တစ်ခါတုန်းက အဖြစ်လေးတွေ (၄၀ )

တစ်ခါတုန်းက အဖြစ်လေးတွေ (၄၀ ) - Property Knowledge in Myanmar from iMyanmarHouse.com
7 Jul 2023 11:10 am တွင် တင်ခဲ့သည်
534 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

“ကြောက်တတ်တဲ့သူရဲ့ အကန်”

“ကြောက်ကန်ကန်တယ်” ဆိုတဲ့စကားရှိတယ်မဟုတ်လား။ ကြောက်တတ်တဲ့သူတွေလို့ ကိုယ်စိတ်ကထင်ထား ခဲ့တဲ့သူတွေက တစ်ခါတစ်ရံ သတ္တိရှိပါတယ်၊မိုက်ပါတယ် ဆိုတဲ့သူတွေထက် လက်သံပြောင်တာမျိုးကို တွေ့ခဲ့ရဖူးတယ်။

ကျောင်းသားဘဝက အစ်မရှိရင်လည်း အစအနောက်ခံရတယ်။ညီမ ရှိရင်လည်း အစအနောက်ခံရတာပဲ။ ကိုယ့်မှာရှိရင်လည်း ကိုယ့်ကိုစ,ကြတယ်။သူ့မှာရှိရင်လည်း သူ့ကို စ,ကြတယ်။ဘယ်ကောင်မှ မလွတ်ကင်းပါဘူး။

အစ်မ၊ညီမရှိတဲ့သူတွေကို အများဆုံးအစခံရတဲ့ စကားလုံးတစ်ခုရှိတယ်။အဲဒါကတော့ “ယောက်ဖ”လို့ အခေါ်ခံရခြင်းပါပဲ။အချင်းချင်းစချင်ရင် ဒီစကားလုံးကိုသုံးပြီး စကြတော့တာပါပဲ။

ကျွန်တော်တို့ အတန်းထဲမှာ အောင်ကျော်မိုးဆိုတဲ့ကောင်ရှိတယ်။သူက သူတကာထက်နဲနဲဝတယ်။ ကြောက်တတ်တဲ့စိတ်လေးလည်းရှိတယ်။ ကျောင်းသားချင်း ထိုးမလားကြိတ်မလား စိန်ခေါ်ရင် မျက်နှာငယ်လေးနဲ့ ကြောက်တတ်တဲ့အကောင်မျိုးပါ။

သူ့မှာ အစ်မတစ်ယောက်ရှိတယ်။သူ့အစ်မက ဆံပင်ရှည်ရှည်နဲ့ အတော်ကို ချစ်စရာကောင်းတဲ့ ရုပ်ရည်ရှိတယ်။ သူ့လို ဝတုတ်တုတ်မဟုတ်ဘူး သွယ်သွယ်လေး။

ကျွန်တော်တို့က ငယ်ရွယ်တဲ့ လေးတန်းကျောင်းသားတွေသာ ဖြစ်နေတာ အဲဒီယောက်ဖဆိုတဲ့ စကားလုံးသုံးပြီး အစ်မရှိတဲ့ကောင်တွေကို နာအောင်စရမယ်ဆိုတာတော့သိကြတယ်။ အဲဒီမှာ “ကြောက်တဲ့သူရဲ့ အကန်” ကို ခံရတဲ့ အဖြစ်တစ်ခုရှိခဲ့ဖူးပါတယ်။

ကျွန်တော်တို့ တောင်ရပ် အ.မ.က ကျောင်းသစ်ကို ပြောင်းခဲ့ရပြီး လေးတန်းကျောင်းသားဘဝကပေါ့။ ကျွန်တော်တို့ကျောင်းရဲ့ မြောက်ဘက်မှာ တစ်ဖက်ဆည်ကန်တစ်ကန်ရှိတယ်။သိပ်တော့ မကြီးပါဘူး။

မိုးရာသီမှာ အမြင့်ပိုင်း လယ်ကွက်တွေက စီးဆင်းလာတဲ့ မိုးရေတွေ ဝင်ရောက်တဲ့ကန်ပေါ့။လယ်ကွက်တွေထဲက ရေတွေ စီးဝင်တာဖြစ်လို့ ရေစီးနဲ့ပါလာတဲ့ နုံးတွေ အနည်အနှစ်တွေက ကန်ထဲမှာ အနည်ထိုင်တော့တာပေါ့။

