စတားလုံး၏စံအိမ်ကို Adele က ဝယ်ယူရန် ညှိနှိုင်းစဉ် ရေကန်ဘေးရှိ စတားလုံး၏ ရုပ်တု ပါဝင်မှသာ အိမ်ဝယ်မည်ဖြစ်ကြောင်း Adele ကပြောခဲ့သည်ဟု စတားလုံး ထုတ်ဖော်ပြောကြား

စတားလုံး၏စံအိမ်ကို Adele က ဝယ်ယူရန် ညှိနှိုင်းစဉ် ရေကန်ဘေးရှိ စတားလုံး၏ ရုပ်တု ပါဝင်မှသာ အိမ်ဝယ်မည်ဖြစ်ကြောင်း Adele ကပြောခဲ့သည်ဟု စတားလုံး ထုတ်ဖော်ပြောကြား - Property News in Myanmar from iMyanmarHouse.com
28 Jun 2023 11:00 am တွင် တင်ခဲ့သည်
428 ကြိမ် ကြည့်ရှု့ပြီး

 [Unicode]

ဟောလိဝုဒ်အက်ရှင်ကြယ်ပွင့် ဆီဗက်စတာ စတားလုံးသည် Rocky ဇာတ်လမ်းတွဲများတွင် ရန်သူများစွာကို အနိုင်ယူဖြတ်ကျော်ခဲ့သည့် လက်ဝှေ့သမား ရော့ကီး ဘယ်လ်ဘိုးအာအဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သော်လည်း အိမ်ခြံမြေအရောင်းအဝယ်ကိစ္စတွင်မူ Adele ၏ အလဲထိုးခြင်းကို ခံခဲ့ရသည်။

(မှတ်ချက်။ Adele က စတားလုံး၏ စံအိမ်ဝယ်ယူခဲ့သည့်သတင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါသည်။)

ဝေါစထရိဂျာနယ်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် စတားလုံးက ထုတ်ဖော်ပြောကြားခဲ့သည်မှာ ပြီးခဲ့သောနှစ်အတွင်း သူ၏ လော့စ်အိန်ဂျလိစံအိမ်ကို အရောင်းအဝယ်ပြုလုပ်ရာတွင် Adele က ခက်ခဲသည့် တောင်းဆိုချက်တစ်ခု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

အိပ်ခန်း ၈ ခန်း ၊ ရေချိုးခန်း ၁၂ ခန်းပါဝင်ကာ စတုရန်းပေ ၂၁၀၀၀ ကျယ်ဝန်းသော စံအိမ်ကို ဒေါ်လာ ၅၈ သန်းဖြင့် အရောင်းအဝယ်လုပ်ရန် စတားလုံးနှင့် Adele တို့ ၂ ဦး သဘောတူညီခဲ့ကြသော်လည်း အဆိုပါအိမ်၏ တမူထူးခြားသည့် ပစ္စည်းတစ်ခုကို ရယူလိုကြောင်း Adele က ပြောလာချိန်တွင် အိမ်ခြံမြေအရောင်းအဝယ် ညှိနှိုင်းမှု၌ အဖုအထစ် ဖြစ်သွားခဲ့ရသည်။

စတားလုံး မူလက စီစဉ်ထားသည်မှာ စံအိမ်ရောင်းချချိန်တွင် ကြီးမားလှသော ရေကူးကန်ကြီးဘေးတွင် ထားရှိသော ရော့ကီးဇာတ်ကားမှ သူ၏ ရုပ်တုကြီးကို သယ်ယူသွားရန်ဖြစ်သော်လည်း Adele ၏ ရာဇသံနှင့် ရင်ဆိုင်ခဲ့ရသည်။

Adele က ထိုရုပ်တုမပါလျှင် အိမ်မဝယ်တော့ဟု ပြောလာခဲ့ကြောင်း၊ ထိုရုပ်တုကို Adele က လိုချင်ခဲ့ကြောင်း စတားလုံးက ပြောသည်။

(Rocky ဇာတ်လမ်းတွဲတွင် ဆီဗက်စတာ စတားလုံးက လက်ဝှေ့သမား ရော့ကီး ဘယ်လ်ဘိုအာအဖြစ် သရုပ်ဆောင်ခဲ့ပုံ။ ဓာတ်ပုံ -Getty Images)

စတားလုံး၏ စံအိမ်သည် မူလက ကန်ဒေါ်လာ သန်း ၁၁၀ အထိ ဈေးခေါ်ခဲ့ပြီး ယင်းနောက် သန်း ၈၀ သို့ ဈေးလျှော့ပေးခဲ့ကာ Adele နှင့် ဒေါ်လာ ၅၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးတွင် စတားလုံးက အလျှော့ပေးခဲ့ကာ ရုပ်တုကို ထားခဲ့ရန် သဘောတူခဲ့ရသည်။

