ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“သရဲကြောက်စိတ်”
ဟိုနေ့က သစေ (တစ္ဆေ) သရဲပုံပြင်အကြောင်းပြောမိတော့ကိုယ့်ရဲ့ ကိုယ်တွေ့လေးကို ရေးခဲ့မိတယ်။ ကျွန်တော်ကတော့ သစေသရဲဆိုတာ ကြောက်စိတ်ကို အခြေခံပြီးဖြစ်လာတဲ့ ကြောင်းတွေလို့ထင်ပါတယ်။(ဒီမှာတော့ တစ္ဆေကို သစေလို့ပဲ ရေးပါမယ်။ငယ်ငယ်တုန်းက သစေကြီးလို့ပဲ အထိတ်တလန့် ရေရွတ်ခဲ့တဲ့ စကားအတိုင်း အခုလည်း တစ္ဆေကို သစေလို့ ရေးလိုက်ရပါတယ်။ရှိပြီးစကား ရှုပ်အောင်ထပ်လုပ်တယ်ထင်ရင်လည်း ခွင့်လွှတ်ကြပါ။)
ညအမှောင်မှာ လေတိုက်လို့ သစ်ရွက်သစ်ကိုင်းချင်း ထိရှပွတ်တိုက်တာကို ကြောက်စိတ်အခြေခံလိုက်ရင် သစေသရဲတွေရဲ့ ငိုညည်းသံ၊ကုတ်ချစ်သံလို့ အထင်ရောက်သွားသူတွေရှိမှာပါ။
ညမှာလှုပ်ရှားသွားလာတတ်တဲ့ သတ္တဝါတစ်ကောင်ရဲ့ အရိပ်အယောင်တွေ အသံတွေကလည်း ကြောက်စိတ်ရှိသူတွေအတွက် တွေးဆဆင်ခြင်ဉာဏ်မရှိရင် သစေသရဲခြောက်တယ်အထင်နဲ့ ထိတ်လန့်မှုတွေ ခံစားသွားရနိုင်ပါတယ်။
တစ်ခါတော့ ရွာကအမေကြီးဆီ အလည်ပြန်ရင်း ကြုံရတဲ့အဖြစ်လေးကို ရေးချင်လာမိတယ်။ ကြောက်စိတ်အခြေခံမိလိုက်တဲ့ စိတ်ကြောင့် မကြောက်သင့်တာကို ကြောက်သွားတဲ့အကြောင်းလေးပါ။
အမေကြီးဆိုတာ ဖေဖေ့အမေ အဖွားကိုပြောတာပါ။အမေကြီးတို့အိမ်က ဝါးကပ်ထရံကာ နှစ်ထပ်အိမ်ကြီးပါ။ တိုင်လုံးကြီးတွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးပေါ့။အိမ်က မြောက်ဘက်ကို မျက်နှာမူထားတယ်။ အရှေ့ဘက်ကိုတော့ အိမ်မကြီးကနေ အဖီဆွဲထားတယ်။ အဲဒီအဖီအောက်မှာ အိမ်မကြီးအတိုင်း တောင်နဲ့ မြောက် အလျားလိုက်ကွပ်ပျစ်ရှည်ကြီးတစ်ခုကို အသေဆောက်ထားတယ်။
အိမ်မကြီးရဲ့ အောက်တည့်တည့်မှာ လူလေးငါးယောက်လောက် အိပ်လို့ရတဲ့ ကုတင်ကြီးတစ်ခုရှိတယ်။ ကုတင်က အိမ်တိုင်ကို ခေါင်းရင်းပြုထားလို့ပေါ့။ ကျွန်တော်တို့ အမေကြီးဆီ အလည်ပြန်ရင် အဲဒီကုတင်ကြီး ပေါ်မှာ အိပ်ဖြစ်တာများပါတယ်။အဖီအောက်က ကွပ်ပျစ်ပေါ်မှာ တစ်ခါတစ်ရံမှ အိပ်ဖြစ်ပါတယ်။
