ဆော်ဒီကလပ်က အလွန်မြင့်မားသောလစာဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် အမေရိကန်ကလပ်ကိုသာ ရွေးချယ်ခဲ့သော ဘောလုံးကြယ်ပွင့် မက်ဆီ ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့ လာရာ မိုင်အမ်မီအိမ်ခြံမြေဈေးကွက် လှုပ်ခတ်သွား

ဆော်ဒီကလပ်က အလွန်မြင့်မားသောလစာဖြင့် ကမ်းလှမ်းခဲ့သော်လည်း ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် အမေရိကန်ကလပ်ကိုသာ ရွေးချယ်ခဲ့သော ဘောလုံးကြယ်ပွင့် မက်ဆီ ဖလော်ရီဒါပြည်နယ်သို့ ပြောင်းရွှေ့ လာရာ မိုင်အမ်မီအိမ်ခြံမြေဈေးကွက် လှုပ်ခတ်သွား - Property News in Myanmar from iMyanmarHouse.com
6 Jul 2023 10:32 am တွင် တင်ခဲ့သည်
473 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကမ္ဘာ့အကောင်းဆုံးဘောလုံးသမား၊ အာဂျင်တီးနားဘောလုံးကြယ်ပွင့် လီယိုနယ် မက်ဆီသည် ဆော်ဒီအာရေးဗီးယားမှ Al-Hilal ကလပ်အသင်းက ၃ နှစ်တာစာချုပ် လုပ်ခ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖြင့် ကမ်းလှမ်းမှုကို လက်မခံခဲ့ဘဲ ပြီးခဲ့သော ဇွန်လဆန်းပိုင်းတွင် အမေရိကန်မှ Major League ကလပ်အသင်း တစ်ခုဖြစ်သော Inter Miami သို့ ပြောင်းရွှေ့ခဲ့သည်။

ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်သည့် Inter Miami ကလပ်အသင်းက ကမ္ဘာ့အကျော်ကြားဆုံး ဘောလုံးကြယ်ပွင့် မက်ဆီကို ခေါ်ယူနိုင်မှုမှာ ဖလော်ရီဒါတောင်ပိုင်းတွင် ဆူနာမီလှိုင်းရိုက်ခတ်သည့်သဖွယ် စိတ်လှုပ်ရှားဂယက်ရိုက်မှုများ ပြင်းထန်လျက်ရှိပြီး အထူးသဖြင့် တန်ဖိုးကြီးအိမ်ခြံမြေရောင်းဝယ်သူတို့အကြား လှုပ်ခတ်စေခဲ့သည်။

ဒေးဗစ်ဘက်ခမ်းသည် Inter Miami အသင်းတွင် မူလက ရှယ်ယာ ၁၀ ရာခိုင်နှုန်းသာ ပိုင်ဆိုင်ခဲ့သော်လည်း ယခုအခါ ၃၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာသည်။

မက်ဆီသည် Inter Miami တွင် တစ်နှစ်လျှင် လစာ ဒေါ်လာ သန်း ၆၀ ရရှိမည်ဖြစ်ပြီး အသင်း၏ ရှယ်ယာ အချို့လည်း ပိုင်ဆိုင်ခွင့်ရမည် ဖြစ်သည်။

မက်ဆီနှင့် ညှိနှိုင်းမှုများမှာမူ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကာ Major League ၏ အကြီးဆုံးမိတ်ဖက်များ ဖြစ်သော Apple ၊ Adidas တို့နှင့် အကျိုးအမြတ်ခွဲဝေမှုများ အပါအဝင်ဖြစ်သည်။

ကမ္ဘာ့ဖလားဆွတ်ခူးရရှိထားသူ မက်ဆီသည် ၃ နှစ်လစာ ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံဖြင့် ကမ်းလှမ်းခဲ့သော ဆော်ဒီကလပ်အပါအဝင် ကမ္ဘာပေါ်ရှိ မည်သည့်ကလပ်မဆို သွားရောက်ကစားနိုင်သော်လည်း မိုင်အမ်မီကို ရွေးချယ်ရခြင်းမှာ သူ၏ဇာတိ အာဂျင်တီးနားနှင့် ဘဝနေထိုင်မှုဟန်များစွာတူညီနေသောကြောင့်လည်း ဖြစ်သည်။

