“မြေ ဝယ်မလား” “ရွှေဝယ်မလား” သေသေချာချာစဉ်းစား

“မြေ ဝယ်မလား” “ရွှေဝယ်မလား” သေသေချာချာစဉ်းစား - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2023 2:58 pm တွင် တင်ခဲ့သည်
1625 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

 [Unicode]

 

ယနေ့ခေတ်တွင် " ရွှေ " ဝယ်ထားသည်ထက် " မြေ " ဝယ်ထားသည်က ပို၍ အမြတ်အစွန်းရနိုင်သည်ဟု ယုံကြည်ကြသူများသည်။ ရွှေ ရောင်း၍ မြေဝယ်ယူထားလိုသူများလာသည်။ ရွှေရောင်းပြီး ဝယ်ကတည်းက သိန်းထောင်ချီတန်သည်   မြေကွက်  မျိုးကို ဝယ်ယူကြခြင်းတော့မဟုတ်ကြပေ။ သိန်း (၃၀၀) အောက်မြေကွက်မျိုးကိုသာဝယ်ယူဖို့ ဆုံးဖြတ်ထားကြသူများဖြစ်သည်။ သိန်း (၃၀၀) တန်မြေကွက်တစ်ကွက်ကို ဝယ်ယူပြီး တမိုးလောက် အောင်းထားပါက ဝါကျွတ်သည်နှင့် သိန်း (၃၅၀) သိန်း (၄၀၀) ရနိုင်သည်။ ရွှေငါးကျပ်သား စုထားပါက တမိုးကုန်ရုံနှင့် မြေကွက်လောက်အကျိုးအမြတ်မရသည်ကတော့ အမှန်။ ဒါကြောင့်လည်း “ရွှေ” ထက် “မြေ” ဘက်ကို ပို၍ စိတ်ဝင်စားသူများလာခြင်း ဖြစ်သည်။ ပြီးခဲ့သော ဒီဇင်ဘာလက “မောင်ကောင်းဖေ” အစ်ကိုကြီး အရင်းသဖွယ် ခင်မင်သော "ဖိုးချစ်" နှင့် "မပြုံး" တို့ဇနီးမောင်နှံ အိမ်သို့ရောက်လာသည်။ မြေကွက်တစ်ကွက် ဝယ်လို၍ စာချုပ်ချုပ်ပေးရန် လိုက်ပေးဖို့ မောင်ကောင်းဖေ အား အကူအညီတောင်းသည်။ "မပြုံ"း တို့ စာချုပ်ရမည့်ရက်မှာ မောင်ကောင်းဖေ လိုက်ပါဆောင်ရွက်နေသော တရားရုံးအမှုတစ်ခုနှင့် တိုက်ဆိုင်နေ၍ ညနေပိုင်း အရောက်လာပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်သည်။ စာချုပ်သည့်နေ့တွင် မနက်ပိုင်း အမှုရုံးချိန်ပြီးသည်နှင့် မပြုံး တို့မြေကွက် ဝယ်ယူမည့် ဒဂုံမြို့သစ်တောင်ပိုင်း မြို့နယ် လှော်ကားလမ်းမပေါ်ရှိ အိမ်ခြံမြေ အကျိုးဆောင် တစ်ခု၏ ရုံးခန်းသို့ အရောက်လာခဲ့ကြသည်။

 

မြေကွက်တည်နေရာမှာ ဒဂုံတောင်ပိုင်းမြို့နယ် (၁၄၆) ရပ်ကွက် မှ (ပေ ၄၀ x ပေ ၆၀) မြေကွက်ကို ဝယ်ယူခြင်းဖြစ်သည်။ ယင်းမြေကွက်များကို ဌာနဆိုင်ရာမှ လုပ်သက် အနှစ် (၂၀) ကျော်သည့် ဝန်ထမ်းများအား နေရာချထားပေးသော ပါမစ်မြေကွက် ဖြစ်သည်။ မူလအမည်ပေါက်ထံမှ အိမ်ခြံမြေ အကျိုးဆောင် က ဝယ်ယူထားခဲ့ဖြစ်သည်။ ယင်းအကျိုးဆောင်ထံမှ မပြုံးတို့က ထပ်မံဝယ်ယူခြင်း ဖြစ်သည်။