Adele က စတားလုံး၏ စံအိမ်တစ်ခုလုံးကို အကြီးစားမွမ်းမံမှုများ မကြာသေးမီက လုပ်ဆောင်လျက်ရှိရာ မူလအတိုင်း မပျက်မယွင်းရှိနေသေးသည်မှာ စတားလုံး၏ ရုပ်တုတစ်ခုတည်းသာ ဖြစ်သည်။

TMZ သတင်းဌာနက ယခုလအတွင်း ဖော်ပြခဲ့သော ဓာတ်ပုံများအရ Adele က စတားလုံးပိုင်ဆိုင်ခဲ့သော အိမ်ကို အလုံးစုံမွမ်းမံမှုများ ပြုလုပ်နေသည်ကို တွေ့ရသည်။

ပင်မစံအိမ်ကို အလုံးစုံပြင်ဆင်မှု ပြုလုပ်လျက်ရှိရာ ဒုတိယထပ်တစ်ခုလုံးကို ဖြိုချလိုက်သည်ကို တွေ့ရသည်။

ရေကူးကန်နှင့် စတားလုံး၏ ရုပ်တုကိုမူ Adele က မူလအတိုင်း ထားရှိထားသည်။

အဆိုပါစံအိမ်သည် လော့စ်အိန်ဂျလိမြို့၊ Beverly Park အရပ်ရှိ အကျယ်ဝန်းဆုံး ခြံဝန်းများတွင် ပါဝင်ပြီး ၃ ဒသမ ၆ ဧက ကျယ်ဝန်းကာ လော့စ်အိန်ဂျလိ၏ ရှုမျှော်ခင်းများကို အပေါ်စီးမှ တွေ့မြင်နိုင်သည်။

(ဆက်စပ်သတင်းများ)

စတားလုံးထံမှ ဝယ်ထားသောအိမ်တွင် Adele တို့ ချစ်သူ ၂ ဦး အတူနေကြပြီ

https://www.imyanmarhouse.com/news/read/1015199

Adele က စတားလုံး၏အိမ်ကို ဝယ်ရန် ဒေါ်လာ ၃၇ သန်းကျော် ချေးငွေရယူခဲ့

 https://www.imyanmarhouse.com/news/read/1036306

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Adele threatened to scrap $58 million mansion deal if ‘Rocky’ poolside statue wasn’t included, Stallone says (cnbc, tmz)

[Zawgyi]

စတားလံုး၏စံအိမ္ကို Adele က ဝယ္ယူရန္ ညွိႏႈိင္းစဥ္ ေရကန္ေဘးရွိ စတားလံုး၏ ရုပ္တု ပါဝင္မွသာ အိမ္ဝယ္မည္ျဖစ္ေၾကာင္း Adele ကေျပာခဲ့သည္ဟု စတားလံုး ထုတ္ေဖာ္ေျပာၾကား

ေဟာလိဝုဒ္အက္ရွင္ၾကယ္ပြင့္ ဆီဗက္စတာ စတားလံုးသည္ Rocky ဇာတ္လမ္းတြဲမ်ားတြင္ ရန္သူမ်ားစြာကို အႏိုင္ယူျဖတ္ေက်ာ္ခဲ့သည့္ လက္ေဝွ႔သမား ေရာ့ကီး ဘယ္လ္ဘိုးအာအျဖစ္ ပါဝင္သရုပ္ေဆာင္ခဲ့ေသာ္လည္း အိမ္ျခံေျမအေရာင္းအဝယ္ကိစၥတြင္မူ Adele ၏ အလဲထိုးျခင္းကို ခံခဲ့ရသည္။

(မွတ္ခ်က္။ Adele က စတားလံုး၏ စံအိမ္ဝယ္ယူခဲ့သည့္သတင္းကို iMyanmarHouse.com ဝက္ဘ္ဆုိက္ၾကီးတြင္ ေရးသားေဖာ္ျပခ့ဲျပီးျဖစ္ပါသည္။)

ေဝါစထရိဂ်ာနယ္ႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ စတားလံုးက ထုတ္ေဖာ္ေျပာၾကားခဲ့သည္မွာ ျပီးခဲ့ေသာႏွစ္အတြင္း သူ၏ ေလာ့စ္အိန္ဂ်လိစံအိမ္ကို အေရာင္းအဝယ္ျပဳလုပ္ရာတြင္ Adele က ခက္ခဲသည့္ ေတာင္းဆိုခ်က္တစ္ခု ျပဳလုပ္ခဲ့ေၾကာင္း ေျပာသည္။