ရေဝင်ဧရိယာကလည်းနည်း၊ပေအနက်ကလည်း သိပ်မရှိတော့ ဆောင်းကုန်လို့ နွေရောက်ပြီဆိုရင်ပဲ ရေဟာမရှိတော့ပါဘူး။ မိုးရွာတုန်းက ရေစီးနဲ့ပါလာတဲ့ အနည်တွေဟာ နုံးမြေခဲတွေဘဝ ရောက်ကုန်ပါတော့တယ်။

တဖြည်းဖြည်း ကန်ထဲကရေတွေ ခမ်းလာတာနဲ့အမျှ နုံးမြေတွေဟာလည်း ပက်ကြားအက်ပြီးလိုက်လာ ပါတော့တယ်။

နောက်မိုးရာသီရောက်ရင် ကန်ထဲရေများများ သိုလှောင်နိုင်အောင် မနှစ်က မိုးရေနဲ့အတူ ဝင်ခဲ့တဲ့ နုံးခဲတွေကို ရေခမ်းတဲ့အချိန်ရောက်ရင် ပြန်ဆယ် ယူကြပြီး ကန်ပေါင်ပေါ်တင်လို့ ကန်ကို မြှင့်ကြရပါတယ်။ အဲဒီလိုပါပဲ ကန်ရဲ့ အောက်ခြေ အတွင်းသားကိုလည်း တူးနိုင်သမျှ တူးကြရပါသေးတယ်။ ဒါမှသာ မိုးထပ်ရွာရင် ရေကိုများများသိုလှောင်နိုင်ကြမှာပါ။

ကန်ရေခမ်းလို့ နုံးမြေသားတွေ ပက်ကြားအက်လာခဲ့ရင် အရင်ဆုံး လုပ်အားပေးကြရတဲ့ သူတွေကတော့ ရေကန်နဲ့ အနီးဆုံးဖြစ်တဲ့ ကျွန်တော်တို့ကျောင်းက ကလေးတွေပါပဲ။

ကျွန်တော်တို့ ကျောင်းသားလေးတွေဆိုတာကလည်း စာတွေချည်းသင်ရတာထက် ဖွံ့ဖြိုးချိန်နဲ့ ကာယချိန်တွေကို ပိုနှစ်သက်ကြတယ်။အဲဒီအချိန်တွေထဲမှာ ကန်ဆယ်တဲ့ အလုပ်တွေလုပ်ရတော့ ပိုပျော်တာပေါ့။နေပူတာတွေ ချွေးထွက်တာတွေမသိဘူး။တပျော်တပါးကြီးလုပ်ရတာကို ပျော်ကြတာပါပဲ။ အဲဒါပြီးတော့ ချွေးတွေ ညစ်ပေပေနဲ့ပဲ စာသင်ချိန် စာပြန်သင်ကြပါတယ်။

တစ်ခါတစ်ရံ ဆရာ မခိုင်းဘဲ ကျွန်တော်တို့ဘာသာ ကန်သွားဆယ်ကြတာတွေလည်းရှိတယ်။ ကျောင်းဆင်းခါနီး အချိန်တွေနဲ့ ကျောင်းဆင်းပြီးတဲ့ အချိန်တွေမှာပေါ့။

တစ်ခါတော့ ကျောင်းဆင်းခါနီးအချိန်မှာ ကျွန်တော်တို့ သူငယ်ချင်းတွေ ရေကန်ဘက် သွားကြပြီး အစိုဓာတ်သိပ်မပျောက်သေးပဲ ကွဲအက်နေတဲ့ နုံးခဲကြီးတွေကိုဖဲ့ပြီး ကန်ဘောင်ပေါ်တင်နေကြတယ်။ ကျွန်တော်တို့ အဖွဲ့ထဲမှာ အောင်ကျော်မိုးလည်းပါတယ်။

ကန်ကိုဆည်ရင်း အောင်ကျော်မိုးကိုလည်း စတာပေါ့။ဘယ်လို စ,လဲဆိုတော့ အစ်မရှိသူတွေမကြိုက်တဲ့ “ယောက်ဖ”ဆိုတဲ့ စကားလုံးနဲ့ အောင်ကျော်မိုးကို စ,ပါတယ်။ စ,တာမကြိုက်တဲ့ အောင်ကျော်မိုးက “ဟိတ်ကောင်မစနဲ့ကွာ” လို့ တောင် တောင်းပန်ပြောပေမယ့် အဲဒီလိုပြောလေ ကျွန်တော်က ပိုစချင်လေဖြစ်လာပြီး ယောက်ဖချင်းမိုးမွှန်အောင် လုပ်ပါတော့တယ်။