အင်း…ပြောရဦးမယ်။ကျွန်တော်တို့ရွာကြီးက အေးချမ်းတဲ့ရွာကြီးပါ။ကိုယ်ပိုင်ဆိုင်ရာမို့သာ ခြံစည်းရိုးတွေ ဝိုင်းပတ်ထားကြပေမယ့် တစ်ရွာလုံးရဲ့ အိမ်တိုင်းမှာရှိတဲ့ ခြံတံခါးတွေကတော့ သော့ဆိုတာ ရှိမနေပါဘူး။ အိမ်တိုင်းရဲ့ ခြံတံခါးကြီးတွေကလည်း လှည်းဝင်လို့ရအောင်လုပ်ထားတော့ ဝင်ပေါက်ကြီးတွေက အကျယ်ကြီးတွေပေါ့။ဝင်းတံခါးကြီးတွေကို ဆုံလည်လို့လုပ်ထားပြီးဖွင့်ရတယ်။
ခြံဝင်းတံခါးရွက်ကို ဖွင့်ထားတဲ့အခါ ဒီအတိုင်းထားလို့မရပါဘူး။ မယိုင်လဲအောင် ခွထောက်လေးနဲ့ထောက်ပြီး ထိန်းထားရပါတယ်။ ခြံဝင်းကို ပိတ်ထားပြီဆိုရင်လည်း အဲဒီခွထောက်လေးနဲ့ ထောက်ပြီး ပိတ်ထားလိုက်ရုံပါပဲ။ ပိတ်တယ်လို့သာ ပြောရတာ၊ အပြင်က ဝင်ချင်တဲ့သူက ခြံတံခါးရွက်ကို နဲနဲလောက် တွန်းဟပြီး ခုနက ခွထောက်လေးကို ဖယ်ပြီးဝင်မယ်ဆို အလွယ်တကူဝင်လို့ရပါတယ်။
ရပ်ရွာအေးချမ်းတဲ့ အခြေအနေမှာ ကျွန်တော်တို့ရွာကြီးက အဲဒီလိုနေခဲ့ကြတာပါ။ အိမ်မကြီးမှာလည်း အပေါ်ထပ်က ပြတင်းပေါက်တွေမှာသာ တံခါးရွက်ရှိပြီး အောက်ထပ်မှာတော့ ဘာတံခါးရွက်မှကို မရှိပါဘူး။
ညမို့သာ မှောင်နေပေမယ့် သဘာဝအလင်းရောင်ပျပျလေးက တံခါးရွက်မရှိတဲ့ အိမ်ထဲကို အထိုက်အလျောက်တော့ ဝင်နေတာပေါ့။ လသာတဲ့ညများဆိုရင် ခုတင်ကြီးပေါ်မှာ အိပ်နေရင်း တောင်ဘက်ခပ်စောင်းစောင်းကနေ အိမ်တံခါးပေါက်အတိုင်းဝင်နေတဲ့ လရောင်ကိုတွေ့မြင်နေရတယ်။ ဒီအလင်းရောင်တွေကြောင့်လည်း အရိပ်တွေဆိုတာတွေက ဖြစ်နေတာပေါ့။
အဲဒီလို သဘာဝရဲ့ အလင်းတွေက တံခါးမရှိတဲ့ အိမ်ရဲ့ အောက်ဖက်ကို ဝင်နေရာကနေဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုက ကျွန်တော်ဘဝမှာ ကြောက်စိတ်ဖြစ်ပေါ်ခဲ့ဖူးတယ်။
