အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ....

အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ.... - Property Knowledge in Myanmar from iMyanmarHouse.com
2 Jul 2023 1:25 pm တွင် တင်ခဲ့သည်
796 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ဒီကနေ့ညမှာတော့ အိမ်ခြံမြေလောကမှာ အရေးအကြီးဆုံးအရာ ဂရန်နဲ့ပတ်သတ်ပြီးတော့ မေးမြန်းလာကြတဲ့မေးခွန်းများထဲက မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိပါသလဲ ဆိုတဲ့ မေးခွန်းအပါအဝင် မေးခွန်းသုံးခုကိုဖြေကြားပေးသွားမှာဖြစ်ပါတယ်။

 

မေးခွန်း(၁)။  မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့် ရှိပါသလဲ။

လူနေထိုင်ရန်ဖြစ်စေ၊အဆောက်အဦးဆောက်လုပ်အသုံးပြုရန်အတွက်ဖြစ်စေ၊စက်မှုလက်မှုလုပ်ငန်းများ (ဟိုတယ်၊အထူးစီးပွားရေးဇုန်၊မွေးမြူရေး၊ဝင်ငွေရစီးပွားရေးလုပ်ငန်းများပါဝင်) လုပ်ကိုင်ရန် အတွက်ဖြစ်စေ၊မြေငှားဂရန်(မြေငှားစာချုပ်) လျှောက်ထားနိုင်ပြီး ဌာနမှထုတ်ပေးပါသည်။

မြေငှားဂရန်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာမြေများ ဥပဒေ-၇၊၈နှင့်နည်း ဥပ ဒေအပိုဒ် -၂၉ တို့အရ ကော်မတီက စည်းကမ်းချက်များသတ်မှတ်ပြီး နှစ်ကာလအပိုင်းအခြား သတ်မှတ် ၍ မြေငှားစာချုပ်ဖြင့် အငှားချထားသည့်မြေကိုဆိုလိုသည်။

နှစ်ရှည်၊နှစ်တိုကာလအပိုင်းအခြားအထိ မြေငှားစာချုပ်များကို အောက်ဖော်ပြပါ မြေအမျိုး အစားများတွင် ထုတ်ပေးပါသည်။

၁။ ကော်မတီက စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေ ၂။ ကော်မတီအမည်ပေါက်ဖြင့် လွှဲပြောင်းရယူထားသောမြေ ၃။ လိုင်စင်မြေ ၄။ ပါမစ်မြေ ၅။ စကွာတာမြေ ၆။ လူနေရပ်ကွက်အတွင်းရှိ ကျူးလွန်ခြင်းမြေ ၇။ ဂရန်ပေးစီမံချက်မြေ တို့ကို ဂရန်ထုတ်ပေးပါသည်။

- သတ်မှတ်ထားသောမြေငှားခကို ပေးဆောင်ရပြီး ဂရန်လျှောက်ထားသူမှာ(၁၈)နှစ်ပြည့်ကာ စိတ်ပေါ့သွပ်သူမဖြစ်ပါက ဂရန်လျှောက်ထားခွင့်ရှိသည်။ ပြည်ထောင်စုနိုင်ငံသားအဖြစ် အသိအမှတ်ပြု ခံရသူ၊ဧည့်နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူဖြစ်ရန် လိုအပ်သည်။

လျှောက်ထားသူသည် မြေပိုင်ဆိုင်မှု အထောက်အထား၊မှတ်ပုံတင်ကတ်ပြား၊ မြေငှားခကြွေး ကျန်ကင်းရှင်းကြောင်းထောက်ခံချက်/နောက်ဆုံးပေးဆောင်ထားသည့်ပြေစာနှင့်ပူးတွဲလျှောက်ထားရပါမည်။ စကွာတာမြေအား ဂရန်လျှောက်ပါက အမည်ပေါက်ပိုင်ရှင်(သို့) မှတ်ပုံတင် စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်သူမှ လျှောက်ထားခွင့်ရှိပါသည်။ထို့သို့လျှောက်ထားရာတွင် ဌာနမှ ပိုင်ဆိုင်မှု အထောက်အထား များအား စီစစ်ပြီး မြေရာဇဝင်အထောက်အထားများနှင့် တိုက်ဆိုင်စစ်ဆေးကာ မြေစာရင်းနှင့် ကိုက်ညီမှု ရှိပါက ဂရန်ထုတ်ပေးပါသည်။

