တစ်ခါတုန်းက အဖြစ်လေးတွေ (၃၅)

တစ်ခါတုန်းက အဖြစ်လေးတွေ (၃၅) - Property Knowledge in Myanmar from iMyanmarHouse.com
30 Jun 2023 4:49 pm တွင် တင်ခဲ့သည်
761 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

“ခွင့်လွှတ်ပေးပါသူငယ်ချင်း”

 

ကိုယ့်အကျင့်များ ပြောပါတယ်။ အကျင့်က တယ်ပြီး ကောင်းလှတယ်မဟုတ်ဘူး။ တစ်ခါတစ်ရံ ကိုယ်နဲ့ ကျောင်းနေဖက် သူငယ်ချင်း တစ်ယောက်အကြောင်းရေးဖို့ တွေးတော့ သူ့နာမည်က မေ့နေပြန်ရော။ အဲ…သူနံမယ်(နာမည်)သာ မေ့နေတာ သူ့ညီမနံမယ်(နာမည်)ကိုတော့ အခုအချိန်ထိ မှတ်မိနေပြန်ရော။ အကျင့်များ မကောင်းတာပြောပါတယ်။ သူ့ကိုမေ့နေတော့ သူ့ညီမနံမယ်(နာမည်)နဲ့ဆိုလည်းပြောလို့တော့ အဆင်ပြေမှာပါ။

ကျွန်တော့်ရဲ့တစ်ခါတုန်းက အဖြစ်လေးတွေဆောင်းပါးမှာဖော်ပြခဲ့တဲ့ နံမယ်(နာမည်)တွေက အမှန်တွေပါ။ သာစေ၊နာစေလိုတဲ့ သဘောနဲ့ရေးထားတာ မဟုတ်ပါဘူး။ဒီအကြောင်းလေးတွေဖတ်ရရင် မေ့နေတဲ့ တစ်ခါတုန်းက အကြောင်းလေးတွေပြန်မှတ်မိပြီး အလွမ်းပြေကြဖို့ပါပဲ။ နာစရာဖြစ်သွားရင်လည်း ခွင့်လွှတ်ဖို့တောင်းပန်ရပါတယ်။

ဒီအကြောင်းလေးတွေဖတ်မိတော့ မင်းနဲ့ငါနဲ့ တစ်ခါတုန်းက သူငယ်ချင်းတွေပါလား။ငါ့အပေါ်မင်းဘာတွေ လုပ်ခဲ့သလဲ။မင်းနဲ့ငါနဲ့ တခြားသူတွေအပေါ်နဲ့ ကိုယ့်အချင်းအပေါ် ဘာတွေမကောင်းတာတွေ ကြံခဲ့သလဲ ဆိုတာလေးတွေ စားမြုံ့ပြန်ရင်း ပြောစရာဖြစ်ဖို့ ရည်ရွယ်တာပါ။အပျော်လေးတွေ ဖြစ်စေဖို့ပါပဲ။

သူ့ညီမနံမယ်(နာမည်)က ခိုင်ခိုင်ထွေး။ ခိုင်ခိုင်ထွေးတို့ မောင်နှစ်မတစ်တွေက တရုတ်စပ်လို့လားမသိဘူး အသားအရေကဖြူဖြူနဲ့ ရုပ်ရည်ကလည်း ချောတဲ့ လှတဲ့ထဲမှာပါကြတယ်။အနီးစပ်ဆုံးပြောရရင် ရုပ်ရှင်မင်းသမီး မေဝင်းမောင်တို့လို ရုပ်ရည်မျိုး ရှိကြတယ်။

ကျွန်တော့်သူငယ်ချင်းရဲ့ ညီမဖြစ်တဲ့ သူ့ကိုလည်း အဲဒီအရွယ်ကတည်းက စိတ်ဝင်စားဖူးတယ်။ စိတ်ဝင်စားတယ် ဆိုတာကလည်း သူများနဲ့မတူလို့ပေါ့။ အညာသူတွေဖြစ်ပေမယ့် အခြားအညာသူတွေနဲ့ တူမှ မတူဘဲ။

အုန်းဆီအရွှဲသားနဲ့ နေစော်နံနေတဲ့ ကောင်မလေးတွေနဲ့ တူမှမတူဘဲ။ ဖြူဖြူနုနုနဲ့ လှချက်ကလွန်ရော။ အဲဒီအရွယ်ကတည်းက မင်းကကြောင်တတ်နေပြီလား ပြောရင်လည်း ခံရမှာပါပဲ။ ကြောင်တတ်နေပြီလို့ ပြောရမှာပါပဲ။ အဲဒီအရွယ်ကတည်းက ကြောင်တတ်တဲ့အကောင်က အသက် ၄၅ ကျော်မှ အိမ်ထောင်ကျ တာတော့ လွန်သွားတာပေါ့နော်။