တစ်ညမှာ အိမ်အောက်ထပ်က ကုတင်ကြီးမှာ ကျွန်တော်အိပ်ပျော်သွားခဲ့တယ်။အဲဒီညက လသာရက်တော့ မဟုတ်ပါဘူး။ကြယ်တွေထွန်းတောက်နေတဲ့ ကောင်းကင်အရောင်ပဲ ရှိခဲ့တဲ့ညပါ။
ပုံမှန်ဆိုရင် မိုးလင်းမှနိုးတတ်တဲ့ ကျွန်တော်။ အဲဒီညက ဘယ်လို အိပ်မက်တွေမက်လို့ ကျွန်တော်တစ်ရေးနိုးလာ ခဲ့တယ် မသိပါဘူး။ချွေးတွေလည်းထွက်၊ အိုက်စပ်စပ်ဖြစ်လို့ပေါ့။တစ်ရေးသာနိုးလာခဲ့ပေမယ့် အိပ်ချင်စိတ်တွေနဲ့ ဝိုးတဝါးဖြစ်နေခဲ့တယ်။
ခေါင်းကိုမော့ပြီး ဟိုဒီကြည့်လိုက်တော့ ကျွန်တော်အိပ်နေတဲ့ ကုတင်ခေါင်းရင်းကနေ ကျွန်တော့်ကို ငုံကြည့်နေတဲ့သူကို တွေ့လိုက်ရတယ်။မှုန်ဝါးဝါးအလင်းရောင်မှာ သူ့ကိုမြင်လိုက်ရတာက မည်းလို့ မှောင်လို့ပေါ့။ မလှုပ်မယှက် ငြိမ်ငြိမ်ကြီး ကျွန်တော့်ကို စီးမိုးပြီးကြည့်နေလေရဲ့။
ရင်ဘတ်ပေါ်က အညာစောင်လေးကို အမြန်ယူပြီး ခေါင်းကို ခြုံလိုက်ရတယ်။ကျွန်တော့်မြင်ကွင်းကနေ သူပျောက်သွားပေမယ့် သူကျွန်တော့်ကို ဆက်ကြည့်နေမယ်ဆိုတဲ့ စိတ်က ကျွန်တော့်ကို အတော်ဒုက္ခပေး ပါတယ်။
အဲဒီလို ကြောက်စိတ်ကြီးနဲ့ နေရတဲ့ ဒုက္ခကို ကျွန်တော်အမုန်းဆုံးပါ။ ခပ်ဝေးဝေးက ခွေးတစ်ကောင်ရဲ့ ဆွဲဆွဲငင်ငင်အူတဲ့ အသံကလည်း ဒီအချိန်ကျမှ တိုက်တိုက်ဆိုင်ဆိုင် စောင်ခြုံထဲကနေကြားလိုက်ရတယ်။ အကြောက်တရားက ငယ်ထိပ်ဆောင့်တက်တော့တာပဲ။ မအိပ်နိုင်မယ့် အတူတူ မိုးရယ်အမြန်လင်းပါတော့ လို့လည်း ဆုတောင်းနေမိတယ်။
မိုးလင်းဖို့ကလည်း အတော်လေးကို လိုနေသေးတယ်။စောင်ခြုံဖွင့်လိုက်လို့ ဒီကောင်ကြီးက လျှာထုတ်ပြရင် အခက်။ကျွန်တော်မှာ စောင်ခြုံထဲမှာ ကိုယ့်အတွေး၊ကိုယ့်ကြောက်စိတ်တို့နဲ့ ဒုက္ခတွေများလို့ပေါ့။ဒီလိုတော့ဖြင့် မနေနိုင်ဘူး။ဘယ်လိုလုပ်ရင်ကောင်းမလဲ။အတွေးတို့ ယောက်ယက်ခတ်နေတာပေါ့။