 

 

မေးခွန်း(၂)။  မည်သည့်ကိစ္စများတွင် ကျမ်းကျိန်လွှာပြုလုပ်ရန် လိုအပ်ပါသနည်း။

ပိုင်ဆိုင်ကြောင်း၊ပျောက်ဆုံကြောင်း၊ဆွေမျိုးတော်စပ်ကြောင်း စသဖြင့် ကျမ်းကျိန်ဆိုမှုများ အမျိုးမျိုး ပြုလုပ်နိုင်ကြပါသည်။ ဂရန်မြေ၊မြေပိုင်မြေ၊ဘိုးဘွားပိုင်မြေ၊လိုင်စင်မြေ၊တိုက်ခန်း အိမ်ခြံမြေ များတွင် အမည်ပေါက်ပိုင်ရှင် သေဆုံးသွားပါက ကျန်အမွေဆက်ခံခွင့်ရှိသူများမှ ဆွေမျိုးတော်စပ် ကြောင်း ထင်ရှားစေရန် အထောက်အထားအနေဖြင့် ကျမ်းကျိန်လွှာပြုလုပ်ကြပါသည်။

ကျမ်းကျိန်လွှာတွင် ပါရှိရမည့်အချက်အလက်များအား မှန်ကန်ကြောင်း ကျမ်းကျိန်ဆိုသူ ကိုယ်တိုင်တာဝန်ယူရပါမည်။မမှန်သက်သေခံ ကျမ်းကျိန်ဆိုကပြစ်မှုဆိုင်ရာဥပဒေပုဒ်မ-၁၉၃အရ အရေး ယူခံရနိုင်ပါသည်။ထိုကျမ်းကျိန်လွှာများအား စာချုပ်စာတမ်းများနည်းတူ(၄)လအတွင် မှတ်ပုံတင်ရပါ မည်။ မြို့တော်စည်ပင်သာယာရေးကော်မတီတွင်အမူတွဲဖွင့်မည်ဆိုလျှင် နေ့ချင်းဆောင်ရွက်ထားသော ကျမ်းကျိန်လွှာ တင်ပြရန် လိုအပ်ပါသည်။

ကျမ်းကျိန်လွှာတစ်စောင်ပြုလုပ်မည်ဆိုက အခွန်တံဆိပ်ခေါင်း-၁၅၀ဖြင့် အခွင့်ရအရာရှိရှေ့ မှောက်တွင် ကျမ်းကျိန်ဆိုမည့်သူကိုယ်တိုင် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစီစစ်ရေးကတ်မူရင်း၊ အသိသက်သေနှစ်ဦးမှ မှတ်ပုံတင်ပါဝင်ပြီး ကျမ်းကျိန်လွှာပြုလုပ်ရပါသည်။ပိုင်ဆိုင်မှု အထောက်အထား မူရင်းများပျောက်ဆုံးပါက သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး၊ ရဲစခန်း၏ ထောက်ခံချက်ပါရှိရမည်။

သက်သေခံဥပဒေပုဒ်မ-(၃)အရ အဓိပာယ်ဖွင့်ဆိုနိုင်သော သက်သေခံအထောက်အထားထဲတွင် တော့ကျမ်းကျိန်လွှာမှာမပါဝင်ပါ။ အိမ်ခြံမြေများကို ကျမ်းကျိန်လွှာဖြင့် လွှဲပြောင်းဆောင်ရွက်ခွင့်မရှိပါ ။ တံဆိပ်ခေါင်းခွန်ကပ်ပြီး စွန့်လွှတ်စာချုပ်၊ ပိုင်ဆိုင်ကြောင်းစာချုပ် မှတ်ပုံတင်ချုပ်ဆိုပြီးမှသာ တရားဝင် ပိုင်ဆိုင်မှာ ဖြစ်ပါသည်။