ကျွန်တော်သုံးတန်းကျောင်းသားတုန်းက ကျွန်တော်တို့အရွယ်တွေက အခုသုံးတန်း လေးတန်းကျောင်းသား တွေထက်များ အရွယ်ကြီးနေသလားလို့။မကြီးမငယ်လေးတွေလိုပါပဲ။ဗြောင်းတိုက်အောင်ဆော့တာလည်း လွန်ရောပေါ့။

သူ့အစ်ကိုနဲ့ ကျွန်တော်က တစ်ခန်းတည်း။ကျောင်းမှာဆိုရင် သူ့အစ်ကိုက နံရံသစ်သားတန်းတွေကို လက်သီးစွမ်းပြတတ်တယ်။ အခုစာရေးတဲ့အချိန်ထိ နံမယ်(နာမည်)ကို အစဖော်မရဘူး ဖြစ်နေသေးတယ်။ ကျွန်တော်ကလည်း ကရာတေးရဲ့ အခြေခံ ခြေရွှေ့ကွက်တွေ၊အခြေခံလက်သီးထိုး၊လက်ဝါးစောင်း ခုတ်တာလေးတွေ သင်ထားတော့ သွေးကြွနေတဲ့ အချိန်ပေါ့။

သူကကျောင်းရောက်လို့ ဆော့ကစားရင်း တဖြောင်းဖြောင်း တဒိုင်းဒိုင်းနဲ့ ကျောင်းကနံရံတွေ၊တန်းတွေကို ထိုးပြတော့တာပေါ့။ ကျွန်တော်ကလည်း သူဒီလိုလုပ်တာကို မြင်ပြင်းကပ်လာတာပေါ့။ မင်းနဲ့ငါ လက်သီးချင်း ယှဉ်ထိုးမလား လုပ်ပါတယ်။

ထိုးမယ်ကွာဆိုပြီး လက်သီးလက်သီးချင်း တည့်ယှဉ်ဆိုင်ထိုးကြတာပေါ့။ဖြောင်းကနဲနေပါရောလား။ဒီကောင်က ပိန်တော့ပိန်တယ်။လက်သီးကတော့ မာတယ်။လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီးထိုးကြတော့ သိပ်ပြီးနာလှတယ် မရှိပါဘူး။

ကျွန်တော်က အကြံသမား၊ ဒီကောင့်ကို ပညာပေးချင်လို့ စိမ်ခေါ်လိုက်တာ။ထပ်ထိုးဦးမလားပြောတော့ ထိုးမယ်ကွာလို့လုပ်ပြန်ရော။

ဒါနဲ့ ကျွန်တော့် လက်နှစ်ဖက်ကို စာသင်ခုံအောက်ထားလိုက်ပြီး ဘလိတ်ဓားကို လက်ညှိုးနဲ့ လက်ခလယ်ကြား တစောင်း ညှပ်လိုက်ပြီး နဲနဲဖော်ထားလိုက်တယ်။အဲဒီနောက်လက်ကို အပြင်ထုတ်လိုက်ပြီး “ကဲထိုးမယ်ဆိုထိုးကွာ” ဆိုပြီး လက်ကိုဆန့်ပြီး ရှေ့ထုတ်ပေးလိုက်တယ်။

ကျွန်တော့် လက်သီးကြားမှာ ဘလိတ်ဓားကို မမြင်တဲ့သူက အားရပါရထိုးတော့တာပေါ့။

အားကနဲ အဲဒီကောင်အော်တာပေါ့။ကျွန်တော့်လက်ထဲက ဘလိတ်ဓားအဖျားဟာလည်း ကျိုးပြီး သူ့လက်ခလယ်ထဲ စိုက်ပြီးပါသွားပါရောလား။