 

 

၎င်း အိမ်ခြံမြေအကျိုးဆောင်မှာ ယင်းမြေကွက်နှင့် ပတ်သက်၍ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြေစီမံဌာန တွင်မှန်ကန်မှုရှိကြောင်း စစ်ဆေးထားပြီး ဖြစ်သည် ဟု ပြောသည်။ ထို့ကြောင့် မြေကွက် အပြီးအပ်ိုင်း အရောင်းအဝယ်ကတိစာချုပ်ကို ချုပ်ဆို ဝယ်ယူပြီး ပြန်လာခဲ့ကြသည်။

“ ဖိုချစ် နှင့် မပြုံး ” တို့ အနေဖြင့် သိန်း (၂၅၀) ပေး၍ မြေကွက်ဝယ်နိုင်ခြင်းအတွက် မောင်ကောင်းဖေ ကဝမ်းသာနေသည်။ ၎င်းတို့ဇနီးမောင်နှံမှာ အိမ်ထောင်ကျပြီးကတည်းက အိမ်ငှါးနေထိုင်ကြသူများဖြစ်သည်။ ယခုကဲ့သို့ ဝယ်နိုင်ခြင်းများ အကျိုးအမြတ်များသော လုပ်ငန်းတစ်ခု မှ အရင်းအနှီးရလာခြင်းဖြစ်၍ ဝယ်နိုင်ခြင်း ဖြစ်မည်ဟု မောင်ကောင်းဖေက ထင်၍ မေးမြန်ကြည့်ရာ ….. ဖိုးချစ်က “ ဘယ်ကလာဟုတ်ရမလဲ ကိုကြီးကောင်းဖေ ကလဲ ” ကျွန်တော်လုပ်နေတဲ့ ကုမ္မဏီရဲ့ သူဌေးက ကျွန်တော့်ကို အိမ်ငှါးဖို့ စပေါ်ငွေ သိန်း (၁၀၀) ထုတ်ပေးတယ်လေ။ ပြီးတော့ မပြုံးက သူဝယ်ထားတဲ့ လက်ကောက်နဲ့ဆွဲကြိုးကို ရောင်းတာက သိန်း (၁၅၀) လောက်ရတယ်လေ။ အဲဒါ နှစ်ခုပေါင်း ပြီး ဝယ်လိုက်တာ နေရာလဲကြိုက်လို့ပေါ့။ အောင်မြင့်မိုရ်အိမ်ရာ နဲ့ မျက်နှားချင်ဆိုင်လေ။

“ အေးကွာ မင်းတို့အခုလို အကြံကောင်းတာကိုပဲ အစ်ကိုကြီး က ဝမ်းသာလှပါပြီ မြေကွက်လဲမကြာခဏ သွားကြည့်ဦးနော် တဖြည်းဖြည်း နဲ့ ခြံစည်းရိုးကာ အိမ်ကလေးဆောက်ထားစေချင်တယ်။

“ ဟုတ်ကဲ့ပါ …. အစ်ကိုကြီးမှာထားတဲ့ အတိုင်းကြိုးစားပြီးလုပ်ပါမယ်” ဟု ကတိပြုကာ ပြန်သွားကြသည်။ ဝယ်ယူပြီး (၄)လခန့်အကြာတွင် ယင်းမြေကွက်ကို သိန်း (၃၅၀) မှ သိန်း (၄၀၀) အထိ အဝယ်လိုက်နေကြောင်း မောင်ကောင်းဖေအား ဖုန်းဖြင့် အကြောင်းကြားသဖြင့် ဝမ်းသာနေရသည်။ မကြာသောကာလတွင် တောင်ဒဂုံ လှော်ကားလမ်းမကြီး မှာ ရွာသာကြီး စီးပွားရေး တက္ကသိုလ်အထိ စည်ကားပြီး အမှတ် (၂) လမ်းမကြီးနှင့် တဆက်တည်းဖြစ်သွားနိုင်သည်။ စားဝတ်နေရေးအဆင်ပြေပါက မရောင်းရန် မောင်ကောင်းဖေ က တိုက်တွန်းသဖြင့် ဖိုးချစ် တို့လည်း ရောင်းချဖို့ စိတ်ကူးမရှိကြတော့ပေ။

