မက်ဒေါနား လွန်ခဲ့သော ၂ နှစ်က ဟစ်ဟော့အဆိုတော် The Weeknd ထံမှ ဝယ်ယူထားသော လော့စ်အိန်ဂျလိ စံအိမ်ကို ပြန်လည်ရောင်းချရာ ဒေါ်လာ ၄ သန်းနီးပါးမြတ်စွန်း

မက်ဒေါနား လွန်ခဲ့သော ၂ နှစ်က ဟစ်ဟော့အဆိုတော် The Weeknd ထံမှ ဝယ်ယူထားသော လော့စ်အိန်ဂျလိ စံအိမ်ကို ပြန်လည်ရောင်းချရာ ဒေါ်လာ ၄ သန်းနီးပါးမြတ်စွန်း - Property News in Myanmar from iMyanmarHouse.com
6 Jul 2023 11:18 am တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ပေါ့ပ်ဂီတ၏ ဘုရင်မဟု တင်စားခံရသူ မက်ဒေါနားသည် လွန်ခဲ့သော ၂ နှစ်က ဟစ်ဟော့အဆိုတော် The Weeknd ထံမှ ဝယ်ယူထားသော လော့စ်အိန်ဂျလိမြို့ ၊ Hidden Hills အရပ်မှ စံအိမ်ကို ပြန်လည်ရောင်းချရာ ဒေါ်လာ ၄ သန်းနီးပါးမြတ်စွန်းခဲ့သည်။

အသက် ၆၄ နှစ်ရှိပြီဖြစ်သော မက်ဒေါနားသည် အသက် ၃၃ နှစ်အရွယ် ကနေဒါကြယ်ပွင့် The Weeknd ထံမှ အဆိုပါ စံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဒေါ်လာ ၂၃ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ရာ ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းခန့် မြတ်စွန်းခဲ့သည်။

မက်ဒေါနားသည် မူလက ကန်ဒေါ်လာ ၂၆ သန်း ဈေးခေါ်ခဲ့ပြီး နောက်ပိုင်းတွင် ခေါ်ဈေး ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းသို့ လျှော့ချပေးခဲ့သည်။

မက်ဒေါနားသည် ဝယ်လက်ဖြစ်သူ ကိုရီးယားလူမျိုး ဘီလျံနာ Kim Hyoung-nyon နှင့် ဈေးနှုန်းညှိနှိုင်းစဉ် ဒေါ်လာ ၅၀၀,၀၀၀ ထပ်မံလျှော့ချပေးခဲ့ပြီး ဒေါ်လာ ၂၃ သန်းဖြင့် အရောင်းအဝယ်လုပ်ရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။

မက်ဒေါနားက Beverly Hills Estate အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Trevor Wright မှတဆင့် ရောင်းချခဲ့ခြင်း ဖြစ်သည်။

(အသက် ၆၄ နှစ်ရှိပြီဖြစ်သော မက်ဒေါနားသည် အသက် ၃၃ နှစ်အရွယ် ကနေဒါကြယ်ပွင့် The Weeknd ထံမှ အဆိုပါ စံအိမ်ကို ၂၀၂၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၉ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဒေါ်လာ ၂၃ သန်းဖြင့် ပြန်လည်ရောင်းချခဲ့ရာ ကန်ဒေါ်လာ ၃ ဒသမ ၇ သန်းခန့် မြတ်စွန်းခဲ့သည်။)

(မက်ဒေါနားကို လော့စ်အိန်ဂျလိမြို့တွင် ယခုနှစ် ဖေဖော်ဝါရီလအတွင်း တွေ့ခဲ့ရပုံ။)

(The Weeknd ကို ပြင်သစ်နိုင်ငံ ၊ ကိန်းရုပ်ရှင်ပွဲတော်တွင် မေလ ၂၃ ရက်က တွေ့ရပုံ။)

စံအိမ်တည်နေရာမှာ ကာလာဘာဆက်၏ မြောက်ဘက် ၊ ဆန်ဖာနန်ဒို တောင်ကြား၏ အနောက်ဘက်တွင် တည်ရှိပြီး စံအိမ်အကျယ် ၁၂၅၀၀ စတုရန်းပေရှိကာ ခြံဝန်းမှာ ၃ ဧက ရှိသည်။

စံအိမ်အတွင်း အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၁ ခန်း ၊ ဆားရေ ရေကူးကန် ၊ ရုပ်ရှင်ရုံ ၊ ဝိုင်သိုလှောင်ခန်း ၊ စာကြည့်တိုက်နှင့် ဂီတခန်းမတို့ ပါဝင်သည်။

