ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
“သစေ(တစ္ဆေ) သရဲဘယ်လိုလဲ”
အခုကလေးတွေတော့ မသိပါဘူး။ကျွန်တော်တို့ငယ်ငယ်က ရသခံစားမှုတစ်ခုအနေနဲ့ သစေ(တစ္ဆေ) သရဲ ပုံပြင်တွေကို အိပ်ရာဝင်ပုံပြင်တွေအဖြစ် နားထောင်ခဲ့ရတယ်။ ကြောက်ကြောက်ရွံ့ရွံ့နဲ့ ကြိုက်ခဲ့ရတဲ့ ပုံပြင်တွေဟာ သစေသရဲ ပုံပြင်တွေလို့ ပြောရင်လည်း မှားမယ်မထင်ပါဘူး။ သစေသရဲပုံပြင်တွေကို မေမေက အများဆုံးပြောတတ်ပါတယ်။ဖေဖေကတော့အဲဒါမျိုးပြောတာ သိပ်ပြီးကြိုက်လှတာတော့ မဟုတ်ပါဘူး။
ဧည့်သည်တွေ လာမလည်တဲ့ညတွေမှာ မိသားစုတွေပဲ ညကြီးမိုးချုပ် ကွပ်ပျစ်ပေါ်ထိုင်မိကြပြီဆိုရင် တစ်ခါကနားထောင်ဖူးတဲ့ ပုံပြင်တွေကို ထပ်ပြီးနားထောင်ဖို့ မေမေ့ကို တောင်းဆိုတတ်ကြတယ်။
မေမေကလည်း သူတွေ့ကြုံရတာတွေမဟုတ်ဘဲ သူကြားခဲ့ဖူးတဲ့ ပုံပြင်တွေကိုပဲ ပြန်ပြီးဖောက်သည်ချခဲ့ပုံ ရပါတယ်။ ဒီအတွေးက ကျွန်တော်ကြီးမှ တွေးမိတဲ့အတွေးပါ။ငယ်ငယ်ကတော့ မေမေပြောတဲ့ အဖြစ်အပျက် တွေဟာ သူ့ကိုယ်တွေ့တွေပဲလို့ ထင်မှတ်မိတာပေါ့။
သစေသရဲပုံပြင်ဆိုတာ နားထောင်လို့သာကောင်းတာ ကျောချမ်းရတဲ့ ပုံပြင်တွေမဟုတ်လား။အဲဒီပုံပြင်တွေ နားထောင်နေတဲ့ အချိန်အတွင်း ရင်ခုန်ကြောက်စိတ်တွေနဲ့ နားထောင်ခဲ့ရတယ်။မေမေ့ကို အလယ်ကနေ ထားပြီး ကျွန်တော်တို့ ညီအစ်ကို မောင်နှမတွေက ဝိုင်းပတ်ထားပြီးနားထောင်ခဲ့ကြတယ်။
အဲဒီလိုနားထောင်ရင်း နောက်ကျောက သစေတစ်ကောင်ကောင် ရောက်လာပြီး ကျောကိုပုတ်လိုက်မှာလည်း ကြောက်နေမိတတ်တယ်။သစေမဟုတ်ဘဲ စချင်နောက်ချင်တဲ့သူက သစေပုံစံနဲ့ လာစရင် ဘယ်လောက်များ လန့်လိုက်မလဲလို့ တွေးမိဖူးပါတယ်။ဒါပေမဲ့ အဲဒီလို လှန့်တဲ့သူမရှိခဲ့လို့ တော်သေးတာပေါ့။
သစေပုံပြင်တွေနားထောင်ပြီးရင် တော်တော်နဲ့ အိပ်မပျော်တာကတော့ အခုခေတ် ဖေ့စ်ဘုတ်ကြည့်တဲ့ သူတွေလိုပါပဲ။ဖေ့စ်ဘုတ်ကြည့်ပြီးတဲ့သူတွေဟာ ချက်ချင်းအိပ်လို့မရသလိုပဲ သစေပုံပြင်တွေ နားထောင်ပြီးရင် ကိုယ့် အတွေးထဲမှာရှိတဲ့ ပုံရိပ်တွေက ကိုယ့်ကို ပြန်ပြီးခြောက်လှန့်နေတာနဲ့ပဲ တော်တော်နဲ့ အိပ်လို့ကို မရခဲ့ပါဘူး။
