စာချုပ်လက်ရေးလက်မှတ်များနှင့်ပတ်သက်ပြီး အငြင်းပွားပါက တရားရုံး၏ ဆုံးဖြတ်ချက်အား ဥပဒေဗဟုသုတ အနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါတယ်။

စာချုပ်လက်ရေးလက်မှတ်များနှင့်ပတ်သက်ပြီး အငြင်းပွားပါက တရားရုံး၏ ဆုံးဖြတ်ချက်အား ဥပဒေဗဟုသုတ အနေဖြင့် ဖော်ပြရေးသားပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
9 Jul 2023 3:18 pm တွင် တင်ခဲ့သည်
1035 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့်ဦးအောင်စိုး(၂၀၁၈ခုနှစ်၊ရာဇဝတ်အယူခံမှုအမှတ်-၂၁)စီရင်ထုံးတွင် တရားရုံးတစ်ရုံးသည် ကျွမ်းကျင်မှုအပေါ်အခြေပြုသောသီးခြားကိစ္စရပ်များတွင် ပါရဂူများ၏ ရှင်းလင်းတင်ပြ သည့် အထောက်အကူပြုအချက်အလက်မရှိဘဲ မဆုံးဖြတ်သင့်ဟုဖော်ပြထားပါသည်။

ထို့ကြောင့် ပါရဂူများ၏ထင်မြင်ချက်သည် သက်သေခံဥပဒေပုဒ်မ-၄၅ အရသက်သေခံဝင်သော်လည်း၊ သက်သေခံဥပဒေပုဒ်မ-၆၀ အရ ရုံးသို့ခေါ်ယူစစ်ဆေးရမည်။တရားရုံးက စာချုပ်ပေါ်ရှိလက်မှတ်ကို ပါရဂူ၏ ထင်မြင်ချက်အား အထောက်အကူထားပြီး ဆုံးဖြတ်ထားသည်ကို တွေ့ရသည်။လက်ရေးပါရဂူက ရုံးသို့ လာရောက်အစစ်မခံပါက တရားခံ/ပြိုင်ဘက်မှ ပြန်လည်စစ်ဆေးရန် အခွင့်အရေးဆုံးရှုံးပါတယ်။ အထက်ဖော်ပြပါအမှုတွင် မှတ်ပုံတင်စာချုပ်ဖြင့် ဖခင်ထံမှ သား ဖြစ်သူမှ ဝယ်ယူလက်ရှိရယူထားပြီး မြေငှားဂရန်သစ်လျှောက်ထားမှုနှင့် ပတ်သက်၍ ကြန့်ကြာနေသဖြင့် စည်ပင်သာယာ ရေးဌာနတွင်စုံစမ်းရာ ၁၉၉၉ ခုနှစ်တွင် တရားခံမှ ဝယ်ယူခဲ့ပြီး မြေငှားဂရန် အပြိုင် လျှောက်ထားကြောင်း တွေ့ရှိရသည်။ ဌာနဆိုင်ရာ လူကြီးများရှေ့စစ်ဆေးရာ တရားခံ၏ မြေအရောင်းအဝယ် စာချုပ်တွင် ဖခင်ရောင်းချသူ၏ လက်မှတ်အတုဖြစ်ကြောင်းတွေ့ရှိသဖြင့် အရေးယူပေးရန် တရားလိုက လျှောက်ထားသောအမှုဖြစ်ပါသည်။ လက်ရေးလက်မှတ်မှာ တရားလို၏ဖခင်ဖြစ်သူ လက်မှတ်မဟုတ်ကြောင်း မူခင်းရဲတပ်ဖွဲ့မှူးရုံးက ပြန်ကြားစာ သက်သေခံစာ အရ ပြန်ကြားသဖြင့်၊ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှု ဌာန၏ ပြန်ကြားစာအရ တရားခံမှာ ဂရန်လျှောက်ထားကြောင်းလဲ ထင်ရှားပါသည်။ထိုအမှု၌ တရားလို ဖခင်မှာ ရောင်းချသူနေရာတွင် လက်မှတ်ရေးထိုးခြင်း ဟုတ်မဟုတ်ကို စစ်ဆေးရန် အထောက်အထား နည်း၍ ထင်မြင်ချက်မပေးပါဆိုသော လက်ရေးပါရဂူ၏ အဓိကထင်မြင်ချက် ပေးထားသည်။

ထို့ကြောင့် ရာဇသတ်ကြီးပုဒ်မ-၄၆၈ အရ သံသယဖြင့် ပြစ်မှုထင်ရှားစီရင်ထားခြင်းအား ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ပယ်ဖျက်ပြီး တရားခံကို အမှုမှ အပြီးအပြတ်လွှတ်ကြောင်း အမိန့်ချမှတ်ခဲ့ကြောင်း တွေ့ရှိရသည်။အမှုများတွင် လက်ရေးပါရဂူ၏ ထင်မြင်သုံးသပ်ချက်မှာ အရေးကြီးကြောင်း နှင့် တရားရုံးများမှ အထောက်အကူပြုကာ ဆုံးဖြတ်ကြရကြောင်း တွေ့ရှိရပါသည်။

ထို့ပြင်လက်ရေးလက်မှတ်ကို နှိုင်းယှဉ်ကြည့်ခြင်းသည် လက်ရေးလက်မှတ်ကို ထင်ရှားအောင်ပြု လုပ်နည်းများအနက် နည်းတစ်နည်းဖြင့်ထင်ရှားရန်ပြုလုပ်ရပြီး လက်ရေးပါရဂူများက လက်ရေးလက်မှတ်တူညီ နေခြင်းများကို သာမက မတူညီသည်အချက်များကိုလည်း ကြည့်ရှုစစ်ဆေးရကြောင်း U San Kyaw Vs Maung Maung Kywe အမှုတွင် လမ်းညွှန် ဆုံးဖြတ်ကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ဖော်ပြထားပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 


 










နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service