ဖော့ဘ်မဂ္ဂဇင်းကြီးက ၂၀၂၂ ခုနှစ်တွင် ဖော်ပြခဲ့မှုအရ ဝယ်လက်ဖြစ်သူ Kim Hyoung-nyon ၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံခန့်ရှိကြောင်း ခန့်မှန်းထားပြီး တောင်ကိုရီးယား Cryptocurrency exchange ဖြစ်သော Danamu ၏ ပူးတွဲတည်ထောင်သူ ၊ အမှုဆောင်လက်ထောက်ဥက္ကဌဖြစ်ကြောင်း ဖော်ပြသည်။

The Weeknd သည် မကြာသေးမီက ထွက်ရှိထားသော Popular ဟူသော သီချင်းကို မက်ဒေါနားနှင့် လက်တွဲကာ ဖန်တီးခဲ့သည်။

(မက်ဒေါနားသည် ဝယ်လက်ဖြစ်သူ ကိုရီးယားလူမျိုး ဘီလျံနာ Kim Hyoung-nyon နှင့် ဈေးနှုန်းညှိနှိုင်းစဉ် ဒေါ်လာ ၅၀၀,၀၀၀ ထပ်မံလျှော့ချပေးခဲ့ပြီး ဒေါ်လာ ၂၃ သန်းဖြင့် အရောင်းအဝယ်လုပ်ရန် နှစ်ဦးနှစ်ဖက် သဘောတူခဲ့ကြသည်။)

(The Weeknd သည် မကြာသေးမီက ထွက်ရှိထားသော Popular ဟူသော သီချင်းကို မက်ဒေါနားနှင့် လက်တွဲကာ ဖန်တီးခဲ့သည်။)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Madonna makes nearly $4 million on sale of Hidden Hills mansion that she purchased from The Weeknd two years ago (dailymail)

[Zawgyi]

မက္ေဒါနား လြန္ခဲ့ေသာ ၂ ႏွစ္က ဟစ္ေဟာ့အဆိုေတာ္ The Weeknd ထံမွ ဝယ္ယူထားေသာ ေလာ့စ္အိန္ဂ်လိ စံအိမ္ကို ျပန္လည္ေရာင္းခ်ရာ ေဒၚလာ ၄ သန္းနီးပါးျမတ္စြန္း

ေပါ့ပ္ဂီတ၏ ဘုရင္မဟု တင္စားခံရသူ မက္ေဒါနားသည္ လြန္ခဲ့ေသာ ၂ ႏွစ္က ဟစ္ေဟာ့အဆိုေတာ္ The Weeknd ထံမွ ဝယ္ယူထားေသာ ေလာ့စ္အိန္ဂ်လိျမဳိ႕ ၊ Hidden Hills အရပ္မွ စံအိမ္ကို ျပန္လည္ေရာင္းခ်ရာ ေဒၚလာ ၄ သန္းနီးပါးျမတ္စြန္းခဲ့သည္။

အသက္ ၆၄ ႏွစ္ရွိျပီျဖစ္ေသာ မက္ေဒါနားသည္ အသက္ ၃၃ ႏွစ္အရြယ္ ကေနဒါၾကယ္ပြင့္ The Weeknd ထံမွ အဆိုပါ စံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၉ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခုအခါ ေဒၚလာ ၂၃ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ရာ ကန္ေဒၚလာ ၃ ဒသမ ၇ သန္းခန္႔ ျမတ္စြန္းခဲ့သည္။

မက္ေဒါနားသည္ မူလက ကန္ေဒၚလာ ၂၆ သန္း ေစ်းေခၚခဲ့ျပီး ေနာက္ပိုင္းတြင္ ေခၚေစ်း ကန္ေဒၚလာ ၂၃ ဒသမ ၅ သန္းသို႔ ေလွ်ာ့ခ်ေပးခဲ့သည္။

မက္ေဒါနားသည္ ဝယ္လက္ျဖစ္သူ ကိုရီးယားလူမ်ဳိး ဘီလ်ံနာ Kim Hyoung-nyon ႏွင့္ ေစ်းႏႈန္းညွိႏိႈင္းစဥ္ ေဒၚလာ ၅၀၀,၀၀၀ ထပ္မံေလွ်ာ့ခ်ေပးခဲ့ျပီး ေဒၚလာ ၂၃ သန္းျဖင့္ အေရာင္းအဝယ္လုပ္ရန္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူခဲ့ၾကသည္။