သူ့နုံးခဲကြီးတစ်ခဲ ကုန်းမ,နေတုန်း သူ့ခါးဘေးကို ဒူးနဲ့ထောက်ပြီး စတော့ သူ့ရဲ့ သီးခံနိုင်မှု အတိုင်းအတာ ကုန်သွားပုံရပါတယ်။ ကုန်းနေရာကနေ ထပြီး လျှပ်တစ်ပြက်အတွင်း သူ့လက်ထဲက ပဲ့ပါလာတဲ့ နုံးခဲကြီးနဲ့ ကျွန်တော့်ခေါင်းကို ထုပါတော့တယ်။ကျွန်တော်က ငုံ့မရှောင်ဘဲ မျက်နှာကို တစ်ဖက်လွှဲလိုက်တော့ ချိုစောင်းကို ထိပါတယ်။

ပူကနဲဖြစ်သွားတဲ့ခေါင်းကို စမ်းလိုက်တော့ လက်မှာသွေးစတွေ ပါလာပါတယ်။ကျွန်တော့်ကို လုပ်ရမလားဆိုပြီး ကျွန်တော်ကလိုက်ထိုးပါတယ်။ ဒီကောင်ကြောက်အားလန့်အားနဲ့ ကန်ပေါင်ပေါ်တက်ပြေးကာ ကျောင်းခန်းထဲ ဝင်လို့ လွယ်အိတ်ယူပြီး အိမ်ပြန်ပြေးပါတော့တယ်။

ကျွန်တော်လည်း ကိုယ့်ခေါင်းက ဒဏ်ရာကို လက်နဲ့အုပ်ပြီး အိမ်ပြန်ခဲ့ရပါတယ်။

အင်း.. “ကြောက်တတ်တဲ့သူရဲ့ အကန်” ခံခဲ့ရတယ်ဆိုတာလည်း ဘဝမှာ ကြုံခဲ့ဖူးတဲ့ အမှတ်တရ အဖြစ်လေးတစ်ခုပါပဲ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၄၀ )

  “ေၾကာက္တတ္တဲ့သူရဲ႕ အကန္”

“ေၾကာက္ကန္ကန္တယ္” ဆိုတဲ့စကား႐ွိတယ္မဟုတ္လား။ ေၾကာက္တတ္တဲ့သူေတြလို႔ ကိုယ္စိတ္ကထင္ထား ခဲ့တဲ့သူေတြက တစ္ခါတစ္ရံ သတၱိ႐ွိပါတယ္၊မိုက္ပါတယ္ ဆိုတဲ့သူေတြထက္ လက္သံေျပာင္တာမ်ိဳးကို ေတြ႕ခဲ့ရဖူးတယ္။

ေက်ာင္းသားဘဝက အစ္မ႐ွိရင္လည္း အစအေနာက္ခံရတယ္။ညီမ ႐ွိရင္လည္း အစအေနာက္ခံရတာပဲ။ ကိုယ့္မွာ႐ွိရင္လည္း ကိုယ့္ကိုစ,ၾကတယ္။သူ႕မွာ႐ွိရင္လည္း သူ႕ကို စ,ၾကတယ္။ဘယ္ေကာင္မွ မလြတ္ကင္းပါဘူး။

အစ္မ၊ညီမ႐ွိတဲ့သူေတြကို အမ်ားဆုံးအစခံရတဲ့ စကားလုံးတစ္ခု႐ွိတယ္။အဲဒါကေတာ့ “ေယာက္ဖ”လို႔ အေခၚခံရျခင္းပါပဲ။အခ်င္းခ်င္းစခ်င္ရင္ ဒီစကားလုံးကိုသုံးၿပီး စၾကေတာ့တာပါပဲ။

ကြၽန္ေတာ္တို႔ အတန္းထဲမွာ ေအာင္ေက်ာ္မိုးဆိုတဲ့ေကာင္႐ွိတယ္။သူက သူတကာထက္နဲနဲဝတယ္။ ေၾကာက္တတ္တဲ့စိတ္ေလးလည္း႐ွိတယ္။ ေက်ာင္းသားခ်င္း ထိုးမလားႀကိတ္မလား စိန္ေခၚရင္ မ်က္ႏွာငယ္ေလးနဲ႔ ေၾကာက္တတ္တဲ့အေကာင္မ်ိဳးပါ။

သူ႕မွာ အစ္မတစ္ေယာက္႐ွိတယ္။သူ႕အစ္မက ဆံပင္႐ွည္႐ွည္နဲ႔ အေတာ္ကို ခ်စ္စရာေကာင္းတဲ့ ႐ုပ္ရည္႐ွိတယ္။ သူ႕လို ဝတုတ္တုတ္မဟုတ္ဘူး သြယ္သြယ္ေလး။