သစေသရဲပုံပြင်တွေနားထောင်ပြီးတဲ့ညမျိုးတွေမှာ အိပ်နေရာက တစ်ရေးနိုးလို့ သေးပေါက်ချင်တာတောင် ထပေါက်ဖို့ မကြိုးစားတော့ပါဘူး။
ပုံပြင်တွေက အဲဒီလောက်တောင် သက်ရောက်မှုရှိပါတယ်။အဲဒါကြောင့်မို့ထင်ပါတယ် ကလေးတွေကို ကြောက်စိတ်ဝင်သွားမှာစိုးလို့ သစေသရဲပုံပြင်တွေကို မပြောနဲ့လို့ပြောတာထင်ပါရဲ့။တချို့ကောင်တွေ နေ့ခင်းဘက်ဆိုရင် အကြောက်အလန့်မရှိ မျောက်ရှုံးအောင်ကဲတဲ့ကောင်တွေ ကျွန်တော့်သူငယ်ချင်းတွေထဲမှာ ရှိတယ်။
ညရောက်လို့ အိမ်သာသွားရင် တစ်ယောက်တည်းမသွားရဲတော့ဘူး။ အဖော်အပေါင်းပါမှ၊မိဘလိုက်ပေးပါမှ သွားရဲတဲ့ကောင်တွေကို တွေ့ဖူးတယ်။ကျွန်တော်လည်း သစေသရဲပုံပြင်တွေနားထောင်ပြီးတဲ့ ခဏတော့ ကြောက်စိတ်ဖြစ်တာပေါ့။
ဒါပေမဲ့ အတော်လေးကြာသွားရင်တော့ ကြောက်စိတ်သိပ်မရှိတော့ဘူး။ရုတ်တရက်ကြောက်စရာတွေ့လို့ ကြောက်မိတာကလွဲရင် တွေးပြီးတော့တော့ ကြောက်မနေပါဘူး။
လမ်းမီးတွေမှောင်မည်းနေတဲ့ ညတွေမှာ ဗီဒီယိုရုံမှာ စုန်းကားသရဲကားတွေကြည့်ပြီး ကျွန်တော်တစ်ယောက်တည်း ပြန်လာတတ်တယ်။အဲဒီလိုအချိန်မှာတော့ နဲနဲတော့ ကြောက်စိတ်ဖြစ်နေတာပေါ့။ အမှောင်ထဲကနေ ရုတ်တရက် ကိုယ့်ရှေ့က အကောင်တစ်ကောင်ဖြတ်ပြေးသွားတာကိုရိပ်ကနဲတွေ့လိုက်ရင် ဆံပင်တွေလန့်တော့ လန့်သွားတတ်တာပေါ့။ရှေ့ဆက်မသွားရဲလောက်အောင်တော့ ဖြစ်မနေပါဘူး။
တစ်ခါတော့ ကျွန်တော်တို့စက်မှုလယ်ယာဝင်းထဲက ဦးစီးမှူးအိမ်နဲ့ ကျွန်တော်တို့နေတဲ့ ခြောက်ခန်းတွဲလိုင်းခန်းအကြားက နေရာမှာ အိမ်တစ်လုံးရှိခဲ့ဖူးတယ်။အဲဒီအိမ်ကို ဦးထွန်းဝေတို့ မိသားစုတွေ နေထိုင်ကြတာပေါ့။သူ့သားအောင်မင်းထွေးနဲ့ ကျွန်တော်က သူငယ်ချင်း။
တစ်ရက်ညပိုင်းမှာပေါ့ ဦးထွန်းဝေက ဝါးပက်လက်ကုလားထိုင်မှာ အိပ်ပျော်သွားတော့ လေဖြတ်ပါလေရော။ အဲဒီဝေဒနာနဲ့ပဲ နောက်ခြောက်လလောက်အကြာမှာ သေပါတယ်။သူ့တို့နေတဲ့ အိမ်မှာ ဖဲဝိုင်းတွေလုပ်တာပေါ့။ ဖဲဝိုင်းဆိုတဲ့အတိုင်း ဆူညံပွက်လောရိုက်နေတော့တာပေါ့။အသုဘအိမ်ဖြစ်နေတာတောင် ကြောက်စိတ်က မဖြစ်မိပါဘူး။
