အတွေးပျောက်တော့ မရေးလောက်တော့ပါ

အတွေးပျောက်တော့ မရေးလောက်တော့ပါ - Property Knowledge in Myanmar from iMyanmarHouse.com
27 Jun 2023 1:48 pm တွင် တင်ခဲ့သည်
534 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by အေးမြတ်သူ

[Unicode]

 

ဒီနေ့ခေါင်းထဲက ဘာမှမထွက်၊ မထွက်လို့ မရေးရင်လည်း စာတစ်ပုဒ်မှ ဖြစ်လာမှာမဟုတ်ဘူး။မဖြစ်လာရင် ကိုယ့်အလုပ်ကပြီးမှာ မဟုတ်ပြန်ဘူးပေါ့။တစ်နေ့ နှစ်ပုဒ်ရေးဖို့ကို လုပ်ထားတယ်။

စာရေးဖို့အရေးကလည်း အတွေးလေးတစ်စရမှ။အတွေးတစ်စရဖို့ကလည်း ပြောတော့တာလွယ်တာ။ တစ်ခါတစ်ရံ ထွက်မလို ထွက်မလိုနဲ့ တစ်ခံပြီး မထွက်ဘူးဖြစ်နေတတ်တယ်။

အဲ…အတွေးလေးရလာပါပြီတဲ့ အဲဒီအတွေးလေးကို ဘယ်လိုပြန်ပြီး တင်ပြရမလဲဆိုတာကလည်း စဉ်းစားရပြန်ပါတယ်။

တစ်ခါတစ်ရံ ကိုယ်သိပြီးသား အကြောင်းအရာကိုတောင်မှ ပြန်ချပြဖို့ ခက်တဲ့အထိ ဖြစ်နေတတ်တယ်။ အတွေးတွေပျောက်လာတဲ့အခါ၊ အခြားအာရုံတွေနှောက်လာတဲ့အခါ ဒီသဘောတွေဖြစ်လာတော့တာပါပဲ။

အဲဒီအခါမျိုးမှာ ပြောစရာ၊စဉ်းစားစရာ အတွေးတွေဖြစ်ဖို့ လိုလာတာပေါ့။အဲဒီအခါမျိုးမှာ အတွေးတစ်ခုခုရဖို့ အတွက် ကိုယ့်ဘေးမှာရှိတဲ့ စာအုပ်တွေကို ဟိုလှန်ဒီလှန်လုပ်ပြီးဖတ်ရတော့တာပါပဲ။

အဲဒီအချိန်မျိုးမှာ စာအုပ်ကို လှန်ရတာကလည်းသိပ်တော့ မဟုတ်လှပါဘူး။ဇောတစ်ခုထားပြီးဖတ်လေ ဘာစာမှမှတ်လိုမရလေ ဖြစ်ကုန်ပြီး ကိုယ်အတွက် ခေါင်းကပိုတောင် ရှုပ်လာပါတော့တယ်။

အဲဒါကိုမှ စာရေးဖို့ အတွေးတွေက ဖြစ်မလာပြန်ဘူးဆိုရင် အခြားသူတွေနဲ့ စကားတွေ လျှောက်ပြောရပြန် တာပေါ့။

ဒါနဲ့ ထမင်းစားခန်းသွားပြီး စကားပြောရင်း၊ ကော်ဖီတစ်ခွက် ဖျော်သောက်ဖို့ လုပ်တော့လည်း မီးပျက်တဲ့အချိန် ဖြစ်နေပြန်ရော။မီးပျက်တော့ ကော်ဖီဖျော်ဖို့ရေနွေးက မရှိ။မရှိရင် ရိုးရိုးရေနဲ့ပဲဖျော်မယ်ကွာဆိုပြီး ကော်ဖီမှုန့်ထဲ ရေလေးနဲနဲထည့်ဖျော်ရတာပေါ့။

