“ ကာယဗလလေ့ကျင့်စ ”

“ ကာယဗလလေ့ကျင့်စ ” - Property Knowledge in Myanmar from iMyanmarHouse.com
28 Jun 2023 2:17 pm တွင် တင်ခဲ့သည်
695 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ဇာနည်ကျော်

[Unicode]

 

ကျွန်တော်ကကြွက်သားတွေနဲ့ ကာယဗလတောင့်ချင်သူ။ကာယဗလတွေကြီးထွားဖို့ ဝိတ်တွေ မ,တဲ့အချိန်က တော်တော်ငယ်သေးတယ်လို့ပြောရမယ်။ လေးတန်းတောင် မအောင်သေးပါဘူး။ အဲဒီအရွယ်ကတည်းကလို့ ပြောရမှာပါ။

စက်မှုလယ်ယာ ဦးစီးမှူးအိမ်က တံခွန်ဂျာနယ်တွေဖတ်တော့ အာနိုးတို့၊ လီဟန်နီတို့ရဲ့ ကာယဗလကြီးတွေက ကျွန်တော်ကို ဆွဲဆောင်ခဲ့ပါတယ်။

အရင်ကစစ်ပြန်မဂ္ဂဇင်းမှာလည်း ဆရာချစ်ကြည်ရေးကြည်ညွန့်လား၊စစ်ကိုင်းကြည်ညွန့်လားတော့ မမှတ်မိတော့ပါဘူး သူရေးတဲ့ ကာယဗလအကြောင်းတွေကိုဖတ်ပြီး ကြွက်သားတွေကြီးထွားချင်လာတယ်။

ဒါပေမဲ့ ကျွန်တော်တို့မြို့မှာ ဘာအားကစားခန်းမတွေ၊ကလပ်တွေမှ မရှိပါဘူး။ ဘယ်နားသွားပြီး ကစားရမယ် ဆိုတာလည်း မရှိပါဘူး။

ပါတီယူနစ်ရုံးက သံပိုက်လုံးကြီးတွေနဲ့ လုပ်ထားတဲ့ အများသူငါ ဘားခိုကစားတဲ့ နေရာလေးတစ်ခုပဲ အဲဒီတုန်းက ရှိခဲ့ပါတယ်။

လိုလျှင်ကြံဆနည်းလမ်း ရ,ရမှာပေါ့။ဒါနဲ့ အိမ်မှာရှိတဲ့ အုတ်ခဲတွေကို အပေါက်ဖောက်ပြီး ဝါးလုံးလျှိုပြီး မ,ဖို့ ကြိုးစားတာပေါ့။

အဲဒါနဲ့ အိမ်ကရှိတဲ့ အုတ်ခဲတွေရယ်၊ လိုသေးလို့ အခြားက ရှာလာတဲ့ အုတ်ခဲတွေရဲ့ အလယ်တည့်တည့်ကို သံချောင်းနဲ့ တဖြည်းဖြည်းချင်း ဖဲ့ပြီးဖောက်တာပေါ့။ပထမတော့ သံချောင်းအသေးနဲ့ ဖောက်တာ သံချောင်းတွေသာ ကောက်ကောက်သွားတယ်။ဖောက်လို့ အဆင်မပြေခဲ့ဘူး။နောက်တော့ ငါးလက်မ သံချောင်းကြီးရယ် စို့အသေးတစ်ခုရယ်ကို သုံးပြီးဖောက်တော့မှ ချောချောမောမော ရတဲ့အခဲလည်းရ။ တစ်ခါတစ်ရံ သံချောင်းကို ရိုက်တဲ့အားက ပြင်းသွားလို့ ကျိုးသွားတဲ့ အုတ်ခဲတွေကလည်း မနဲပါဘူး။ ကျိုးသွားရင်လည်း နောက်တစ်ခဲပေါ့။

ဒီလိုနဲ့ အပေါက်ပေါက်သွားရင် ဝါးလုံးထိုးလို့ ရတဲ့အပေါက်ဖြစ်အောင် ချဲ့ယူရတာပေါ့။ဝါးလုံးကလည်း ဝါးဆစ်ပိတ်ရှာရတယ်။ဝါးဆစ်ပိတ်ဝါးကို ကိုယ့်ရဲ့ လက်တစ်ဖောင်လောက်ကို အတည်မှတ်ပြီး ဟိုဘက်ထိပ် ဒီဘက်ထိပ်ကို အုတ်ခဲငါးလုံးစာ အတိုင်းအတာထပ်တိုးယူပြီး ဖြတ်လိုက်တာပေါ့။