နောက်ဆုံးတော့ ဖြစ်ချင်တာဖြစ်ကွာဆိုပြီး မျက်နှာကို မဖော်ဘဲ စောင်ခြုံအပြင် လက်ကိုထုတ်လို့ ကျွန်တော်ကို စီးမိုးပြီး ကြည့်နေတဲ့ မည်းမည်းရှည်ရှည်ကြီးကို အားကုန်ထုတ်ပြီး လက်ပြန်ရိုက်လိုက်ပါတယ်။
“အား”ကနဲ အသံထွက်သွားပါတယ်။
မည်းမည်းရှည်ရှည်ကြီးဆီက မဟုတ်ဘဲ ကျွန်တော့် ပါးစပ်က ထွက်သွားတဲ့အသံပါ။ကျွန်တော်ရိုက်လိုက်တဲ့ အရာက သရဲသစေမဟုတ်ဘဲ အိမ်တိုင်ကြီး ဖြစ်နေပါရောလားဗျာ။
ဒါတွေက ဘာလဲဆိုရင် ကြောက်စိတ်လေးက အရင်စလိုက်လို့ပါပဲ။အမှောင်တွေ အရိပ်တွေကို ကြောက်စိတ်က သရဲသစေလို့ အရင်တွေးလိုက်တာကနေ တောက်လျှောက် မဟုတ်တာတွေကို ဖြစ်သွားစေတာပါပဲ။
ကြောက်စိတ်ပေါ်လာရင်တောင် စူးစမ်းမှုလေးနဲ့ သတိကပ်လိုက်ရင် ဒါမျိုးဖြစ်လာမှာမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ်လေ ငယ်ငယ်တုန်က အဖြစ်လေးက ဘဝမှာ သင်ခန်းစာလေးဖြစ်ခဲ့ရပြီး ရုတ်တရက် ကြောက်စရာတွေ့ခဲ့ရင်တောင် ကျွန်တော်သတိနဲ့ နေနိုင်ခဲ့ပြီး တရားလွန်ကြီး မကြောက်တော့ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၇)
“သရဲေၾကာက္စိတ္”
ဟိုေန႔က သေစ (တေစၧ) သရဲပုံျပင္အေၾကာင္းေျပာမိေတာ့ကိုယ့္ရဲ႕ ကိုယ္ေတြ႕ေလးကို ေရးခဲ့မိတယ္။ ကြၽန္ေတာ္ကေတာ့ သေစသရဲဆိုတာ ေၾကာက္စိတ္ကို အေျခခံၿပီးျဖစ္လာတဲ့ ေၾကာင္းေတြလို႔ထင္ပါတယ္။(ဒီမွာေတာ့ တေစၧကို သေစလို႔ပဲ ေရးပါမယ္။ငယ္ငယ္တုန္းက သေစႀကီးလို႔ပဲ အထိတ္တလန္႔ ေရ႐ြတ္ခဲ့တဲ့ စကားအတိုင္း အခုလည္း တေစၧကို သေစလို႔ ေရးလိုက္ရပါတယ္။႐ွိၿပီးစကား ႐ႈပ္ေအာင္ထပ္လုပ္တယ္ထင္ရင္လည္း ခြင့္လႊတ္ၾကပါ။)
ညအေမွာင္မွာ ေလတိုက္လို႔ သစ္႐ြက္သစ္ကိုင္းခ်င္း ထိ႐ွပြတ္တိုက္တာကို ေၾကာက္စိတ္အေျခခံလိုက္ရင္ သေစသရဲေတြရဲ႕ ငိုညည္းသံ၊ကုတ္ခ်စ္သံလို႔ အထင္ေရာက္သြားသူေတြ႐ွိမွာပါ။
ညမွာလႈပ္႐ွားသြားလာတတ္တဲ့ သတၱဝါတစ္ေကာင္ရဲ႕ အရိပ္အေယာင္ေတြ အသံေတြကလည္း ေၾကာက္စိတ္႐ွိသူေတြအတြက္ ေတြးဆဆင္ျခင္ဉာဏ္မ႐ွိရင္ သေစသရဲေျခာက္တယ္အထင္နဲ႔ ထိတ္လန္႔မႈေတြ ခံစားသြားရႏိုင္ပါတယ္။
