အိမ်ခြံမြေ အရေးကြီးလား

အိမ်ခြံမြေ အရေးကြီးလား - Property Knowledge in Myanmar from iMyanmarHouse.com
23 Jun 2023 2:19 pm တွင် တင်ခဲ့သည်
971 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

အရေးကြီးတာပေါ့လို့ ပြောရပါလိမ့်မည်။ဖြစ်လာသည့် ဘဝများတွင် နေစရာအရေးကြီးသည်။ နေစရာမရှိသဖြင့် မောနေရသည့် ဘဝတွေ မြန်မာနိုင်ငံတွင် များပြားလှသည်။မြေပေါလှသည့် မြန်မာနိုင်ငံတွင် မြေမရှိသူတွေ ဒုနဲ့ဒေးရှိနေသည်။

မြေပေါ်မှာ လမ်းသာလျှောက်နေရသည်။နားရွက်တစ်ပြားသာ၊ လက်တစ်ဝါးစာပင် ပိုင်ဆိုင်ခွင့် မရှိဘဲ လူလောကကနေ ပြန်ထွက်သွားကြသူတွေ မြန်မာနိုင်ငံမှာ မနည်းလှပါလား။

ဒီနေတော့ လူမှုကွန်ရက်တွင် ဦးအောင်ကြီးဆိုသူက တင်ပြလာသည့်

“အချဉ်ပေါင်းရောင်းသူ တစ်ယောက်ဘဝကနေ ချမ်းသာသွားသူ တစ်ယောက်အကြောင်း”ကို နားထောင်လိုက်ရသည်။

အိမ်ခြံမြေ မျှော်လင့်နိုင်ခွင့် နည်းလှသော အချဉ်ပေါင်းရောင်းသူဘဝကနေ ခြံတွေ၊ အိမ်တွေ၊ ပိုင်ဆိုင်မှုတွေ များပြားစွာနှင့် ကြွယ်ဝချမ်းသာသွားသူ တစ်ယောက်အကြောင်းက အားကျဖို့ကောင်းလှသည်။

ပညာမတတ်သော်လည်း ဘဝကို ပြောင်းလဲစေသည့် လုပ်ရည်ကိုင်ရည်နှင့် အမြော်အမြင်ရှိသူတစ်ယောက် အတွက် အချိန်အားဖြင့် နှစ်(၂၀)ကျော်အတွင်း ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားသည့် အကြောင်းတို့ကို နားထောင်လိုက်ရသဖြင့်လည်း လေးစားမိသည်။အားကျမိသည်။အခြားသူများကိုလည်း သိစေချင်မိသည်။

၂၅ နှစ်အတွင်း မန္တလေးမှာ လူချမ်းသာစာရင်းဝင်သွားသည့် သူ့အသိမိတ်ဆွေ အချဉ်ပေါင်းရောင်းသူ တစ်ယောက်အကြောင်းကိုပြောထားသည်။

သူပြောပုံအရ အချဉ်ပေါင်းရောင်းသူ၏ ခန့်မှန်းရသည့် အသက်အရွယ်သည် အချဉ်ပေါင်းစရောင်းစဉ်က အသက် ၂၀-၂၅ အတွင်းသာရှိပေလိမ့်မည်။

 

 

အချဉ်ပေါင်းရောင်းတဲ့သူက အချဉ်ပေါင်းတွေကို မဟာမြတ်မုနိဘုရားကြီးရဲ့ မြောက်ဖက်မုဒ်ကနေ အချဉ်ပေါင်းဆိုင်ကနေ ယူပြီး ကျောင်းတက်၊ကျောင်းဆင်းချိန်၊ဗီဒီယိုပြချိန်တွေမှာ သွားပြီးရောင်းပါတယ်တဲ့။

ဒီလို အချဉ်ပေါင်းရောင်းရင်း ဘဝကိုဖြတ်သန်းနေပေမယ့် သူ့မှာအကွက်မြင်တတ်တဲ့ အရည်အသွေး ရှိပါတယ်တဲ့။ အမြော်အမြင်ရှိတဲ့ အသိတွေသူမှာရှိပါတယ်တဲ့။

