မူရင်းတစ်ခြမ်း၊ မိတ္တူတစ်ခြမ်း မြေချပါမစ် ဝယ်ရတာ ခပ်ဆန်းဆန်း

မူရင်းတစ်ခြမ်း၊ မိတ္တူတစ်ခြမ်း မြေချပါမစ် ဝယ်ရတာ ခပ်ဆန်းဆန်း - Property Knowledge in Myanmar from iMyanmarHouse.com
29 Jun 2023 1:38 pm တွင် တင်ခဲ့သည်
732 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by နှင်းအိခင်

[Unicode]

 

ယခုတလော မြေကွက်အရောင်းအဝယ် တွေအကြောင်းပြောပြရရင် အထူးအဆန်းတွေနဲ့ပဲ ကြုံနေရပါတယ်။ အကြောင်းရင်းကတော့ မြေချပါမစ်ပဲဖြစ်စေ၊ ဂရန်မြေပဲဖြစ်စေ (၄၀’x ၆၀’) မြေကွက်ကြီးတစ်ခုလုံး မဝယ်နိုင်ခြင်းက စခဲ့တယ်လို့ပြောရတော့မှာပေါ့။

ဘာကြောင့်လည်းဆိုတော့ မြေဈေးတွေက တက်ပြီးရင်းတက်နေတာကြောင့်လည်းပါတာပေါ့။ စီးပွားရေးလုပ်ငန်းတွေမကောင်းကြတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာ အတွက် ရှာဖွေစားသောက်ကြရင်း အဆင်မပြေကြတဲ့အခါ မိမိတို့ပိုင်မြေနဲ့အိမ်ကို မျက်စောင်းထိုးကြတယ်။ အကြွေးယူထားတဲ့ ငွေပူတွေကလည်းရှိပြန်တော့ အခုလို အိမ်ခြံမြေဈေးတွေ ကောင်းလာတဲ့အခါမှာ အနှစ် (၂၀) ကျော်နေလာကြတဲ့ မြေနဲ့အိမ်ရောင်းချလိုက်ပြီး နေရာသစ်ကို ရှာကြရတာပေါ့။ ဒီအထဲမှာ အိမ်ခြံမြေ ဈေးကောင်းနေတဲ့ အချိန်ကို စောင့်နေကြတဲ့ အမွေဆိုင် မြေနဲ့အိမ်ကို ရောင်းလိုက်ကြတဲ့ အမွေဆိုင်ညီအစ်ကို မောင်နှမတွေလည်းအပါအဝင်ပေါ့လေ။ ရောင်းချပြီး ရပ်ကွက် အတွင်းဆင်းပြီး မြေနေရာရှာတာနဲ့ ပွဲစားမျိုးစုံ အိမ်ခြံမြေအကျိုးဆောင် ကုမ္ပဏီအဖုံဖုံနဲ့ စတင်တွေ့ရပါပြီ။ ငွေဘယ်လောက်သုံးမှာလဲ တန်ဖိုး ဘယ်လောက်တန်ကိုရှာပေးရမှာလဲ ( ၁၀’ x ၆၀ ’ ) လား ( ၂၀’ x ၆၀ ’ ) လား (၄၀’x ၆၀’) မြေကွက်ရှာပေးရမှာလား စသည်ဖြင့် မေးခွန်းပေါင်းမြောက်များစွာ ကြားမှာ မြေနဲ့အိမ်ဝယ်လိုသူအနေနဲ့ ဘယ်မေးခွန်းအရင် ဖြေရမှန်းတောင် မသိလောက်အောင် ဖြစ်သွားပါတယ်။

မိမိတို့ရောင်းခဲ့စဉ်က အမွေဆ်ိုင် မြေနဲ့အိမ် (၄၀’x ၆၀’) အကျယ်ရှိတဲ့ ခြံကွက်ကို သိန်း (၂၀၀၀) ရခဲ့လို့ ပျော်ခဲ့လိုက်ရတာ ရောင်းပြီး မောင်နှမ (၄)ယောက် အညီအမျှနဲ့ ခွဲဝေလိုက်တော့ တစ်ယောက်သိန်း (၅၀၀) ရကြတယ်။ လူနေကျဲသေးတဲ့ ရပ်ကွက်ဆင်းပြီး မြေကွက် ပြန်ဝယ်ရင် ( ၂၀’ x ၆၀ ’ ) အကျယ်လောက်တော့ရကြမယ်လို့ ထင်ထားတာပေါ့။