ရိုးရိုးရေနဲ့ ဖျော်တော့ ကော်ဖီမစ်အမှုန့်လေးတွေက လုံးထွေးသွားပြီး အရည်ပျော်ဖို့ကိုပဲ တော်တော်လေး ကြိုးစားရတယ်။ ရေလေးနဲနဲဆိုတော့ ခဲနေတဲ့အမှုန်တွေကို ဖိဖျော်လို့ရသေးတယ်။ ရေအများကြီးထည့် လိုုက်မိရင် အမှုန့်ခဲတွေကို ပျော်အောင်ဖျော်ဖို့ မလွယ်ကူတော့ဘူး။

ကော်ဖီဖျော်ရင်း၊ ထမင်းစားခန်းထဲ လာတဲ့သူတွေရဲ့ စကားတွေကိုနားထောင်ရင်း ကိုယ့်အတွက်ကုန်ကြမ်းလေးတွေ ရနိုင်မလားပေါ့။

နားထောင်ရတဲ့စကားတွေအရတော့ လူတွေဟာ ပြဿနာတွေ ကိုယ်ဆီနဲ့ပါပဲလား။ရေးစရာ အကြောင်းတွေရော၊ ရေးဖို့ မလိုတဲ့အကြောင်းတွေရော ရပါရဲ့။အိမ်ထောင်ရှိတဲ့သူတွေရဲ့ မိသားစုအပူတွေကလည်း ကိုယ်တိုင်ခံစားနေရတော့သိနေတယ်။

နှလုံးသားရဲ့ ဦးဆောင်ရာနဲ့ ဦးနှောက်ရဲ့ ဦးဆောင်ရာမှာ ဘယ်ဟာကို လိုက်ရရင် ကောင်းမလဲဆိုတဲ့ အချစ်ရေးမှာ အဖြေရှာနေကြတဲ့ အပျိုဖြန်းလေးတွေရဲ့ စကားလေးတွေကလည်း သူတို့အတွေးနဲ့ သူတို့ပူနေကြသေးတာပါပဲ။

တစ်ယောက်က အချစ်မှာ ငွေမလိုဘူးလို့ ထင်တာပါပဲတဲ့။အချစ်စတင်တဲ့အရာက နှစ်သက်မှုပဲလေ။ နှစ်သက်မှုမှာ ငွေဟာမလိုသေးပါဘူးတဲ့။ကြည်နူးခြင်းတွေ၊ယုယခြင်းတွေသာ လိုသတဲ့။

နောက်တစ်ယောက်ကတော့ နှစ်ဦးပေါင်းဖက်လိုခြင်းရဲ့နောက်မှာတော့ ငွေဟာ မရှိမဖြစ်လိုတာပေါ့တဲ့။ တစ်တောက်လျှောက်ကို လိုသွားပါလိမ့်မယ်။ အချစ်တွေပျောက်သွားလောက်အောင် ငွေဟာ ရှေ့တန်းတင်စရာ ဖြစ်လာပါလိမ့်မယ်တဲ့။

အချစ်ဆိုတာ ငွေမရှိခြင်းရဲ့နောက်မှာ မုန်းစရာတွေတောင် ဖြစ်ကုန်ရောတဲ့။

အင်း..သူတို့လည်း သူတို့အတွေးနဲ့ သူတို့မျှော်မှန်းထားတဲ့ အချစ်ရေးမှာ ရင်လေးနေကြပုံပါပဲ။ကိုယ့်မှာလည်း အချစ်အကြောင်းမဟုတ်ဘဲ နေ့စဉ်ရေးရမယ့် အကြောင်းလေးတွေကို ရှာဖွေနေရတာကိုကပဲ သူတို့ရင်လေးသလို ရင်လေးနေမိပါရဲ့။

တစ်ခါတစ်ခါ အတွေးပျောက်တော့ ရေးလောက်အောင် စာဟာဖြစ်မလာဘူးမို့လား။အင်း…ရေးလို့ရအောင်တော့ တွေးလိုက်ပါဦးမယ်လေ…..။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အေတြးေပ်ာက္ေတာ့ မေရးေလာက္ေတာ့ပါ

 

ဒီေန႔ေခါင္းထဲက ဘာမွမထြက္၊ မထြက္လို႔ မေရးရင္လည္း စာတစ္ပုဒ္မွ ျဖစ္လာမွာမဟုတ္ဘူး။မျဖစ္လာရင္ ကိုယ့္အလုပ္ကၿပီးမွာ မဟုတ္ျပန္ဘူးေပါ့။တစ္ေန႔ ႏွစ္ပုဒ္ေရးဖို႔ကို လုပ္ထားတယ္။

