ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်း ရုပ်ရှင်ဒါရိုက်တာ Brad Falchuk တို့ ၇ နှစ်နီးပါး ဆောက်လုပ်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ် အပြီးသတ်ပြီးစီး
ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်း ရုပ်ရှင်ဒါရိုက်တာ Brad Falchuk တို့ ၇ နှစ်နီးပါး ဆောက်လုပ်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ်မှ စံအိမ် အပြီးသတ်ပြီးစီး - Property News in Myanmar from iMyanmarHouse.com
30 Jun 2023 10:05 am တွင် တင်ခဲ့သည်
390 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ဟောလိဝုဒ်ရုပ်ရှင်မင်းသမီး ဂွင်းနက်ပက်ထရိုးနှင့် ခင်ပွန်းဖြစ်သူ ဇာတ်ညွှန်းရေးဆရာ ၊ ရုပ်ရှင်ဒါရိုက်တာ ဘရက်ဒ်ဖဲလ်ချက် (Brad Falchuk) တို့ ၇ နှစ်နီးပါး ဆောက်လုပ်လျက်ရှိသော ကယ်လီဖိုးနီးယားပြည်နယ် ၊ မွန်တီစီဒိုမြို့ရှိ စံအိမ်သစ် အပြီးသတ်ပြီးစီးသွားပြီ ဖြစ်ကြောင်း မကြာသေးမီက ရရှိခဲ့သော ကောင်းကင်ဓာတ်ပုံများအရ သိရသည်။
ကြီးမားလှသော စံအိမ်ကြီးတွင် ယခင်က မြေယာအလှ ပြင်ဆင်ထားမှုမျိုး မရှိခဲ့သော်လည်း ယခုအခါတွင် အိုလံပစ်ပြိုင်ပွဲသုံးအရွယ်အစား ရေကူးကန်ကြီးတစ်ခု တွေ့ရသည်။
ဂွင်းနက်ပက်ထရိုးတို့စုံတွဲသည် စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသောစံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ ဝယ်ယူခဲ့စဉ်က အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၄ ခန်းပါဝင်ပြီး ပြုပြင်မွမ်းမံမှု များစွာ ပြုလုပ်ရန် လိုအပ်ခဲ့သည်။
၎င်းတို့စုံတွဲက ဆိုလာပြား ၆၀ တ
ပ်ဆင်ခဲ့သည့်အပြင် ခြံဝန်းအတွင်း သစ်ပင်ပန်းမန်များ ထပ်မံစိုက်ပျိုးခဲ့သည်။
(၇ နှစ်ကြာ ဆောက်လုပ်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီးနောက် မကြာသေးမီက အပြီးသတ်သွားသည်။)
(ဂွင်းနက်ပက်ထရိုးတို့စုံတွဲ )
(ဂွင်းနက်ပက်ထရိုးတို့စုံတွဲသည် စတုရန်းပေ ၁၄၀၀၀ ကျယ်ဝန်းသောစံအိမ်ကို ၂၀၁၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄ ဒသမ ၉ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)
ခြံဝန်းမှာ ကျယ်ဝန်းလှပြီး မြေယာအလှ ပြင်ဆင်မှုများလည်း အပြီးသတ်ပြီးစီးနေသည်ကို တွေ့ရသည်။
စံအိမ်ဝန်းအတွင်း ဧည့်ဂေဟာအိမ် ၂ လုံးရှိပြီး ရေကန်ဘေးတွင် ၁ လုံးနှင့် ကျောက်တုံးလျှောက်လမ်းဘေးတွင် ၁ လုံးရှိသည်။
ထိုဒေသသည် ဆူညံရှုပ်ထွေးလှသော လော့စ်အိန်ဂျလိကို ကျောခိုင်းလိုသည့် အကျော်အမော်များ နေထိုင်ကြသော နေရာဖြစ်သည်။
ဗြိတိန်တော်ဝင်မင်းသားဟယ်ရီနှင့် မီဂန်မာကယ် ၊ အော်ပရာဝင်းဖရေးနှင့် အယ်လင် ဒီ ဂျဲနရက် တို့အပါအဝင်ဖြစ်သည်။