ဒါပေမဲ့ ပွဲစားတွေ မေးခဲ့ရင်တော့ သိန်း (၅၀၀) သုံးမယ်လို့လည်း အပြတ်မပြောရဲသေးဘူးလေ။ သိန်း (၅၀၀) အကုန်သုံးလိုက်ရင် မြေကွက်ပေါ်မှာ ဘယ်ပ်ိုက်ဆံနဲ့ အ်ိမ်ဆောက်မလဲ။ မြေကွက်ပေါ်မှာ အိမ်မဆောက်ခင် စပ်ကြား ဘယ်မှာ သွားနေမလဲ မိသားစု ပြောင်းရတာဖြစ်လို့ ဘယ်ဆွေမျိုးကမှ လက်ခံမှာ မဟုတ်ဘူးလေ။ ဒီတော့ ခေတ္တခဏ အိမ်ငှါးနေဖို့လည်း ငွေချန်ထားရဦးမယ် သိန်း (၁၅၀) လောက်ချန်လိုက်ရင် သိန်း (၃၅၀) မြေနဲ့အိမ်ဝယ်ချင်တယ်လို့ ပြောလိုက်ရတယ်။

 

မြေချပါမစ်မူရင်းရနိုင်တဲ့ နေရာတွေလိုက်ကြသလေ …

ဒီတော့ ပွဲစားတွေက သိန်း (၃၀၀) တန်ဆိုရင် အရှေ့ဒဂုံ၊ တောင်ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ ရွှေပေါက်က္ကံ၊ လှိုင်သာယာ မြို့နယ် မြို့အစွန်းက လူနေကျဲနေတဲ့ မြေကွက်တွေကို လိုက်ပြပါတယ်။ (၄၀’x ၆၀’) မြေကွက်တစ်ကွက်ကို သိန်း (၃၀၀) နဲ့ ရမယ်ပြောလို့လိုက်ကြည့်တဲ့အခါ ရပ်ကွက်လည်း မစည်သေးဘူး၊ ကွန်ကရစ်လမ်းလည်း မဖောက်ရသေးဘူး၊ လျှပ်စစ်မီးတိုင်တွေလည်း မစိုက်ရသေးဘူး၊ ဒါပေမယ့် အနီးအနားမှာ ဘုန်းကြီးကျောင်းတွေ ရှိနေပြီဆိုတာတွေ့ရတယ်။ ဒီနေရာတွေဆိုရင်တော့ မြေချပါမစ် (မူရင်း) ရမယ်လို့ပြောကြတယ်။

ဒါပေမယ့် ဝယ်သူအနေနဲ့ စဉ်းစားကြည့်ရင် (၄၀’x ၆၀’) မြေကွက်အကျယ်နဲ့ မြေချပါမစ် (မူရင်း) ရမယ်ဆိုပေမဲ့ ရန်ကုန်မြို့တွင်း အသွားအပြန် ခရီးစဉ်နဲ့ မိသားစု စားသောက်နေထိုင်ရေးနဲ့ ကျန်းမားရေး၊ ကလေးတွေရဲ့ ပညာရေး အတွက်တွေကြည့်လိုက်တော့ဝယ်ယူနေထိုင်လို့ မဖြစ်နိုင်တဲ့ နေရာမျိုး ဖြစ်နေလို့ ဝယ်ဖို့ ငြင်းလိုက်ရပြန်တယ်။

 

