ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
စီးပွားရေးအခြေအနေ အမျိုးမျိုးကွဲပြားမှုရှိရာတွင် အာရှ၏ ဆောက်လုပ်ရေး ဈေးကွက်အလားအလာမှာ တက်ရိပ်ပြနေကြောင်း နိုင်ငံတကာဆောက်လုပ်ရေးဈေးကွက် စစ်တမ်းအရ တွေ့ရသည်။
အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်သော Turner & Townsend မှ ထုတ်ပြန်ခဲ့သော နှစ်ပတ်လည်စစ်တမ်းတွင် ကမ္ဘာ့နေရာပေါင်း ၈၉ ခုရှိ ကူးသန်းရောင်းဝယ်ရေး ၊ လူနေနှင့် စက်မှုလုပ်ငန်းစီမံကိန်းများ၏ ၁ စတုရန်းမီတာ ပျမ်းမျှဆောက်လုပ်ရေးကုန်ကျစရိတ်ကို ဖော်ပြထားသည်။
အာရှတွင် ဝယ်လိုအား အားကောင်းကာ အိမ်ခြံမြေဈေးကွက် ခိုင်မာသည့် စင်္ကာပူ ၊ ဟောင်ကောင် ၊ ဂျပန်နှင့် တောင်ကိုရီးယားတို့တွင် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်များပြားခြင်းနှင့် အလုပ်သမားခ မြင့်တက်ခြင်းတို့ကြောင့် ဆောက်လုပ်ရေးကုန်ကျစရိတ်များ များပြားလာစေခဲ့သည်။
တိုကျိုနှင့် အိုဆာကာတို့သည် အာရှတွင် ဆောက်လုပ်ရေးကုန်ကျစရိတ် အမြင့်မားဆုံးမြို့များအဖြစ် ရပ်တည်နေပြီး တိုကျိုတွင် ၁ စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၄၅၆၇ ၊ အိုဆာကာတွင် ၁ စတုရန်းမီတာလျှင် ကန်ဒေါ်လာ ၄၄၉၇ အထိ ကုန်ကျသည်ဟု ဆိုသည်။
တစ်ကမ္ဘာလုံးအတိုင်းအတာ ဆောက်လုပ်ရေးကုန်ကျစရိတ် အများဆုံးနေရာများ စာရင်းတွင် တိုကျိုမှာ ပဉ္စမနေရာတွင် ရပ်တည်နေပြီး အိုဆာကာမှာ ဆဌမနေရာတွင် ရပ်တည်နေသည်။
ဟောင်ကောင်တွင် ၁ စတုရန်းမီတာ ပျမ်းမျှ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာ ၄၂၉၂ ဒေါ်လာရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာတွင် နံပါတ် ၁၁ နေရာမှ ရပ်တည်နေသည်။
စင်္ကာပူ၏ ပျှမ်းမျှ ဆောက်လုပ်ရေးကုန်ကျစရိတ်မှာ ၁ စတုရန်းမီတာလျှင် ၃၃၀၇ ဒေါ်လာဖြစ်ပြီး အာရှတွင် စတုတ္ထနေရာ၌ ရပ်တည်နေပြီး တစ်ကမ္ဘာလုံးတွင် နံပါတ် ၃၁ နေရာ၌ ရှိသည်။
Turner & Townsend ၏ ဖော်ပြချက်အရ စင်္ကာပူတွင် ပြီးခဲ့သောနှစ်အတွင်း ဆောက်လုပ်ရေး ကုန်ကျစရိတ် မြင့်တက်မှု အလွန်မြင့်မားခဲ့ပြီး ၁၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်း ဖော်ပြသည်။
