ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
“ကလေးသရဲ”
ကျွန်တော်ငယ်ငယ်က မေမေပြောဖူးတဲ့ သရဲအကြောင်းတွေထဲမှာ ကလေးသရဲတွေ ခွေးသရဲတွေ ဆိုတာ ရှိခဲ့ဖူးတယ်။
မေမေပြောတဲ့ အကြောင်းတွေဆိုတာကလည်း သူငယ်ငယ်က ကြားခဲ့ဖူးတဲ့ အကြောင်းတွေများလားတော့ မသိပါဘူး။သူ့ကိုယ်တွေ့တော့ ဟုတ်ဟန်မတူပါဘူး။
ဘာပဲပြောပြော မေမေပြောပြခဲ့ဖူးတဲ့ အဲဒီအကြောင်းတွေက စာပေတွေကို ကိုယ်တိုင်မဖတ်နိုင်သေးတဲ့အချိန်က ကျွန်တော်တို့အတွက်တော့ ရသပေးစွမ်းနိုင်တဲ့ အကြောင်းတရားတစ်ခုပါပဲ။
နောက်ပြီးတော့ မေမေ့ အနား၊မေမေ့ရင်ခွင်ထဲမှာ ခိုနားပြီး ဒီလိုနားထောင်ခွင့်ရခဲ့တာကို ပြန်တွေးတိုင်း ကြည်နူးမိရပါတယ်။ မိခင်နဲ့ရင်သွေး ဒီနေရာ ပိုပြီးနွေးထွေးသွားသလိုပါပဲ။
မေမေတို့ ရွာကြီးက ကုန်းဆန်တဲ့ဒေသမှာရှိတယ်။မြေပြင်အနေအထားက ဂဝံဆန်တဲ့ မြေနီတွေပေါ်မှာ နေထိုင်ကြတယ်။ကျတ်တီးမြေဖြစ်တဲ့ မြေကြမ်းတဲ့ အရပ်ဒေသလို့ပြောရင်လည်း ရမယ်ထင်တယ်။ပေါက်တဲ့ အပင်တွေ ဆိုတာကလည်း ပူပြင်းတဲ့ ရာသီဥတုကို ခံနိုင်တဲ့ အခေါက်ကြမ်းတဲ့ သနပ်ခါးပင်တွေ၊ ရှားပင်တွေ၊ ထနောင်းပင်တွေလို အပင်တွေက ပိုရှင်သန်နိုင်ကြသလိုပါပဲ။ငယ်ငယ်တုန်းဆို ထိန်ပင်ကြီးတွေတောင် မြင်ခဲ့ရဖူးပါတယ်။
လှည်းလမ်းကြောင်းဘေးဘယ်ညာမှာတော့မိုးနှံခြုံတွေ၊နဘူးခြုံတွေကတော့ ပူပြင်းတဲ့ အညာဒေသရဲ့ ရာသီဥတုမှာ ရှင်သန်ဝံ့ကြတဲ့ ခြုံနွယ်ပင်တွေပါပဲ။တစ်ခါတစ်ရံ ဘယ်လောက်တောင် အဲဒီခြုံနွယ်တွေက ရှင်သန်နေသလဲဆိုရင် လှည်းလမ်းကြောင်းဘေးမှာ တောထနေလို့ တစ်ဖက်ကို လှမ်းကြည့်လို့ မမြင်ရလောက်အောင် ပိန်းပိတ်နေတာပါပဲ။
နောက်ပိုင်းတော့ ရှားပင်တွေဆိုတာကလည်း ထန်းလျက်ချက်လုပ်တဲ့ လုပ်ငန်းမှာ ထင်းအဖြစ်သုံးကြရင်းနဲ့ မျိုးတုန်းကုန်ပြီလားတောင် မသိတော့ပါဘူး။နဘူးပင်တွေကိုလည်း ထင်းအဖြစ်သုံးကြသေးတယ်။