စာေရးဖို႔အေရးကလည္း အေတြးေလးတစ္စရမွ။အေတြးတစ္စရဖို႔ကလည္း ေျပာေတာ့တာလြယ္တာ။ တစ္ခါတစ္ရံ ထြက္မလို ထြက္မလိုနဲ႔ တစ္ခံၿပီး မထြက္ဘူးျဖစ္ေနတတ္တယ္။

အဲ…အေတြးေလးရလာပါၿပီတဲ့ အဲဒီအေတြးေလးကို ဘယ္လိုျပန္ၿပီး တင္ျပရမလဲဆိုတာကလည္း စဥ္းစားရျပန္ပါတယ္။

တစ္ခါတစ္ရံ ကိုယ္သိၿပီးသား အေၾကာင္းအရာကိုေတာင္မွ ျပန္ခ်ျပဖို႔ ခက္တဲ့အထိ ျဖစ္ေနတတ္တယ္။ အေတြးေတြေပ်ာက္လာတဲ့အခါ၊ အျခားအာရုံေတြေႏွာက္လာတဲ့အခါ ဒီသေဘာေတြျဖစ္လာေတာ့တာပါပဲ။

အဲဒီအခါမ်ိဳးမွာ ေျပာစရာ၊စဥ္းစားစရာ အေတြးေတြျဖစ္ဖို႔ လိုလာတာေပါ့။အဲဒီအခါမ်ိဳးမွာ အေတြးတစ္ခုခုရဖို႔ အတြက္ ကိုယ့္ေဘးမွာရွိတဲ့ စာအုပ္ေတြကို ဟိုလွန္ဒီလွန္လုပ္ၿပီးဖတ္ရေတာ့တာပါပဲ။

အဲဒီအခ်ိန္မ်ိဳးမွာ စာအုပ္ကို လွန္ရတာကလည္းသိပ္ေတာ့ မဟုတ္လွပါဘူး။ေဇာတစ္ခုထားၿပီးဖတ္ေလ ဘာစာမွမွတ္လိုမရေလ ျဖစ္ကုန္ၿပီး ကိုယ္အတြက္ ေခါင္းကပိုေတာင္ ရႈပ္လာပါေတာ့တယ္။

အဲဒါကိုမွ စာေရးဖို႔ အေတြးေတြက ျဖစ္မလာျပန္ဘူးဆိုရင္ အျခားသူေတြနဲ႔ စကားေတြ ေလွ်ာက္ေျပာရျပန္ တာေပါ့။

ဒါနဲ႔ ထမင္းစားခန္းသြားၿပီး စကားေျပာရင္း၊ ေကာ္ဖီတစ္ခြက္ ေဖ်ာ္ေသာက္ဖို႔ လုပ္ေတာ့လည္း မီးပ်က္တဲ့အခ်ိန္ ျဖစ္ေနျပန္ေရာ။မီးပ်က္ေတာ့ ေကာ္ဖီေဖ်ာ္ဖို႔ေရေႏြးက မရွိ။မရွိရင္ ရိုးရိုးေရနဲ႔ပဲေဖ်ာ္မယ္ကြာဆိုၿပီး ေကာ္ဖီမႈန္႔ထဲ ေရေလးနဲနဲထည့္ေဖ်ာ္ရတာေပါ့။

ရိုးရိုးေရနဲ႔ ေဖ်ာ္ေတာ့ ေကာ္ဖီမစ္အမႈန္႔ေလးေတြက လုံးေထြးသြားၿပီး အရည္ေပ်ာ္ဖို႔ကိုပဲ ေတာ္ေတာ္ေလး ႀကိဳးစားရတယ္။ ေရေလးနဲနဲဆိုေတာ့ ခဲေနတဲ့အမႈန္ေတြကို ဖိေဖ်ာ္လို႔ရေသးတယ္။ ေရအမ်ားႀကီးထည့္ လုိုက္မိရင္ အမႈန္႔ခဲေတြကို ေပ်ာ္ေအာင္ေဖ်ာ္ဖို႔ မလြယ္ကူေတာ့ဘူး။

