တစ်ခါတုန်းက အဖြစ်လေးတွေ (၃၈)

တစ်ခါတုန်းက အဖြစ်လေးတွေ (၃၈) - Property Knowledge in Myanmar from iMyanmarHouse.com
6 Jul 2023 11:37 am တွင် တင်ခဲ့သည်
314 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကိုယ်တစ်ပိုင်းပြတ် သစေ(တစ္ဆေ)

 

သရဲသစေနဲ့ ဆက်စပ်ပြီး ကြောက်စိတ်အကြောင်းလေး ရေးခဲ့တာနဲ့ ဆက်စပ်ပြီး ရေးကွက်လေးက ထပ်ထွက်လာပြန်တယ်။

အဲဒီအကြောင်းကို နောက်မှရေးဖို့ပါပဲ။ဒါပေမဲ့ အခုရေးလိုက်တာက ပိုပြီးဆက်စပ်မှုရှိမယ်ထင်လို့ ရေးလိုက်ရတာပါ။ ဒီဖြစ်ရပ်က လွန်ခဲ့တဲ့ (၉)နှစ် (၁၀)နှစ်ဝန်းကျင်က အဖြစ်လေးပါ။ငယ်ငယ်တုန်းက အဖြစ်တော့မဟုတ်ပါဘူး။

ပန်းဆိုးတန်းလမ်းနဲ့ ဗန္ဓုလလမ်းထောင့်က အဆောက်အအုံကြီးမှာ ဖြစ်ခဲ့တဲ့ တကယ့်ဖြစ်ရပ်တစ်ခုပါ။ အဲဒီအဆောက်အအုံကြီးရဲ့ ယခင်နာမည်က (တီကျူးမား)လို့ ခေါ်ပါတယ်။အဲဒီအဆောက်အအုံကြီးရဲ့ သက်တမ်းက နှစ်ပေါင်းတစ်ရာကျော်ခဲ့ပါပြီ။ရှေးဟောင်း သုံးထပ်တိုက် အဆောက်အအုံတစ်ခုပါ။

ဒီအဆောက်အအုံကြီးမှာ စူပါမားကတ်တစ်ခု ဖွင့်ဖို့ဖြစ်လာတော့ ကျွန်တော်လည်းဝန်ထမ်းတစ်ယောက်အနေနဲ့ ဖြစ်လာတယ်။

ဆိုင်အတွက် ဘာမှ မစသေးခင် တစ်ညမှာ၊ အဲဒီသုံးထပ်တိုက် အဆောက်အအုံကြီးရဲ့ ခေါင်မိုးပေါ်ကို တက်ကြည့်ဖို့ဖြစ်လာတယ်။ မီးမရှိဘာမရှိနဲ့။မန်နေဂျာရဲ့လက်ထဲမှာတော့ ဓာတ်မီးတစ်လက်တော့ပါပါတယ်။ မန်နေဂျာက ကျွန်တော်တို့ အဖွဲ့ကို အပေါ်တက်မလားလို့မေးတယ်။ ကျွန်တော်ကလည်း တက်မယ်လေလို့ဖြေတာပေါ့။ ကျွန်တော့်နောက်မှာ သုံးယောက်ပါတယ်။

မန်နေဂျာကြီးက “အမိုးပေါ်မှာ ကိုယ်တစ်ပိုင်းပြတ်သစေကြီးရှိတယ် လိုက်ရဲပါ့မလား”ဆိုတော့ ကျွန်တော်က လိုက်မယ်ပဲ ဖြေလိုက်တယ်။ကျွန်တော့်နောက်ကကောင်တွေကတော့ တွန့်ဆုတ်ဆုတ်ဖြစ်သွားတယ်။ ဒီကောင်တွေ ကြောက်ပေမယ့်လည်း မှောင်တဲ့ လှေကားမှာ မနေခဲ့ရဲဘူး လိုက်လာကြတယ်။အဲဒီလိုနဲ့ အပေါ်ကိုတက်လာခဲ့တယ်။