ရပ်ကွက်အတွင်းက မြေကွက်အလွတ်တွေ့တဲ့အခါ ကြိုက်သွားပြီဗျာ

ဒါဆိုရင်တော့ သိန်း (၃၀၀) နဲ့ ရပ်ကွက်အတွင်းမှာ( ၂၀’ x ၆၀ ’ ) မြေကွက်ကို ပြပါတယ်။ ခြံစည်းရိုးခက်ထားတာကိုတွေ့ပါတယ်။ မြေကွက်အလွတ်ပါပဲ။ အနိမ့်ပိုင်းဆိုတော့ ရေဖွေးဖွေးကို မြင်နေရတယ်။ ခေါင်းရင်းဘက်မှာ အိမ်ဆောက်နေထိုင်တာတွေ့ရတယ်။ မနီးမဝေးမှာလည်း အိမ်နီးနားချင်းတွေရှိတယ်။ လျှပ်စစ်မီးလည်း ရနေပြီ (၁၀) မီနစ် လောက်လမ်းလျှောက်လ်ိုက်ရင် “” “ လမ်းမကြီး ကားဂိတ် ” ကို ရောက်ပြီး ဈေးတို့ကျောင်းတို့ လည်း သိပ်မဝေးဘူးဆိုတော့ ဝယ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

 

 

မူရင်း (တစ်ဝက်)၊ မိတ္တူ (တစ်ဝက်) ၊ ဝယ်ရခပ်ခက်ခက်

ဒါနဲ့ ရောင်းဝယ်သူနဲ့တွေ့ပေးလို့ စာရွက်စာတမ်းတွေကြည့်လိုက်တဲ့အခါ မြေချပါမစ် တော့မှန်ပါရဲ့ မူရင်းတစ်ဝက် မိတ္တူ တစ်ဝက် ဖြစ်နေတယ်။ ဒါက ဘယ်လို ဖြစ်တာလဲ မေးကြည့်တော့ ( ၄၀’x၆၀’) မြေကွက်ကြီးတစ်ခုလုံး မြို့တော်စည်ပင်မှာ တရားဝင် နှစ် (၆၀) မြေငှါးဂရန် မလုပ်မီ ခြေရင်း/ ခေါင်းရင်း တစ်ယောက်တစ်ဝက်ကိုင်ထားကြတာကို ပြောပါတယ်။

“ ဟင်…. ဟုတ်လား ….ဒါမျိုးတစ်ခါမှ မမြင်ဘူးသေးဘူး ” လို့ပြောတော့ ရောင်းသူက “ အခုနောက်ပိုင်း မြေချပါမစ် မြေကွက်ရဲ့ တစ်ဝက် ( ၂၀’ x ၆၀ ’ ) ဖြစ်စေ တစ်စိတ် ( ၁၀’ x ၆၀ ’ ) ဖြစ်စေ အရောင်းအဝယ်လုပ်ကြရင် အခုလိုပဲ (မူရင်း) နဲ့ (မိတ္တူ) တွဲကိုင်ကြတဲ့ ဓလေ့တစ်ခုဖြစ်နေပြီ ” …. လို့ပြောပါတယ်။

မြေချပါမစ်တစ်စုံမှာ ( ၁) မိသားစု ဓါတ်ပုံ ပါမစ် (၂) ရွှေ့ပြောင်းမည့်သူများရဲ့ “ ရာဇဝင် အကျဉ်းချုပ် ” ပါမယ် (၃) အိမ်ရာဆောက်လုပ်နေထိုင်ခွင့် ပါမယ် (၄) မြေနေရာချထားပေးခံရသူများရဲ့ “ မှီခိုသူများစာရင်း ” ပါမယ်လေ။ ကျန်တာကတော့ စာချုပ်အဆင်အစပ်တွေပေါ့။ အဲဒီ (၄)မျိုးကို ခေါင်းရင်း ( ၂၀’ x ၆၀ ’ ) ဘက်ခြမ်းက (၁) ဓာတ်ပုံ (မူရင်း) နဲ့ (၂) အိမ်ရာဆောက်လုပ်ခွင့်ကိုင်တယ် (၃) အခုရောင်းမယ် ခြေရင်းဘက်ခြမ်း ( ၂၀’ x ၆၀ ’ ) ကတော့ (၂) ရွှေ့ပြောင်းမည့်သူရဲ့ ရာဇဝင် အကျဉ်ချုပ် (မူရင်း) နဲ့ (၄) မြေနေရာချထားပေးခံရသူရဲ့ မှီခိုသူများစာရင်း ကိုင်ကြတယ် အခုခြေရင်းခြမ်းဝယ်မှာဆိုတော့ “ ရာဇဝင် အကျဉ်းချုပ် (မူရင်း) နဲ့ မှီခိုသူများစာရင်း (မူရင်း) တွေရမှာပေါ့။