ဤသို့ဖြင့် မိမိတို့မြေကွက်ပေါ်တွင် ခြံစည်းရိုးကာရန် ဝါးနှင့် တိုင်များ ယူလာ၍ မြေကွက်ပေါ်တွင် မြေကျင်းတူးနေစဉ် မနီးမဝေး လယ်တဲများမှ လူ (၅) ဦးခန့် စုဝေးရောက်လာပြီး မြေမတူးရန်နှင့် ခြံစည်းရိုးမကာရန် တားဆီးပိတ်ပင်ကြသည်။

 

ဖိုးချစ်တို့ကလည်း သူတို့ဝယ်ထားတဲ့ မြေကွက်ဖြစ်ကြောင်းပြောသည်။ လာရောက်တားဆီး သူ (၅)ဦးကလည်း သူတို့ မိဘဘိုးဘွားပိုင် လယ်မြေများဖြစ်ကြောင်းပြောသည်။ ဖိုးချစ်တို့ ကလည်း အငြင်းအခုံမဖြစ်လိုသဖြင့် သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးထံသွား၍ ပိုင်ဆိုင်မှုစာချုပ်များတင်ပြသည်။ ခြံစည်းရိုးကာလို၍ ကူညီဖြေရှင်းပေးရန် အကူအညီတောင်းသည်။

ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ကလည်း တားဆီးသူ (၅) ဦး အား ခေါ်၍ ဖိုးချစ် တို့၏ပိုင်ဆိုင်မှု စာချုပ်စာတမ်း များအားပြသည်။ အသေအချာရှင်းပြသည် ယခု ဝယ်ထားပြီး ခြံစည်းရိုးလာခတ်သူများမှာ နယ်မှ လာရောက် သူများလည်းမဟုတ်ကြောင်း တောင်ဒဂုံမြို့နယ် (၂၄) ရပ်ကွက် မှ လာရောက်သူ မြို့နယ်တူသူများဖြစ်ကြောင်းရှင်းပြမှ ဘာမှ မပြောတော့ပဲ ပြန်သွားကြကြောင်းသိရသည်။

ဖိုးချစ်က ဒါနဲ့ အခုရှုပ်မှ နောင်ရှင်း ဆိုသလိုပေါ့ ကိုကြီးကောင်းဖေ ရယ် ကျွန်တော်တို့အနေနဲ့ ခြံစည်းရိုးလည်းကာလိုက်တယ်။ “ သွတ်မိုး ၊ ထရံကာ၊ ဝါးခင်း (၃) ပင် “ အိမ်ကလေးပါဆောက်လိုက်တယ်။ အဲဒီတော့မှ ဟိုနေရာ တစ်အိမ် ၊ ဒီနေရာတစ်အိမ်လာ နေကြတဲ့ သူတွေကလည်း လာရောက်ပြီး အားပေးစကားပြောကြတယ်။သူတို့နဲ့ အဖော်ရအောင်လာနေပါတဲ့။

“ ဒါဆို မင်းတို့ စုံတွဲသွားနေကြတော့မှာလား” “ ဟာ….. အစ်ကိုကလဲ နောက်နေပြန်ပြီ ကျွန်တော်တို့က မနက်စအစောကြီး မြို့ထဲသွား ည(၈း၀၀) နာရီလောက်ကျမှ အိမ်ပြန်ရောင်တာ အစ်ကိုလဲသိသားနဲ့ “….

