အင်္ဂလန်တွင် အိမ်ငှားရန် မတတ်နိုင်သော ဂီတပညာရှင်တစ်ဦး စွန့်ပစ်ထားသော စာသင်ကျောင်းတစ်ခုထဲတွင် ဝင်ရောက် နေထိုင်
အင်္ဂလန်တွင် အိမ်ငှားရန် မတတ်နိုင်သော ဂီတပညာရှင်တစ်ဦး စွန့်ပစ်ထားသော စာသင်ကျောင်းတစ်ခုထဲတွင် ဝင်ရောက် နေထိုင် - Property News in Myanmar from iMyanmarHouse.com
4 Jul 2023 10:32 am တွင် တင်ခဲ့သည်
363 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အင်္ဂလန်နိုင်ငံတွင် ဂီတပညာရှင်တစ်ဦးသည် နေအိမ်ဝယ်ယူခြင်း ၊ ငှားရမ်းခြင်းများ ပြုလုပ်ရန်မတတ်နိုင်သောကြောင့် စွန့်ပစ်ထားသော စာသင်ကျောင်းတစ်ခုသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး သူ၏ လုပ်ဆောင်မှုမှာ ဥပဒေချိုးဖောက်မှုမရှိကြောင်း The Sun သတင်းဌာနက ဖော်ပြသည်။
လန်ဒန်မြို့တော်၏ အိမ်ခြံမြေဈေးကွက်မှာ ဈေးနှုန်းခေါင်ခိုက်လျက်ရှိသောကြောင့် မက်စ်အန်းဖီးလ်ဒ် (Max Armfield) သည် လန်ဒန်တောင်ပိုင်းရှိ မူလတန်းကျောင်း အဆောက်အအုံဟောင်းတစ်ခုတွင် ဝင်ရောက်နေထိုင်လျက်ရှိသည်။
(မူလတန်းကျောင်းဟောင်းတွင် နေထိုင်လျက်ရှိသူ မက်စ်အန်းဖီးလ်ဒ်။ ဓာတ်ပုံ- Deadline)
(ကျောင်းဟောင်းထဲတွင် နေထိုင်သူ ၂၀ ဦးခန့်ရှိကာ အသက် ၂၄ နှစ်အရွယ် အန်းဖီးလ်ဒ်လည်းအပါအဝင်ဖြစ်သည်။ ဓာတ်ပုံ- Deadline)
မက်စ်အန်းဖီးလ်ဒ်က စာသင်ခန်းများထဲမှ တစ်ခုတွင် နေထိုင်ကာ တေးဂီတအသစ်များ ဖန်တီးလျက်ရှိသည်။ အဆိုပါကျောင်းသည် ပေါင် ၉ ဒသမ ၂၅ သန်းတန် နေရာသစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ် ၊ စက်တင်ဘာလတွင် အပြီးတိုင် ပိတ်သိမ်းခဲ့သည်။
မက်စ်က သူ၏ နေထိုင်ရာ နေရာသစ်ကို ဗွီဒီယိုရိုက်ကူးပြသခဲ့ရာ ကျောင်းကစားကွင်းတွင် ဘတ်စ်ကက်ဘောကစားခဲ့သည်ကို တွ့ရသည်။
“အိမ်ငှားခတွေက တအားဈေးကြီးနေတာကြောင့် လန်ဒန်တောင်ပိုင်းက စွန့်ပစ်ထားတဲ့ ကျောင်းတစ်ခုထဲကို ကျွန်တော် ရွှေ့ပြောင်းနေထိုင်ခဲ့ပါတယ်”ဟု မက်စ်က ပြောသည်။
“တစ်ခါတစ်လေမှာတော့ တော်တော်ကသိကအောက်ဖြစ်ရတယ်။ အိမ်သာတွေနဲ့ လက်ဆေးကန်တွေ အကုန်လုံးက ဒူးအမြင့်လောက်ပဲ ရှိတယ်။ ဘာကြောင့်လဲဆိုတော့ အရင်ကမူလတန်းကလေးတွေ သုံးဖို့ ဖစ်ခဲ့တာကြောင့်ပါ။”
“ဒီမှာနေတဲ့သူ ၂၀ ဝန်းကျင်လောက် ရှိတယ်ထင်ပါတယ်။ ကျွန်တော့်အရွယ်လောက်တွေပါပဲ။လူတိုင်းက ဖန်တီးတီထွင်ရတဲ့ အလုပ်မျိုးတွေ လုပ်ကြတယ်။”