ကျွန်တော်လည်း ဖဲဝိုင်းဘေးကထိုင်ပြီး ဖဲရိုက်နေကြတဲ့သူတွေကို ထိုင်ကြည့်နေတာပေါ့။နာရေးအိမ်က ဧည့်ခံတဲ့ လက်ဖက်သုပ်တွေ၊ဂျင်းသုပ်တွေကို လူကြီးတွေနဲ့ ရောတုတ်ရင်းပေါ့။ ကျွန်တော်မျက်နှာမူထားတဲ့ ဘက်က မသာအိမ်ဘက်ဖြစ်နေတော့ အသေကောင်ကြီးက အိမ်ခန်းထဲမှာ မြင်နေရတယ်။
ပဲကြီးလှော်တွေ၊လက်ဖက်သုပ်၊ဂျင်းသုပ်တွေ အားရအောင်စားပြီး ဗိုက်တင်းတော့ အိပ်ချင်လာတယ်။ဒါနဲ့ အိမ်ပြန်ပြီး အိပ်တော့မယ်ဆိုပြီး ဖဲဝိုင်းက ထလာလိုက်တယ်။စဉ့်အိုးကရေနဲ့ ခြေတောက်၊လက်တောက်ဆေးပြီး အိမ်ပေါ်ကိုတက်ပြီး အိပ်ဖို့လုပ်တာပေါ့။ နာရေးဖြစ်နေလို့ ရုံးက မီးစက်ကြီးနိုးပြီး မီးပေးထားတော့ တစ်ရုံးလုံး မီးထိန်ထိန်လင်းနေတာပေါ့။ အိမ်အပေါ်ထပ်မှာလည်း မီးရောင်နဲ့ လင်းချင်းနေပြီး ရှင်းလင်းနေတာပေါ့။ ကျွန်တော်တစ်ယောက်တည်းပဲ အပေါ်မှာအိပ်ပါတယ်။ ဘယ်သူမှ မရှိပါဘူး။
အိပ်ယာကို မေမေက အဆင်သင့် လုပ်ပေးထားလို့ ဝင်အိပ်ရုံပါပဲ။မီးမပိတ်ဘဲ ဒီတိုင်းထားပြီး ကျွန်တော်အိပ်ဖို့ လုပ်လိုက်တယ်။
အိပ်ယာပေါ်ကျောခင်းပြီး ဘေးကစောင်လေးကို ကိုယ်ပေါ်လွှားလို့ ခေါင်းပါခြုံလိုက်ပါတယ်။ပြီးတော့လက်ကို ဘေးချထားလိုက်တဲ့အခါ ကျွန်တော့်လက်က အရာဝတ္ထုတစ်ခုနဲ့ ထိလိုက်မိပါတယ်။မအိပ်ခင်က ကျွန်တော့်ဘေးမှာ ဘာမှ မရှိခဲ့တာ အသေအချာပါ။ ထိမိတဲ့ အရာကို ထပ်ပြီးစမ်းလိုက်ပါတယ်။
ခြေချောင်းလေးတွေပါလား။ စောစောက ဘာမှမရှိပါဘဲ အခုမှ ကျွန်တော့်ဘေး ခြေထောက်ကြီး ရှိနေတော့ ကြောက်စိတ်ဖြစ်သွားတယ်။စောင်အောက်ကကျွန်တော့်မျက်နှာကို မဖော်ရဲတော့ဘူး။
ဒါနဲ့ လက်ကို စောင်ခြုံထဲ ပြန်ထည့်မိပါတယ်။ကြောက်စိတ်ကြောင့် ဇောချွေးတို့ ပြန်လာပါတယ်။ ငါစိတ်က ထင်မိတာလား ဟုတ်မဟုတ်လည်း သိချင်လာပြန်တယ်။