၁၉၅၄ခုနှစ်၊အက်ဥပဒေအမှတ်-၁၉အရ သံအရာရှိ(သို့)ကောင်စစ်အရာရှိသည် မိမိတာဝန်ကျရာ နိုင်ငံတွင် ကျမ်းကျိန်လွှာပြုလုပ်ပေးပိုင်ခွင့်ရှိသည်။

 

မေးခွန်း(၃)။  လယ်ယာမြေကို အမွေပုံပစ္စည်းတွင် ထည့်သွင်းခွဲဝေခြင်း ပြုလုပ်လို့ရပါသလား။

၂၀၁၂ခုနှစ်၊လယ်ယာမြေဥပဒေပုဒ်မ-၈ အရ လယ်ယာမြေကို အမွေဆက်ခံခွင့်ရှိပါသည်။ ဝယ်ယူ ခြင်း၊လဲလှယ်ခြင်း၊ ပေးကမ်းခြင်း၊ အမွေဆက်ခံခွင့်ရှိသူများအား သတ်မှတ်ချက်များနှင့်အညီ လယ်ယာ မြေလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-၁၂အရ ရောင်းချခြင်း၊ပေါင်နှံခြင်း၊ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ ပေးကမ်း ခြင်းတို့ ဆောင်ရွက်သည့်အခါ ဦးစီးဌာနက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန်နှင့် စာချုပ်စာတမ်း မှတ်ပုံ တင်ခပေးဆောင်၍ သက်ဆိုင်ရာမြို့နယ် ဦးစီးဌာနရုံးတွင် မှတ်ပုံတင်ရမည်ဟု ဖော်ပြထားပါသည်။

ထို့အပြင် အမွေဆက်ခံခြင်းနှင့် စပ်လျဉ်း၍ အငြင်းပွှားမှု ပေါ်ပေါက်လာပါက တည်ဆဲဥပဒေနှင့် အညီ လယ်ယာမြေလုပ်ပိုင်ခွင့်အတွက် သက်ဆိုင်ရာတရားရုံး၏ အဆုံးအဖြတ်ကို ခံယူနိုင်ခွင့်အခွင့်အ ရေးရှိပါသည်။လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇)အမည်ပေါက်သေဆုံးပါက ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပ ဒေနှင့်အညီ အမွေပုံပစည်းတွင် အမွေထည့်သွင်းခွဲဝေခွင့်ရှိပါသည်။

အငြင်းပွှားမှုများ ဖြေရှင်းနေစဉ်တွင်တော့ လွှဲပြောင်းရောင်းချခွင့်မရှိပါ။

လယ်ယာမြေလုပ်ပိုင်ခွင့်အား ကန့်ကွက်လိုသူသည် ရက်ပေါင်း(၃၀)အတွင်း ခိုင်လုံသောအ ထောက်အထားများတင်ပြပြီး ကန့်ကွက်နိုင်ပါသည်။