အဲဒီတော့မှ ကျွန်တော်လည်း မျက်လုံးပြူး မျက်ဆံပြူးဖြစ်ပြီး သူ့လက်ထဲစိုက်ဝင်ပါသွားတဲ့ ဘလိတ်ဓားကျိုးကို ပြန်ထုတ်ပေးလိုက်ရတယ်။ကျောင်းဆင်းလို့ အိမ်ပြန်ရောက်ရင် သူ့အမေတိုင်ပြောရင် ဒုက္ခပဲလို့ စိုးထိတ်ခဲ့ပေမယ့်၊ ဒီကောင် အကျင့်တော့ကောင်းသား သူ့မိဘတွေကိုမတိုင်ခဲ့မှန်း နောက်နေ့ ကျောင်းလာတော့ သူ့မိဘတွေ ပါမလာတာကိုကြည့်ပြီး သိလိုက်ရတယ်။

သူ့လက်ကိုကြည့်တော့ သူ့လက်ချောင်းတွေရော လက်ခုံတစ်ခုလုံးပါ ယောင်ကိုင်းနေပါရောလားဗျာ။

ခုများတော့ ကျွန်တော့် သမီးလေး ငါးနှစ်ပြည့်လို့ ကျောင်းစထားတော့မှ ကျောင်းသားအချင်းချင်း ဆော့ရင်းတစ်ခုခုဖြစ်မှာ စိုးရိမ်နေမိပါရောလား။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

မိုးယံလင်းထင် ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၅)

 

“ခြင့္လႊတ္ေပးပါသူငယ္ခ်င္း”

ကိုယ့္အက်င့္မ်ား ေျပာပါတယ္။ အက်င့္က တယ္ၿပီး ေကာင္းလွတယ္မဟုတ္ဘူး။ တစ္ခါတစ္ရံ ကိုယ္နဲ႔ ေက်ာင္းေနဖက္ သူငယ္ခ်င္း တစ္ေယာက္အေၾကာင္းေရးဖို႔ ေတြးေတာ့ သူ႕နာမည္က ေမ့ေနျပန္ေရာ။ အဲ…သူနံမယ္(နာမည္)သာ ေမ့ေနတာ သူ႕ညီမနံမယ္(နာမည္)ကိုေတာ့ အခုအခ်ိန္ထိ မွတ္မိေနျပန္ေရာ။ အက်င့္မ်ား မေကာင္းတာေျပာပါတယ္။ သူ႕ကိုေမ့ေနေတာ့ သူ႕ညီမနံမယ္(နာမည္)နဲ႔ဆိုလည္းေျပာလို႔ေတာ့ အဆင္ေျပမွာပါ။

ကြၽန္ေတာ့္ရဲ႕တစ္ခါတုန္းက အျဖစ္ေလးေတြေဆာင္းပါးမွာေဖာ္ျပခဲ့တဲ့ နံမယ္(နာမည္)ေတြက အမွန္ေတြပါ။ သာေစ၊နာေစလိုတဲ့ သေဘာနဲ႔ေရးထားတာ မဟုတ္ပါဘူး။ဒီအေၾကာင္းေလးေတြဖတ္ရရင္ ေမ့ေနတဲ့ တစ္ခါတုန္းက အေၾကာင္းေလးေတြျပန္မွတ္မိၿပီး အလြမ္းေျပၾကဖို႔ပါပဲ။ နာစရာျဖစ္သြားရင္လည္း ခြင့္လႊတ္ဖို႔ေတာင္းပန္ရပါတယ္။

ဒီအေၾကာင္းေလးေတြဖတ္မိေတာ့ မင္းနဲ႔ငါနဲ႔ တစ္ခါတုန္းက သူငယ္ခ်င္းေတြပါလား။ငါ့အေပၚမင္းဘာေတြ လုပ္ခဲ့သလဲ။မင္းနဲ႔ငါနဲ႔ တျခားသူေတြအေပၚနဲ႔ ကိုယ့္အခ်င္းအေပၚ ဘာေတြမေကာင္းတာေတြ ၾကံခဲ့သလဲ ဆိုတာေလးေတြ စားျမဳံ႕ျပန္ရင္း ေျပာစရာျဖစ္ဖို႔ ရည္႐ြယ္တာပါ။အေပ်ာ္ေလးေတြ ျဖစ္ေစဖို႔ပါပဲ။

သူ႕ညီမနံမယ္(နာမည္)က ခိုင္ခိုင္ေထြး။ ခိုင္ခိုင္ေထြးတို႔ ေမာင္ႏွစ္မတစ္ေတြက တ႐ုတ္စပ္လို႔လားမသိဘူး အသားအေရကျဖဴျဖဴနဲ႔ ႐ုပ္ရည္ကလည္း ေခ်ာတဲ့ လွတဲ့ထဲမွာပါၾကတယ္။အနီးစပ္ဆုံးေျပာရရင္ ႐ုပ္႐ွင္မင္းသမီး ေမဝင္းေမာင္တို႔လို ႐ုပ္ရည္မ်ိဳး ႐ွိၾကတယ္။