အဖိုးပိုင်တဲ့ ထန်းတောတွေ မြေတွေက ရွာရဲ့ အနောက်မြောက်ဘက်အရပ်လို နေရာမှာရှိတယ်။ အဲဒီတောရှိတဲ့ နေရာကိုသွားရင် သင်္ချိုင်းမြေကို ဖြတ်ပြီးသွားကြရတယ်။
တစ်ခါတော့ အဖိုးကောက်ဟာ နေဝင်ချိန်တောကနေ ပြန်လာခဲ့ပါသတဲ့။သင်္ချိုင်းမြေ မရောက်ခင် အတော်လေးတောင် မှောင်လာပါရောတဲ့။အဖိုးက ကြောက်တတ်တဲ့ သူတွေထဲမှာ မပါပေမယ့် မြင်သာထင်သာရှိတုန်း ရွာကိုပြန်ရောက်ချင်တာပေါ့။ဒါနဲ့လှည်းကို ခပ်သုတ်သုတ်လေးမောင်းနေတုန်း လှည်းအောက်ဖက်က ကလေးငိုသံ ကြားလိုက်တော့ လှည်းကို ရပ်ပြီး အောက်ကို ဆင်းကြည့်ပါသတဲ့။
ပါးစပ်ကလည်း ဘယ်လိုမိဘမျိုးတွေက ကိုယ့်သားသမီးလှည်းပေါ်က ကျနေရစ်ခဲ့တာကိုတောင် မသိရကောင်းလားဆိုပြီး ဗျစ်တောက်ဗျစ်တောက်တောင်လုပ်နေပါသတဲ့။
လှည်းဘီးနှစ်ဘီးအောက်က မြေသားဆိုတာ အနင်းအပြုမရှိလို့ အပင်ပုလေးတွေက လှည်းရဲ့ရင်ဘတ်ကို ထိလောက်အောက် ပေါက်နေကြပါသတဲ့။
အဲဒီအပင်တွေကြားမှာ ကလေးလေးကကျနေပြီး ငိုနေပါသတဲ့။ကလေးကိုလည်းကောက်ယူ၊ ကလေးမိဖတွေ ကိုလည်း ပါးစပ်က အပြစ်တင်ရင်း လှည်းပေါ်ကိုပြန်တက်ခဲ့ပါသတဲ့။
ကလေးကို ရင်ခွင်ထဲပိုက်ပြီး လှည်းကို မောင်းထွက်ခဲ့တယ်ပေါ့။အဲဒီလိုနဲ့ သင်္ချိုင်း မြေထဲလည်း ဖြတ်ဝင်ရော နွားတွေဟာ တရှုးရှုးနဲ့ နှာမှုတ်လာပါရောတဲ့။ရုတ်တရက် သူ့ရင်ခွင်ထဲက ကလေးဟာ အရှည်ကြီးဖြစ်သွားပြီး အုတ်ဂူတွေကြား ဝင်ပြီး ပျောက်သွားပါသတဲ့။
အဖိုးက မကြောက်တတ်ပေမယ့် အဲလိုကြီး ဖြစ်သွားတော့ လန့်သွားပြီး လှည်းကို ဒုန်းစိုင်းပြီး ရွာကိုအရောက် နှင်ပါရောတဲ့။
ကျွန်တော်တို့က “တော်သေးတယ်နော်မေမေ…အဖိုးကို သရဲက လမ်းမှာတင် ဘာမှ မလုပ်ခဲ့လို့”လို့ပြောတော့။
“ဘယ်ကတော်သေးရမှာလဲ…သားတို့ အဖိုးလေ..နှစ်ရက်သုံးရက် လန့်ဖျားတောင် ဖျားတယ်..”ဆိုတော့…
ညအမှောင်မှာ ကြောက်စရာ သရဲ အကြောင်းပေမယ့် ကျွန်တော်တို့ ရီများတောင် ရီခဲ့ရပါသေးတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၁)
