ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
[Unicode]
Lifestyle မဂ္ဂဇင်းတစ်ခုဖြစ်သော Augustman ၏ ဖော်ပြချက်အရ ကိုင်ရန် ကွာဆိုင် (Kairan Quasi) အမည်ရှိ အသက် ၁၄ နှစ်အရွယ် ကလေးငယ်တစ်ဦးသည် ကောလိပ်မှ ဘွဲ့ရတော့မည်ဖြစ်ပြီး Elon Musk ၏ အာကာသကုမ္ပဏီ SpaceX တွင် အလုပ်ဝင်တော့မည်ဟု ဆိုသည်။
ကိုင်ရန် ကွာဆိုင်သည် ကယ်လီဖိုးနီးယားပြည်နယ် ၊ ဆန်တာကလာရာ တက္ကသိုလ် (Santa Clara University ) ၏ သမိုင်းတွင် အသက်အငယ်ဆုံး ဘွဲ့ရဖြစ်လာသည့်အပြင် Elon Musk ၏ အာကာသကုမ္ပဏီ SpaceX တွင်လည်း အသက်အငယ်ဆုံး ဝန်ထမ်းဖြစ်လာမည်ဖြစ်သည်။
ကွာဆိုင်သည် အသက် ၉ နှစ်အရွယ်တွင် ကောလိပ်စတက်ခဲ့ပြီး အသက် ၁၁ နှစ်အရွယ်တွင် ကမ္ဘာကျော် Intel Labs ကုမ္ပဏီတွင် ဘွဲ့ကြိုအလုပ်သင်တစ်ဦး ဖြစ်လာခဲ့သည်။
အလွန်အသက်ငယ်ရွယ်နေသော်လည်း ကွာဆိုင်သည် ကျောင်းနှင့် လုပ်ငန်းခွင်တို့တွင် အထီးကျန်မနေဘဲ မိတ်ဆွေကောင်းများ ဖွဲ့နိုင်ခဲ့သည်။
ကွာဆိုင်သည် Elon Musk ၏ အာကာသကုမ္ပဏီ SpaceX တွင် အလုပ်လုပ်ရန်အတွက် ဝါရှင်တန်ပြည်နယ်သို့ မိခင်နှင့်အတူ ရွှေ့ပြောင်းနေထိုင်မည်ဖြစ်သည်။
သတင်းဌာနတစ်ခုနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကွာဆိုင်က ပြောခဲ့သည်မှာ ၄ တန်းအရွယ်တွင် မိမိ၏ ထူးခြားသော ဉာဏ်ရည်ကို မိဘများက သတိပြုမိခဲ့ကြောင်း ပြောသည်။
ကွာဆိုင်၏ ဆရာများ ၊ မိဘများနှင့် ကလေးသမားတော်တို့က သုံးသပ်ခဲ့ကြသည်မှာ ပုံမှန်သမရိုးကျ ပညာရေးလမ်းကြောင်းနှင့် မသင့်တော်ကြောင်း သုံးသပ်ခဲ့ကြသည်။
ကွာဆိုင်သည် သူ၏ ထူးခြားသောဉာဏ်ရည်ကြောင့် အသက်ငယ်ရွယ်စဉ်မှာပင် တက္ကသိုလ်ပညာရေးကို ဆည်းပူးနိုင်ခဲ့သည်။
မိမိ၏ ဆရာများက ပေးအပ်ခဲ့သည့် အခွင့်အလမ်းများအတွက် ကျေးဇူးတင်ကြောင်း ကွာဆိုင်က ပြောသည်။
ကွာဆိုင်သည် ဥပဒေအရ အရွယ်ရောက်ပြီးသူမဟုတ်သေးသောကြောင့် ယာဉ်မောင်းခြင်း ၊ လူကြီးများသာ ကြည့်ခွင့်ရှိသည့် ရုပ်ရှင်များ ကြည့်ရှုခြင်းတို့ မလုပ်ဆောင်နိုင်သေးသော်လည်း ကမ္ဘာကျော်အာကာသကုမ္ပဏီ SpaceX တွင် ဆော့ဖ်ဝဲအင်ဂျင်နီယာတစ်ဦးအဖြစ် အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်မည့် အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်ခဲ့သည်။
ကွာဆိုင်က ပြောသည်မှာ မိမိ၏ ကလေးဘဝသည် ပုံမှန်ကလေးငယ်များနှင့် ကွာခြားနိုင်ဖွယ်ရှိသော်လည်း ဆော့ဖ်ဝဲအင်ဂျင်နီယာဖြစ်လာရန် စိတ်အားထက်သန်နေပြီး အဆိုပါနယ်ပယ်အတွက် အဓိပ္ပာယ်ရှိသော လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Meet Kairan Quasi, a 14-year-old boy who is hired by Elon Musk's SpaceX (timesofindia)
[Zawgyi]