ဝယ်သူအနေနဲ့လည်း ( ၄၀’x၆၀’) မြေကွက် ဝယ်ဖို့ငွေမမီတာနဲ့ ပွဲစားများပြပေးတဲ့ ( ၂၀’ x ၆၀ ’ ) မြေကွက်ကိုပဲ (မူရင်း ) တစ်ဝက် (မိတ္တူ) တစ်ဝက်ပါတဲ့ မြေချပါမစ်ကိုပဲ သိန်း (၃၀၀) နဲ့ ဝယ်လိုက်ပါတော့တယ်။ စိတ်ထဲမှာတော့ ပါမစ်မိတ္တူ သက်သက် ကိုင်ရတာနဲ့ စာရင် ပါမစ်မူရင်း (၂)ရွက်ကိုင်ထားခြင်းဖြင့် ပိုမိုစိတ်ချရမယ်လို့ ယုံကြည်နေပါတော့တယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

မူရင္းတစ္ျခမ္း၊ မိတၱဴတစ္ျခမ္း ေျမခ်ပါမစ္ ဝယ္ရတာ ခပ္ဆန္းဆန္း

 

ယခုတေလာ ေျမကြက္အေရာင္းအဝယ္ ေတြအေၾကာင္းေျပာျပရရင္ အထူးအဆန္းေတြနဲ႕ပဲ ၾကံဳေနရပါတယ္။ အေၾကာင္းရင္းကေတာ့ ေျမခ်ပါမစ္ပဲျဖစ္ေစ၊ ဂရန္ေျမပဲျဖစ္ေစ (၄၀’x ၆၀’) ေျမကြက္ၾကီးတစ္ခုလံုး မဝယ္ႏိုင္ျခင္းက စခဲ့တယ္လို႕ေျပာရေတာ့မွာေပါ့။

ဘာေၾကာင့္လည္းဆိုေတာ့ ေျမေဈးေတြက တက္ျပီးရင္းတက္ေနတာေၾကာင့္လည္းပါတာေပါ့။ စီးပြားေရးလုပ္ငန္းေတြမေကာင္းၾကေတာ့ သမုဒၵရာ ဝမ္းတစ္ထြာ အတြက္ ရွာေဖြစားေသာက္ၾကရင္း အဆင္မေျပၾကတဲ့အခါ မိမိတို႕ပိုင္ေျမနဲ႕အိမ္ကို မ်က္ေစာင္းထိုးၾကတယ္။ အေၾကြးယူထားတဲ့ ေငြပူေတြကလည္းရွိျပန္ေတာ့ အခုလို အိမ္ျခံေျမေဈးေတြ ေကာင္းလာတဲ့အခါမွာ အနွစ္ (၂၀) ေက်ာ္ေနလာၾကတဲ့ ေျမနဲ႕အိမ္ေရာင္းခ်လိုက္ျပီး ေနရာသစ္ကို ရွာၾကရတာေပါ့။ ဒီအထဲမွာ အိမ္ျခံေျမ ေဈးေကာင္းေနတဲ့ အခ်ိန္ကို ေစာင့္ေနၾကတဲ့ အေမြဆိုင္ ေျမနဲ႕အိမ္ကို ေရာင္းလိုက္ၾကတဲ့ အေမြဆိုင္ညီအစ္ကို ေမာင္နွမေတြလည္းအပါအဝင္ေပါ့ေလ။ ေရာင္းခ်ျပီး ရပ္ကြက္ အတြင္းဆင္းျပီး ေျမေနရာရွာတာနဲ႕ ပြဲစားမ်ိဳးစံု အိမ္ျခံေျမအက်ိဳးေဆာင္ ကုမၸဏီအဖံုဖံုနဲ႕ စတင္ေတြ႕ရပါျပီ။ ေငြဘယ္ေလာက္သံုးမွာလဲ တန္ဖိုး ဘယ္ေလာက္တန္ကိုရွာေပးရမွာလဲ ( ၁၀’ x ၆၀ ’ ) လား ( ၂၀’ x ၆၀ ’ ) လား (၄၀’x ၆၀’) ေျမကြက္ရွာေပးရမွာလား စသည္ျဖင့္ ေမးခြန္းေပါင္းေျမာက္မ်ားစြာ ၾကားမွာ ေျမနဲ႕အိမ္ဝယ္လိုသူအေနနဲ႕ ဘယ္ေမးခြန္းအရင္ ေျဖရမွန္းေတာင္ မသိေလာက္ေအာင္ ျဖစ္သြားပါတယ္။