ဆောက်လုပ်ရေးဈေးကွက်သည် ကျွမ်းကျင်လုပ်သားလိုအပ်ချက် ၊ လုပ်အားခမြင့်တက်မှု ၊ ဆောက်လုပ်ရေးပစ္စည်း ဈေးနှုန်းမြင့်တက်မှုများ ဆက်လက် ရင်ဆိုင်နေရမည်ဖြစ်ရာ ဆောက်လုပ်ရေး ကုန်ကျစရိတ်မှာ ဆက်လက်မြင့်မားနေမည်ဖြစ်ကြောင်း Turner & Townsend က ခန့်မှန်းထားသည်။
စင်္ကာပူတွင် ဇီဝဆေးဝါးကဏ္ဍ ထွန်းကားလာမှုနှင့်အတူ အများပြည်သူအိမ်ရာ ၊ အခြေခံအဆောက်အအုံ ၊ ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဆောက်လုပ်ရေးလုပ်ငန်းများ အားကောင်းနေသည်။
ဂျပန်တွင်လည်း ၂၀၂၅ ခုနှစ်တွင် အိုဆာကာ၌ ကျင်းပမည့် World Expo အတွက် ဆောက်လုပ်ရေး လုပ်ငန်းများ အားကောင်းနေသည်။
ဟောင်ကောင်နှင့် တရုတ်ပြည်မကြီးတို့တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖယ်ရှားပေးခဲ့ပြီးနောက်ပိုင်း ဆောက်လုပ်ရေးကဏ္ဍ ပြန်လည်နလန်ထူလာရန် မျှော်မှန်းထားသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Singapore average construction cost fourth highest in Asia: Turner and Townsend (edgeprop)
[Zawgyi]
တုိက်ဳိမွာ အာရွတြင္ ေဆာက္လုပ္ေရးကုန္က်စရိတ္ အျမင့္မားဆံုး ျဖစ္ေနျပီး စကၤာပူမွာ စတုတၳေနရာတြင္ ရပ္တည္
စီးပြားေရးအေျခအေန အမ်ဳိးမ်ဳိးကြဲျပားမႈရွိရာတြင္ အာရွ၏ ေဆာက္လုပ္ေရး ေစ်းကြက္အလားအလာမွာ တက္ရိပ္ျပေနေၾကာင္း ႏိုင္ငံတကာေဆာက္လုပ္ေရးေစ်းကြက္ စစ္တမ္းအရ ေတြ႔ရသည္။
အတိုင္ပင္ခံကုမၸဏီတစ္ခုျဖစ္ေသာ Turner & Townsend မွ ထုတ္ျပန္ခဲ့ေသာ ႏွစ္ပတ္လည္စစ္တမ္းတြင္ ကမၻာ့ေနရာေပါင္း ၈၉ ခုရွိ ကူးသန္းေရာင္းဝယ္ေရး ၊ လူေနႏွင့္ စက္မႈလုပ္ငန္းစီမံကိန္းမ်ား၏ ၁ စတုရန္းမီတာ ပ်မ္းမွ်ေဆာက္လုပ္ေရးကုန္က်စရိတ္ကို ေဖာ္ျပထားသည္။
အာရွတြင္ ဝယ္လိုအား အားေကာင္းကာ အိမ္ျခံေျမေစ်းကြက္ ခုိင္မာသည့္ စကၤာပူ ၊ ေဟာင္ေကာင္ ၊ ဂ်ပန္ႏွင့္ ေတာင္ကိုရီးယားတို႔တြင္ ကၽြမ္းက်င္ဝန္ထမ္းလုိအပ္ခ်က္မ်ားျပားျခင္းႏွင့္ အလုပ္သမားခ ျမင့္တက္ျခင္းတို႔ေၾကာင့္ ေဆာက္လုပ္ေရးကုန္က်စရိတ္မ်ား မ်ားျပားလာေစခဲ့သည္။