ဝါးလုံးမှာစွပ်မယ့် အုတ်ခဲအရေအတွက်ကိုတော့ ဟိုဘက်နှစ်လုံး၊ဒီဘက်နှစ်လုံး စုစုပေါင်းလေးလုံးထားပြီး မ,ခဲ့တယ်။နောက်တော့ လေးလုံးက ပေါ့နေလို့ ခြောက်လုံးထားပြီး မ,ခဲ့တာပေါ့။

ရုပ်ရှင်ထဲကတွေ့တဲ့နည်းစနစ်တွေ၊စာအုပ်တွေ၊ဂျာနယ်တွေ၊မဂ္ဂဇင်းတွေထဲကနည်းစနစ်တွေကို မှတ်ထားပြီး လိုက်လုပ်ခဲ့တာပေါ့။တစ်နေ့ကို ဘယ်နှစ်ကြိမ်၊ဘယ်နှစ်ခါတွေ မသိဘာဘူး။တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်တော့ လေ့ကျင့်တယ်။မနက်တစ်ကြိမ်၊ညနေတစ်ကြိမ်ပေါ့။နေ့ခင်းပိုင်းပါ တစ်ခါတစ်လေ လေ့ကျင့်လိုက်သေးတယ်။

ဒီလိုနဲ့ အချိန်အကန့်အသတ်မရှိဘူး စိတ်ထင်တိုင်း အလေးတွေ မ,နေတော့တာပေါ့။ကြွက်သားနေရာ တစ်ခုအတွက် (၁၅)ခါ သုံးကြိမ်တွေ ဘာတွေမသိပါဘူး။မ,လို့ကောင်းရင် အကြိမ်တွေ အခါတွေ မသိတော့ဘူး မညောင်းမချင်းကို မပါတယ်။သူငယ်ချင်းတွေလာရင် သူ့တို့ကို သင်ပေးရင်း ကိုယ်ပါ မ,တော့တာပေါ့။ တစ်ယောက်တစ်လှည့် မ,ကြတော့တာပေါ့။ဗလတွေတော့ထွက်လာတယ်။ဒါပေမဲ့ ထွက်သင့်တဲ့အတိုင်းအတာ တစ်ခုထိ ရောက်မလာဘူးဖြစ်နေတာပေါ့။

နောက်တော့ ကျွန်တော်တို့စက်မှုလယ်ယာကို အသစ်ပြောင်းလာတဲ့ ဦးစီးမှူးက ရေတွင်းကုန်းမှာ ရေလာချိုးရင်း အိမ်ရဲ့ အဖီဘေးမှာ အလေးမနေတဲ့ ကျွန်တော်တို့ကိုတွေ့သွားတော့ အခြေခံမနည်းတွေကို သင်ပေးပါတယ်။

လက်မောင်းရှေ့ဘက်အတွက်၊လက်မောင်းနောက်သားတွေအတွက်၊လက်မောင်းဆုံသားတွေအတွက်၊ နောက်ကျောပြင်အတွက်၊အလေးထမ်းပြီး ထိုင်ထလုပ်တဲ့အခါ ဖနောင့်အောက် အုတ်ခဲတစ်လုံးခံပြီး ထိုင်ထလုပ်ပုံတွေကအစ ရှိတဲ့ ပစ္စည်းလေးတွေနဲ့ လေ့ကျင့်ပုံတွေ သင်ပေးပါတယ်။

ကိရိယာလွတ် လေ့ကျင့်ပုံတွေလည်း သင်ပေးပါတယ်။အဲဒီနည်းစနစ်တွေလည်းရရော ပိုတိုးတက်လာ တော့တာပေါ့။ ကြွက်သားတွေလည်း အတော်လေး တက်လာပါတယ်။

လူများဟာ နည်းနည်းလောက်ထူးခြားလာရင် မြောက်ကြွမြောက်ကြွဖြစ်လာတယ်ဆိုတာ တယ်ပြီးမှန်ပါတယ်။ မတောက်တစ်ခေါက် သိုင်းလေးတတ်တဲ့သူက သူတတ်ကြောင်း ပြချင်နေတတ်သလို၊ ကျွန်တော်လည်းရှိတဲ့ ဗလလေးကနည်းနည်းနဲ့ နောက်ကျောကြွက်သားကြီးတွေ အင်မတန်ထွားကြတဲ့ ကာယဗလသမားကြီးတွေဟာ လမ်းလျှောက်ရင် လက်ကြီးတွေကားပြီးလျှောက်သလို ကျွန်တော်လည်း မရှိရှိတဲ့ ကြွက်သားလေးနဲ့ လျှောက်ပါတော့တယ်။