ကြၽန္ေတာ္တို႔က ငယ္႐ြယ္တဲ့ ေလးတန္းေက်ာင္းသားေတြသာ ျဖစ္ေနတာ အဲဒီေယာက္ဖဆိုတဲ့ စကားလုံးသုံးၿပီး အစ္မ႐ွိတဲ့ေကာင္ေတြကို နာေအာင္စရမယ္ဆိုတာေတာ့သိၾကတယ္။ အဲဒီမွာ “ေၾကာက္တဲ့သူရဲ႕ အကန္” ကို ခံရတဲ့ အျဖစ္တစ္ခု႐ွိခဲ့ဖူးပါတယ္။

ကြၽန္ေတာ္တို႔ ေတာင္ရပ္ အ.မ.က ေက်ာင္းသစ္ကို ေျပာင္းခဲ့ရၿပီး ေလးတန္းေက်ာင္းသားဘဝကေပါ့။ ကြၽန္ေတာ္တို႔ေက်ာင္းရဲ႕ ေျမာက္ဘက္မွာ တစ္ဖက္ဆည္ကန္တစ္ကန္႐ွိတယ္။သိပ္ေတာ့ မႀကီးပါဘူး။

မိုးရာသီမွာ အျမင့္ပိုင္း လယ္ကြက္ေတြက စီးဆင္းလာတဲ့ မိုးေရေတြ ဝင္ေရာက္တဲ့ကန္ေပါ့။လယ္ကြက္ေတြထဲက ေရေတြ စီးဝင္တာျဖစ္လို႔ ေရစီးနဲ႔ပါလာတဲ့ ႏုံးေတြ အနည္အႏွစ္ေတြက ကန္ထဲမွာ အနည္ထိုင္ေတာ့တာေပါ့။

ေရဝင္ဧရိယာကလည္းနည္း၊ေပအနက္ကလည္း သိပ္မ႐ွိေတာ့ ေဆာင္းကုန္လို႔ ေႏြေရာက္ၿပီဆိုရင္ပဲ ေရဟာမ႐ွိေတာ့ပါဘူး။ မိုး႐ြာတုန္းက ေရစီးနဲ႔ပါလာတဲ့ အနည္ေတြဟာ ႏုံးေျမခဲေတြဘဝ ေရာက္ကုန္ပါေတာ့တယ္။

တျဖည္းျဖည္း ကန္ထဲကေရေတြ ခမ္းလာတာနဲ႔အမွ် ႏုံးေျမေတြဟာလည္း ပက္ၾကားအက္ၿပီးလိုက္လာ ပါေတာ့တယ္။

ေနာက္မိုးရာသီေရာက္ရင္ ကန္ထဲေရမ်ားမ်ား သိုေလွာင္ႏိုင္ေအာင္ မႏွစ္က မိုးေရနဲ႔အတူ ဝင္ခဲ့တဲ့ ႏုံးခဲေတြကို ေရခမ္းတဲ့အခ်ိန္ေရာက္ရင္ ျပန္ဆယ္ ယူၾကၿပီး ကန္ေပါင္ေပၚတင္လို႔ ကန္ကို ျမႇင့္ၾကရပါတယ္။ အဲဒီလိုပါပဲ ကန္ရဲ႕ ေအာက္ေျခ အတြင္းသားကိုလည္း တူးႏိုင္သမွ် တူးၾကရပါေသးတယ္။ ဒါမွသာ မိုးထပ္႐ြာရင္ ေရကိုမ်ားမ်ားသိုေလွာင္ႏိုင္ၾကမွာပါ။

ကန္ေရခမ္းလို႔ ႏုံးေျမသားေတြ ပက္ၾကားအက္လာခဲ့ရင္ အရင္ဆုံး လုပ္အားေပးၾကရတဲ့ သူေတြကေတာ့ ေရကန္နဲ႔ အနီးဆုံးျဖစ္တဲ့ ကြၽန္ေတာ္တို႔ေက်ာင္းက ကေလးေတြပါပဲ။

ကြၽန္ေတာ္တို႔ ေက်ာင္းသားေလးေတြဆိုတာကလည္း စာေတြခ်ည္းသင္ရတာထက္ ဖြံ႕ၿဖိဳးခ်ိန္နဲ႔ ကာယခ်ိန္ေတြကို ပိုႏွစ္သက္ၾကတယ္။အဲဒီအခ်ိန္ေတြထဲမွာ ကန္ဆယ္တဲ့ အလုပ္ေတြလုပ္ရေတာ့ ပိုေပ်ာ္တာေပါ့။ေနပူတာေတြ ေခြၽးထြက္တာေတြမသိဘူး။တေပ်ာ္တပါးႀကီးလုပ္ရတာကို ေပ်ာ္ၾကတာပါပဲ။ အဲဒါၿပီးေတာ့ ေခြၽးေတြ ညစ္ေပေပနဲ႔ပဲ စာသင္ခ်ိန္ စာျပန္သင္ၾကပါတယ္။

