အိန္ဒိယနိုင်ငံ၏ အလှူအတန်းအများဆုံးပုဂ္ဂိုလ်မှာ မူကက်ရှ် အမ်ဘာနီမဟုတ်၊ တာတာ ကုမ္ပဏီပိုင်ရှင်မဟုတ်၊ ဒါဆိုရင် ဘယ်သူလဲ
အိန္ဒိယနိုင်ငံ၏ အလှူအတန်းအများဆုံးပုဂ္ဂိုလ်မှာ မူကက်ရှ် အမ်ဘာနီမဟုတ်၊ တာတာ ကုမ္ပဏီပိုင်ရှင်မဟုတ်၊ ဒါဆိုရင် ဘယ်သူလဲ - Property News in Myanmar from iMyanmarHouse.com
30 Jun 2023 10:59 am တွင် တင်ခဲ့သည်
510 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးအထင်ကရသူဌေးကြီးများ အများအပြားရှိရာ မူကက်ရှ် အမ်ဘာနီ၊ တာတာကုမ္ပဏီပိုင်ရှင် ရာတန် တာတာနှင့် ဂေါတမ် အဒါနီတို့ အပါအဝင် ဖြစ်သည်။
ဤဆောင်းပါးတွင် အိန္ဒိယ၏ အချမ်းသာဆုံးပုဂ္ဂိုလ်များတွင် ပါဝင်ပြီး ပေးကမ်းလှူဒါန်းမှု အများဆုံးပုဂ္ဂိုလ်အကြောင်း ဖော်ပြသွားပါမည်။
Dasra and Bain & Co မှ ထုတ်ပြန်သော ၂၀၂၃ ခုနှစ်၊ အိန္ဒိယ ပရဟိတအစီရင်ခံစာအရ Wipro တည်ထောင်သူ၊ ဥက္ကဌ Azim Premji သည် အိန္ဒိယနိုင်ငံ၏ အရက်ရောဆုံးပုဂ္ဂိုလ်အဖြစ် ပရဟိတလှူဒါန်းမှု စာရင်းတွင် ၂၀၂၀ နှင့် ၂၀၂၁ ဘဏ္ဍာရေးနှစ်များတွင် ထိပ်ဆုံးမှ ရပ်တည်နေသည်။
Azim သည် ၂၀၂၀ ပြည့်နှစ်အတွင်း ပျှမ်းမျှအားဖြင့် တစ်ရက်လျှင် ရူပီး ၂၂ ကုဋေ လှူဒါန်းခဲ့ပြီး ထိုနှစ် တစ်နှစ်တာအတွက် စုစုပေါင်း ရူပီး ၇၉၀၄ ကုဋေ လှူဒါန်းခဲ့သည်။
၂၀၂၁ ဘဏ္ဍာနှစ်တွင် တစ်ရက်လျှင် ရူပီး ၂၇ ကုဋေ လှူဒါန်းခဲ့ပြီး တစ်နှစ်တာ စုစုပေါင်း လှူဒါန်းငွေမှာ ရူပီး ၉၇၁၃ ကုဋေ ဖြစ်သည်။
၂၀၂၂ ခုနှစ်တွင် Azim ၏ လှူဒါန်းမှု ရူပီး ၄၈၄ ကုဋေ ကျဆင်းခဲ့သော်လည်း ၂၀၂၃ တွင်မူ အိန္ဒိယ၏ လှူဒါန်းမှုအများဆုံးပုဂ္ဂိုလ်အဖြစ် ထိပ်ဆုံးနေရာတွင် ရပ်တည်နေဆဲ ဖြစ်သည်။
Covid-19 ကပ်ဘေးကဲ့သို့ မကြုံစဖူးသော ရောဂန္တရကပ်ဘေးကြီးအတွင်း Azim ၏ ကုမ္ပဏီအုပ်စုက ရူပီး ၁၁၂၅ ကုဋေ လှူဒါန်းရန် ကတိပြုခဲ့သည်။
ယင်းအနက် Wipro Ltd က ရူပီး ကုဋေ ၁၀၀၊ Wipro Enterprises Ltd က ရူပီး ၂၅ ကုဋေနှင့် Azim Premji Foundation က ရူပီး ကုဋေ ၁၀၀၀ အသီးသီး လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။
Azim Premji သည် ၂၀၁၉ ခုနှစ်တွင် သူ၏ အိုင်တီနည်းပညာလုပ်ငန်းမှ ရှယ်ယာ ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံဖိုးကို ၎င်းတည်ထောင်ထားသော ပရဟိတအဖွဲ့ The Azim Premji Foundation သို့ လှူဒါန်းခဲ့ရာ အိန္ဒိယပရဟိတလောက၏ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့သည်။
The Azim Premji ဖောင်ဒေးရှင်းကို ၂၀၀၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ပညာရေးကဏ္ဍအပေါ် ကူညီမှုများ လုပ်ဆောင်ပေးရန် ရည်ရွယ်သည်။