(၂၀၂၂ ခုနှစ်တွင် အာဂျင်တီးနား ကမ္ဘာ့ဖလားရစေရန် ဦးဆောင်မှုပေးခဲ့သော မက်ဆီ မိုင်အမ်မီသို့ ပြောင်းရွှေ့လာသောကြောင့် အိမ်ခြံမြေလောကတွင် လှုပ်ခတ်မှုများ ဖြစ်စေလျက်ရှိသည်။ ဓာတ်ပုံ-AFP Via Getty Images)

(မိုင်အမ်မီသို့ မက်ဆီရောက်လာစေရန် ဒေးဗစ်ဘက်ခမ်းက ဆွဲဆောင်နိုင်ခဲ့သည်။)

မိုင်အမ်မီတွင်ဆိုလျှင် မက်ဆီသည် နာမည်ကျော် မိတ်ဆွေများနှင့် လွယ်ကူစွာရောထွေးနေထိုင်နိုင်ခြင်း၊ စပိန်စကား ပြောခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ မိုင်အမ်မီသည် လက်တင် ယဉ်ကျေးမှုဖြင့် နာမည်ကြီးသော မြို့ဖြစ်ရာ မက်ဆီအဖို့ အလွယ်တကူ အံဝင်ခွင်ချနေထိုင်နိုင်မည် ဖြစ်သည်။

မိုင်အမ်မီအနီးတွင် မက်ဆီသည် အိမ်ပိုင်ဆိုင်ထားသော်လည်း မိုင်အမ်မီတွင်အိမ်ရှာရန် စီစဉ်ထားရာ တန်ဖိုးကြီးအိမ်ခြံမြေ အကျိုးဆောင်တို့အကြား ဂယက်ရိုက်လျက်ရှိသည်။

မက်ဆီသည် ၂၀၁၉ ခုနှစ်အတွင်း မိုင်အမ်မီ၏ မြောက်ဘက်ရှိ Sunny Isles Beach အမည်ရှိ မြို့မှ Porsche Design တာဝါတွင် တန်ဖိုးကြီး ကွန်ဒိုခန်းတစ်ခန်း ဝယ်ယူထားသည်။

ပင်လယ်ရှုမျှော်ခင်း၊ ၂၄ နာရီလုံခြုံရေး၊ အပူပေးစနစ်ပါသော ရေကူးကန်၊ အားကစားလေ့ကျင့်ခန်းမနှင့် spa တို့ ပါဝင်ပြီး စတုရန်းပေ ၄၄၀၀ ကျယ်ဝန်းသော ကွန်ဒိုခန်းကို မက်ဆီက ကန်ဒေါ်လာ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(မက်ဆီအခန်းဝယ်ယူထားသော Porsche Design တာဝါတွင် ဘီလျံနာ ၂၀ ဦးလည်း အခန်းများ ပိုင်ဆိုင်ထားသည်။ ဓာတ်ပုံ-MEGA)

(Porsche Design တာဝါတွင် မော်တော်ကားများ သယ်ယူနိုင်သည့် ဓာတ်လှေကားလည်းရှိပြီး ကွန်ဒိုခန်းအသီးသီး၏ သီးသန့်ဂိုဒေါင်များတွင် မိမိတို့၏ မော်တော်ကားများကို သိမ်းဆည်းထားနိုင်သည်။ ဓာတ်ပုံ-John Parra)

(Porsche Design တာဝါ။ ဓာတ်ပုံ-John Parra)

(Porsche Design တာဝါ၏ ရေကူးကန်။ ဓာတ်ပုံ-AFP)

၂၀၂၁ ခုနှစ်တွင် မက်ဆီသည် ထိုဒေသတွင်ပင်ရှိသော Regalia တာဝါမှ ၉ လွှာတစ်ခုလုံးကို ဒေါ်လာ ၇ ဒသမ ၃ သန်းဖြင့် ဝယ်ယူခဲ့သည်။

(Regalia တာဝါ ။ ဓာတ်ပုံ-OPX)

(Regalia တာဝါပေါ်မှတဆင့် သာယာလှပသော ပင်လယ်ကမ်းခြေရှုမျှော်ခင်းများ တွေ့မြင်နိုင်သည်။ ဓာတ်ပုံ- Splash News )

(Regalia တာဝါမှ အခန်းကို မက်ဆီက မိသားစု နေထိုင်ရန် မဟုတ်ဘဲ ရင်းနှီးမြှပ်နှံမှုအတွက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။ ဓာတ်ပုံ- Splash News )

သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကလေး ၃ ဦးရှိသော မက်ဆီတို့မိသားစုသည် အဆိုပါ တိုက်ခန်းများတွင် နေထိုင်ဖွယ်မရှိကြောင်း ၊ မက်ဆီတို့ မိသားစုမှာ လုံးချင်းအိမ်များကိုသာ နှစ်သက်ကြောင်း ပြောသည်။