ဒေါ်ခင်ဆွေမြင့်နှင့် ဦးဝင်းဆွေ(ခ)ဦးဝင်းဆွေပါ-၃(၂၀၁၅၊မတစ၊စာ-၁၇)အရ အမွေအမူတွင် တရားလို ၏ အမည်ဖြင့်လည်းကောင်း၊တရားလို၏ မိဘများအမည်ဖြင့်လည်းကောင်း သက်ဆိုင်ရာဦးစီး ဌာနတွင် မှတ်ပုံတင်ထားကြောင်းနှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားကြောင်းလည်း မပေါ်လွင်ပေ။ လယ်ယာ မြေလုပ်ပိုင်ခွင့်ကို မည်သူရရှိထားကြောင်း မပေါ်ပေါက်သေး၍ လယ်ယာမြေဥပဒေပုဒ်မ-၉ အရ လယ်ယာမြေလုပ်ပိုင်ခွင့် အမွေဆက်ခံခြင်းကိစအပေါ် တရားရုံးက အဆုံးအဖြတ်ပေးနိုင်ခွင့်ရှိမည် မဟုတ်ဟု ဖော်ပြထားပြီး ၂၀၁၂ခုနှစ်၊ဥပဒေအရ တစ်ဦးဦး အမည်ပေါက် လယ်ယာမြေလုပ်ပိုင်ခွင့်လက် မှတ်ပုံစံ(၇) တရားရုံးသို့ တင်ပြရန် လိုအပ်ကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-၁၃အရ လယ်ယာမြေလုပ်ပိုင်ခွင့်အငြင်းပွားမှု အရှုပ်အရှင်း ပေါ်ပေါက် လျှင် ဦးစီးဌာနတွင် မှတ်ပုံတင်ပြီးမှသာ တရားဝင်ဖြေရှင်းနိုင်ခွင့်ရှိသည်ဟု ပြဌာန်းထားကြောင်း ဖော်ပြ လိုက်ရပါသည်။

 

လူကြီးမင်းတို့ဝေဝါးနေတဲ့ ဥပဒေဆိုင်ရာမေးခွန်းများကို အိမ်ခြံမြေဥပဒေအကြံပေးရှေ့နေများမှ အပတ်စဉ် တနင်္ဂနွေနေ့ည ၇ နာရီတိုင်းမှာ မြန်ဆန်မှန်ကန်တိကျစွာဖြင့် ဖြေကြားပေးသွားမှာဖြစ်လို့.....မေးမြန်းတိုင်ပင်လိုသမျှ iMyanmarHouse.com Page Message Box နဲ့ အောက်ဖော်ပြပါ Link မှာ မေးမြန်းနိုင်ပါကြောင်း လက်တို့လိုက်ပါစေ။

မေးခွန်းပေးပို့ရန် Link ➡

 

https://www.imyanmarhouse.com/property-questions-answers-ask

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

အိမ္ျခံေျမေလာကသားတိုင္းအတြက္ သိမွတ္စရာ ဥပေဒအေၾကာင္းအရာ....

 

ဒီကေန႔ညမွာေတာ့ အိမ္ျခံေျမေလာကမွာ အေရးအႀကီးဆုံးအရာ ဂရန္နဲ႔ပတ္သတ္ၿပီးေတာ့ ေမးျမန္းလာၾကတဲ့ေမးခြန္းမ်ားထဲက ေျမငွားဂရန္ကို ဘယ္လိုအခ်က္ေတြနဲ႔ ေလွ်ာက္ထားခြင့္႐ွိပါသလဲ ဆိုတဲ့ ေမးခြန္းအပါအဝင္ ေမးခြန္းသုံးခုကိုေျဖၾကားေပးသြားမွာျဖစ္ပါတယ္။

 

ေမးခြန္း(၁)။  ေျမငွားဂရန္ကို ဘယ္လိုအခ်က္ေတြနဲ႔ ေလွ်ာက္ထားခြင့္ ႐ွိပါသလဲ။

လူေနထိုင္ရန္ျဖစ္ေစ၊အေဆာက္အဦးေဆာက္လုပ္အသုံးျပဳရန္အတြက္ျဖစ္ေစ၊စက္မႈလက္မႈလုပ္ငန္းမ်ား (ဟိုတယ္၊အထူးစီးပြားေရးဇုန္၊ေမြးျမဴေရး၊ဝင္ေငြရစီးပြားေရးလုပ္ငန္းမ်ားပါဝင္) လုပ္ကိုင္ရန္ အတြက္ျဖစ္ေစ၊ေျမငွားဂရန္(ေျမငွားစာခ်ဳပ္) ေလွ်ာက္ထားႏိုင္ၿပီး ဌာနမွထုတ္ေပးပါသည္။