ေကာ္ဖီေဖ်ာ္ရင္း၊ ထမင္းစားခန္းထဲ လာတဲ့သူေတြရဲ႕ စကားေတြကိုနားေထာင္ရင္း ကိုယ့္အတြက္ကုန္ၾကမ္းေလးေတြ ရႏိုင္မလားေပါ့။

နားေထာင္ရတဲ့စကားေတြအရေတာ့ လူေတြဟာ ျပႆနာေတြ ကိုယ္ဆီနဲ႔ပါပဲလား။ေရးစရာ အေၾကာင္းေတြေရာ၊ ေရးဖို႔ မလိုတဲ့အေၾကာင္းေတြေရာ ရပါရဲ႕။အိမ္ေထာင္ရွိတဲ့သူေတြရဲ႕ မိသားစုအပူေတြကလည္း ကိုယ္တိုင္ခံစားေနရေတာ့သိေနတယ္။

ႏွလုံးသားရဲ႕ ဦးေဆာင္ရာနဲ႔ ဦးေႏွာက္ရဲ႕ ဦးေဆာင္ရာမွာ ဘယ္ဟာကို လိုက္ရရင္ ေကာင္းမလဲဆိုတဲ့ အခ်စ္ေရးမွာ အေျဖရွာေနၾကတဲ့ အပ်ိဳျဖန္းေလးေတြရဲ႕ စကားေလးေတြကလည္း သူတို႔အေတြးနဲ႔ သူတို႔ပူေနၾကေသးတာပါပဲ။

တစ္ေယာက္က အခ်စ္မွာ ေငြမလိုဘူးလို႔ ထင္တာပါပဲတဲ့။အခ်စ္စတင္တဲ့အရာက ႏွစ္သက္မႈပဲေလ။ ႏွစ္သက္မႈမွာ ေငြဟာမလိုေသးပါဘူးတဲ့။ၾကည္ႏူးျခင္းေတြ၊ယုယျခင္းေတြသာ လိုသတဲ့။

ေနာက္တစ္ေယာက္ကေတာ့ ႏွစ္ဦးေပါင္းဖက္လိုျခင္းရဲ႕ေနာက္မွာေတာ့ ေငြဟာ မရွိမျဖစ္လိုတာေပါ့တဲ့။ တစ္ေတာက္ေလွ်ာက္ကို လိုသြားပါလိမ့္မယ္။ အခ်စ္ေတြေပ်ာက္သြားေလာက္ေအာင္ ေငြဟာ ေရွ႕တန္းတင္စရာ ျဖစ္လာပါလိမ့္မယ္တဲ့။

အခ်စ္ဆိုတာ ေငြမရွိျခင္းရဲ႕ေနာက္မွာ မုန္းစရာေတြေတာင္ ျဖစ္ကုန္ေရာတဲ့။

အင္း..သူတို႔လည္း သူတို႔အေတြးနဲ႔ သူတို႔ေမွ်ာ္မွန္းထားတဲ့ အခ်စ္ေရးမွာ ရင္ေလးေနၾကပုံပါပဲ။ကိုယ့္မွာလည္း အခ်စ္အေၾကာင္းမဟုတ္ဘဲ ေန႔စဥ္ေရးရမယ့္ အေၾကာင္းေလးေတြကို ရွာေဖြေနရတာကိုကပဲ သူတို႔ရင္ေလးသလို ရင္ေလးေနမိပါရဲ႕။

တစ္ခါတစ္ခါ အေတြးေပ်ာက္ေတာ့ ေရးေလာက္ေအာင္ စာဟာျဖစ္မလာဘူးမို႔လား။အင္း…ေရးလို႔ရေအာင္ေတာ့ ေတြးလိုက္ပါဦးမယ္ေလ…..။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
ဒူဘိုင်းတွင် ပါတီပွဲတက်သော မိန်းကလေးတို့ကို ဒေါ်လာ ၃၀၀၀၀ မှ ဒေါ်လာ ၁၀၀၀၀၀ အထိပေးသည့် ထူးဆန်းသော ပါတီပွဲများအကြောင်း နာမည
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service