“ဟဲဟဲ”…. အစ်ကိုကလည်း .. ရီစရာပြောတာပါ မင်းတို့ ဘယ်သူမှ သွားမနေနိုင်ကြဘူး။ ဒါပေမဲ့ မင်းတို့ ဆောက်ထားတဲ့အိမ်နဲ့ ခြံကိုတော့ (၂) ပါတ်တစ်ခါလောက်တော့ သွားကြည့်ကြပေါ့။ အိမ်နီးနားချင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးကိုတော့ ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့  အကူအညီတောင်းထားပေါ့ကွာ” ဟု အကြံပေးလိုက်ရပါတော့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

လွှတ်တော်ရှေ့နေမောင်ကောင်းဖေ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

 [Zawgyi]

“ေျမ ဝယ္မလား” “ေရႊဝယ္မလား” ေသေသခ်ာခ်ာစဥ္းစား

 

ယေန႕ေခတ္တြင္ " ေရႊ " ဝယ္ထားသည္ထက္ " ေျမ " ဝယ္ထားသည္က ပို၍ အျမတ္အစြန္းရႏိုင္သည္ဟု ယံုၾကည္ၾကသူမ်ားသည္။ ေရႊ ေရာင္း၍ ေျမဝယ္ယူထားလိုသူမ်ားလာသည္။ ေရႊေရာင္းျပီး ဝယ္ကတည္းက သိန္းေထာင္ခ်ီတန္သည္   ေျမကြက္  မ်ိဳးကို ဝယ္ယူၾကျခင္းေတာ့မဟုတ္ၾကေပ။ သိန္း (၃၀၀) ေအာက္ေျမကြက္မ်ိဳးကိုသာ၀ယ္ယူဖို႕ ဆံုးျဖတ္ထားၾကသူမ်ားျဖစ္သည္။ သိန္း (၃၀၀) တန္ေျမကြက္တစ္ကြက္ကို ဝယ္ယူျပီး တမိုးေလာက္ ေအာင္းထားပါက ဝါကၽြတ္သည္ႏွင့္ သိန္း (၃၅၀) သိန္း (၄၀၀) ရႏိုင္သည္။ ေရႊငါးက်ပ္သား စုထားပါက တမိုးကုန္ရုံနွင့္ ေျမကြက္ေလာက္အက်ိဳးအျမတ္မရသည္ကေတာ့ အမွန္။ ဒါေၾကာင့္လည္း “ေရႊ” ထက္ “ေျမ” ဘက္ကို ပို၍ စိတ္ဝင္စားသူမ်ားလာျခင္း ျဖစ္သည္။ ျပီးခဲ့ေသာ ဒီဇင္ဘာလက “ေမာင္ေကာင္းေဖ” အစ္ကိုၾကီး အရင္းသဖြယ္ ခင္မင္ေသာ "ဖိုးခ်စ္" နွင့္ "မျပံဳး" တို႕ဇနီးေမာင္နွံ အိမ္သို႕ေရာက္လာသည္။ ေျမကြက္တစ္ကြက္ ဝယ္လို၍ စာခ်ဳပ္ခ်ဳပ္ေပးရန္ လိုက္ေပးဖို႔ ေမာင္ေကာင္းေဖ အား အကူအညီေတာင္းသည္။ "မျပံဳ"း တို႕ စာခ်ဳပ္ရမည့္ရက္မွာ ေမာင္ေကာင္းေဖ လိုက္ပါေဆာင္ရြက္ေနေသာ တရားရုံးအမႈတစ္ခုနွင့္ တိုက္ဆိုင္ေန၍ ညေနပိုင္း အေရာက္လာေပးမည္ျဖစ္ေၾကာင္း ကတိေပးလိုက္သည္။ စာခ်ဳပ္သည့္ေန႕တြင္ မနက္ပိုင္း အမႈရုံးခ်ိန္ျပီးသည္နွင့္ မျပံဳး တို႕ေျမကြက္ ဝယ္ယူမည့္ ဒဂံုျမိဳ႕သစ္ေတာင္ပိုင္း ျမိဳ႕နယ္ ေလွာ္ကားလမ္းမေပၚရွိ အိမ္ျခံေျမ အက်ိဳးေဆာင္ တစ္ခု၏ ရုံးခန္းသို႕ အေရာက္လာခဲ့ၾကသည္။