ေျမငွားဂရန္ေျမဆိုသည္မွာ ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ေက်း႐ြာေျမမ်ား ဥပေဒ-၇၊၈ႏွင့္နည္း ဥပ ေဒအပိုဒ္ -၂၉ တို႔အရ ေကာ္မတီက စည္းကမ္းခ်က္မ်ားသတ္မွတ္ၿပီး ႏွစ္ကာလအပိုင္းအျခား သတ္မွတ္ ၍ ေျမငွားစာခ်ဳပ္ျဖင့္ အငွားခ်ထားသည့္ေျမကိုဆိုလိုသည္။

ႏွစ္႐ွည္၊ႏွစ္တိုကာလအပိုင္းအျခားအထိ ေျမငွားစာခ်ဳပ္မ်ားကို ေအာက္ေဖာ္ျပပါ ေျမအမ်ိဳး အစားမ်ားတြင္ ထုတ္ေပးပါသည္။

၁။ ေကာ္မတီက စီမံခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမ ၂။ ေကာ္မတီအမည္ေပါက္ျဖင့္ လႊဲေျပာင္းရယူထားေသာေျမ ၃။ လိုင္စင္ေျမ ၄။ ပါမစ္ေျမ ၅။ စကြာတာေျမ ၆။ လူေနရပ္ကြက္အတြင္း႐ွိ က်ဴးလြန္ျခင္းေျမ ၇။ ဂရန္ေပးစီမံခ်က္ေျမ တို႔ကို ဂရန္ထုတ္ေပးပါသည္။

- သတ္မွတ္ထားေသာေျမငွားခကို ေပးေဆာင္ရၿပီး ဂရန္ေလွ်ာက္ထားသူမွာ(၁၈)ႏွစ္ျပည့္ကာ စိတ္ေပါ့သြပ္သူမျဖစ္ပါက ဂရန္ေလွ်ာက္ထားခြင့္႐ွိသည္။ ျပည္ေထာင္စုႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳ ခံရသူ၊ဧည့္ႏိုင္ငံသားအျဖစ္ အသိအမွတ္ျပဳခံရသူျဖစ္ရန္ လိုအပ္သည္။

ေလွ်ာက္ထားသူသည္ ေျမပိုင္ဆိုင္မႈ အေထာက္အထား၊မွတ္ပုံတင္ကတ္ျပား၊ ေျမငွားခေႂကြး က်န္ကင္း႐ွင္းေၾကာင္းေထာက္ခံခ်က္/ေနာက္ဆုံးေပးေဆာင္ထားသည့္ေျပစာႏွင့္ပူးတြဲေလွ်ာက္ထားရပါ မည္။ စကြာတာေျမအား ဂရန္ေလွ်ာက္ပါက အမည္ေပါက္ပိုင္႐ွင္(သို႔) မွတ္ပုံတင္ စာခ်ဳပ္စာတမ္းျဖင့္ ပိုင္ဆိုင္သူမွ ေလွ်ာက္ထားခြင့္႐ွိပါသည္။ထို႔သို႔ေလွ်ာက္ထားရာတြင္ ဌာနမွ ပိုင္ဆိုင္မႈ အေထာက္အထား မ်ားအား စီစစ္ၿပီး ေျမရာဇဝင္အေထာက္အထားမ်ားႏွင့္ တိုက္ဆိုင္စစ္ေဆးကာ ေျမစာရင္းႏွင့္ ကိုက္ညီမႈ ႐ွိပါက ဂရန္ထုတ္ေပးပါသည္။

 