မိမိတို႕ေရာင္းခဲ့စဥ္က အေမြဆုိ္င္ ေျမနဲ႕အိမ္ (၄၀’x ၆၀’) အက်ယ္ရွိတဲ့ ျခံကြက္ကို သိန္း (၂၀၀၀) ရခဲ့လို႕ ေပ်ာ္ခဲ့လိုက္ရတာ ေရာင္းျပီး ေမာင္နွမ (၄)ေယာက္ အညီအမွ်နဲ႕ ခြဲေဝလုိက္ေတာ့ တစ္ေယာက္သိန္း (၅၀၀) ရၾကတယ္။ လူေနက်ဲေသးတဲ့ ရပ္ကြက္ဆင္းျပီး ေျမကြက္ ျပန္ဝယ္ရင္ ( ၂၀’ x ၆၀ ’ ) အက်ယ္ေလာက္ေတာ့ရၾကမယ္လို႕ ထင္ထားတာေပါ့။

ဒါေပမဲ့ ပြဲစားေတြ ေမးခဲ့ရင္ေတာ့ သိန္း (၅၀၀) သံုးမယ္လို႕လည္း အျပတ္မေျျပာရဲေသးဘူးေလ။ သိန္း (၅၀၀) အကုန္သံုးလိုက္ရင္ ေျမကြက္ေပၚမွာ ဘယ္ပို္က္ဆံနဲ႕ အိ္မ္ေဆာက္မလဲ။ ေျမကြက္ေပၚမွာ အိမ္မေဆာက္ခင္ စပ္ၾကား ဘယ္မွာ သြားေနမလဲ မိသားစု ေျပာင္းရတာျဖစ္လို႕ ဘယ္ေဆြမ်ိဳးကမွ လက္ခံမွာ မဟုတ္ဘူးေလ။ ဒီေတာ့ ေခတၱခဏ အိမ္ငွါးေနဖို႕လည္း ေငြခ်န္ထားရဦးမယ္ သိန္း (၁၅၀) ေလာက္ခ်န္လိုက္ရင္ သိန္း (၃၅၀) ေျမနဲ႕အိမ္ဝယ္ခ်င္တယ္လို႕ ေျပာလိုက္ရတယ္။

 

ေျမခ်ပါမစ္မူရင္းရႏိုင္တဲ့ ေနရာေတြလိုက္ၾကသေလ …

ဒီေတာ့ ပြဲစားေတြက သိန္း (၃၀၀) တန္ဆိုရင္ အေရွ႕ဒဂံု၊ ေတာင္ဒဂံု၊ ဒဂံုဆိပ္ကမ္း၊ ေရႊေပါက္ကၠံ၊ လိႈင္သာယာ ျမိဳ႕နယ္ ျမိဳ႕အစြန္းက လူေနက်ဲေနတဲ့ ေျမကြက္ေတြကို လိုက္ျပပါတယ္။ (၄၀’x ၆၀’) ေျမကြက္တစ္ကြက္ကို သိန္း (၃၀၀) နဲ႕ ရမယ္ေျပာလို႕လိုက္ၾကည့္တဲ့အခါ ရပ္ကြက္လည္း မစည္ေသးဘူး၊ ကြန္ကရစ္လမ္းလည္း မေဖာက္ရေသးဘူး၊ လွ်ပ္စစ္မီးတိုင္ေတြလည္း မစိုက္ရေသးဘူး၊ ဒါေပမယ့္ အနီးအနားမွာ ဘုန္းၾကီးေက်ာင္းေတြ ရွိေနျပီဆိုတာေတြ႕ရတယ္။ ဒီေနရာေတြဆိုရင္ေတာ့ ေျမခ်ပါမစ္ (မူရင္း) ရမယ္လို႕ေျပာၾကတယ္။