“ကေလးသရဲ”
ကြၽန္ေတာ္ငယ္ငယ္က ေမေမေျပာဖူးတဲ့ သရဲအေၾကာင္းေတြထဲမွာ ကေလးသရဲေတြ ေခြးသရဲေတြ ဆိုတာ ႐ွိခဲ့ဖူးတယ္။
ေမေမေျပာတဲ့ အေၾကာင္းေတြဆိုတာကလည္း သူငယ္ငယ္က ၾကားခဲ့ဖူးတဲ့ အေၾကာင္းေတြမ်ားလားေတာ့ မသိပါဘူး။သူ႕ကိုယ္ေတြ႕ေတာ့ ဟုတ္ဟန္မတူပါဘူး။
ဘာပဲေျပာေျပာ ေမေမေျပာျပခဲ့ဖူးတဲ့ အဲဒီအေၾကာင္းေတြက စာေပေတြကို ကိုယ္တိုင္မဖတ္ႏိုင္ေသးတဲ့အခ်ိန္က ကြၽန္ေတာ္တို႔အတြက္ေတာ့ ရသေပးစြမ္းႏိုင္တဲ့ အေၾကာင္းတရားတစ္ခုပါပဲ။
ေနာက္ၿပီးေတာ့ ေမေမ့ အနား၊ေမေမ့ရင္ခြင္ထဲမွာ ခိုနားၿပီး ဒီလိုနားေထာင္ခြင့္ရခဲ့တာကို ျပန္ေတြးတိုင္း ၾကည္ႏူးမိရပါတယ္။ မိခင္နဲ႔ရင္ေသြး ဒီေနရာ ပိုၿပီးေႏြးေထြးသြားသလိုပါပဲ။
ေမေမတို႔ ႐ြာႀကီးက ကုန္းဆန္တဲ့ေဒသမွာ႐ွိတယ္။ေျမျပင္အေနအထားက ဂဝံဆန္တဲ့ ေျမနီေတြေပၚမွာ ေနထိုင္ၾကတယ္။က်တ္တီးေျမျဖစ္တဲ့ ေျမၾကမ္းတဲ့ အရပ္ေဒသလို႔ေျပာရင္လည္း ရမယ္ထင္တယ္။ေပါက္တဲ့ အပင္ေတြ ဆိုတာကလည္း ပူျပင္းတဲ့ ရာသီဥတုကို ခံႏိုင္တဲ့ အေခါက္ၾကမ္းတဲ့ သနပ္ခါးပင္ေတြ၊ ႐ွားပင္ေတြ၊ ထေနာင္းပင္ေတြလို အပင္ေတြက ပို႐ွင္သန္ႏိုင္ၾကသလိုပါပဲ။ငယ္ငယ္တုန္းဆို ထိန္ပင္ႀကီးေတြေတာင္ ျမင္ခဲ့ရဖူး ပါတယ္။
လွည္းလမ္းေၾကာင္းေဘးဘယ္ညာမွာေတာ့မိုးႏွံျခဳံေတြ၊နဘူးျခဳံေတြကေတာ့ ပူျပင္းတဲ့ အညာေဒသရဲ႕ ရာသီဥတုမွာ ႐ွင္သန္ဝံ့ၾကတဲ့ ျခဳံႏြယ္ပင္ေတြပါပဲ။တစ္ခါတစ္ရံ ဘယ္ေလာက္ေတာင္ အဲဒီျခဳံႏြယ္ေတြက ႐ွင္သန္ေနသလဲဆိုရင္ လွည္းလမ္းေၾကာင္းေဘးမွာ ေတာထေနလို႔ တစ္ဖက္ကို လွမ္းၾကည့္လို႔ မျမင္ရေလာက္ေအာင္ ပိန္းပိတ္ေနတာပါပဲ။
ေနာက္ပိုင္းေတာ့ ႐ွားပင္ေတြဆိုတာကလည္း ထန္းလ်က္ခ်က္လုပ္တဲ့ လုပ္ငန္းမွာ ထင္းအျဖစ္သုံးၾကရင္းနဲ႔ မ်ိဳးတုန္းကုန္ၿပီလားေတာင္ မသိေတာ့ပါဘူး။နဘူးပင္ေတြကိုလည္း ထင္းအျဖစ္သုံးၾကေသးတယ္။