(၂၀၂၁ ခုနှစ်အတွင်း မက်ဆီက မိုင်အမ်မီရှိ ကမ်းခြေစံအိမ်ကို တစ်လလျှင် ဒေါ်လာ ၂၀၀,၀၀၀ ဖြင့် ငှားရမ်းနေထိုင်ခဲ့သည်။ ဓာတ်ပုံ-MEGA)

(မက်ဆီအိမ်ငှား နေထိုင်ခဲ့သော Biscayne Key ကမ်းခြေဒေသ။ ဓာတ်ပုံ-MEGA)

(မက်ဆီငှားရမ်းနေထိုင်ခဲ့သော အိမ်မှာ ၄ ထပ်အိမ်ဖြစ်ပြီး ရေကူးကန် နှင့် လှေဆိပ်တို့ ပါဝင်သည်။ ဓာတ်ပုံ-MEGA)

(မက်ဆီနှင့် ဇနီးဖြစ်သူ အန်တိုနယ်လာတို့သည် ကလေး ၃ ဦးဖြစ်သော ဆီရို၊ မာတီယိုနှင့် သီယာဂိုတို့အတွက် လုံးချင်းအိမ် ၁ လုံးရှာဖွေလိမ့်မည်ဖြစ်သည်။ ဓာတ်ပုံ-WireImage)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Messi sets red-hot Miami property market and celeb scene ablaze as he moves to Florida (nypost)

[Zawgyi]

ေဆာ္ဒီကလပ္က အလြန္ျမင့္မားေသာလစာျဖင့္ ကမ္းလွမ္းခဲ့ေသာ္လည္း ေဒးဗစ္ဘက္ခမ္း ပူးတြဲပိုင္ဆိုင္သည့္ အေမရိကန္ကလပ္ကိုသာ ေရြးခ်ယ္ခဲ့ေသာ ေဘာလံုးၾကယ္ပြင့္ မက္ဆီ ဖေလာ္ရီဒါျပည္နယ္သို႔ ေျပာင္းေရႊ႕ လာရာ မိုင္အမ္မီအိမ္ျခံေျမေစ်းကြက္ လႈပ္ခတ္သြား

ကမၻာ့အေကာင္းဆံုးေဘာလံုးသမား၊ အာဂ်င္တီးနားေဘာလံုးၾကယ္ပြင့္ လီယိုနယ္ မက္ဆီသည္ ေဆာ္ဒီအာေရးဗီးယားမွ Al-Hilal ကလပ္အသင္းက ၃ ႏွစ္တာစာခ်ဳပ္ လုပ္ခ ေဒၚလာ ၁ ဒသမ ၆ ဘီလီယံျဖင့္ ကမ္းလွမ္းမႈကို လက္မခံခဲ့ဘဲ ျပီးခဲ့ေသာ ဇြန္လဆန္းပိုင္းတြင္ အေမရိကန္မွ Major League ကလပ္အသင္း တစ္ခုျဖစ္ေသာ Inter Miami သို႔ ေျပာင္းေရႊ႕ခဲ့သည္။

ေဒးဗစ္ဘက္ခမ္း ပူးတြဲပိုင္ဆိုင္သည့္ Inter Miami ကလပ္အသင္းက ကမၻာ့အေက်ာ္ၾကားဆံုး ေဘာလံုးၾကယ္ပြင့္ မက္ဆီကို ေခၚယူႏိုင္မႈမွာ ဖေလာ္ရီဒါေတာင္ပိုင္းတြင္ ဆူနာမီလႈိင္းရိုက္ခတ္သည့္သဖြယ္ စိတ္လႈပ္ရွားဂယက္ရိုက္မႈမ်ား ျပင္းထန္လ်က္ရွိျပီး အထူးသျဖင့္ တန္ဖိုးၾကီးအိမ္ျခံေျမေရာင္းဝယ္သူတို႔အၾကား လႈပ္ခတ္ေစခဲ့သည္။

ေဒးဗစ္ဘက္ခမ္းသည္ Inter Miami အသင္းတြင္ မူလက ရွယ္ယာ ၁၀ ရာခိုင္ႏႈန္းသာ ပိုင္ဆိုင္ခဲ့ေသာ္လည္း ယခုအခါ ၃၀ ရာခိုင္ႏႈန္းေက်ာ္အထိ ျမင့္တက္လာသည္။