ရှေးဟောင်းအဆောက်အအုံလည်းဖြစ်၊မီးကလည်းမရှိတော့ သစေ(တစ္ဆေ)ကားထဲ ကိုယ်တိုင်ဝင်ပြီး သရုပ်ဆောင် နေရသလိုပါပဲ။အမှောင်ဟာ ကြောက်စိတ်ကို ဖြစ်စေတာကတော့ အမှန်ပါပဲ။တစ်ယောက်ထဲဆို တက်ဖို့မဝံ့ပါဘူး။

အဲဒီအဆောက်အအုံကြီးရဲ့ အပေါ်ထပ်တက်တဲ့ လှေကားရဲ့ထိပ် အပေါ်ဆုံးမှာ အဆောင်လိုနေစရာ အဆောက်အအုံလေးရှိနေပြီး စတိုလိုဖြစ်နေတဲ့ အခန်းတွေရှိပါတယ်။အဲဒီအဆောင်လေးရဲ့ တောင်ဘက်နဲ့ မြောက်ဘက်မှာ စလက်အမိုးဖြစ်လို့ ဟာလာဟင်းလင်းဖြစ်နေတာပေါ့။ လူမနေတဲ့ အချိန်ကာလ ကြာလို့ ထင်ပါရဲ့ မြက်ပင်တွေရော ကွန်ကရစ်အဆက်တွေရဲ့ကြားမှာ ပေါက်ရောက်ရှင်သန်နေတဲ့ အပင်တွေက တောကို ထနေတော့တာပဲ။

ဟုတ်တော့လည်း ဟုတ်ပါရဲ့ မြင်ကွင်းက ထိတ်လန့်စရာပါပဲ။တော်တောင် လူတစ်ယောက်ထဲ တက်လာဖို့ဆိုရင် စိတ်ထဲ တစ်မျိုးကြီးခံစားရမှာ။အပေါ်ဆုံး လှေကားခွင်ကို အဆောင်လေးလုပ်ထားတော့ အဲဒီကနေ အပြင်ကိုထွက်လိုက်တော့ စလက်ခင်းထားတဲ့ အမိုးပေါ်ကို ရောက်သွားတယ်။ ကောင်းကင်ကြီးရဲ့ အလင်းနဲ့ စောစောက စိတ်ထဲမှာ တင်းအားတွေရှိနေခဲ့တာတွေတော့ အတော်လျော့သွားပါရဲ့။

မန်နေဂျာက ကိုယ်တစ်ပိုင်းပြတ်ကြီး ရှိကောင်းရှိနိုင်တယ် ကြည့်ကြမလားမေးပြီး အဆောင်ဘက်လှည့်လို့ ဓာတ်မီးနဲ့ထိုးပြတယ်။ တံခါးတစ်ချပ်ပွင့်နေတဲ့ စတိုခန်းရဲ့ သစ်သားပုံထဲမှာ ကိုယ်တစ်ပိုင်းပြတ်ကြီးက တကယ်ကိုယ်ရှိနေပါရောလား။

ကျွန်တော့်နောက်က ဟိုကောင်တွေ “ဟာ”ကနဲဖြစ်သွားပါတယ်။ပြီးမှ “ဂျာကြီးကလဲ နောက်တာဗျာ” ဖြစ်ကုန်ရော။ ဟုတ်တယ်သူတို့ မြင်လိုက်တာ စတိုခန်းထဲမှာ ပုံထားတဲ့ သစ်တိုသစ်စတွေပေါ်မှာ လွှားထားတဲ့ ဂျင်းဘောင်းဘီတစ်ထည် ဖြစ်နေတာကိုး။ အင်းဟုတ်ပေသားပဲ ကိုယ်တစ်ပိုင်းပြတ်ကြီး။

ဒါက တကယ့်အဖြစ်လေးပါ။ဒါက ဒီနေရာကို မားကတ်ဆိုင်လေး မဖွင့်ခင်ရဲ့အစပေါ့။နောက်ပိုင်း ခပ်ကြမ်းကြမ်းလည်း အဖြစ်တွေက ဒီအဆောက်အအုံမှာ ဖြစ်ခဲ့ဖူးတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၈)

 

 

ကိုယ္တစ္ပိုင္းျပတ္ သေစ(တေစၧ)

 