တစ္ခါေတာ့ ႐ြာကအေမႀကီးဆီ အလည္ျပန္ရင္း ၾကဳံရတဲ့အျဖစ္ေလးကို ေရးခ်င္လာမိတယ္။ ေၾကာက္စိတ္အေျခခံမိလိုက္တဲ့ စိတ္ေၾကာင့္ မေၾကာက္သင့္တာကို ေၾကာက္သြားတဲ့အေၾကာင္းေလးပါ။
အေမႀကီးဆိုတာ ေဖေဖ့အေမ အဖြားကိုေျပာတာပါ။အေမႀကီးတို႔အိမ္က ဝါးကပ္ထရံကာ ႏွစ္ထပ္အိမ္ႀကီးပါ။ တိုင္လုံးႀကီးေတြနဲ႔ ေဆာက္ထားတဲ့ အိမ္ႀကီးေပါ့။အိမ္က ေျမာက္ဘက္ကို မ်က္ႏွာမူထားတယ္။ အေ႐ွ႕ဘက္ကိုေတာ့ အိမ္မႀကီးကေန အဖီဆြဲထားတယ္။ အဲဒီအဖီေအာက္မွာ အိမ္မႀကီးအတိုင္း ေတာင္နဲ႔ ေျမာက္ အလ်ားလိုက္ကြပ္ပ်စ္႐ွည္ႀကီးတစ္ခုကို အေသေဆာက္ထားတယ္။
အိမ္မႀကီးရဲ႕ ေအာက္တည့္တည့္မွာ လူေလးငါးေယာက္ေလာက္ အိပ္လို႔ရတဲ့ ကုတင္ႀကီးတစ္ခု႐ွိတယ္။ ကုတင္က အိမ္တိုင္ကို ေခါင္းရင္းျပဳထားလို႔ေပါ့။ ကြၽန္ေတာ္တို႔ အေမႀကီးဆီ အလည္ျပန္ရင္ အဲဒီကုတင္ႀကီး ေပၚမွာ အိပ္ျဖစ္တာမ်ားပါတယ္။အဖီေအာက္က ကြပ္ပ်စ္ေပၚမွာ တစ္ခါတစ္ရံမွ အိပ္ျဖစ္ပါတယ္။
အင္း…ေျပာရဦးမယ္။ကြၽန္ေတာ္တို႔႐ြာႀကီးက ေအးခ်မ္းတဲ့႐ြာႀကီးပါ။ကိုယ္ပိုင္ဆိုင္ရာမို႔သာ ျခံစည္း႐ိုးေတြ ဝိုင္းပတ္ထားၾကေပမယ့္ တစ္႐ြာလုံးရဲ႕ အိမ္တိုင္းမွာ႐ွိတဲ့ ျခံတံခါးေတြကေတာ့ ေသာ့ဆိုတာ ႐ွိမေနပါဘူး။ အိမ္တိုင္းရဲ႕ ျခံတံခါးႀကီးေတြကလည္း လွည္းဝင္လို႔ရေအာင္လုပ္ထားေတာ့ ဝင္ေပါက္ႀကီးေတြက အက်ယ္ႀကီးေတြေပါ့။ဝင္းတံခါးႀကီးေတြကို ဆုံလည္လို႔လုပ္ထားၿပီးဖြင့္ရတယ္။
ျခံဝင္းတံခါး႐ြက္ကို ဖြင့္ထားတဲ့အခါ ဒီအတိုင္းထားလို႔မရပါဘူး။ မယိုင္လဲေအာင္ ခြေထာက္ေလးနဲ႔ေထာက္ၿပီး ထိန္းထားရပါတယ္။ ျခံဝင္းကို ပိတ္ထားၿပီဆိုရင္လည္း အဲဒီခြေထာက္ေလးနဲ႔ ေထာက္ၿပီး ပိတ္ထားလိုက္႐ုံပါပဲ။ ပိတ္တယ္လို႔သာ ေျပာရတာ၊ အျပင္က ဝင္ခ်င္တဲ့သူက ျခံတံခါး႐ြက္ကို နဲနဲေလာက္ တြန္းဟၿပီး ခုနက ခြေထာက္ေလးကို ဖယ္ၿပီးဝင္မယ္ဆို အလြယ္တကူဝင္လို႔ရပါတယ္။