ဒါနဲ့သူများတွေလို ဖြတ်သန်းနေရမှာထက် အချဉ်ပေါင်းလုပ်နည်းတွေနဲ့ အချဉ်ပေါင်းလုပ်တဲ့ ကုန်ကြမ်းရရာ ရကြောင်းတွေကိုလည်း စုံစမ်းနိုင်ခဲ့ပြီးတဲ့နောက်မှာ အချဉ်ပေါင်းတွေကို ကိုယ်တိုင်ပဲစိမ်ပါသတဲ့။

နောက်ပြီးသူလုပ်ထားတဲ့ အချဉ်ပေါင်းတွေကို နေရာအနှံ့ရောင်းချနိုင်ဖို့ နယ်ကသူ့ဆွေမျိုးတွေကိုခေါ်ပါသတဲ့။ စက်ဘီးတာယာဘီးတွေနဲ့ အချဉ်ပေါင်း လက်တွန်းလှည်းတွေကိုလည်း လက်သမားနဲ့အတူ ဖန်တီးပြီး သူ့ဆွေမျိုးတွေကို ဘယ်သူကတော့ ဘယ်နေရာသွားရောင်း၊ဘယ်သူကတော့ ဘယ်ရုပ်ရှင်ရုံ၊ဘယ်သူကတော့ ဘယ်အချိန်မှာ ဘယ်နေရမှာသွားရောင်းဆိုပြီး စီမံခန့်ခွဲမှုလည်း လုပ်ပေးပါသတဲ့။

 

 

ဒီလိုလုပ်ဆောင်မှုတွေကို လုပ်နိုင်သည်က အောင်မြင်သူတို့၏ အခြေခံရှိရမည့် အချက်များကို သူပိုင်ဆိုင်နိုင်နေသည်ဟု တွက်ဆမိသည်။

ဆက်ရလျှင် သူကတစ်ဖြည်းဖြည်းနဲ့ အချဉ်ပေါင်း တွန်းလှည်းတွေ ဆယ့်နှစ်စီးလောက်ပိုင်ဆိုင်လာပါသတဲ့။ အဲဒီလိုရောင်းရင်းနဲ့ ပိုက်ဆံတွေစုဆောင်းလာနိုင်ပြီး သူငှားနေတဲ့ အိမ်ကလေးကို ဝယ်နိုင်လာပါသတဲ့။

နောက်ပိုင်း အချဉ်ပေါင်းကို သူကိုယ်တိုင်မရောင်းတော့ဘဲ အချဉ်ပေါင်းအားလုံးကို သူ့မိန်းမကို လွှဲထားပြီး ကြီးကြပ်ရုံပဲ လုပ်ပါသတဲ့။သူ့မိန်းမဖြစ်သူက အချဉ်ပေါင်းလှည်းတွေလာရင် ခွဲတမ်းနဲ့ မျှဝေပေးရပါသတဲ့။

ရရှိလာတဲ အကျိုးအမြတ်ငွေလေးတွေကို တီဗီတောင်ဝယ်နိုင်ရဲ့သားနဲ့ မဝယ်ပါဘူးတဲ့။ အဲဒီတုန်းက ပြသနေတဲ့ဇာတ်လမ်းတွဲတွေဖြစ်တဲ့ ပေါင်ချိန်ဇာတ်လမ်းတွဲကိုတောင် သူများဆီမှာသာသွားကြည့်ပါသတဲ့။ ငွေနှင့် အချိန်ကို မဖြုန်းမိအောင်လုပ်ခြင်းပင်ဖြစ်မည်။