နောက်တော့မှ အဲဒီလို လုပ်တတ်တဲ့ ကိုယ့်ပုံကိုပြန်တွေးမိပြီး ရှက်ပြုံးတောင် ပြုံးမိပါသေးတယ်။ အားကစားဆိုရင် ဟိုစပ်စပ် ဒီစပ်စပ်လုပ်ချင်တဲ့ ကျွန်တော် ပါတီယူနစ်ရုံးက တန်းမြင့်ဘားတန်းမှာ အလွှဲကောင်းလို့ ပြုတ်ကျပြီး ဘယ်ဘက်လက်ကျိုးပါရော့လား။ ဒါနဲ့ ငြိမ်သွားရောလားဆိုတော့…

မငြိမ်ရေးချ မငြိမ်ပါဘူး။ကောင်းနေတဲ့ လက်တစ်ဖက်တည်းနဲ့ သံတူရွင်းလို သံချောင်းအလေးကြီးကို အလေးသဘောထားပြီး လေ့ကျင့်တာပေါ့။ကျိုးတဲ့လက်က ကျောက်ပတ်တီးဖြေတော့ လက်နှစ်ဖက်ဟာဗျာ တစ်ဖက်ကြီး တစ်ဖက်သေးဖြစ်ကုန်ပါရောလားဗျာ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ခွန်နောင်လွင်ထူး ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

“ ကာယဗလေလ့က်င့္စ ”

 

ကြၽန္ေတာ္ကႂကြက္သားေတြနဲ႔ ကာယဗလေတာင့္ခ်င္သူ။ကာယဗလေတြႀကီးထြားဖို႔ ဝိတ္ေတြ မ,တဲ့အခ်ိန္က ေတာ္ေတာ္ငယ္ေသးတယ္လို႔ေျပာရမယ္။ ေလးတန္းေတာင္ မေအာင္ေသးပါဘူး။ အဲဒီအ႐ြယ္ကတည္းကလို႔ ေျပာရမွာပါ။

စက္မႈလယ္ယာ ဦးစီးမႉးအိမ္က တံခြန္ဂ်ာနယ္ေတြဖတ္ေတာ့ အာႏိုးတို႔၊ လီဟန္နီတို႔ရဲ႕ ကာယဗလႀကီးေတြက ကြၽန္ေတာ္ကို ဆြဲေဆာင္ခဲ့ပါတယ္။

အရင္ကစစ္ျပန္မဂၢဇင္းမွာလည္း ဆရာခ်စ္ၾကည္ေရးၾကည္ၫြန္႔လား၊စစ္ကိုင္းၾကည္ၫြန္႔လားေတာ့ မမွတ္မိေတာ့ပါဘူး သူေရးတဲ့ ကာယဗလအေၾကာင္းေတြကိုဖတ္ၿပီး ႂကြက္သားေတြႀကီးထြားခ်င္လာတယ္။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ၿမိဳ႕မွာ ဘာအားကစားခန္းမေတြ၊ကလပ္ေတြမွ မ႐ွိပါဘူး။ ဘယ္နားသြားၿပီး ကစားရမယ္ ဆိုတာလည္း မ႐ွိပါဘူး။

ပါတီယူနစ္႐ုံးက သံပိုက္လုံးႀကီးေတြနဲ႔ လုပ္ထားတဲ့ အမ်ားသူငါ ဘားခိုကစားတဲ့ ေနရာေလးတစ္ခုပဲ အဲဒီတုန္းက ႐ွိခဲ့ပါတယ္။

လိုလွ်င္ၾကံဆနည္းလမ္း ရ,ရမွာေပါ့။ဒါနဲ႔ အိမ္မွာ႐ွိတဲ့ အုတ္ခဲေတြကို အေပါက္ေဖာက္ၿပီး ဝါးလုံးလွ်ိဳၿပီး မ,ဖို႔ ႀကိဳးစားတာေပါ့။