သိချင်တော့ ထပ်စမ်းတာပေါ့။ကြောက်ကြောက်နဲ့ပဲ ထပ်စမ်းမိတယ်။ခြေချောင်းလေးတွေငါးချောင်းတောင်။ အပေါ်တိုးပြီး စမ်းလိုက်တယ်။ခြေဖမိုး၊ခြေမျက်စိ၊ခြေသလုံး။အပေါ်ထပ်တိုးပြီးစမ်းလိုက်တယ်။ ဒူးခေါင်းအထိ ရောက်တယ်။ ကျွန်တော့်လက်ကို အမြန်ပြန်ချလိုက်ပြန်တယ်။အဟုတ်ဗျာ ခြေထောက်ကြီးမှ လူ့ခြေထောက် အစစ်ကြီးဗျ။လူငယ်ခြေထောက်မဟုတ်တာတော့ သေချာပါတယ်။ အသက်ကြီးပိုင်း ယောက်ျားတစ်ဦးရဲ့ ခြေထောက်မျိုး။
ကြောက်စိတ်တို့နှင့် ကျွန်တော်ထပ်ပြီး မစမ်းရဲတော့။မြန်မြန်အိပ်ပျော်စေဖို့ပဲ ကြိုးပမ်းနေရတယ်။ ဘုရားစာတွေကို တောင်ရောက်မြောက်ရောက် ကပေါက်တိ ကပေါက်ချာရွတ်ရင်း ဘယ်လိုအိပ်ပျော်သွားလည်း မသိပါဘူး။
မနက်လင်းတော့ ဖေဖေနဲ့မေမေ့ကို ညတုန်းက အိမ်ပေါ်တက်သေးလားမေးတော့၊မတက်ကြောင်း ပြောပါတယ်။ ဒါဆို အဲဒီလူ့ခြေထောက်ကြီးက ဘာနည်း။ခြုံထားတဲ့စောင် လှန်ကြည့်မိခဲ့ရင် အကောင်းသား အခုတော့ သူများတွေလိုက်မေးမိနေပါရောလား။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၆)
“သေစ(တေစၦ) သရဲဘယ္လိုလဲ”
အခုကေလးေတြေတာ့ မသိပါဘူး။ကြၽန္ေတာ္တို႔ငယ္ငယ္က ရသခံစားမႈတစ္ခုအေနနဲ႔ သေစ(တေစၦ) သရဲ ပုံျပင္ေတြကို အိပ္ရာဝင္ပုံျပင္ေတြအျဖစ္ နားေထာင္ခဲ့ရတယ္။ ေၾကာက္ေၾကာက္႐ြံ႕႐ြံ႕နဲ႔ ႀကိဳက္ခဲ့ရတဲ့ ပုံျပင္ေတြဟာ သေစသရဲ ပုံျပင္ေတြလို႔ ေျပာရင္လည္း မွားမယ္မထင္ပါဘူး။ သေစသရဲပုံျပင္ေတြကို ေမေမက အမ်ားဆုံးေျပာတတ္ပါတယ္။ေဖေဖကေတာ့အဲဒါမ်ိဳးေျပာတာ သိပ္ၿပီးႀကိဳက္လွတာေတာ့ မဟုတ္ပါဘူး။
ဧည့္သည္ေတြ လာမလည္တဲ့ညေတြမွာ မိသားစုေတြပဲ ညႀကီးမိုးခ်ဳပ္ ကြပ္ပ်စ္ေပၚထိုင္မိၾကၿပီဆိုရင္ တစ္ခါကနားေထာင္ဖူးတဲ့ ပုံျပင္ေတြကို ထပ္ၿပီးနားေထာင္ဖို႔ ေမေမ့ကို ေတာင္းဆိုတတ္ၾကတယ္။
ေမေမကလည္း သူေတြ႕ႀကဳံရတာေတြမဟုတ္ဘဲ သူၾကားခဲ့ဖူးတဲ့ ပုံျပင္ေတြကိုပဲ ျပန္ၿပီးေဖာက္သည္ခ်ခဲ့ပုံ ရပါတယ္။ ဒီအေတြးက ကြၽန္ေတာ္ႀကီးမွ ေတြးမိတဲ့အေတြးပါ။ငယ္ငယ္ကေတာ့ ေမေမေျပာတဲ့ အျဖစ္အပ်က္ ေတြဟာ သူ႔ကိုယ္ေတြ႕ေတြပဲလို႔ ထင္မွတ္မိတာေပါ့။