ဒါေပမယ့္ ဝယ္သူအေနနဲ႕ စဥ္းစားၾကည့္ရင္ (၄၀’x ၆၀’) ေျမကြက္အက်ယ္နဲ႕ ေျမခ်ပါမစ္ (မူရင္း) ရမယ္ဆိုေပမဲ့ ရန္ကုန္ျမိဳ႕တြင္း အသြားအျပန္ ခရီးစဥ္နဲ႕ မိသားစု စားေသာက္ေနထိုင္ေရးနဲ႕ က်န္းမားေရး၊ ကေလးေတြရဲ႕ ပညာေရး အတြက္ေတြၾကည့္လိုက္ေတာ့ဝယ္ယူေနထိုင္လို႕ မျဖစ္ႏိုင္တဲ့ ေနရာမ်ိဳး ျဖစ္ေနလို႕ ဝယ္ဖို႕ ျငင္းလိုက္ရျပန္တယ္။

 

ရပ္ကြက္အတြင္းက ေျမကြက္အလြတ္ေတြ႕တဲ့အခါ ၾကိဳက္သြားျပီဗ်ာ

ဒါဆိုရင္ေတာ့ သိန္း (၃၀၀) နဲ႕ ရပ္ကြက္အတြင္းမွာ( ၂၀’ x ၆၀ ’ ) ေျမကြက္ကို ျပပါတယ္။ ျခံစည္းရုိးခက္ထားတာကိုေတြ႕ပါတယ္။ ေျမကြက္အလြတ္ပါပဲ။ အနိမ့္ပိုင္းဆိုေတာ့ ေရေဖြးေဖြးကို ျမင္ေနရတယ္။ ေခါင္းရင္းဘက္မွာ အိမ္ေဆာက္ေနထိုင္တာေတြ႕ရတယ္။ မနီးမေဝးမွာလည္း အိမ္နီးနားခ်င္းေတြရွိတယ္။ လွ်ပ္စစ္မီးလည္း ရေနျပီ (၁၀) မီနစ္ ေလာက္လမ္းေလွ်ာက္လို္က္ရင္ “” “ လမ္းမၾကီး ကားဂိတ္ ” ကို ေရာက္ျပီး ေဈးတို႕ေက်ာင္းတို႕ လည္း သိပ္မေဝးဘူးဆိုေတာ့ ဝယ္ဖို႕ဆံုုးျဖတ္လိုက္ပါတယ္။

 

 

မူရင္း (တစ္ဝက္)၊ မိတၱဴ (တစ္ဝက္) ၊ ဝယ္ရခပ္ခက္ခက္

ဒါနဲ႕ ေရာင္းဝယ္သူနဲ႕ေတြ႕ေပးလို႕ စာရြက္စာတမ္းေတြၾကည့္လိုက္တဲ့အခါ ေျမခ်ပါမစ္ ေတာ့မွန္ပါရဲ႕ မူရင္းတစ္ဝက္ မိတၱဴ တစ္ဝက္ ျဖစ္ေနတယ္။ ဒါက ဘယ္လို ျဖစ္တာလဲ ေမးၾကည့္ေတာ့ ( ၄၀’x၆၀’) ေျမကြက္ၾကီးတစ္ခုလံုး ျမိဳ႕ေတာ္စည္ပင္မွာ တရားဝင္ နွစ္ (၆၀) ေျမငွါးဂရန္ မလုပ္မီ ေျခရင္း/ ေခါင္းရင္း တစ္ေယာက္တစ္ဝက္ကိုင္ထားၾကတာကို ေျပာပါတယ္။