မက္ဆီသည္ Inter Miami တြင္ တစ္ႏွစ္လွ်င္ လစာ ေဒၚလာ သန္း ၆၀ ရရွိမည္ျဖစ္ျပီး အသင္း၏ ရွယ္ယာ အခ်ဳိ႕လည္း ပိုင္ဆိုင္ခြင့္ရမည္ ျဖစ္သည္။

မက္ဆီႏွင့္ ညွိႏႈိင္းမႈမ်ားမွာမူ ဆက္လက္လုပ္ေဆာင္ေနဆဲျဖစ္ကာ Major League ၏ အၾကီးဆံုးမိတ္ဖက္မ်ား ျဖစ္ေသာ Apple ၊ Adidas တို႔ႏွင့္ အက်ဳိးအျမတ္ခြဲေဝမႈမ်ား အပါအဝင္ျဖစ္သည္။

ကမၻာ့ဖလားဆြတ္ခူးရရွိထားသူ မက္ဆီသည္ ၃ ႏွစ္လစာ ေဒၚလာ ၁ ဒသမ ၆ ဘီလီယံျဖင့္ ကမ္းလွမ္းခဲ့ေသာ ေဆာ္ဒီကလပ္အပါအဝင္ ကမၻာေပၚရွိ မည္သည့္ကလပ္မဆို သြားေရာက္ကစားႏိုင္ေသာ္လည္း မိုင္အမ္မီကို ေရြးခ်ယ္ရျခင္းမွာ သူ၏ဇာတိ အာဂ်င္တီးနားႏွင့္ ဘဝေနထိုင္မႈဟန္မ်ားစြာတူညီေနေသာေၾကာင့္လည္း ျဖစ္သည္။

(၂၀၂၂ ခုႏွစ္တြင္ အာဂ်င္တီးနား ကမၻာ့ဖလားရေစရန္ ဦးေဆာင္မႈေပးခဲ့ေသာ မက္ဆီ မိုင္အမ္မီသို႔ ေျပာင္းေရႊ႕လာေသာေၾကာင့္ အိမ္ျခံေျမေလာကတြင္ လႈပ္ခတ္မႈမ်ား ျဖစ္ေစလ်က္ရွိသည္။ ဓာတ္ပံု-AFP Via Getty Images)

(မိုင္အမ္မီသို႔ မက္ဆီေရာက္လာေစရန္ ေဒးဗစ္ဘက္ခမ္းက ဆြဲေဆာင္ႏိုင္ခဲ့သည္။)

မိုင္အမ္မီတြင္ဆိုလွ်င္ မက္ဆီသည္ နာမည္ေက်ာ္ မိတ္ေဆြမ်ားႏွင့္ လြယ္ကူစြာေရာေထြးေနထိုင္ႏိုင္ျခင္း၊ စပိန္စကား ေျပာျခင္းမ်ား ျပဳလုပ္ႏိုင္မည္ျဖစ္သည္။ မိုင္အမ္မီသည္ လက္တင္ ယဥ္ေက်းမႈျဖင့္ နာမည္ၾကီးေသာ ျမိဳ႕ျဖစ္ရာ မက္ဆီအဖို႔ အလြယ္တကူ အံဝင္ခြင္ခ်ေနထုိင္ႏိုင္မည္ ျဖစ္သည္။ မိုင္အမ္မီအနီးတြင္ မက္ဆီသည္ အိမ္ပိုင္ဆိုင္ထားေသာ္လည္း မိုင္အမ္မီတြင္အိမ္ရွာရန္ စီစဥ္ထားရာ တန္ဖုိးၾကီးအိမ္ျခံေျမ အက်ဳိးေဆာင္တို႔အၾကား ဂယက္ရိုက္လ်က္ရွိသည္။

မက္ဆီသည္ ၂၀၁၉ ခုႏွစ္အတြင္း မိုင္အမ္မီ၏ ေျမာက္ဘက္ရွိ Sunny Isles Beach အမည္ရွိ ျမိဳ႕မွ Porsche Design တာဝါတြင္ တန္ဖိုးၾကီး ကြန္ဒိုခန္းတစ္ခန္း ဝယ္ယူထားသည္။