ေျမကြက္တည္ေနရာမွာ ဒဂံုေတာင္ပိုင္းျမိဳ႕နယ္ (၁၄၆) ရပ္ကြက္ မွ (ေပ ၄၀ x ေပ ၆၀) ေျမကြက္ကို ဝယ္ယူျခင္းျဖစ္သည္။ ယင္းေျမကြက္မ်ားကို ဌာနဆိုင္ရာမွ လုပ္သက္ အနွစ္ (၂၀) ေက်ာ္သည့္ ဝန္ထမ္းမ်ားအား ေနရာခ်ထားေပးေသာ ပါမစ္ေျမကြက္ ျဖစ္သည္။ မူလအမည္ေပါက္ထံမွ အိမ္ျခံေျမ အက်ိဳးေဆာင္ က ဝယ္ယူထားခဲ့ျဖစ္သည္။ ယင္းအက်ိဳးေဆာင္ထံမွ မျပံဳးတို႕က ထပ္မံဝယ္ယူျခင္း ျဖစ္သည္။

၄င္း အိမ္ျခံေျမအက်ိဳးေဆာင္မွာ ယင္းေျမကြက္နွင့္ ပတ္သက္၍ ရန္ကုန္ျမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ ေျမစီမံဌာန တြင္မွန္ကန္မႈရွိေၾကာင္း စစ္ေဆးထားျပီး ျဖစ္သည္ ဟု ေျပာသည္။ ထို႕ေၾကာင့္ ေျမကြက္ အျပီးအပို္င္း အေရာင္းအဝယ္ကတိစာခ်ဳပ္ကို ခ်ဳပ္ဆို ဝယ္ယူျပီး ျပန္လာခဲ့ၾကသည္။

“ ဖိုခ်စ္ နွင့္ မျပံဳး ” တို႕ အေနျဖင့္ သိန္း (၂၅၀) ေပး၍ ေျမကြက္ဝယ္ႏိုင္ျခင္းအတြက္ ေမာင္ေကာင္းေဖ ကဝမ္းသာေနသည္။ ၄င္းတို႕ဇနီးေမာင္နွံမွာ အိမ္ေထာင္က်ျပီးကတည္းက အိမ္ငွါးေနထိုင္ၾကသူမ်ားျဖစ္သည္။ ယခုကဲ့သို႕ ဝယ္ႏိုင္ျခင္းမ်ား အက်ိဳးအျမတ္မ်ားေသာ လုပ္ငန္းတစ္ခု မွ အရင္းအနီွးရလာျခင္းျဖစ္၍ ဝယ္ႏိုင္ျခင္း ျဖစ္မည္ဟု ေမာင္ေကာင္းေဖက ထင္၍ ေမးျမန္ၾကည့္ရာ ….. ဖိုးခ်စ္က “ ဘယ္ကလာဟုတ္ရမလဲ ကိုၾကီးေကာင္းေဖ ကလဲ ” ကၽြန္ေတာ္လုပ္ေနတဲ့ ကုမၼဏီရဲ႕ သူေဌးက ကၽြန္ေတာ့္ကို အိမ္ငွါးဖို႕ စေပၚေငြ သိန္း (၁၀၀) ထုတ္ေပးတယ္ေလ။ ျပီးေတာ့ မျပံဳးက သူဝယ္ထားတဲ့ လက္ေကာက္နဲ႕ဆြဲၾကိဳးကို ေရာင္းတာက သိန္း (၁၅၀) ေလာက္ရတယ္ေလ။ အဲဒါ နွစ္ခုေပါင္း ျပီး ဝယ္လုိက္တာ ေနရာလဲၾကိဳက္လို႕ေပါ့။ ေအာင္ျမင့္မိုရ္အိမ္ရာ နဲ႕ မ်က္နွားခ်င္ဆိုင္ေလ။