ကြၽန္ေတာ့္သူငယ္ခ်င္းရဲ႕ ညီမျဖစ္တဲ့ သူ႕ကိုလည္း အဲဒီအ႐ြယ္ကတည္းက စိတ္ဝင္စားဖူးတယ္။ စိတ္ဝင္စားတယ္ ဆိုတာကလည္း သူမ်ားနဲ႔မတူလို႔ေပါ့။ အညာသူေတြျဖစ္ေပမယ့္ အျခားအညာသူေတြနဲ႔ တူမွ မတူဘဲ။

အုန္းဆီအ႐ႊဲသားနဲ႔ ေနေစာ္နံေနတဲ့ ေကာင္မေလးေတြနဲ႔ တူမွမတူဘဲ။ ျဖဴျဖဴႏုႏုနဲ႔ လွခ်က္ကလြန္ေရာ။ အဲဒီအ႐ြယ္ကတည္းက မင္းကေၾကာင္တတ္ေနၿပီလား ေျပာရင္လည္း ခံရမွာပါပဲ။ ေၾကာင္တတ္ေနၿပီလို႔ ေျပာရမွာပါပဲ။ အဲဒီအ႐ြယ္ကတည္းက ေၾကာင္တတ္တဲ့အေကာင္က အသက္ ၄၅ ေက်ာ္မွ အိမ္ေထာင္က် တာေတာ့ လြန္သြားတာေပါ့ေနာ္။

ကြၽန္ေတာ္သုံးတန္းေက်ာင္းသားတုန္းက ကြၽန္ေတာ္တို႔အ႐ြယ္ေတြက အခုသုံးတန္း ေလးတန္းေက်ာင္းသား ေတြထက္မ်ား အ႐ြယ္ႀကီးေနသလားလို႔။မႀကီးမငယ္ေလးေတြလိုပါပဲ။ေျဗာင္းတိုက္ေအာင္ေဆာ့တာလည္း လြန္ေရာေပါ့။

သူ႕အစ္ကိုနဲ႔ ကြၽန္ေတာ္က တစ္ခန္းတည္း။ေက်ာင္းမွာဆိုရင္ သူ႕အစ္ကိုက နံရံသစ္သားတန္းေတြကို လက္သီးစြမ္းျပတတ္တယ္။ အခုစာေရးတဲ့အခ်ိန္ထိ နံမယ္(နာမည္)ကို အစေဖာ္မရဘူး ျဖစ္ေနေသးတယ္။ ကြၽန္ေတာ္ကလည္း ကရာေတးရဲ႕ အေျခခံ ေျခေ႐ႊ႕ကြက္ေတြ၊အေျခခံလက္သီးထိုး၊လက္ဝါးေစာင္း ခုတ္တာေလးေတြ သင္ထားေတာ့ ေသြးႂကြေနတဲ့ အခ်ိန္ေပါ့။

သူကေက်ာင္းေရာက္လို႔ ေဆာ့ကစားရင္း တေျဖာင္းေျဖာင္း တဒိုင္းဒိုင္းနဲ႔ ေက်ာင္းကနံရံေတြ၊တန္းေတြကို ထိုးျပေတာ့တာေပါ့။ ကြၽန္ေတာ္ကလည္း သူဒီလိုလုပ္တာကို ျမင္ျပင္းကပ္လာတာေပါ့။ မင္းနဲ႔ငါ လက္သီးခ်င္း ယွဥ္ထိုးမလား လုပ္ပါတယ္။

ထိုးမယ္ကြာဆိုၿပီး လက္သီးလက္သီးခ်င္း တည့္ယွဥ္ဆိုင္ထိုးၾကတာေပါ့။ေျဖာင္းကနဲေနပါေရာလား။ဒီေကာင္က ပိန္ေတာ့ပိန္တယ္။လက္သီးကေတာ့ မာတယ္။လက္သီးကို က်စ္က်စ္ပါေအာင္ဆုပ္ၿပီးထိုးၾကေတာ့ သိပ္ၿပီးနာလွတယ္ မ႐ွိပါဘူး။