သေစသရဲပုံျပင္ဆိုတာ နားေထာင္လို႔သာေကာင္းတာ ေက်ာခ်မ္းရတဲ့ ပုံျပင္ေတြမဟုတ္လား။အဲဒီပုံျပင္ေတြ နားေထာင္ေနတဲ့ အခ်ိန္အတြင္း ရင္ခုန္ေၾကာက္စိတ္ေတြနဲ႔ နားေထာင္ခဲ့ရတယ္။ေမေမ့ကို အလယ္ကေန ထားၿပီး ကြၽန္ေတာ္တို႔ ညီအစ္ကို ေမာင္ႏွမေတြက ဝိုင္းပတ္ထားၿပီးနားေထာင္ခဲ့ၾကတယ္။
အဲဒီလိုနားေထာင္ရင္း ေနာက္ေက်ာက သေစတစ္ေကာင္ေကာင္ ေရာက္လာၿပီး ေက်ာကိုပုတ္လိုက္မွာလည္း ေၾကာက္ေနမိတတ္တယ္။သေစမဟုတ္ဘဲ စခ်င္ေနာက္ခ်င္တဲ့သူက သေစပုံစံနဲ႔ လာစရင္ ဘယ္ေလာက္မ်ား လန္႔လိုက္မလဲလို႔ ေတြးမိဖူးပါတယ္။ဒါေပမဲ့ အဲဒီလို လွန္႔တဲ့သူမရွိခဲ့လို႔ ေတာ္ေသးတာေပါ့။
သေစပုံျပင္ေတြနားေထာင္ၿပီးရင္ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္တာကေတာ့ အခုေခတ္ ေဖ့စ္ဘုတ္ၾကည့္တဲ့ သူေတြလိုပါပဲ။ေဖ့စ္ဘုတ္ၾကည့္ၿပီးတဲ့သူေတြဟာ ခ်က္ခ်င္းအိပ္လို႔မရသလိုပဲ သေစပုံျပင္ေတြ နားေထာင္ၿပီးရင္ ကိုယ့္ အေတြးထဲမွာရွိတဲ့ ပုံရိပ္ေတြက ကိုယ့္ကို ျပန္ၿပီးေျခာက္လွန္႔ေနတာနဲ႔ပဲ ေတာ္ေတာ္နဲ႔ အိပ္လို႔ကို မရခဲ့ပါဘူး။
သေစသရဲပုံျပင္ေတြနားေထာင္ၿပီးတဲ့ညမ်ိဳးေတြမွာ အိပ္ေနရာက တစ္ေရးႏိုးလို႔ ေသးေပါက္ခ်င္တာေတာင္ ထေပါက္ဖို႔ မႀကိဳးစားေတာ့ပါဘူး။
ပုံျပင္ေတြက အဲဒီေလာက္ေတာင္ သက္ေရာက္မႈရွိပါတယ္။အဲဒါေၾကာင့္မို႔ထင္ပါတယ္ ကေလးေတြကို ေၾကာက္စိတ္ဝင္သြားမွာစိုးလို႔ သေစသရဲပုံျပင္ေတြကို မေျပာနဲ႔လို႔ေျပာတာထင္ပါရဲ႕။တခ်ိဳ႕ေကာင္ေတြ ေန႔ခင္းဘက္ဆိုရင္ အေၾကာက္အလန္႔မရွိ ေမ်ာက္ရႈံးေအာင္ကဲတဲ့ေကာင္ေတြ ကြၽန္ေတာ့္သူငယ္ခ်င္းေတြထဲမွာ ရွိတယ္။
ညေရာက္လို႔ အိမ္သာသြားရင္ တစ္ေယာက္တည္းမသြားရဲေတာ့ဘူး။ အေဖာ္အေပါင္းပါမွ၊မိဘလိုက္ေပးပါမွ သြားရဲတဲ့ေကာင္ေတြကို ေတြ႕ဖူးတယ္။ကြၽန္ေတာ္လည္း သေစသရဲပုံျပင္ေတြနားေထာင္ၿပီးတဲ့ ခဏေတာ့ ေၾကာက္စိတ္ျဖစ္တာေပါ့။
ဒါေပမဲ့ အေတာ္ေလးၾကာသြားရင္ေတာ့ ေၾကာက္စိတ္သိပ္မရွိေတာ့ဘူး။႐ုတ္တရက္ေၾကာက္စရာေတြ႕လို႔ ေၾကာက္မိတာကလြဲရင္ ေတြးၿပီးေတာ့ေတာ့ ေၾကာက္မေနပါဘူး။