တိုက်ဳိႏွင့္ အိုဆာကာတို႔သည္ အာရွတြင္ ေဆာက္လုပ္ေရးကုန္က်စရိတ္ အျမင့္မားဆံုးျမိဳ႕မ်ားအျဖစ္ ရပ္တည္ေနျပီး တိုက်ဳိတြင္ ၁ စတုရန္းမီတာလွ်င္ ကန္ေဒၚလာ ၄၅၆၇ ၊ အိုဆာကာတြင္ ၁ စတုရန္းမီတာလွ်င္ ကန္ေဒၚလာ ၄၄၉၇ အထိ ကုန္က်သည္ဟု ဆိုသည္။
တစ္ကမၻာလံုးအတုိင္းအတာ ေဆာက္လုပ္ေရးကုန္က်စရိတ္ အမ်ားဆံုးေနရာမ်ား စာရင္းတြင္ တိုက်ဳိမွာ ပဥၥမေနရာတြင္ ရပ္တည္ေနျပီး အိုဆာကာမွာ ဆဌမေနရာတြင္ ရပ္တည္ေနသည္။
ေဟာင္ေကာင္တြင္ ၁ စတုရန္းမီတာ ပ်မ္းမွ် ေဆာက္လုပ္ေရးကုန္က်စရိတ္မွာ ၄၂၉၂ ေဒၚလာရွိျပီး တစ္ကမၻာလံုးအတုိင္းအတာတြင္ နံပါတ္ ၁၁ ေနရာမွ ရပ္တည္ေနသည္။
စကၤာပူ၏ ပွ်မ္းမွ် ေဆာက္လုပ္ေရးကုန္က်စရိတ္မွာ ၁ စတုရန္းမီတာလွ်င္ ၃၃၀၇ ေဒၚလာျဖစ္ျပီး အာရွတြင္ စတုတၳေနရာ၌ ရပ္တည္ေနျပီး တစ္ကမၻာလံုးတြင္ နံပါတ္ ၃၁ ေနရာ၌ ရွိသည္။
Turner & Townsend ၏ ေဖာ္ျပခ်က္အရ စကၤာပူတြင္ ျပီးခဲ့ေသာႏွစ္အတြင္း ေဆာက္လုပ္ေရး ကုန္က်စရိတ္ ျမင့္တက္မႈ အလြန္ျမင့္မားခဲ့ျပီး ၁၂ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ေၾကာင္း ေဖာ္ျပသည္။
ေဆာက္လုပ္ေရးေစ်းကြက္သည္ ကၽြမ္းက်င္လုပ္သားလိုအပ္ခ်က္ ၊ လုပ္အားချမင့္တက္မႈ ၊ ေဆာက္လုပ္ေရးပစၥည္း ေစ်းႏႈန္းျမင့္တက္မႈမ်ား ဆက္လက္ ရင္ဆိုင္ေနရမည္ျဖစ္ရာ ေဆာက္လုပ္ေရး ကုန္က်စရိတ္မွာ ဆက္လက္ျမင့္မားေနမည္ျဖစ္ေၾကာင္း Turner & Townsend က ခန္႔မွန္းထားသည္။
စကၤာပူတြင္ ဇီဝေဆးဝါးက႑ ထြန္းကားလာမႈႏွင့္အတူ အမ်ားျပည္သူအိမ္ရာ ၊ အေျခခံအေဆာက္အအံု ၊ ကူးသန္းေရာင္းဝယ္ေရးဆိုင္ရာ ေဆာက္လုပ္ေရးလုပ္ငန္းမ်ား အားေကာင္းေနသည္။
ဂ်ပန္တြင္လည္း ၂၀၂၅ ခုႏွစ္တြင္ အိုဆာကာ၌ က်င္းပမည့္ World Expo အတြက္ ေဆာက္လုပ္ေရး လုပ္ငန္းမ်ား အားေကာင္းေနသည္။
ေဟာင္ေကာင္ႏွင့္ တရုတ္ျပည္မၾကီးတို႔တြင္ ကိုဗစ္-၁၉ ကန္႔သတ္ခ်က္မ်ား ဖယ္ရွားေပးခဲ့ျပီးေနာက္ပိုင္း ေဆာက္လုပ္ေရးက႑ ျပန္လည္နလန္ထူလာရန္ ေမွ်ာ္မွန္းထားသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Singapore average construction cost fourth highest in Asia: Turner and Townsend (edgeprop)