မင်းသားဟယ်ရီတို့စုံတွဲသည် မွန်တီစီဒိုမှ အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၁၆ ခန်း ပါသော စံအိမ်ကို ဒေါ်လာ ၁၄ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူကာ ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် ပြောင်းရွှေ့နေထိုင်ခဲ့သည်။
(ဂွင်းနက်ပက်ထရိုးတို့ ဝယ်ယူခဲ့စဉ်က စံအိမ်မှာ တွေ့မြင်မှု များစွာ ပြုလုပ်ရန် လိုအပ်သည့် အခြေအနေရှိခဲ့သည်။)
(စံအိမ်တွင် ဆိုလာပြား ၆၀ တပ်ဆင်ခဲ့ပြီး သစ်ပင်ပန်းမန်များလည်း ထပ်မံစိုက်ပျိုးခဲ့သည်။)
(ခြံဝန်းအတွင်း ဧည့်ဂေဟာအိမ် ၂ လုံးပါသည်။)
(ဆိုလာပြား ၆၀ တွေ့ရပုံ။)
ဂွင်းနက်ပက်ထရိုးသည် ကပ်လျက်ခြံဝန်းများကို ဝယ်ယူပြီး အဆိုပါခြံများ အားလုံးပေါင်းစည်းကာ စံအိမ်သစ် ၁ လုံးဆောက်လုပ်ရန် ၂၀၁၆ ခုနှစ်တွင် စီစဉ်ခဲ့ရာ အိမ်နီးချင်းများနှင့် အငြင်းပွားမှုများ ဖြစ်ခဲ့ရသည်။
အိမ်နီးချင်းများက ပြောကြသည်မှာ ဂွင်းနက်ပက်ထရိုး၏ အိမ်သစ်မှာ ကြီးမားလွန်း မြင့်မားလွန်းကာ အနီးရှိအိမ်များနှင့် လိုက်ဖက်မှုမရှိကြောင်း ပြောကြသည်။
(ဂွင်းနက်ပက်ထရိုးတို့စုံတွဲ)
(ဂွင်းနက်ပက်ထရိုးတို့စုံတွဲက ဤစံအိမ်ကို နိုင်ဂျီးရီးယားစီးပွားရေးလုပ်ငန်းရှင် Kola Aluko ထံမှ ဝယ်ယူခဲ့ခြင်း ဖြစ်သည်။)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: EXCLUSIVE: First look at Gwyneth Paltrow and Brad Falchuk's newly completed Montecito 'eco mansion' after SEVEN years of construction - boasts Olympic-size pool, four bedrooms and two acres of land (dailymail)
[Zawgyi]
(ဆိုလာပြား ၆၀ တွေ့ရပုံ။)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
Eminem ငယ်စဉ်က 8 Mile ရွေ့လျားအိမ် စခန်းဝန်းမှာ ကြီးပြင်းခဲ့သည်ဟု ရုပ်ရှင်ထဲတွင် ဖော်ပြထားခြင်းမှာ လွဲမှားနေ၊ Eminem ငယ်ဘဝနေအိမ်အကြောင်း...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဗြိတိန်၏ ဈေးအသက်သာဆုံး လူနေခန်းတစ်ခန်း ၁ ပေါင် (၁ ဒသမ ၂ ဒေါ်လာ) မျှဖြင့် ရောင်းချရန် စီစဉ်လာ ၊ သို့သော် သတိပြုရမည့်အချက်ရှိနေ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
ဘောလုံးကြယ်ပွင့် နေမာက ဒူဘိုင်းတွင် အခန်းရှေ့အထိ တိုက်ရိုက် မော်တော်ကား တင်ဆောင်နိုင်သော သီးသန့်ဓာတ်လှေကား ပါဝင်သည့် ကန်ဒေါ်လာ ၅၄ သန်းတန် Penthouse ခန်း ဝယ်ယူ...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
သားသမီးခြောက်ယောက်အထိမွေးဖွားခဲ့ပြီး အသက် ၆၀ ကျော်တွင် ယောင်္ကျားဘဝမှမိန်းမဘဝသို့ပြောင်းလဲခံယူခဲ့သူ Caitlyn Marie Jenner ပိုင်ဆိုင်သော Malibu စံအိမ်...