ရပ္႐ြာေအးခ်မ္းတဲ့ အေျခအေနမွာ ကြၽန္ေတာ္တို႔႐ြာႀကီးက အဲဒီလိုေနခဲ့ၾကတာပါ။ အိမ္မႀကီးမွာလည္း အေပၚထပ္က ျပတင္းေပါက္ေတြမွာသာ တံခါး႐ြက္႐ွိၿပီး ေအာက္ထပ္မွာေတာ့ ဘာတံခါး႐ြက္မွကို မ႐ွိပါဘူး။
ညမို႔သာ ေမွာင္ေနေပမယ့္ သဘာဝအလင္းေရာင္ပ်ပ်ေလးက တံခါး႐ြက္မ႐ွိတဲ့ အိမ္ထဲကို အထိုက္အေလ်ာက္ေတာ့ ဝင္ေနတာေပါ့။ လသာတဲ့ညမ်ားဆိုရင္ ခုတင္ႀကီးေပၚမွာ အိပ္ေနရင္း ေတာင္ဘက္ခပ္ေစာင္းေစာင္းကေန အိမ္တံခါးေပါက္အတိုင္းဝင္ေနတဲ့ လေရာင္ကိုေတြ႕ျမင္ေနရတယ္။ ဒီအလင္းေရာင္ေတြေၾကာင့္လည္း အရိပ္ေတြဆိုတာေတြက ျဖစ္ေနတာေပါ့။
အဲဒီလို သဘာဝရဲ႕ အလင္းေတြက တံခါးမ႐ွိတဲ့ အိမ္ရဲ႕ ေအာက္ဖက္ကို ဝင္ေနရာကေနျဖစ္ခဲ့တဲ့ ျဖစ္ရပ္ေလးတစ္ခုက ကြၽန္ေတာ္ဘဝမွာ ေၾကာက္စိတ္ျဖစ္ေပၚခဲ့ဖူးတယ္။
တစ္ညမွာ အိမ္ေအာက္ထပ္က ကုတင္ႀကီးမွာ ကြၽန္ေတာ္အိပ္ေပ်ာ္သြားခဲ့တယ္။အဲဒီညက လသာရက္ေတာ့ မဟုတ္ပါဘူး။ၾကယ္ေတြထြန္းေတာက္ေနတဲ့ ေကာင္းကင္အေရာင္ပဲ ႐ွိခဲ့တဲ့ညပါ။
ပုံမွန္ဆိုရင္ မိုးလင္းမွႏိုးတတ္တဲ့ ကြၽန္ေတာ္။ အဲဒီညက ဘယ္လို အိပ္မက္ေတြမက္လို႔ ကြၽန္ေတာ္တစ္ေရးႏိုးလာ ခဲ့တယ္ မသိပါဘူး။ေခြၽးေတြလည္းထြက္၊ အိုက္စပ္စပ္ျဖစ္လို႔ေပါ့။တစ္ေရးသာႏိုးလာခဲ့ေပမယ့္ အိပ္ခ်င္စိတ္ေတြနဲ႔ ဝိုးတဝါးျဖစ္ေနခဲ့တယ္။
ေခါင္းကိုေမာ့ၿပီး ဟိုဒီၾကည့္လိုက္ေတာ့ ကြၽန္ေတာ္အိပ္ေနတဲ့ ကုတင္ေခါင္းရင္းကေန ကြၽန္ေတာ့္ကို ငုံၾကည့္ေနတဲ့သူကို ေတြ႕လိုက္ရတယ္။မႈန္ဝါးဝါးအလင္းေရာင္မွာ သူ႕ကိုျမင္လိုက္ရတာက မည္းလို႔ ေမွာင္လို႔ေပါ့။ မလႈပ္မယွက္ ၿငိမ္ၿငိမ္ႀကီး ကြၽန္ေတာ့္ကို စီးမိုးၿပီးၾကည့္ေနေလရဲ႕။
ရင္ဘတ္ေပၚက အညာေစာင္ေလးကို အျမန္ယူၿပီး ေခါင္းကို ျခဳံလိုက္ရတယ္။ကြၽန္ေတာ့္ျမင္ကြင္းကေန သူေပ်ာက္သြားေပမယ့္ သူကြၽန္ေတာ့္ကို ဆက္ၾကည့္ေနမယ္ဆိုတဲ့ စိတ္က ကြၽန္ေတာ့္ကို အေတာ္ဒုကၡေပး ပါတယ္။