လမ္းမီးေတြေမွာင္မည္းေနတဲ့ ညေတြမွာ ဗီဒီယို႐ုံမွာ စုန္းကားသရဲကားေတြၾကည့္ၿပီး ကြၽန္ေတာ္တစ္ေယာက္တည္း ျပန္လာတတ္တယ္။အဲဒီလိုအခ်ိန္မွာေတာ့ နဲနဲေတာ့ ေၾကာက္စိတ္ျဖစ္ေနတာေပါ့။ အေမွာင္ထဲကေန ႐ုတ္တရက္ ကိုယ့္ေရွ႕က အေကာင္တစ္ေကာင္ျဖတ္ေျပးသြားတာကိုရိပ္ကနဲေတြ႕လိုက္ရင္ ဆံပင္ေတြလန္႔ေတာ့ လန္႔သြားတတ္တာေပါ့။ေရွ႕ဆက္မသြားရဲေလာက္ေအာင္ေတာ့ ျဖစ္မေနပါဘူး။
တစ္ခါေတာ့ ကြၽန္ေတာ္တို႔စက္မႈလယ္ယာဝင္းထဲက ဦးစီးမႉးအိမ္နဲ႔ ကြၽန္ေတာ္တို႔ေနတဲ့ ေျခာက္ခန္းတြဲလိုင္းခန္းအၾကားက ေနရာမွာ အိမ္တစ္လုံးရွိခဲ့ဖူးတယ္။အဲဒီအိမ္ကို ဦးထြန္းေဝတို႔ မိသားစုေတြ ေနထိုင္ၾကတာေပါ့။သူ႔သားေအာင္မင္းေထြးနဲ႔ ကြၽန္ေတာ္က သူငယ္ခ်င္း။
တစ္ရက္ညပိုင္းမွာေပါ့ ဦးထြန္းေဝက ဝါးပက္လက္ကုလားထိုင္မွာ အိပ္ေပ်ာ္သြားေတာ့ ေလျဖတ္ပါေလေရာ။ အဲဒီေဝဒနာနဲ႔ပဲ ေနာက္ေျခာက္လေလာက္အၾကာမွာ ေသပါတယ္။သူ႔တို႔ေနတဲ့ အိမ္မွာ ဖဲဝိုင္းေတြလုပ္တာေပါ့။ ဖဲဝိုင္းဆိုတဲ့အတိုင္း ဆူညံပြက္ေလာ႐ိုက္ေနေတာ့တာေပါ့။အသုဘအိမ္ျဖစ္ေနတာေတာင္ ေၾကာက္စိတ္က မျဖစ္မိပါဘူး။
ကြၽန္ေတာ္လည္း ဖဲဝိုင္းေဘးကထိုင္ၿပီး ဖဲ႐ိုက္ေနၾကတဲ့သူေတြကို ထိုင္ၾကည့္ေနတာေပါ့။နာေရးအိမ္က ဧည့္ခံတဲ့ လက္ဖက္သုပ္ေတြ၊ဂ်င္းသုပ္ေတြကို လူႀကီးေတြနဲ႔ ေရာတုတ္ရင္းေပါ့။ ကြၽန္ေတာ္မ်က္ႏွာမူထားတဲ့ ဘက္က မသာအိမ္ဘက္ျဖစ္ေနေတာ့ အေသေကာင္ႀကီးက အိမ္ခန္းထဲမွာ ျမင္ေနရတယ္။
ပဲႀကီးေလွာ္ေတြ၊လက္ဖက္သုပ္၊ဂ်င္းသုပ္ေတြ အားရေအာင္စားၿပီး ဗိုက္တင္းေတာ့ အိပ္ခ်င္လာတယ္။ဒါနဲ႔ အိမ္ျပန္ၿပီး အိပ္ေတာ့မယ္ဆိုၿပီး ဖဲဝိုင္းက ထလာလိုက္တယ္။စဥ့္အိုးကေရနဲ႔ ေျခေတာက္၊လက္ေတာက္ေဆးၿပီး အိမ္ေပၚကိုတက္ၿပီး အိပ္ဖို႔လုပ္တာေပါ့။ နာေရးျဖစ္ေနလို႔ ႐ုံးက မီးစက္ႀကီးႏိုးၿပီး မီးေပးထားေတာ့ တစ္႐ုံးလုံး မီးထိန္ထိန္လင္းေနတာေပါ့။ အိမ္အေပၚထပ္မွာလည္း မီးေရာင္နဲ႔ လင္းခ်င္းေနၿပီး ရွင္းလင္းေနတာေပါ့။ ကြၽန္ေတာ္တစ္ေယာက္တည္းပဲ အေပၚမွာအိပ္ပါတယ္။ ဘယ္သူမွ မရွိပါဘူး။