Elon Musk ၏ အာကာသကုမၸဏီ SpaceX က အသက္ ၁၄ ႏွစ္အရြယ္ ဥာဏ္ၾကီးရွင္ကေလးငယ္ Kairan Quasi ကို အလုပ္ခန္႔
Lifestyle မဂၢဇင္းတစ္ခုျဖစ္ေသာ Augustman ၏ ေဖာ္ျပခ်က္အရ ကုိင္ရန္ ကြာဆိုင္ (Kairan Quasi) အမည္ရွိ အသက္ ၁၄ ႏွစ္အရြယ္ ကေလးငယ္တစ္ဦးသည္ ေကာလိပ္မွ ဘြဲ႔ရေတာ့မည္ျဖစ္ျပီး Elon Musk ၏ အာကာသကုမၸဏီ SpaceX တြင္ အလုပ္ဝင္ေတာ့မည္ဟု ဆိုသည္။
ကိုင္ရန္ ကြာဆိုင္သည္ ကယ္လီဖုိးနီးယားျပည္နယ္ ၊ ဆန္တာကလာရာ တကၠသိုလ္ (Santa Clara University ) ၏ သမိုင္းတြင္ အသက္အငယ္ဆံုး ဘြဲ႔ရျဖစ္လာသည့္အျပင္ Elon Musk ၏ အာကာသကုမၸဏီ SpaceX တြင္လည္း အသက္အငယ္ဆံုး ဝန္ထမ္းျဖစ္လာမည္ျဖစ္သည္။
ကြာဆိုင္သည္ အသက္ ၉ ႏွစ္အရြယ္တြင္ ေကာလိပ္စတက္ခဲ့ျပီး အသက္ ၁၁ ႏွစ္အရြယ္တြင္ ကမၻာေက်ာ္ Intel Labs ကုမၸဏီတြင္ ဘြဲ႔ၾကိဳအလုပ္သင္တစ္ဦး ျဖစ္လာခဲ့သည္။
အလြန္အသက္ငယ္ရြယ္ေနေသာ္လည္း ကြာဆိုင္သည္ ေက်ာင္းႏွင့္ လုပ္ငန္းခြင္တုိ႔တြင္ အထီးက်န္မေနဘဲ မိတ္ေဆြေကာင္းမ်ား ဖြဲ႔ႏိုင္ခဲ့သည္။
ကြာဆိုင္သည္ Elon Musk ၏ အာကာသကုမၸဏီ SpaceX တြင္ အလုပ္လုပ္ရန္အတြက္ ဝါရွင္တန္ျပည္နယ္သို႔ မိခင္ႏွင့္အတူ ေရႊ႕ေျပာင္းေနထိုင္မည္ျဖစ္သည္။
သတင္းဌာနတစ္ခုႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ကြာဆိုင္က ေျပာခဲ့သည္မွာ ၄ တန္းအရြယ္တြင္ မိမိ၏ ထူးျခားေသာ ဥာဏ္ရည္ကို မိဘမ်ားက သတိျပဳမိခဲ့ေၾကာင္း ေျပာသည္။
ကြာဆိုင္၏ ဆရာမ်ား ၊ မိဘမ်ားႏွင့္ ကေလးသမားေတာ္တို႔က သံုးသပ္ခဲ့ၾကသည္မွာ ပံုမွန္သမရိုးက် ပညာေရးလမ္းေၾကာင္းႏွင့္ မသင့္ေတာ္ေၾကာင္း သံုးသပ္ခဲ့ၾကသည္။
ကြာဆိုင္သည္ သူ၏ ထူးျခားေသာဥာဏ္ရည္ေၾကာင့္ အသက္ငယ္ရြယ္စဥ္မွာပင္ တကၠသိုလ္ပညာေရးကို ဆည္းပူးႏိုင္ခဲ့သည္။
မိမိ၏ ဆရာမ်ားက ေပးအပ္ခဲ့သည့္ အခြင့္အလမ္းမ်ားအတြက္ ေက်းဇူးတင္ေၾကာင္း ကြာဆိုင္က ေျပာသည္။
ကြာဆိုင္သည္ ဥပေဒအရ အရြယ္ေရာက္ျပီးသူမဟုတ္ေသးေသာေၾကာင့္ ယာဥ္ေမာင္းျခင္း ၊ လူၾကီးမ်ားသာ ၾကည့္ခြင့္ရွိသည့္ ရုပ္ရွင္မ်ား ၾကည့္ရႈျခင္းတို႔ မလုပ္ေဆာင္ႏိုင္ေသးေသာ္လည္း ကမၻာေက်ာ္အာကာသကုမၸဏီ SpaceX တြင္ ေဆာ့ဖ္ဝဲအင္ဂ်င္နီယာတစ္ဦးအျဖစ္ အခ်ိန္ျပည့္ တာဝန္ထမ္းေဆာင္ႏိုင္မည့္ အခြင့္အလမ္းကို ဆုပ္ကိုင္ႏိုင္ခဲ့သည္။
ကြာဆိုင္က ေျပာသည္မွာ မိမိ၏ ကေလးဘဝသည္ ပံုမွန္ကေလးငယ္မ်ားႏွင့္ ကြာျခားႏုိင္ဖြယ္ရွိေသာ္လည္း ေဆာ့ဖ္ဝဲအင္ဂ်င္နီယာျဖစ္လာရန္ စိတ္အားထက္သန္ေနျပီး အဆိုပါနယ္ပယ္အတြက္ အဓိပၸာယ္ရွိေသာ လုပ္ေဆာင္မႈမ်ား ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း ေျပာသည္။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)
Credit: iMyanmarHouse.com
Ref: Meet Kairan Quasi, a 14-year-old boy who is hired by Elon Musk's SpaceX (timesofindia)