မက္ေဒါနားက Beverly Hills Estate အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Trevor Wright မွတဆင့္ ေရာင္းခ်ခဲ့ျခင္း ျဖစ္သည္။

(အသက္ ၆၄ ႏွစ္ရွိျပီျဖစ္ေသာ မက္ေဒါနားသည္ အသက္ ၃၃ ႏွစ္အရြယ္ ကေနဒါၾကယ္ပြင့္ The Weeknd ထံမွ အဆိုပါ စံအိမ္ကို ၂၀၂၁ ခုႏွစ္အတြင္း ကန္ေဒၚလာ ၁၉ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့ျခင္းျဖစ္ျပီး ယခုအခါ ေဒၚလာ ၂၃ သန္းျဖင့္ ျပန္လည္ေရာင္းခ်ခဲ့ရာ ကန္ေဒၚလာ ၃ ဒသမ ၇ သန္းခန္႔ ျမတ္စြန္းခဲ့သည္။)

(မက္ေဒါနားကို ေလာ့စ္အိန္ဂ်လိျမိဳ႕တြင္ ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေတြ႔ခဲ့ရပံု။)

(The Weeknd ကို ျပင္သစ္ႏိုင္ငံ ၊ ကိန္းရုပ္ရွင္ပြဲေတာ္တြင္ ေမလ ၂၃ ရက္က ေတြ႔ရပံု။)

စံအိမ္တည္ေနရာမွာ ကာလာဘာဆက္၏ ေျမာက္ဘက္ ၊ ဆန္ဖာနန္ဒို ေတာင္ၾကား၏ အေနာက္ဘက္တြင္ တည္ရွိျပီး စံအိမ္အက်ယ္ ၁၂၅၀၀ စတုရန္းေပရွိကာ ျခံဝန္းမွာ ၃ ဧက ရွိသည္။

စံအိမ္အတြင္း အိပ္ခန္း ၉ ခန္း ၊ ေရခ်ဳိးခန္း ၁၁ ခန္း ၊ ဆားေရ ေရကူးကန္ ၊ ရုပ္ရွင္ရံု ၊ ဝိုင္သိုေလွာင္ခန္း ၊ စာၾကည့္တိုက္ႏွင့္ ဂီတခန္းမတို႔ ပါဝင္သည္။

ေဖာ့ဘ္မဂၢဇင္းၾကီးက ၂၀၂၂ ခုႏွစ္တြင္ ေဖာ္ျပခဲ့မႈအရ ဝယ္လက္ျဖစ္သူ Kim Hyoung-nyon ၏ ၾကြယ္ဝမႈမွာ ကန္ေဒၚလာ ၁ ဒသမ ၉၅ ဘီလီယံခန္႔ရွိေၾကာင္း ခန္႔မွန္းထားျပီး ေတာင္ကိုရီးယား Cryptocurrency exchange ျဖစ္ေသာ Danamu ၏ ပူးတြဲတည္ေထာင္သူ ၊ အမႈေဆာင္လက္ေထာက္ဥကၠဌျဖစ္ေၾကာင္း ေဖာ္ျပသည္။

The Weeknd သည္ မၾကာေသးမီက ထြက္ရွိထားေသာ Popular ဟူေသာ သီခ်င္းကို မက္ေဒါနားႏွင့္ လက္တြဲကာ ဖန္တီးခဲ့သည္။

(မက္ေဒါနားသည္ ဝယ္လက္ျဖစ္သူ ကိုရီးယားလူမ်ဳိး ဘီလ်ံနာ Kim Hyoung-nyon ႏွင့္ ေစ်းႏႈန္းညွိႏိႈင္းစဥ္ ေဒၚလာ ၅၀၀,၀၀၀ ထပ္မံေလွ်ာ့ခ်ေပးခဲ့ျပီး ေဒၚလာ ၂၃ သန္းျဖင့္ အေရာင္းအဝယ္လုပ္ရန္ ႏွစ္ဦးႏွစ္ဖက္ သေဘာတူခဲ့ၾကသည္။)

(The Weeknd သည္ မၾကာေသးမီက ထြက္ရွိထားေသာ Popular ဟူေသာ သီခ်င္းကို မက္ေဒါနားႏွင့္ လက္တြဲကာ ဖန္တီးခဲ့သည္။)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Madonna makes nearly $4 million on sale of Hidden Hills mansion that she purchased from The Weeknd two years ago (dailymail)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service