“ ေအးကြာ မင္းတို႕အခုလို အၾကံေကာင္းတာကိုပဲ အစ္ကိုၾကီး က ဝမ္းသာလွပါျပီ ေျမကြက္လဲမၾကာခဏ သြားၾကည့္ဦးေနာ္ တျဖည္းျဖည္း နဲ႕ ျခံစည္းရုုိးကာ အိမ္ကေလးေဆာက္ထားေစခ်င္တယ္။

“ ဟုတ္ကဲ့ပါ …. အစ္ကိုၾကီးမွာထားတဲ့ အတိုင္းၾကိဳးစားျပီးလုပ္ပါမယ္” ဟု ကတိျပဳကာ ျပန္သြားၾကသည္။ ဝယ္ယူျပီး (၄)လခန္႕အၾကာတြင္ ယင္းေျမကြက္ကို သိန္း (၃၅၀) မွ သိန္း (၄၀၀) အထိ အဝယ္လုိက္ေနေၾကာင္း ေမာင္ေကာင္းေဖအား ဖုန္းျဖင့္ အေၾကာင္းၾကားသျဖင့္ ဝမ္းသာေနရသည္။ မၾကာေသာကာလတြင္ ေတာင္ဒဂံု ေလွာ္ကားလမ္းမၾကီး မွာ ရြာသာၾကီး စီးပြားေရး တကၠသိုလ္အထိ စည္ကားျပီး အမွတ္ (၂) လမ္းမၾကီးနွင့္ တဆက္တည္းျဖစ္သြားႏိုင္သည္။ စားဝတ္ေနေရးအဆင္ေျပပါက မေရာင္းရန္ ေမာင္ေကာင္းေဖ က တိုက္တြန္းသျဖင့္ ဖိုးခ်စ္ တို႕လည္း ေရာင္းခ်ဖို႕ စိတ္ကူးမရွိၾကေတာ့ေပ။

ဤသို႔ျဖင့္ မိမိတို႔ေျမကြက္ေပၚတြင္ ျခံစည္းရုိးကာရန္ ဝါးနွင့္ တိုင္မ်ား ယူလာ၍ ေျမကြက္ေပၚတြင္ ေျမက်င္းတူးေနစဥ္ မနီးမေဝး လယ္တဲမ်ားမွ လူ (၅) ဦးခန္႕ စုေဝးေရာက္လာျပီး ေျမမတူးရန္နွင့္ ျခံစည္းရုိးမကာရန္ တားဆီးပိတ္ပင္ၾကသည္။

ဖိုးခ်စ္တို႕ကလည္း သူတို႕ဝယ္ထားတဲ့ ေျမကြက္ျဖစ္ေၾကာင္းေျပာသည္။ လာေရာက္တားဆီး သူ (၅)ဦးကလည္း သူတို႕ မိဘဘိုးဘြားပိုင္ လယ္ေျမမ်ားျဖစ္ေၾကာင္းေျပာသည္။ ဖိုးခ်စ္တို႕ ကလည္း အျငင္းအခံုမျဖစ္လိုသျဖင့္ သက္ဆိုင္ရာ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးထံသြား၍ ပိုင္ဆိုင္မႈစာခ်ဳပ္မ်ားတင္ျပသည္။ ျခံစည္းရုိးကာလို၍ ကူညီေျဖရွင္းေပးရန္ အကူအညီေတာင္းသည္။

ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးနွင့္ အဖြဲ႕ကလည္း တားဆီးသူ (၅) ဦး အား ေခၚ၍ ဖိုးခ်စ္ တို႕၏ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း မ်ားအားျပသည္။ အေသအခ်ာရွင္းျပသည္ ယခု ဝယ္ထားျပီး ျခံစည္းရုိးလာခတ္သူမ်ားမွာ နယ္မွ လာေရာက္ သူမ်ားလည္းမဟုတ္ေၾကာင္း ေတာင္ဒဂံုျမိဳ႕နယ္ (၂၄) ရပ္ကြက္ မွ လာေရာက္သူ ျမိဳ႕နယ္တူသူမ်ားျဖစ္ေၾကာင္းရွင္းျပမွ ဘာမွ မေျပာေတာ့ပဲ ျပန္သြားၾကေၾကာင္းသိရသည္။

ဖိုးခ်စ္က ဒါနဲ႕ အခုရႈပ္မွ ေနာင္ရွင္း ဆိုသလိုေပါ့ ကိုၾကီးေကာင္းေဖ ရယ္ ကၽြန္ေတာ္တို႕အေနနဲ႕ ျခံစည္းရုိးလည္းကာလိုက္တယ္။ “ သြတ္မိုး ၊ ထရံကာ၊ ဝါးခင္း (၃) ပင္ “ အိမ္ကေလးပါေဆာက္လိုက္တယ္။ အဲဒီေတာ့မွ ဟိုေနရာ တစ္အိမ္ ၊ ဒီေနရာတစ္အိမ္လာ ေနၾကတဲ့ သူေတြကလည္း လာေရာက္ျပီး အားေပးစကားေျပာၾကတယ္။သူတုိ႕နဲ႕ အေဖာ္ရေအာင္လာေနပါတဲ့။

“ ဒါဆို မင္းတို႕ စံုတြဲသြားေနၾကေတာ့မွာလား” “ ဟာ….. အစ္ကိုကလဲ ေနာက္ေနျပန္ျပီ ကၽြန္ေတာ္တို႕က မနက္စအေစာၾကီး ျမိဳ႕ထဲသြား ည(၈း၀၀) နာရီေလာက္က်မှ အိမ္ျပန္ေရာင္တာ အစ္ကိုလဲသိသားနဲ႕ “….

“ဟဲဟဲ”…. အစ္ကိုကလည္း .. ရီစရာေျပာတာပါ မင္းတို႕ ဘယ္သူမွ သြားမေနႏိုင္ၾကဘူး။ ဒါေပမဲ့ မင္းတို႕ ေဆာက္ထားတဲ့အိမ္နဲ႕ ျခံကိုေတာ့ (၂) ပါတ္တစ္ခါေလာက္ေတာ့ သြားၾကည့္ၾကေပါ့။ အိမ္နီးနားခ်င္းနဲ႕ ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ရုံးကိုေတာ့ ဝိုင္းဝန္းေစာင့္ေရွာက္ေပးဖို႕  အကူအညီေတာင္းထားေပါ့ကြာ” ဟု အၾကံေပးလိုက္ရပါေတာ့သည္။