အိပ္ယာကို ေမေမက အဆင္သင့္ လုပ္ေပးထားလို႔ ဝင္အိပ္႐ုံပါပဲ။မီးမပိတ္ဘဲ ဒီတိုင္းထားၿပီး ကြၽန္ေတာ္အိပ္ဖို႔ လုပ္လိုက္တယ္။
အိပ္ယာေပၚေက်ာခင္းၿပီး ေဘးကေစာင္ေလးကို ကိုယ္ေပၚလႊားလို႔ ေခါင္းပါၿခဳံလိုက္ပါတယ္။ၿပီးေတာ့လက္ကို ေဘးခ်ထားလိုက္တဲ့အခါ ကြၽန္ေတာ့္လက္က အရာဝတၳဳတစ္ခုနဲ႔ ထိလိုက္မိပါတယ္။မအိပ္ခင္က ကြၽန္ေတာ့္ေဘးမွာ ဘာမွ မရွိခဲ့တာ အေသအခ်ာပါ။ ထိမိတဲ့ အရာကို ထပ္ၿပီးစမ္းလိုက္ပါတယ္။
ေျခေခ်ာင္းေလးေတြပါလား။ ေစာေစာက ဘာမွမရွိပါဘဲ အခုမွ ကြၽန္ေတာ့္ေဘး ေျခေထာက္ႀကီး ရွိေနေတာ့ ေၾကာက္စိတ္ျဖစ္သြားတယ္။ေစာင္ေအာက္ကကြၽန္ေတာ့္မ်က္ႏွာကို မေဖာ္ရဲေတာ့ဘူး။
ဒါနဲ႔ လက္ကို ေစာင္ၿခဳံထဲ ျပန္ထည့္မိပါတယ္။ေၾကာက္စိတ္ေၾကာင့္ ေဇာေခြၽးတို႔ ျပန္လာပါတယ္။ ငါစိတ္က ထင္မိတာလား ဟုတ္မဟုတ္လည္း သိခ်င္လာျပန္တယ္။
သိခ်င္ေတာ့ ထပ္စမ္းတာေပါ့။ေၾကာက္ေၾကာက္နဲ႔ပဲ ထပ္စမ္းမိတယ္။ေျခေခ်ာင္းေလးေတြငါးေခ်ာင္းေတာင္။ အေပၚတိုးၿပီး စမ္းလိုက္တယ္။ေျခဖမိုး၊ေျခမ်က္စိ၊ေျခသလုံး။အေပၚထပ္တိုးၿပီးစမ္းလိုက္တယ္။ ဒူးေခါင္းအထိ ေရာက္တယ္။ ကြၽန္ေတာ့္လက္ကို အျမန္ျပန္ခ်လိုက္ျပန္တယ္။အဟုတ္ဗ်ာ ေျခေထာက္ႀကီးမွ လူ႔ေျခေထာက္ အစစ္ႀကီးဗ်။လူငယ္ေျခေထာက္မဟုတ္တာေတာ့ ေသခ်ာပါတယ္။ အသက္ႀကီးပိုင္း ေယာက္်ားတစ္ဦးရဲ႕ ေျခေထာက္မ်ိဳး။
ေၾကာက္စိတ္တို႔ႏွင့္ ကြၽန္ေတာ္ထပ္ၿပီး မစမ္းရဲေတာ့။ျမန္ျမန္အိပ္ေပ်ာ္ေစဖို႔ပဲ ႀကိဳးပမ္းေနရတယ္။ ဘုရားစာေတြကို ေတာင္ေရာက္ေျမာက္ေရာက္ ကေပါက္တိ ကေပါက္ခ်ာ႐ြတ္ရင္း ဘယ္လိုအိပ္ေပ်ာ္သြားလည္း မသိပါဘူး။
မနက္လင္းေတာ့ ေဖေဖနဲ႔ေမေမ့ကို ညတုန္းက အိမ္ေပၚတက္ေသးလားေမးေတာ့၊မတက္ေၾကာင္း ေျပာပါတယ္။ ဒါဆို အဲဒီလူ႔ေျခေထာက္ႀကီးက ဘာနည္း။ၿခဳံထားတဲ့ေစာင္ လွန္ၾကည့္မိခဲ့ရင္ အေကာင္းသား အခုေတာ့ သူမ်ားေတြလိုက္ေမးမိေနပါေရာလား။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com