အဲဒါနဲ႔ အိမ္က႐ွိတဲ့ အုတ္ခဲေတြရယ္၊ လိုေသးလို႔ အျခားက ႐ွာလာတဲ့ အုတ္ခဲေတြရဲ႕ အလယ္တည့္တည့္ကို သံေခ်ာင္းနဲ႔ တျဖည္းျဖည္းခ်င္း ဖဲ့ၿပီးေဖာက္တာေပါ့။ပထမေတာ့ သံေခ်ာင္းအေသးနဲ႔ ေဖာက္တာ သံေခ်ာင္းေတြသာ ေကာက္ေကာက္သြားတယ္။ေဖာက္လို႔ အဆင္မေျပခဲ့ဘူး။ေနာက္ေတာ့ ငါးလက္မ သံေခ်ာင္းႀကီးရယ္ စို႔အေသးတစ္ခုရယ္ကို သုံးၿပီးေဖာက္ေတာ့မွ ေခ်ာေခ်ာေမာေမာ ရတဲ့အခဲလည္းရ။ တစ္ခါတစ္ရံ သံေခ်ာင္းကို ႐ိုက္တဲ့အားက ျပင္းသြားလို႔ က်ိဳးသြားတဲ့ အုတ္ခဲေတြကလည္း မနဲပါဘူး။ က်ိဳးသြားရင္လည္း ေနာက္တစ္ခဲေပါ့။

ဒီလိုနဲ႔ အေပါက္ေပါက္သြားရင္ ဝါးလုံးထိုးလို႔ ရတဲ့အေပါက္ျဖစ္ေအာင္ ခ်ဲ႕ယူရတာေပါ့။ဝါးလုံးကလည္း ဝါးဆစ္ပိတ္႐ွာရတယ္။ဝါးဆစ္ပိတ္ဝါးကို ကိုယ့္ရဲ႕ လက္တစ္ေဖာင္ေလာက္ကို အတည္မွတ္ၿပီး ဟိုဘက္ထိပ္ ဒီဘက္ထိပ္ကို အုတ္ခဲငါးလုံးစာ အတိုင္းအတာထပ္တိုးယူၿပီး ျဖတ္လိုက္တာေပါ့။

ဝါးလုံးမွာစြပ္မယ့္ အုတ္ခဲအေရအတြက္ကိုေတာ့ ဟိုဘက္ႏွစ္လုံး၊ဒီဘက္ႏွစ္လုံး စုစုေပါင္းေလးလုံးထားၿပီး မ,ခဲ့တယ္။ေနာက္ေတာ့ ေလးလုံးက ေပါ့ေနလို႔ ေျခာက္လုံးထားၿပီး မ,ခဲ့တာေပါ့။

႐ုပ္႐ွင္ထဲကေတြ႕တဲ့နည္းစနစ္ေတြ၊စာအုပ္ေတြ၊ဂ်ာနယ္ေတြ၊မဂၢဇင္းေတြထဲကနည္းစနစ္ေတြကို မွတ္ထားၿပီး လိုက္လုပ္ခဲ့တာေပါ့။တစ္ေန႔ကို ဘယ္ႏွစ္ႀကိမ္၊ဘယ္ႏွစ္ခါေတြ မသိဘာဘူး။တစ္ရက္ကို အနည္းဆုံး ႏွစ္ႀကိမ္ေတာ့ ေလ့က်င့္တယ္။မနက္တစ္ႀကိမ္၊ညေနတစ္ႀကိမ္ေပါ့။ေန႔ခင္းပိုင္းပါ တစ္ခါတစ္ေလ ေလ့က်င့္လိုက္ေသးတယ္။

ဒီလိုနဲ႔ အခ်ိန္အကန္႔အသတ္မ႐ွိဘူး စိတ္ထင္တိုင္း အေလးေတြ မ,ေနေတာ့တာေပါ့။ႂကြက္သားေနရာ တစ္ခုအတြက္ (၁၅)ခါ သုံးႀကိမ္ေတြ ဘာေတြမသိပါဘူး။မ,လို႔ေကာင္းရင္ အႀကိမ္ေတြ အခါေတြ မသိေတာ့ဘူး မေညာင္းမခ်င္းကို မပါတယ္။သူငယ္ခ်င္းေတြလာရင္ သူ႕တို႔ကို သင္ေပးရင္း ကိုယ္ပါ မ,ေတာ့တာေပါ့။ တစ္ေယာက္တစ္လွည့္ မ,ၾကေတာ့တာေပါ့။ဗလေတြေတာ့ထြက္လာတယ္။ဒါေပမဲ့ ထြက္သင့္တဲ့အတိုင္းအတာ တစ္ခုထိ ေရာက္မလာဘူးျဖစ္ေနတာေပါ့။