ေမးခြန္း(၂)။ မည္သည့္ကိစၥမ်ားတြင္ က်မ္းက်ိန္လႊာျပဳလုပ္ရန္ လိုအပ္ပါသနည္း။

ပိုင္ဆိုင္ေၾကာင္း၊ေပ်ာက္ဆုံေၾကာင္း၊ေဆြမ်ိဳးေတာ္စပ္ေၾကာင္း စသျဖင့္ က်မ္းက်ိန္ဆိုမႈမ်ား အမ်ိဳးမ်ိဳး ျပဳလုပ္ႏိုင္ၾကပါသည္။ ဂရန္ေျမ၊ေျမပိုင္ေျမ၊ဘိုးဘြားပိုင္ေျမ၊လိုင္စင္ေျမ၊တိုက္ခန္း အိမ္ျခံေျမ မ်ားတြင္ အမည္ေပါက္ပိုင္႐ွင္ ေသဆုံးသြားပါက က်န္အေမြဆက္ခံခြင့္႐ွိသူမ်ားမွ ေဆြမ်ိဳးေတာ္စပ္ ေၾကာင္း ထင္႐ွားေစရန္ အေထာက္အထားအေနျဖင့္ က်မ္းက်ိန္လႊာျပဳလုပ္ၾကပါသည္။

က်မ္းက်ိန္လႊာတြင္ ပါ႐ွိရမည့္အခ်က္အလက္မ်ားအား မွန္ကန္ေၾကာင္း က်မ္းက်ိန္ဆိုသူ ကိုယ္တိုင္တာဝန္ယူရပါမည္။မမွန္သက္ေသခံ က်မ္းက်ိန္ဆိုကျပစ္မႈဆိုင္ရာဥပေဒပုဒ္မ-၁၉၃အရ အေရး ယူခံရႏိုင္ပါသည္။ထိုက်မ္းက်ိန္လႊာမ်ားအား စာခ်ဳပ္စာတမ္းမ်ားနည္းတူ(၄)လအတြင္ မွတ္ပုံတင္ရပါ မည္။ ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီတြင္အမူတြဲဖြင့္မည္ဆိုလွ်င္ ေန႔ခ်င္းေဆာင္႐ြက္ထားေသာ က်မ္းက်ိန္လႊာ တင္ျပရန္ လိုအပ္ပါသည္။

က်မ္းက်ိန္လႊာတစ္ေစာင္ျပဳလုပ္မည္ဆိုက အခြန္တံဆိပ္ေခါင္း-၁၅၀ျဖင့္ အခြင့္ရအရာ႐ွိေ႐ွ႕ ေမွာက္တြင္ က်မ္းက်ိန္ဆိုမည့္သူကိုယ္တိုင္ အသက္(၁၈)ႏွစ္ျပည့္ၿပီး ႏိုင္ငံသားစီစစ္ေရးကတ္မူရင္း၊ အသိသက္ေသႏွစ္ဦးမွ မွတ္ပုံတင္ပါဝင္ၿပီး က်မ္းက်ိန္လႊာျပဳလုပ္ရပါသည္။ပိုင္ဆိုင္မႈ အေထာက္အထား မူရင္းမ်ားေပ်ာက္ဆုံးပါက သက္ဆိုင္ရာ အုပ္ခ်ဳပ္ေရးမႉး၊ ရဲစခန္း၏ ေထာက္ခံခ်က္ပါ႐ွိရမည္။

သက္ေသခံဥပေဒပုဒ္မ-(၃)အရ အဓိပာယ္ဖြင့္ဆိုႏိုင္ေသာ သက္ေသခံအေထာက္အထားထဲတြင္ ေတာ့က်မ္းက်ိန္လႊာမွာမပါဝင္ပါ။ အိမ္ျခံေျမမ်ားကို က်မ္းက်ိန္လႊာျဖင့္ လႊဲေျပာင္းေဆာင္႐ြက္ခြင့္မ႐ွိပါ ။ တံဆိပ္ေခါင္းခြန္ကပ္ၿပီး စြန္႔လႊတ္စာခ်ဳပ္၊ ပိုင္ဆိုင္ေၾကာင္းစာခ်ဳပ္ မွတ္ပုံတင္ခ်ဳပ္ဆိုၿပီးမွသာ တရားဝင္ ပိုင္ဆိုင္မွာ ျဖစ္ပါသည္။