အဖိုးပိုင္တဲ့ ထန္းေတာေတြ ေျမေတြက ႐ြာရဲ႕ အေနာက္ေျမာက္ဘက္အရပ္လို ေနရာမွာ႐ွိတယ္။ အဲဒီေတာ႐ွိတဲ့ ေနရာကိုသြားရင္ သခ်ႋဳင္းေျမကို ျဖတ္ၿပီးသြားၾကရတယ္။
တစ္ခါေတာ့ အဖိုးေကာက္ဟာ ေနဝင္ခ်ိန္ေတာကေန ျပန္လာခဲ့ပါသတဲ့။သခ်ႋဳင္းေျမ မေရာက္ခင္ အေတာ္ေလးေတာင္ ေမွာင္လာပါေရာတဲ့။အဖိုးက ေၾကာက္တတ္တဲ့ သူေတြထဲမွာ မပါေပမယ့္ ျမင္သာထင္သာ႐ွိတုန္း ႐ြာကိုျပန္ေရာက္ခ်င္တာေပါ့။ဒါနဲ႔လွည္းကို ခပ္သုတ္သုတ္ေလးေမာင္းေနတုန္း လွည္းေအာက္ဖက္က ကေလးငိုသံ ၾကားလိုက္ေတာ့ လွည္းကို ရပ္ၿပီး ေအာက္ကို ဆင္းၾကည့္ပါသတဲ့။
ပါးစပ္ကလည္း ဘယ္လိုမိဘမ်ိဳးေတြက ကိုယ့္သားသမီးလွည္းေပၚက က်ေနရစ္ခဲ့တာကိုေတာင္ မသိရေကာင္းလားဆိုၿပီး ဗ်စ္ေတာက္ဗ်စ္ေတာက္ေတာင္လုပ္ေနပါသတဲ့။
လွည္းဘီးႏွစ္ဘီးေအာက္က ေျမသားဆိုတာ အနင္းအျပဳမ႐ွိလို႔ အပင္ပုေလးေတြက လွည္းရဲ႕ရင္ဘတ္ကို ထိေလာက္ေအာက္ ေပါက္ေနၾကပါသတဲ့။
အဲဒီအပင္ေတြၾကားမွာ ကေလးေလးကက်ေနၿပီး ငိုေနပါသတဲ့။ကေလးကိုလည္းေကာက္ယူ၊ ကေလးမိဖေတြ ကိုလည္း ပါးစပ္က အျပစ္တင္ရင္း လွည္းေပၚကိုျပန္တက္ခဲ့ပါသတဲ့။
ကေလးကို ရင္ခြင္ထဲပိုက္ၿပီး လွည္းကို ေမာင္းထြက္ခဲ့တယ္ေပါ့။အဲဒီလိုနဲ႔ သခ်ႋဳင္း ေျမထဲလည္း ျဖတ္ဝင္ေရာ ႏြားေတြဟာ တ႐ႈး႐ႈးနဲ႔ ႏွာမႈတ္လာပါေရာတဲ့။႐ုတ္တရက္ သူ႕ရင္ခြင္ထဲက ကေလးဟာ အ႐ွည္ႀကီးျဖစ္သြားၿပီး အုတ္ဂူေတြၾကား ဝင္ၿပီး ေပ်ာက္သြားပါသတဲ့။
အဖိုးက မေၾကာက္တတ္ေပမယ့္ အဲလိုႀကီး ျဖစ္သြားေတာ့ လန္႔သြားၿပီး လွည္းကို ဒုန္းစိုင္းၿပီး ႐ြာကိုအေရာက္ ႏွင္ပါေရာတဲ့။
ကြၽန္ေတာ္တို႔က “ေတာ္ေသးတယ္ေနာ္ေမေမ…အဖိုးကို သရဲက လမ္းမွာတင္ ဘာမွ မလုပ္ခဲ့လို႔”လို႔ေျပာေတာ့။
“ဘယ္ကေတာ္ေသးရမွာလဲ…သားတို႔ အဖိုးေလ..ႏွစ္ရက္သုံးရက္ လန္႔ဖ်ားေတာင္ ဖ်ားတယ္..”ဆိုေတာ့…
ညအေမွာင္မွာ ေၾကာက္စရာ သရဲ အေၾကာင္းေပမယ့္ ကြၽန္ေတာ္တို႔ ရီမ်ားေတာင္ ရီခဲ့ရပါေသးတယ္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com