တစ္ခါတစ္ရံ ဆရာ မခိုင္းဘဲ ကြၽန္ေတာ္တို႔ဘာသာ ကန္သြားဆယ္ၾကတာေတြလည္း႐ွိတယ္။ ေက်ာင္းဆင္းခါနီး အခ်ိန္ေတြနဲ႔ ေက်ာင္းဆင္းၿပီးတဲ့ အခ်ိန္ေတြမွာေပါ့။

တစ္ခါေတာ့ ေက်ာင္းဆင္းခါနီးအခ်ိန္မွာ ကြၽန္ေတာ္တို႔ သူငယ္ခ်င္းေတြ ေရကန္ဘက္ သြားၾကၿပီး အစိုဓာတ္သိပ္မေပ်ာက္ေသးပဲ ကြဲအက္ေနတဲ့ ႏုံးခဲႀကီးေတြကိုဖဲ့ၿပီး ကန္ေဘာင္ေပၚတင္ေနၾကတယ္။ ကြၽန္ေတာ္တို႔ အဖြဲ႕ထဲမွာ ေအာင္ေက်ာ္မိုးလည္းပါတယ္။

ကန္ကိုဆည္ရင္း ေအာင္ေက်ာ္မိုးကိုလည္း စတာေပါ့။ဘယ္လို စ,လဲဆိုေတာ့ အစ္မ႐ွိသူေတြမႀကိဳက္တဲ့ “ေယာက္ဖ”ဆိုတဲ့ စကားလုံးနဲ႔ ေအာင္ေက်ာ္မိုးကို စ,ပါတယ္။ စ,တာမႀကိဳက္တဲ့ ေအာင္ေက်ာ္မိုးက “ဟိတ္ေကာင္မစနဲ႔ကြာ” လို႔ ေတာင္ ေတာင္းပန္ေျပာေပမယ့္ အဲဒီလိုေျပာေလ ကြၽန္ေတာ္က ပိုစခ်င္ေလျဖစ္လာၿပီး ေယာက္ဖခ်င္းမိုးမႊန္ေအာင္ လုပ္ပါေတာ့တယ္။

သူ႕ႏုံးခဲႀကီးတစ္ခဲ ကုန္းမ,ေနတုန္း သူ႕ခါးေဘးကို ဒူးနဲ႔ေထာက္ၿပီး စေတာ့ သူ႕ရဲ႕ သီးခံႏိုင္မႈ အတိုင္းအတာ ကုန္သြားပုံရပါတယ္။ ကုန္းေနရာကေန ထၿပီး လွ်ပ္တစ္ျပက္အတြင္း သူ႕လက္ထဲက ပဲ့ပါလာတဲ့ ႏုံးခဲႀကီးနဲ႔ ကြၽန္ေတာ္႕ေခါင္းကို ထုပါေတာ့တယ္။ကြၽန္ေတာ္က ငုံ႔မေ႐ွာင္ဘဲ မ်က္ႏွာကို တစ္ဖက္လႊဲလိုက္ေတာ့ ခ်ိဳေစာင္းကို ထိပါတယ္။

ပူကနဲျဖစ္သြားတဲ့ေခါင္းကို စမ္းလိုက္ေတာ့ လက္မွာေသြးစေတြ ပါလာပါတယ္။ကြၽန္ေတာ့္ကို လုပ္ရမလားဆိုၿပီး ကြၽန္ေတာ္ကလိုက္ထိုးပါတယ္။ ဒီေကာင္ေၾကာက္အားလန္႔အားနဲ႔ ကန္ေပါင္ေပၚတက္ေျပးကာ ေက်ာင္းခန္းထဲ ဝင္လို႔ လြယ္အိတ္ယူၿပီး အိမ္ျပန္ေျပးပါေတာ့တယ္။

ကြၽန္ေတာ္လည္း ကိုယ့္ေခါင္းက ဒဏ္ရာကို လက္နဲ႔အုပ္ၿပီး အိမ္ျပန္ခဲ့ရပါတယ္။

အင္း.. “ေၾကာက္တတ္တဲ့သူရဲ႕ အကန္” ခံခဲ့ရတယ္ဆိုတာလည္း ဘဝမွာ ၾကဳံခဲ့ဖူးတဲ့ အမွတ္တရ အျဖစ္ေလးတစ္ခုပါပဲ။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service