သရဲသေစနဲ႔ ဆက္စပ္ၿပီး ေၾကာက္စိတ္အေၾကာင္းေလး ေရးခဲ့တာနဲ႔ ဆက္စပ္ၿပီး ေရးကြက္ေလးက ထပ္ထြက္လာျပန္တယ္။

အဲဒီအေၾကာင္းကို ေနာက္မွေရးဖို႔ပါပဲ။ဒါေပမဲ့ အခုေရးလိုက္တာက ပိုၿပီးဆက္စပ္မႈ႐ွိမယ္ထင္လို႔ ေရးလိုက္ရတာပါ။ ဒီျဖစ္ရပ္က လြန္ခဲ့တဲ့ (၉)ႏွစ္ (၁၀)ႏွစ္ဝန္းက်င္က အျဖစ္ေလးပါ။ငယ္ငယ္တုန္းက အျဖစ္ေတာ့မဟုတ္ပါဘူး။

ပန္းဆိုးတန္းလမ္းနဲ႔ ဗႏၶဳလလမ္းေထာင့္က အေဆာက္အအုံႀကီးမွာ ျဖစ္ခဲ့တဲ့ တကယ့္ျဖစ္ရပ္တစ္ခုပါ။ အဲဒီအေဆာက္အအုံႀကီးရဲ႕ ယခင္နာမည္က (တီက်ဴးမား)လို႔ ေခၚပါတယ္။အဲဒီအေဆာက္အအုံႀကီးရဲ႕ သက္တမ္းက ႏွစ္ေပါင္းတစ္ရာေက်ာ္ခဲ့ပါၿပီ။ေ႐ွးေဟာင္း သုံးထပ္တိုက္ အေဆာက္အအုံတစ္ခုပါ။

ဒီအေဆာက္အအုံႀကီးမွာ စူပါမားကတ္တစ္ခု ဖြင့္ဖို႔ျဖစ္လာေတာ့ ကြၽန္ေတာ္လည္းဝန္ထမ္းတစ္ေယာက္အေနနဲ႔ ျဖစ္လာတယ္။

ဆိုင္အတြက္ ဘာမွ မစေသးခင္ တစ္ညမွာ၊ အဲဒီသုံးထပ္တိုက္ အေဆာက္အအုံႀကီးရဲ႕ ေခါင္မိုးေပၚကို တက္ၾကည့္ဖို႔ျဖစ္လာတယ္။ မီးမ႐ွိဘာမ႐ွိနဲ႔။မန္ေနဂ်ာရဲ႕လက္ထဲမွာေတာ့ ဓာတ္မီးတစ္လက္ေတာ့ပါပါတယ္။ မန္ေနဂ်ာက ကြၽန္ေတာ္တို႔ အဖြဲ႕ကို အေပၚတက္မလားလို႔ေမးတယ္။ ကြၽန္ေတာ္ကလည္း တက္မယ္ေလလို႔ေျဖတာေပါ့။ ကြၽန္ေတာ့္ေနာက္မွာ သုံးေယာက္ပါတယ္။

မန္ေနဂ်ာႀကီးက “အမိုးေပၚမွာ ကိုယ္တစ္ပိုင္းျပတ္သေစႀကီး႐ွိတယ္ လိုက္ရဲပါ့မလား”ဆိုေတာ့ ကြၽန္ေတာ္က လိုက္မယ္ပဲ ေျဖလိုက္တယ္။ကြၽန္ေတာ့္ေနာက္ကေကာင္ေတြကေတာ့ တြန္႔ဆုတ္ဆုတ္ျဖစ္သြားတယ္။ ဒီေကာင္ေတြ ေၾကာက္ေပမယ့္လည္း ေမွာင္တဲ့ ေလွကားမွာ မေနခဲ့ရဲဘူး လိုက္လာၾကတယ္။အဲဒီလိုနဲ႔ အေပၚကိုတက္လာခဲ့တယ္။

ေ႐ွးေဟာင္းအေဆာက္အအုံလည္းျဖစ္၊မီးကလည္းမ႐ွိေတာ့ သေစ(တေစၧ)ကားထဲ ကိုယ္တိုင္ဝင္ၿပီး သ႐ုပ္ေဆာင္ ေနရသလိုပါပဲ။အေမွာင္ဟာ ေၾကာက္စိတ္ကို ျဖစ္ေစတာကေတာ့ အမွန္ပါပဲ။တစ္ေယာက္ထဲဆို တက္ဖို႔မဝံ့ပါဘူး။