ေနာက္ေတာ့ ကြၽန္ေတာ္တို႔စက္မႈလယ္ယာကို အသစ္ေျပာင္းလာတဲ့ ဦးစီးမႉးက ေရတြင္းကုန္းမွာ ေရလာခ်ိဳးရင္း အိမ္ရဲ႕ အဖီေဘးမွာ အေလးမေနတဲ့ ကြၽန္ေတာ္တို႔ကိုေတြ႕သြားေတာ့ အေျခခံမနည္းေတြကို သင္ေပးပါတယ္။

လက္ေမာင္းေ႐ွ႕ဘက္အတြက္၊လက္ေမာင္းေနာက္သားေတြအတြက္၊လက္ေမာင္းဆုံသားေတြအတြက္၊ ေနာက္ေက်ာျပင္အတြက္၊အေလးထမ္းၿပီး ထိုင္ထလုပ္တဲ့အခါ ဖေနာင့္ေအာက္ အုတ္ခဲတစ္လုံးခံၿပီး ထိုင္ထလုပ္ပုံေတြကအစ ႐ွိတဲ့ ပစၥည္းေလးေတြနဲ႔ ေလ့က်င့္ပုံေတြ သင္ေပးပါတယ္။

ကိရိယာလြတ္ ေလ့က်င့္ပုံေတြလည္း သင္ေပးပါတယ္။အဲဒီနည္းစနစ္ေတြလည္းရေရာ ပိုတိုးတက္လာ ေတာ့တာေပါ့။ ႂကြက္သားေတြလည္း အေတာ္ေလး တက္လာပါတယ္။

လူမ်ားဟာ နည္းနည္းေလာက္ထူးျခားလာရင္ ေျမာက္ႂကြေျမာက္ႂကြျဖစ္လာတယ္ဆိုတာ တယ္ၿပီးမွန္ပါတယ္။ မေတာက္တစ္ေခါက္ သိုင္းေလးတတ္တဲ့သူက သူတတ္ေၾကာင္း ျပခ်င္ေနတတ္သလို၊ ကြၽန္ေတာ္လည္း႐ွိတဲ့ ဗလေလးကနည္းနည္းနဲ႔ ေနာက္ေက်ာႂကြက္သားႀကီးေတြ အင္မတန္ထြားၾကတဲ့ ကာယဗလသမားႀကီးေတြဟာ လမ္းေလွ်ာက္ရင္ လက္ႀကီးေတြကားၿပီးေလွ်ာက္သလို ကြၽန္ေတာ္လည္း မ႐ွိ႐ွိတဲ့ ႂကြက္သားေလးနဲ႔ ေလွ်ာက္ပါေတာ့တယ္။

ေနာက္ေတာ့မွ အဲဒီလို လုပ္တတ္တဲ့ ကိုယ့္ပုံကိုျပန္ေတြးမိၿပီး ႐ွက္ျပဳံးေတာင္ ျပဳံးမိပါေသးတယ္။ အားကစားဆိုရင္ ဟိုစပ္စပ္ ဒီစပ္စပ္လုပ္ခ်င္တဲ့ ကြၽန္ေတာ္ ပါတီယူနစ္႐ုံးက တန္းျမင့္ဘားတန္းမွာ အလႊဲေကာင္းလို႔ ျပဳတ္က်ၿပီး ဘယ္ဘက္လက္က်ိဳးပါေရာ့လား။ ဒါနဲ႔ ၿငိမ္သြားေရာလားဆိုေတာ့…

မၿငိမ္ေရးခ် မၿငိမ္ပါဘူး။ေကာင္းေနတဲ့ လက္တစ္ဖက္တည္းနဲ႔ သံတူ႐ြင္းလို သံေခ်ာင္းအေလးႀကီးကို အေလးသေဘာထားၿပီး ေလ့က်င့္တာေပါ့။က်ိဳးတဲ့လက္က ေက်ာက္ပတ္တီးေျဖေတာ့ လက္ႏွစ္ဖက္ဟာဗ်ာ တစ္ဖက္ႀကီး တစ္ဖက္ေသးျဖစ္ကုန္ပါေရာလားဗ်ာ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ခြန္ေနာင္လြင္ထူး ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
ဆန်ဖရန်စစ္စကိုတွင် ဒေါ်လာ ၁ ဒသမ ၄ သန်းတန်နေအိမ်ကို ဒေါ်လာ ၄၈၈၀၀၀ မျှဖြင့် အရောင်းတင်ထားရာ ဝယ်ယူလိုသူများ လူတန်းရှည်ကြီးဖ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

imyanmarmarket
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service