၁၉၅၄ခုႏွစ္၊အက္ဥပေဒအမွတ္-၁၉အရ သံအရာ႐ွိ(သို႔)ေကာင္စစ္အရာ႐ွိသည္ မိမိတာဝန္က်ရာ ႏိုင္ငံတြင္ က်မ္းက်ိန္လႊာျပဳလုပ္ေပးပိုင္ခြင့္႐ွိသည္။

 

ေမးခြန္း(၃)။ လယ္ယာေျမကို အေမြပုံပစၥည္းတြင္ ထည့္သြင္းခြဲေဝျခင္း ျပဳလုပ္လို႔ရပါသလား။

၂၀၁၂ခုႏွစ္၊လယ္ယာေျမဥပေဒပုဒ္မ-၈ အရ လယ္ယာေျမကို အေမြဆက္ခံခြင့္႐ွိပါသည္။ ဝယ္ယူ ျခင္း၊လဲလွယ္ျခင္း၊ ေပးကမ္းျခင္း၊ အေမြဆက္ခံခြင့္႐ွိသူမ်ားအား သတ္မွတ္ခ်က္မ်ားႏွင့္အညီ လယ္ယာ ေျမလုပ္ပိုင္ခြင့္ လက္မွတ္ထုတ္ေပးပါသည္။

လယ္ယာေျမဥပေဒပုဒ္မ-၁၂အရ ေရာင္းခ်ျခင္း၊ေပါင္ႏွံျခင္း၊ငွားရမ္းျခင္း၊လဲလွယ္ျခင္း၊ ေပးကမ္း ျခင္းတို႔ ေဆာင္႐ြက္သည့္အခါ ဦးစီးဌာနက သတ္မွတ္သည့္ တံဆိပ္ေခါင္းခြန္ႏွင့္ စာခ်ဳပ္စာတမ္း မွတ္ပုံ တင္ခေပးေဆာင္၍ သက္ဆိုင္ရာၿမိဳ႕နယ္ ဦးစီးဌာန႐ုံးတြင္ မွတ္ပုံတင္ရမည္ဟု ေဖာ္ျပထားပါသည္။

ထို႔အျပင္ အေမြဆက္ခံျခင္းႏွင့္ စပ္လ်ဥ္း၍ အျငင္းပႊားမႈ ေပၚေပါက္လာပါက တည္ဆဲဥပေဒႏွင့္ အညီ လယ္ယာေျမလုပ္ပိုင္ခြင့္အတြက္ သက္ဆိုင္ရာတရား႐ုံး၏ အဆုံးအျဖတ္ကို ခံယူႏိုင္ခြင့္အခြင့္အ ေရး႐ွိပါသည္။လယ္ယာေျမလုပ္ပိုင္ခြင့္ပုံစံ(၇)အမည္ေပါက္ေသဆုံးပါက ၂၀၁၂ခုႏွစ္၊ လယ္ယာေျမဥပ ေဒႏွင့္အညီ အေမြပုံပစည္းတြင္ အေမြထည့္သြင္းခြဲေဝခြင့္႐ွိပါသည္။

အျငင္းပႊားမႈမ်ား ေျဖ႐ွင္းေနစဥ္တြင္ေတာ့ လႊဲေျပာင္းေရာင္းခ်ခြင့္မ႐ွိပါ။

လယ္ယာေျမလုပ္ပိုင္ခြင့္အား ကန္႔ကြက္လိုသူသည္ ရက္ေပါင္း(၃၀)အတြင္း ခိုင္လုံေသာအ ေထာက္အထားမ်ားတင္ျပၿပီး ကန္႔ကြက္ႏိုင္ပါသည္။