“ ဟင္…. ဟုတ္လား ….ဒါမ်ိဳးတစ္ခါမွ မျမင္ဘူးေသးဘူး ” လို႕ေျပာေတာ့ ေရာင္းသူက “ အခုေနာက္ပိုင္း ေျမခ်ပါမစ္ ေျမကြက္ရဲ႕ တစ္ဝက္ ( ၂၀’ x ၆၀ ’ ) ျဖစ္ေစ တစ္စိတ္ ( ၁၀’ x ၆၀ ’ ) ျဖစ္ေစ အေရာင္းအဝယ္လုပ္ၾကရင္ အခုလိုပဲ (မူရင္း) နဲ႕ (မိတၱဴ) တြဲကိုင္ၾကတ့ဲ ဓေလ့တစ္ခုျဖစ္ေနျပီ ” …. လို႕ေျပာပါတယ္။

ေျမခ်ပါမစ္တစ္စံုမွာ ( ၁) မိသားစု ဓါတ္ပံု ပါမစ္ (၂) ေရႊ႕ေျပာင္းမည့္သူမ်ားရဲ႕ “ ရာဇဝင္ အက်ဥ္းခ်ဳပ္ ” ပါမယ္ (၃) အိမ္ရာေဆာက္လုပ္ေနထိုင္ခြင့္ ပါမယ္ (၄) ေျမေနရာခ်ထားေပးခံရသူမ်ားရဲ႕ “ မွီခိုသူမ်ားစာရင္း ” ပါမယ္ေလ။ က်န္တာကေတာ့ စာခ်ဳပ္အဆင္အစပ္ေတြေပါ့။ အဲဒီ (၄)မ်ိဳးကို ေခါင္းရင္း ( ၂၀’ x ၆၀ ’ ) ဘက္ျခမ္းက (၁) ဓာတ္ပံု (မူရင္း) နဲ႕ (၂) အိမ္ရာေဆာက္လုပ္ခြင့္ကိုင္တယ္ (၃) အခုေရာင္းမယ္ ေျခရင္းဘက္ျခမ္း ( ၂၀’ x ၆၀ ’ ) ကေတာ့ (၂) ေရႊ႕ေျပာင္းမည့္သူရဲ႕ ရာဇဝင္ အက်ဥ္ခ်ဳပ္ (မူရင္း) နဲ႕ (၄) ေျမေနရာခ်ထားေပးခံရသူရဲ႕ မွီခိုသူမ်ားစာရင္း ကိုင္ၾကတယ္ အခုေျခရင္းျခမ္းဝယ္မွာဆိုေတာ့ “ ရာဇဝင္ အက်ဥ္းခ်ဳပ္ (မူရင္း) နဲ႕ မွီခိုသူမ်ားစာရင္း (မူရင္း) ေတြရမွာေပါ့။

ဝယ္သူအေနနဲ႕လည္း ( ၄၀’x၆၀’) ေျမကြက္ ဝယ္ဖို႕ေငြမမီတာနဲ႕ ပြဲစားမ်ားျပေပးတဲ့ ( ၂၀’ x ၆၀ ’ ) ေျမကြက္ကိုပဲ (မူရင္း ) တစ္ဝက္ (မိတၱဴ) တစ္ဝက္ပါတဲ့ ေျမခ်ပါမစ္ကိုပဲ သိန္း (၃၀၀) နဲ႕ ဝယ္လိုက္ပါေတာ့တယ္။ စိတ္ထဲမွာေတာ့ ပါမစ္မိတၱဴ သက္သက္ ကိုင္ရတာနဲ႕ စာရင္ ပါမစ္မူရင္း (၂)ရြက္ကိုင္ထားျခင္းျဖင့္ ပိုမိုစိတ္ခ်ရမယ္လို႕ ယံုၾကည္ေနပါေတာ့တယ္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
လော့စ်အိန်ဂျလိတွင် အဘွားအိုတစ်ဦး၏ နေအိမ်အောက်မှ ထူးဆန်းသော အသံများ လပေါင်းများစွာ ကြားနေရသောကြောင့် ရဲတပ်ဖွဲ့ကို ခေါ်ယူရ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ မိတ်ဆွေ ရုရှားဘီလျံနာကြီးက အမေရိကန်ရှိ အိမ်ခြံမြေများကို ဆက်တိုက် ရောင်းထုတ်နေရာ ယခုအခါ နယူးယ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

royal-hill
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service