အဲဒီလို ေၾကာက္စိတ္ႀကီးနဲ႔ ေနရတဲ့ ဒုကၡကို ကြၽန္ေတာ္အမုန္းဆုံးပါ။ ခပ္ေဝးေဝးက ေခြးတစ္ေကာင္ရဲ႕ ဆြဲဆြဲငင္ငင္အူတဲ့ အသံကလည္း ဒီအခ်ိန္က်မွ တိုက္တိုက္ဆိုင္ဆိုင္ ေစာင္ျခဳံထဲကေနၾကားလိုက္ရတယ္။ အေၾကာက္တရားက ငယ္ထိပ္ေဆာင့္တက္ေတာ့တာပဲ။ မအိပ္ႏိုင္မယ့္ အတူတူ မိုးရယ္အျမန္လင္းပါေတာ့ လို႔လည္း ဆုေတာင္းေနမိတယ္။
မိုးလင္းဖို႔ကလည္း အေတာ္ေလးကို လိုေနေသးတယ္။ေစာင္ျခဳံဖြင့္လိုက္လို႔ ဒီေကာင္ႀကီးက လွ်ာထုတ္ျပရင္ အခက္။ကြၽန္ေတာ္မွာ ေစာင္ျခဳံထဲမွာ ကိုယ့္အေတြး၊ကိုယ့္ေၾကာက္စိတ္တို႔နဲ႔ ဒုကၡေတြမ်ားလို႔ေပါ့။ဒီလိုေတာ့ျဖင့္ မေနႏိုင္ဘူး။ဘယ္လိုလုပ္ရင္ေကာင္းမလဲ။အေတြးတို႔ ေယာက္ယက္ခတ္ေနတာေပါ့။
ေနာက္ဆုံးေတာ့ ျဖစ္ခ်င္တာျဖစ္ကြာဆိုၿပီး မ်က္ႏွာကို မေဖာ္ဘဲ ေစာင္ျခဳံအျပင္ လက္ကိုထုတ္လို႔ ကြၽန္ေတာ္ကို စီးမိုးၿပီး ၾကည့္ေနတဲ့ မည္းမည္း႐ွည္႐ွည္ႀကီးကို အားကုန္ထုတ္ၿပီး လက္ျပန္႐ိုက္လိုက္ပါတယ္။
“အား”ကနဲ အသံထြက္သြားပါတယ္။
မည္းမည္း႐ွည္႐ွည္ႀကီးဆီက မဟုတ္ဘဲ ကြၽန္ေတာ့္ ပါးစပ္က ထြက္သြားတဲ့အသံပါ။ကြၽန္ေတာ္႐ိုက္လိုက္တဲ့ အရာက သရဲသေစမဟုတ္ဘဲ အိမ္တိုင္ႀကီး ျဖစ္ေနပါေရာလားဗ်ာ။
ဒါေတြက ဘာလဲဆိုရင္ ေၾကာက္စိတ္ေလးက အရင္စလိုက္လို႔ပါပဲ။အေမွာင္ေတြ အရိပ္ေတြကို ေၾကာက္စိတ္က သရဲသေစလို႔ အရင္ေတြးလိုက္တာကေန ေတာက္ေလွ်ာက္ မဟုတ္တာေတြကို ျဖစ္သြားေစတာပါပဲ။
ေၾကာက္စိတ္ေပၚလာရင္ေတာင္ စူးစမ္းမႈေလးနဲ႔ သတိကပ္လိုက္ရင္ ဒါမ်ိဳးျဖစ္လာမွာမဟုတ္ပါဘူး။ ဘာပဲျဖစ္ျဖစ္ေလ ငယ္ငယ္တုန္က အျဖစ္ေလးက ဘဝမွာ သင္ခန္းစာေလးျဖစ္ခဲ့ရၿပီး ႐ုတ္တရက္ ေၾကာက္စရာေတြ႕ခဲ့ရင္ေတာင္ ကြၽန္ေတာ္သတိနဲ႔ ေနႏိုင္ခဲ့ၿပီး တရားလြန္ႀကီး မေၾကာက္ေတာ့ပါဘူး။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com