ေဒၚခင္ေဆြျမင့္ႏွင့္ ဦးဝင္းေဆြ(ခ)ဦးဝင္းေဆြပါ-၃(၂၀၁၅၊မတစ၊စာ-၁၇)အရ အေမြအမူတြင္ တရားလို ၏ အမည္ျဖင့္လည္းေကာင္း၊တရားလို၏ မိဘမ်ားအမည္ျဖင့္လည္းေကာင္း သက္ဆိုင္ရာဦးစီး ဌာနတြင္ မွတ္ပုံတင္ထားေၾကာင္းႏွင့္ လယ္ယာေျမလုပ္ပိုင္ခြင့္ရ႐ွိထားေၾကာင္းလည္း မေပၚလြင္ေပ။ လယ္ယာ ေျမလုပ္ပိုင္ခြင့္ကို မည္သူရ႐ွိထားေၾကာင္း မေပၚေပါက္ေသး၍ လယ္ယာေျမဥပေဒပုဒ္မ-၉ အရ လယ္ယာေျမလုပ္ပိုင္ခြင့္ အေမြဆက္ခံျခင္းကိစအေပၚ တရား႐ုံးက အဆုံးအျဖတ္ေပးႏိုင္ခြင့္႐ွိမည္ မဟုတ္ဟု ေဖာ္ျပထားၿပီး ၂၀၁၂ခုႏွစ္၊ဥပေဒအရ တစ္ဦးဦး အမည္ေပါက္ လယ္ယာေျမလုပ္ပိုင္ခြင့္လက္ မွတ္ပုံစံ(၇) တရား႐ုံးသို႔ တင္ျပရန္ လိုအပ္ေၾကာင္း ေတြ႕႐ွိရပါသည္။

လယ္ယာေျမဥပေဒပုဒ္မ-၁၃အရ လယ္ယာေျမလုပ္ပိုင္ခြင့္အျငင္းပြားမႈ အ႐ႈပ္အ႐ွင္း ေပၚေပါက္ လွ်င္ ဦးစီးဌာနတြင္ မွတ္ပုံတင္ၿပီးမွသာ တရားဝင္ေျဖ႐ွင္းႏိုင္ခြင့္႐ွိသည္ဟု ျပဌာန္းထားေၾကာင္း ေဖာ္ျပ လိုက္ရပါသည္။

လူႀကီးမင္းတို႔ေဝဝါးေနတဲ့ ဥပေဒဆိုင္ရာေမးခြန္းမ်ားကို အိမ္ျခံေျမဥပေဒအၾကံေပးေ႐ွ႕ေနမ်ားမွ အပတ္စဥ္ တနဂၤေႏြေန႔ည ၇ နာရီတိုင္းမွာ ျမန္ဆန္မွန္ကန္တိက်စြာျဖင့္ ေျဖၾကားေပးသြားမွာျဖစ္လို႔.....ေမးျမန္းတိုင္ပင္လိုသမွ် iMyanmarHouse.com Page Message Box နဲ႔ ေအာက္ေဖာ္ျပပါ Link မွာ ေမးျမန္းႏိုင္ပါေၾကာင္း လက္တို႔လိုက္ပါေစ။

ေမးခြန္းေပးပို႔ရန္ Link ➡

https://www.imyanmarhouse.com/property-questions-answers-ask

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Kiss Me Under The Mistletoe
Kiss Me Under The Mistletoe
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...
Christmas ဒဏ္ဍာရီထဲက Santa Claus ဘိုးဘိုးကြီးရဲ့မွေးရပ်မြေ Finland နိုင်ငံမှ Rovaniemi Santa Claus ရွာလေးဆီသို့ တစ်ခေါက်တစ်ခါ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ဘတ်စ်ကား စပယ်ယာ၊ လမ်းဘေးသစ်သီးသည်ဘဝမှ ဆင်းဆင်းရဲရဲ ရုန်းကန်ခဲ့ရသော ကျွဲရိုင်းအချိုရည် မိသားစု ထိုင်းနိုင်ငံ၏ အချမ်းသာဆုံ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service