“လန်ဒန်မှာ ကျွန်တော့်အတွက် စတူဒီယိုတစ်ခု လုပ်နိုင်ဖို့ ဖြစ်နိုင်မယ့် တစ်ခုတည်းသော နေရာပါပဲ။ ကျွန်တော့် ဘေးအခန်းက ကောင်က ကြမ်းခင်းတွေကို ခွာထုတ်ပြီး ဓာတ်ပုံစတူဒီယို တစ်ခုလုပ်တယ်။”
ယင်းနောက်တွင် မက်စ်က ‘စာသင်ကျောင်းတစ်ခုထဲမှာ ဥပဒေနဲ့အညီ ဘယ်လိုကျူးကျော်နေထိုင်ခဲ့လဲ’ဟု အမည်ပေးထားသော ဗွီဒီယိုဖိုင်တစ်ခုကို တင်ခဲ့သည်။
“ဒါကတော့ စွန့်ပစ်ထားတဲ့ ကျာင်းတစ်ခုထဲမှာ ကျွန်တော် ဘယ်လိုကျူးကျော်နေထိုင်ခဲ့တယ်ဆိုတဲ့အကြောင်းပါပဲ။ ဒါက စောင့်ရှောက်သူ အစီအစဉ်လို့ ခေါ်ပါတယ်။ အဲဒီ အစီအစဉ်မှာ အသုံးမပြုတော့တဲ့ အဆောက်အအုံတွေကို ဈးကွက်ပေါက်ဈေးအောက် နည်းပါးတဲ့ ဈေးနှုန်းနဲ့ ငှားရမ်းပေးတာ ဖစ်ပါတယ်။ အဲဒီအဆောက်အအုံတွေထဲကို လူတွေ တရားမဝင် ဝင်ရောက် နေထိုင်မှုကနေ ကာကွယ်ဖို့ ရည်ရွယ်ပါတယ်။”
စွန့်ပစ်ခံ အဆောက်အအုံများကို ပိုင်ရှင်များက လုံခြုံရေးငှားရမ်းမည်ဆိုပါက ပေါင် ထောင်သောင်းချီ ကုန်ကျမည်ဖြစ်ပြီး အိမ်ငှားချပါကလည်း ပေါက်ဈေးအောက် ၉၀
ရာခိုင်နှုန်းနည်းပါးသည့် ဈေးနှုန်းသာ ရနိုင်မည်ဖြစ်ရာ လန်ဒန်မြို့တစ်ဝန်းရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် မရှင်တို့က လူမနေသော အဆောက်အအုံများတွင် နည်းပါးသော ငှားရမ်းခဖြင့် အစောင့်သဘော နေထိုင်ခွင့် ပေးခြင်းများပြုလုပ်လာရသည်။
ထိုသို့ စွန့်ပစ်ထားသော အဆောက်အအုံများတွင် နေထိုင်လိုသူများအနေဖြင့် တစ်လလျှင် ပေါင် ၁၀၀ မှ၂၀၀ ကြား ငှားခပေးရသည်။
(မက်စ်၏ အခန်းတွင် ဆိုဖာကြီးတစ်ခု ၊ ရုပ်မြင်သံကြားစက် ၊ ကုလားထိုင်များနှင့် ဂစ်တာ ၂ လက်တွေ့ရသည်။ ဓာတ်ပုံ- Deadline)
(မက်စ်က ကပ်လျက်အခန်းကို အိပ်ခန်းအဖြစ် အသုံးပြုသည်။ ဓာတ်ပုံ- Deadline) (မက်စ်၏ ကွန်ပြူတာခုံ။ ဓာတ်ပုံ- Deadline)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: I couldn’t afford to buy or rent a house so I moved into an abandoned school – and it’s perfectly legal ( The Sun )
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကမ္ဘာပေါ်တွင် အိမ်ခြံမြေ အများဆုံးရောင်းချပေးထားသည့် အကျိုးဆောင်အဖြစ် ဂင်းနက်စ်စံချိန်တင်ထားသော အမေရိကန်ပြည်က အိမ်ခြံမြေ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service