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

လႊတ္ေတာ္ေရွ႕ေနေမာင္ေကာင္းေဖ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ဗြိတိန်တွင် ပန်းရံဆရာအဖြစ် အလုပ်လုပ်ကိုင်နေသော မလေးရှားနိုင်ငံသားက တစ်ရက်လျှင် ဒေါ်လာ ၂၀၀ ရကာ လစဉ်ဝင်ငွေ ဒေါ်လာ ၅၁၀၀ ကျော်ရကြောင်း ပြောပြထားသည့် TikTok ဗွီဒီယို လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်နယ်ထရမ့်ပြောကြား...
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
အင်္ဂလန်တွင် ဇနီးမောင်နှံနှစ်ဦး ၂၆ နှစ်အချိန်ယူ စိုက်ပျိုးမွမ်းမံခဲ့ရတဲ့ ပန်းအိမ်လေး
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
ရှန်ဟိုင်းတွင် ယနေ့စတင်ကျင်းပလျက်ရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် ယာဉ်များ ပြပွဲ...
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
"မြေတစ်ခေတ်မှာ" "ရွှေဖြစ်ဖို့" မြေအကြောင်း လေ့လာကြစို့
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
မှတ်သားဖွယ် အိမ်ခြံမြေဥပဒေရေးရာ အဖြာဖြာ
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
သဲမရှိ ရေမရှိ ဆောင်းဦးရောက်တိုင်း ကြက်သွေးရောင်အတိဖြစ်သွားတဲ့ တရုတ်နိုင်ငံက အနီရောင်ကမ်းခြေ...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ကာကွယ်ခုခံပိုင်ခွင့်နှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...
အမေရိကန်ပြည်၊ ကယ်လီဖိုးနီးယားတွင် အကြင်နာတရားရှိသူများသာ နေခွင့်ပေးမည့် မြို့ငယ်တစ်ခု တည်ဆောက်လျက်ရှိ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အိမ် ၃ လုံး၊ ကလေးအမေ ၃ ဦးနှင့် ကလေး ၁၁ ဦးအကြောင်း (သို့) Elon Musk က ၎င်း၏ ကလေး ၁၁ ဦးနှင့် ကလေးမိခင်တို့ နေထိုင်ရန် စံအိ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
အမေရိကန်နာမည်ကြီးမဂ္ဂဇင်း Vanity Fair ၏ မျက်နှာဖုံးတွင် ဖော်ပြခံရရေးအတွက် မိမိ၏ ချစ်သူ ကမ္ဘာ့ပဉ္စမမြောက် အချမ်းသာဆုံးသူဌ
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
ဗြိတိန်သူဌေးကြီးက အခြားသူထံမှ ပေါင် ၃ သန်း ငွေချေးယူပြီးနောက် အတိုးအရင်းပေါင်း ပေါင် ၄၂ သန်းအထိရှိလာပြီးနောက် သူ၏စံအိမ်က
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်ရှိ Luxury ဟိုတယ်ကြီး ၁၄ ခုမှ ခေတ်မမီတော့သည့် ပရိဘောဂ ၁၂၀,၀၀၀ ကျော်ကို ဝင်ငွေနည်းပ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
အိမ်ဖြူတော်သို့ ဒေါ်နယ်ထရမ့် ပြန်လည်ရောက်ရှိလာခြင်းနှင့် အိမ်ခြံမြေဈေးကွက်လားရာ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
ဆော်ဒီအာရေးဘီးယားတွင် ကမ္ဘာ့အကြီးမားဆုံး အဆောက်အအုံကြီး Mukaab ဆောက်လုပ်မှုစတင်၊ ကန်ဒေါ်လာ ၅၀ ဘီလီယံကုန်ကျမည်ဖြစ်ပြီး အမ
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
မလေးရှားတွင် သန့်ရှင်းရေးအလုပ်သမားအဖြစ် ၂၇ နှစ်တာလုံး ခွင့်တစ်ရက်မှ မယူဘဲ သွားရောက်လုပ်ကိုင်ခဲ့သူ အမျိုးသားကြီး၏ သားသမီး
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
Godfather ရုပ်ရှင်ဇာတ်ကားများဖြင့် ဝက်ဝက်ကွဲ အောင်မြင်ခဲ့သော အော်စကာဆုရှင် ရုပ်ရှင်မင်းသား ကြီး Al Pacino တချိန်က ကန်ဒေါ
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
သိမ်းငှက်သူရဲကောင်း (အတွဲ-၂) ဖြင့် ထင်ရှားသူ အသက် ၇၄ နှစ်အရွယ် ဟောင်ကောင်ရုပ်ရှင်မင်းသားကြီး Lee Lung Kei က ၎င်းနှင့်စေ့
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ
စင်္ကာပူရှိ Yishun ကွန်ဒိုတွင် အိမ်ရှင်အား အိမ်လခ အကြွေး စင်္ကာပူဒေါ်လာ ၆၈၀၀ မပေးနိုင်သောကြောင့် အိမ်ငှားမိသားစု တိတ်တဆိ

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

sales-gallery
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service