ပင္လယ္ရႈေမွ်ာ္ခင္း၊ ၂၄ နာရီလံုျခံဳေရး၊ အပူေပးစနစ္ပါေသာ ေရကူးကန္၊ အားကစားေလ့က်င့္ခန္းမႏွင့္ spa တို႔ ပါဝင္ျပီး စတုရန္းေပ ၄၄၀၀ က်ယ္ဝန္းေသာ ကြန္ဒိုခန္းကို မက္ဆီက ကန္ေဒၚလာ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(မက္ဆီအခန္းဝယ္ယူထားေသာ Porsche Design တာဝါတြင္ ဘီလ်ံနာ ၂၀ ဦးလည္း အခန္းမ်ား ပိုင္ဆိုင္ထားသည္။ ဓာတ္ပံု-MEGA)

(Porsche Design တာဝါတြင္ ေမာ္ေတာ္ကားမ်ား သယ္ယူႏိုင္သည့္ ဓာတ္ေလွကားလည္းရွိျပီး ကြန္ဒိုခန္းအသီးသီး၏ သီးသန္႔ဂိုေဒါင္မ်ားတြင္ မိမိတို႔၏ ေမာ္ေတာ္ကားမ်ားကို သိမ္းဆည္းထားႏိုင္သည္။ ဓာတ္ပံု-John Parra)

(Porsche Design တာဝါ။ ဓာတ္ပံု-John Parra)

(Porsche Design တာဝါ၏ ေရကူးကန္။ ဓာတ္ပံု-AFP)

၂၀၂၁ ခုႏွစ္တြင္ မက္ဆီသည္ ထိုေဒသတြင္ပင္ရွိေသာ Regalia တာဝါမွ ၉ လႊာတစ္ခုလံုးကို ေဒၚလာ ၇ ဒသမ ၃ သန္းျဖင့္ ဝယ္ယူခဲ့သည္။

(Regalia တာဝါ ။ ဓာတ္ပံု-OPX)

(Regalia တာဝါေပၚမွတဆင့္ သာယာလွပေသာ ပင္လယ္ကမ္းေျခရႈေမွ်ာ္ခင္းမ်ား ေတြ႔ျမင္ႏိုင္သည္။ ဓာတ္ပံု- Splash News )

(Regalia တာဝါမွ အခန္းကို မက္ဆီက မိသားစု ေနထုိင္ရန္ မဟုတ္ဘဲ ရင္းႏွီးျမွပ္ႏွံမႈအတြက္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္ဟု ယူဆရသည္။ ဓာတ္ပံု- Splash News )

သတင္းရင္းျမစ္မ်ား၏ ေျပာၾကားခ်က္အရ ကေလး ၃ ဦးရွိေသာ မက္ဆီတုိ႔မိသားစုသည္ အဆိုပါ တုိက္ခန္းမ်ားတြင္ ေနထိုင္ဖြယ္မရွိေၾကာင္း ၊ မက္ဆီတို႔ မိသားစုမွာ လံုးခ်င္းအိမ္မ်ားကိုသာ ႏွစ္သက္ေၾကာင္း ေျပာသည္။

(၂၀၂၁ ခုႏွစ္အတြင္း မက္ဆီက မိုင္အမ္မီရွိ ကမ္းေျခစံအိမ္ကို တစ္လလွ်င္ ေဒၚလာ ၂၀၀,၀၀၀ ျဖင့္ ငွားရမ္းေနထိုင္ခဲ့သည္။ ဓာတ္ပံု-MEGA)

(မက္ဆီအိမ္ငွား ေနထုိင္ခဲ့ေသာ Biscayne Key ကမ္းေျခေဒသ။ ဓာတ္ပံု-MEGA)

(မက္ဆီငွားရမ္းေနထိုင္ခဲ့ေသာ အိမ္မွာ ၄ ထပ္အိမ္ျဖစ္ျပီး ေရကူးကန္ ႏွင့္ ေလွဆိပ္တို႔ ပါဝင္သည္။ ဓာတ္ပံု-MEGA)

(မက္ဆီႏွင့္ ဇနီးျဖစ္သူ အန္တိုနယ္လာတို႔သည္ ကေလး ၃ ဦးျဖစ္ေသာ ဆီရို၊ မာတီယိုႏွင့္ သီယာဂိုတို႔အတြက္ လံုးခ်င္းအိမ္ ၁ လံုးရွာေဖြလိမ့္မည္ျဖစ္သည္။ ဓာတ္ပံု-WireImage)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Messi sets red-hot Miami property market and celeb scene ablaze as he moves to Florida (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
စင်္ကာပူမှ စံအိမ်ကြီးတစ်လုံးကို မလေးရှားဘဏ်သူဌေးကြီးတစ်ဦး၏ သမီးက စံချိန်တင်ဈေးနှုန်း စင်္ကာပူဒေါ်လာ ၉၄ သန်းနီးပါးပေးကာ ဝ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service