အဲဒီအေဆာက္အအုံႀကီးရဲ႕ အေပၚထပ္တက္တဲ့ ေလွကားရဲ႕ထိပ္ အေပၚဆုံးမွာ အေဆာင္လိုေနစရာ အေဆာက္အအုံေလး႐ွိေနၿပီး စတိုလိုျဖစ္ေနတဲ့ အခန္းေတြ႐ွိပါတယ္။အဲဒီအေဆာင္ေလးရဲ႕ ေတာင္ဘက္နဲ႔ ေျမာက္ဘက္မွာ စလက္အမိုးျဖစ္လို႔ ဟာလာဟင္းလင္းျဖစ္ေနတာေပါ့။ လူမေနတဲ့ အခ်ိန္ကာလ ၾကာလို႔ ထင္ပါရဲ႕ ျမက္ပင္ေတြေရာ ကြန္ကရစ္အဆက္ေတြရဲ႕ၾကားမွာ ေပါက္ေရာက္႐ွင္သန္ေနတဲ့ အပင္ေတြက ေတာကို ထေနေတာ့တာပဲ။

ဟုတ္ေတာ့လည္း ဟုတ္ပါရဲ႕ ျမင္ကြင္းက ထိတ္လန္႔စရာပါပဲ။ေတာ္ေတာင္ လူတစ္ေယာက္ထဲ တက္လာဖို႔ဆိုရင္ စိတ္ထဲ တစ္မ်ိဳးႀကီးခံစားရမွာ။အေပၚဆုံး ေလွကားခြင္ကို အေဆာင္ေလးလုပ္ထားေတာ့ အဲဒီကေန အျပင္ကိုထြက္လိုက္ေတာ့ စလက္ခင္းထားတဲ့ အမိုးေပၚကို ေရာက္သြားတယ္။ ေကာင္းကင္ႀကီးရဲ႕ အလင္းနဲ႔ ေစာေစာက စိတ္ထဲမွာ တင္းအားေတြ႐ွိေနခဲ့တာေတြေတာ့ အေတာ္ေလ်ာ့သြားပါရဲ႕။

မန္ေနဂ်ာက ကိုယ္တစ္ပိုင္းျပတ္ႀကီး ႐ွိေကာင္း႐ွိႏိုင္တယ္ ၾကည့္ၾကမလားေမးၿပီး အေဆာင္ဘက္လွည့္လို႔ ဓာတ္မီးနဲ႔ထိုးျပတယ္။ တံခါးတစ္ခ်ပ္ပြင့္ေနတဲ့ စတိုခန္းရဲ႕ သစ္သားပုံထဲမွာ ကိုယ္တစ္ပိုင္းျပတ္ႀကီးက တကယ္ကိုယ္႐ွိေနပါေရာလား။

ကြၽန္ေတာ့္ေနာက္က ဟိုေကာင္ေတြ “ဟာ”ကနဲျဖစ္သြားပါတယ္။ၿပီးမွ “ဂ်ာႀကီးကလဲ ေနာက္တာဗ်ာ” ျဖစ္ကုန္ေရာ။ ဟုတ္တယ္သူတို႔ ျမင္လိုက္တာ စတိုခန္းထဲမွာ ပုံထားတဲ့ သစ္တိုသစ္စေတြေပၚမွာ လႊားထားတဲ့ ဂ်င္းေဘာင္းဘီတစ္ထည္ ျဖစ္ေနတာကိုး။ အင္းဟုတ္ေပသားပဲ ကိုယ္တစ္ပိုင္းျပတ္ႀကီး။

ဒါက တကယ့္အျဖစ္ေလးပါ။ဒါက ဒီေနရာကို မားကတ္ဆိုင္ေလး မဖြင့္ခင္ရဲ႕အစေပါ့။ေနာက္ပိုင္း ခပ္ၾကမ္းၾကမ္းလည္း အျဖစ္ေတြက ဒီအေဆာက္အအုံမွာ ျဖစ္ခဲ့ဖူးတယ္။

 အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service