Azim သည် အိန္ဒိယနိုင်ငံရှိ အခြားမည်သည့်သူဌေးများထက်မဆို အနည်းဆုံး ဆယ်ဆကျော် လှူဒါန်းထားသူ ဖြစ်ပြီး Hurun India နှင့် EdelGive Foundation တို့မှ ထုတ်ပြန်သော ကမ္ဘာ့ထိပ်တန်း ပရဟိတပုဂ္ဂိုလ်များ စာရင်းတွင် Azim ကို နံပါတ် ၁၂ နေရာတွင် ဖော်ပြထားသည်။
Azim သည် သူ၏ ပရဟိတဆောင်ရွက်မှုများအတွက် ဆုတံဆိပ်ပေါင်းများစွာ ရရှိထားရာ ကာနက်ဂျီ ပရဟိတသူရဲကောင်းဆု၊ အိန္ဒိယတွင် အရပ်သားများကို ပေးအပ်သည့် အမြင့်ဆုံးဆုတစ်ခုဖြစ်သော Padma Bhushan ဆုများ အပါအဝင် ဖြစ်သည်။
(Azim Premji ဘယ်သူလဲ)
အဂျီးမ် ပရင်မ်ဂျီ (Azim Premji) ၏ အမည်အပြည့်အစုံမှာ အဂျီးမ် ဟာရှင် ပရင်မ်ဂျီဖြစ်ပြီး အိန္ဒိယ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမား၊ Wipro Limited ၏ ဥက္ကဌ ဖြစ်သည်။
အဂျီးမ် ပရင်မ်ဂျီကို အိန္ဒိယနိုင်ငံ၊ ဘုံဘေမြို့ (ယခု မွမ်ဘိုင်း)တွင် ရှီးယားမွတ်စလင်မိဘများမှ ၁၉၄၅ ခုနှစ်တွင် မွေးဖွားသည်။
သူ၏ ဖခင်မှာ မြန်မာပြည်၏ ဆန်စပါးဘုရင်ဟု နာမည်ကျော်ခဲ့သူလည်း ဖြစ်သည်။
အဂျီးမ်သည် စတန်းဖို့ဒ်တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာဘွဲ့ရရှိခဲ့ပြီး Yasmeen Premji နှင့် လက်ထပ်ကာ သားသမီး ၂ ဦးထွန်းကားသည်။
အဂျီးမ်သည် အိန္ဒိယ IT လောက၏ ဘုရင်ဟုလည်း လူသိများသည်။
သူ၏ ဆော့ဖ်ဝဲကုမ္ပဏီ Wipro သည် ကမ္ဘာ့ဆော့ဖ်ဝဲလောက ဦးဆောင်ကုမ္ပဏီများတွင် အပါအဝင်ဖြစ်သည်အထိ အောင်မြင်ခဲ့သည်။
၂၀၁၀ ပြည့်နှစ်တွင် Asiaweek မဂ္ဂဇင်းက အဂျီးမ်ကို ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၂၀ ဦးစာရင်းတွင် ထည့်သွင်း ဖော်ပြခဲ့သည်။
တိုင်းမ်မဂ္ဂဇင်းကြီးကလည်း အဂျီးမ်ကို ကမ္ဘာ့သြဇာအလွှမ်းဆုံးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် ၂ ကြိမ် ဖော်ပြခဲ့ဖူးရာ ၂၀၀၄ နှင့် ၂၀၁၁ ခုနှစ်များတွင် ဖြစ်သည်။
အဂျီးမ်သည် ဘန်ဂလောမြို့ရှိ Azim Premji တက္ကသိုလ်၏ အဓိပတိအဖြစ်လည်း တာဝန်ထမ်းဆောင်လျက် ရှိသည်။
အဂျီးမ်၏ ကြွယ်ဝမှုမှာ ကန်ဒေါ်လာ ၂၅ ဘီလီယံခန့်ရှိသည်ဟု ခန့်မှန်းရသည်။
အဂျီးမ်က ကမ္ဘာကျော်သူဌေးကြီးများက မိမိတို့၏ ပိုင်ဆိုင်မှု တစိတ်တဒေသ ပေးလှူကြမည့် Giving Pledge အစီအစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးထားပြီး သူ၏ ပိုင်ဆိုင်မှု ထက်ဝက်ကို လှူဒါန်းသွားရန် ကတိပြုထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း ) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet India's most charitable man and it's not Ratan Tata, Mukesh Ambani, Gautam Adani, Shiv Nadar (dnaindia)
[Zawgyi]
(Azim Premji ဘယ်သူလဲ)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
royal-hill
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service