အိပ္ခန္း ၈ ခန္း ၊ ေရခ်ဳိးခန္း ၁၂ ခန္းပါဝင္ကာ စတုရန္းေပ ၂၁၀၀၀ က်ယ္ဝန္းေသာ စံအိမ္ကို ေဒၚလာ ၅၈ သန္းျဖင့္ အေရာင္းအဝယ္လုပ္ရန္ စတားလံုးႏွင့္ Adele တုိ႔ ၂ ဦး သေဘာတူညီခဲ့ၾကေသာ္လည္း အဆိုပါအိမ္၏ တမူထူးျခားသည့္ ပစၥည္းတစ္ခုကို ရယူလိုေၾကာင္း Adele က ေျပာလာခ်ိန္တြင္ အိမ္ျခံေျမအေရာင္းအဝယ္ ညွိႏိႈင္းမႈ၌ အဖုအထစ္ ျဖစ္သြားခဲ့ရသည္။ စတားလံုး မူလက စီစဥ္ထားသည္မွာ စံအိမ္ေရာင္းခ်ခ်ိန္တြင္ ၾကီးမားလွေသာ ေရကူးကန္ၾကီးေဘးတြင္ ထားရွိေသာ ေရာ့ကီးဇာတ္ကားမွ သူ၏ ရုပ္တုၾကီးကို သယ္ယူသြားရန္ျဖစ္ေသာ္လည္း Adele ၏ ရာဇသံႏွင့္ ရင္ဆိုင္ခဲ့ရသည္။

Adele က ထိုရုပ္တုမပါလွ်င္ အိမ္မဝယ္ေတာ့ဟု ေျပာလာခဲ့ေၾကာင္း၊ ထိုရုပ္တုကို Adele က လိုခ်င္ခဲ့ေၾကာင္း စတားလံုးက ေျပာသည္။

(Rocky ဇာတ္လမ္းတြဲတြင္ ဆီဗက္စတာ စတားလံုးက လက္ေဝွ႔သမား ေရာ့ကီး ဘယ္လ္ဘိုအာအျဖစ္ သရုပ္ေဆာင္ခဲ့ပံု။ ဓာတ္ပံု -Getty Images)

စတားလံုး၏ စံအိမ္သည္ မူလက ကန္ေဒၚလာ သန္း ၁၁၀ အထိ ေစ်းေခၚခဲ့ျပီး ယင္းေနာက္ သန္း ၈၀ သို႔ ေစ်းေလွ်ာ့ေပးခဲ့ကာ Adele ႏွင့္ ေဒၚလာ ၅၈ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္ခဲ့ျခင္း ျဖစ္သည္။

ေနာက္ဆံုးတြင္ စတားလံုးက အေလွ်ာ့ေပးခဲ့ကာ ရုပ္တုကို ထားခဲ့ရန္ သေဘာတူခဲ့ရသည္။

Adele က စတားလံုး၏ စံအိမ္တစ္ခုလံုးကို အၾကီးစားမြမ္းမံမႈမ်ား မၾကာေသးမီက လုပ္ေဆာင္လ်က္ရွိရာ မူလအတိုင္း မပ်က္မယြင္းရွိေနေသးသည္မွာ စတားလံုး၏ ရုပ္တုတစ္ခုတည္းသာ ျဖစ္သည္။

TMZ သတင္းဌာနက ယခုလအတြင္း ေဖာ္ျပခဲ့ေသာ ဓာတ္ပံုမ်ားအရ Adele က စတားလံုးပိုင္ဆိုင္ခဲ့ေသာ အိမ္ကို အလံုးစံုမြမ္းမံမႈမ်ား ျပဳလုပ္ေနသည္ကို ေတြ႔ရသည္။

ပင္မစံအိမ္ကို အလံုးစံုျပင္ဆင္မႈ ျပဳလုပ္လ်က္ရွိရာ ဒုတိယထပ္တစ္ခုလံုးကို ျဖိဳခ်လိုက္သည္ကို ေတြ႔ရသည္။

ေရကူးကန္ႏွင့္ စတားလံုး၏ ရုပ္တုကိုမူ Adele က မူလအတိုင္း ထားရွိထားသည္။

အဆိုပါစံအိမ္သည္ ေလာ့စ္အိန္ဂ်လိျမိဳ႕၊ Beverly Park အရပ္ရွိ အက်ယ္ဝန္းဆံုး ျခံဝန္းမ်ားတြင္ ပါဝင္ျပီး ၃ ဒသမ ၆ ဧက က်ယ္ဝန္းကာ ေလာ့စ္အိန္ဂ်လိ၏ ရႈေမွ်ာ္ခင္းမ်ားကို အေပၚစီးမွ ေတြ႔ျမင္ႏိုင္သည္။

(ဆက္စပ္သတင္းမ်ား)

စတားလံုးထံမွ ဝယ္ထားေသာအိမ္တြင္ Adele တို႔ ခ်စ္သူ ၂ ဦး အတူေနၾကျပီ

https://www.imyanmarhouse.com/news/read/1015199

Adele က စတားလံုး၏အိမ္ကို ဝယ္ရန္ ေဒၚလာ ၃၇ သန္းေက်ာ္ ေခ်းေငြရယူခဲ့

 https://www.imyanmarhouse.com/news/read/1036306

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Adele threatened to scrap $58 million mansion deal if ‘Rocky’ poolside statue wasn’t included, Stallone says (cnbc, tmz)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service