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌေးကြီးသား၏ အရှိန်အဝါယူခဲ့မှုအပေါ် ဝေဖန်ခံနေရသော Blackpink မှ လီဆာက သူ၏နေအိမ်တွင်း မြင်ကွင်းများ ပရိသတ်ကိ...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
ထရမ့်ရွေးကောက်ပွဲနိုင်လျှင် အမေရိကကို ကျောခိုင်းမည်ဟု ပြောဆိုထားသော အမေရိကန်နိုင်ငံသားများကို အီတလီရှိ ကျွန်းတစ်ကျွန်းက နေအိမ်များကို ဈေးသက်သာစွာ ရောင်းချပေးမည်ဖြစ်ကြောင်းပြောကာ လာရောက်နေထိုင်ရန်...
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပါးသော မိသားစုများ၊ အိမ်ရာမဲ့ ခိုလှုံရာစခန်းများနှင့် ပြည်သူ့အငှားအိမ်ရာများ သို့ လှူဒါန်း...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
လာမည့်ဒီဇင်ဘာတွင် အမေရိက၌ ရုံတင်မည့် Babygirl ရုပ်ရှင်တွင် နစ်ကိုးကစ်မင်း၏ ဇာတ်ကောင် နေထိုင်ရာ နေရာဖြစ် ထည့်သွင်းရိုက်ကူးခဲ့သော နယူးယောက်မှ Penthouse ခန်းကို လျှော့ဈေးဖြင့် ရောင်းမည်...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
ဗြိတိန်တွင် တောင်ကုန်းတစ်ခုအောက်မှ တွင်းတစ်တွင်းကို လေလံတင်ရောင်းချရာ ပေါင် ၃၆,၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
Johnny Depp ၏ပါးစပ်မှာ အာပုပ်နံ့နံသောကြောင့် နမ်းသည့်ဇာတ်ဝင်ခန်းမရိုက်လိုကြောင်း ငြင်းပယ်ခဲ့သူ အင်ဂျလီနာဂျိုလီ၏ လော့စ်အိန်ဂျလိစံအိမ်...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အမေရိကန်ပြည်၊ အနောက်ဗာဂျီးနီးယားပြည်နယ်မှ အမျိုးသားက ဂင်းနက်စ်စံချိန်တင်နိုင်ရန် စတုရန်း ၁၉ ပေသာရှိသော ကမ္ဘာ့အသေးဆုံးနေအ
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အင်္ဂလန်နိုင်ငံ၊ Berkeley မြို့ရှိ အိမ် ၂၄ လုံး၊ ဝပ်ရှော့နှင့် ဂိုဒေါင် ၃ လုံးပါ လမ်းတစ်လမ်းလုံးကို လာမည့် နိုဝင်ဘာ ၆ ရက
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
မိမိ၏ ကားနောက်တွဲထဲတွင် ရုပ်ရှင်မင်းသား Liam Hemsworth က လူသေအလောင်းတုကြီး လာထည့်ကာ စနောက်ခဲ့မှုကြောင့် ဘောင်းဘီထဲတွင် သ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
ဒီပီကာနှင့် ရန်ဘီဆင်းတို့က ရှာရွတ်ခန်၏ မာနတ်စံအိမ်ကြီးအနီး ရူပီး ကုဋေ ၁၀၀ တန် လူနေခန်း ဝယ်ယူ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အမေရိကန်ပြည်၊ San Jose မြို့တွင် အမျိုးသားတစ်ဦးက သူနေအိမ် လှေကားခွင်အောက် ၃×၁၀ ပေသာရှိသော ချောင်နေရာလေးကို တစ်လလျှင် ဒေါ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
အိမ်သာထဲတွင် ချက်ပြုတ်စားသောက်ရသော ဟောင်ကောင်မှ အခန်းကျဉ်းလေးများတွင် နေထိုင်ရသူပေါင်း ၂၂၀,၀၀၀ ကျော်ရှိနေ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
ပတ်တီးရိုက်ရာတွင် လိုက်နာရမည့် ဆောင်ရန် ရှောင်ရန်အချက်များ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ
magical-world
Neighbourhood
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service