင္းႏွီးျမႇဳပ္ႏွံထားကာ ကားအိမ္ျဖင့္ ေနထိုင္သူတို႔ကို အၿမဲအေျခခ်ေနထိုင္မည့္ေနရာ ရေစရန္ ကူညီမႈမ်ား၊ လမ္းေၾကာင္းမ်ား ဖန္တီးေပးမည့္ အစီအစဥ္လည္း ျဖစ္သည္။ ေလာ့စ္အိန္ဂ်လိၿမိဳ႕ Venice အရပ္တြင္ မၾကာေသးမီက ကားအိမ္တစ္ခု မီးေလာင္မႈျဖစ္ပြားခဲ့ရာ မိခင္ႏွင့္ ကေလးငယ္မ်ား လက္မတင္ကေလး အသက္ေဘးမွ လြတ္ေျမာက္ခဲ့သည့္ျဖစ္ရပ္ေပၚေပါက္ၿပီးေနာက္ပိုင္း ယခုအစီအစဥ္ စတင္ခဲ့ျခင္းလည္း ျဖစ္သည္။

အလားတူ အစီအစဥ္မ်ိဳးကို ေကာင္စီဝင္အမ်ိဳးသမီးတစ္ဦးျဖစ္သူ Monica Rodriguez က သူ၏ အမွတ္ ၇ ခ႐ိုင္တြင္ အေကာင္အထည္ေဖာ္ခဲ့ဖူးရာ ကားအိမ္ျဖင့္ ေနထိုင္မႈမ်ား ေလ်ာ့က်သြားခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Number Of Homeless People In Los Angeles’ Wealthiest Neighborhoods, Including Beverly Hills And Brentwood, Jumps 45% Year-Over-Year ( Deadline )

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service