ကြၽန္ေတာ္က အၾကံသမား၊ ဒီေကာင့္ကို ပညာေပးခ်င္လို႔ စိမ္ေခၚလိုက္တာ။ထပ္ထိုးဦးမလားေျပာေတာ့ ထိုးမယ္ကြာလို႔လုပ္ျပန္ေရာ။

ဒါနဲ႔ ကြၽန္ေတာ့္ လက္ႏွစ္ဖက္ကို စာသင္ခုံေအာက္ထားလိုက္ၿပီး ဘလိတ္ဓားကို လက္ညိႇဳးနဲ႔ လက္ခလယ္ၾကား တေစာင္း ညႇပ္လိုက္ၿပီး နဲနဲေဖာ္ထားလိုက္တယ္။အဲဒီေနာက္လက္ကို အျပင္ထုတ္လိုက္ၿပီး “ကဲထိုးမယ္ဆိုထိုးကြာ” ဆိုၿပီး လက္ကိုဆန္႔ၿပီး ေ႐ွ႕ထုတ္ေပးလိုက္တယ္။

ကြၽန္ေတာ့္ လက္သီးၾကားမွာ ဘလိတ္ဓားကို မျမင္တဲ့သူက အားရပါရထိုးေတာ့တာေပါ့။

အားကနဲ အဲဒီေကာင္ေအာ္တာေပါ့။ကြၽန္ေတာ့္လက္ထဲက ဘလိတ္ဓားအဖ်ားဟာလည္း က်ိဳးၿပီး သူ႕လက္ခလယ္ထဲ စိုက္ၿပီးပါသြားပါေရာလား။

အဲဒီေတာ့မွ ကြၽန္ေတာ္လည္း မ်က္လုံးျပဴး မ်က္ဆံျပဴးျဖစ္ၿပီး သူ႕လက္ထဲစိုက္ဝင္ပါသြားတဲ့ ဘလိတ္ဓားက်ိဳးကို ျပန္ထုတ္ေပးလိုက္ရတယ္။ေက်ာင္းဆင္းလို႔ အိမ္ျပန္ေရာက္ရင္ သူ႕အေမတိုင္ေျပာရင္ ဒုကၡပဲလို႔ စိုးထိတ္ခဲ့ေပမယ့္၊ ဒီေကာင္ အက်င့္ေတာ့ေကာင္းသား သူ႕မိဘေတြကိုမတိုင္ခဲ့မွန္း ေနာက္ေန႔ ေက်ာင္းလာေတာ့ သူ႕မိဘေတြ ပါမလာတာကိုၾကည့္ၿပီး သိလိုက္ရတယ္။

သူ႕လက္ကိုၾကည့္ေတာ့ သူ႕လက္ေခ်ာင္းေတြေရာ လက္ခုံတစ္ခုလုံးပါ ေယာင္ကိုင္းေနပါေရာလားဗ်ာ။

ခုမ်ားေတာ့ ကြၽန္ေတာ့္ သမီးေလး ငါးႏွစ္ျပည့္လို႔ ေက်ာင္းစထားေတာ့မွ ေက်ာင္းသားအခ်င္းခ်င္း ေဆာ့ရင္းတစ္ခုခုျဖစ္မွာ စိုးရိမ္ေနမိပါေရာလား။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
မြောက်ကိုရီးယားဗိုလ်ကြီး (သို့မဟုတ်) Hyun Bin နှင့် Son Ye-jin တို့စုံတွဲက ပျားရည်ဆမ်းခရီး ဖြတ်သန်းခဲ့သော Penthouse ခန်း
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
တချိန်က ဂျာမနီသို့သွားကာ အင်ဂျင်နီယာအဖြစ် လုပ်ကိုင်ခဲ့သော အမျိုးသားမှာ ချစ်သူနှင့် လမ်းခွဲရ သောကြောင့် အရက်ဂျိုးဖြစ်ကာ ယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
ခေါက်၊ ဖြန့်၊ တပ်ဆင် လွယ်ကူစွာပြောင်းရွှေ့နေရာချနိုင်သော ခေါက်အိမ်ငယ်တစ်လုံးကို ဒေါ်လာ ၉ ထောင်ကျော်ခန့်ဖြင့် Amazon မှ မ
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
အိန္ဒိယတွင် ညအမှောင်ထဲ Google Map ရဲ့ လမ်းညွှန်မှုနောက်လိုက်မိရာမှ ဆောက်လုပ်ဆဲတံတားပေါ်ကပြုတ်ကျ သေဆုံးခဲ့သောလူငယ်သုံးဦး၏
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
magical-world

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service