သူစုဆောင်းရရှိလာတဲ့ ပိုက်ဆံတွေနဲ့ အဲဒီတုန်းက မန္တလေးက မစည်ကားသေးတဲ့ မြို့သစ်တွေဖြစ်တဲ့ မနော်ဟရီဘက်က မြေကွက်တွေကို ဝယ်ယူထားပါသတဲ့။အဲဒီအချိန်တုန်းက မြေဈေးဟာ သိပ်မကြီးသေးပါဘူးတဲ့။ ဒီလိုနဲ့ သူဟာမြေကွက်တွေ ပိုင်ဆိုင်လာပါသတဲ့။နောက်တော့ သူမြေကွက်တွေ ဝယ်ထားတဲ့နေရာက စည်ကားလာပြီး မြေတွေက ဈေးကောင်းတွေရလာပါသတဲ့၊ အဲဒီအခါမှာ ပြန်ပြီးရောင်း လုပ်ပါသတဲ့။ နောက်ထပ် သက်သာတာ ထပ်ဝယ်၊ လက်ထဲမှာ ခဏကိုင်ထား အမြတ်ရရင်ပြန်ရောင်းတာတွေ လုပ်နေပါသတဲ့။

 

 

 

နောက်တစ်ခုကလည်း ကားတွေ ဝယ်ရောင်းလုပ်တာတွေလည်း လုပ်လာပါသတဲ့။ဝယ်ထားတဲ့ မြေတွေကိုလည်း မြတ်ရင်ပြန်ရောင်းလိုက်နဲ့ သက်သာတဲ့နေရာကပြန်ဝယ်လိုက် လုပ်ရင်းနဲ့ သူ့လုပ်ငန်းတွေက တဖြည်းဖြည်း ကျယ်ပြန့်လာပါသတဲ့။အချဉ်ပေါင်းကလည်းမြတ်၊အခြားလုပ်ငန်းတွေကလည်း မြတ်တော့ ၁၀နှစ် ၁၅နှစ်အတွင်းမှာ သူရဲ့ အခြေအနေဟာ အပြောင်းလဲကြီး ပြောင်းလဲသွားပါသတဲ့။တိုက်ကြီးတာကြီးတွေနဲ့ ဖြစ်သွားပါသတဲ့။

သူနေတဲ့တိုက်ကိုလည်း Rc တိုက်အနေနဲ့ ဆောက်နိုင်သွားပါသတဲ့။အခုသူက မြေယာလုပ်ငန်းတွေရော၊ ကားတော်တော် များများလည်း ပိုင်ဆိုင်နေပါသတဲ့။ နောက်ပိုင်း အချဉ်ပေါင်းရောင်းတဲ့ သူ့မိတ်ဆွေဟာ သူရဲ့အောင်မြင်မှု အစတည်ရာ အချဉ်ပေါင်းလုပ်ငန်းကိုတော့ ရပ်နားလိုက်ပါသတဲ့။

သူရဲ့ မျိုးဆက်တွေကိုတော့ သူမတက်ခဲ့ရတဲ့ကျောင်းတွေကို ထားပေးပါသတဲ့။သူ့မြေးတွေကို နိုင်ငံခြားကို ပို့လွှတ်ပြီးတောင် ကျောင်းတွေထားပေးပါသတဲ့။ သူဟာနှစ်(၂၀)ကျော် အတွင်းမှာ တကယ်ကို ချမ်းသာသွားပါသတဲ့။

 

 

 

အကွက်မြင်၊အမြော်အမြင်ရှိသူတွေဟာ ငွေကို အိပ်ခိုင်းမထားဘဲ ရွေ့လျား ရှင်သန်ပွားများနေအောင်လုပ်ရင်းနဲ့ ကြီးပွားသွားကြတယ်ဆိုတာက လက်တွေ့ပဲဖြစ်သည်။

ကြီးပွားသွားသူတွေရဲ့ အလုပ်တွေထဲမှာ အိမ်ခြံမြေဟာ အရေးကြီးတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ပါဝင်နေတယ် ဆိုတာတွေ့ရင်…သင်ရော…။

မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]

အိမ္ျခံေျမ အေရးႀကီးလား

 

အေရးႀကီးတာေပါ့လို႔ ေျပာရပါလိမ့္မည္။ျဖစ္လာသည့္ ဘဝမ်ားတြင္ ေနစရာအေရးႀကီးသည္။ ေနစရာမ႐ွိသျဖင့္ ေမာေနရသည့္ ဘဝေတြ ျမန္မာႏိုင္ငံတြင္ မ်ားျပားလွသည္။ေျမေပါလွသည့္ ျမန္မာႏိုင္ငံတြင္ ေျမမ႐ွိသူေတြ ဒုနဲ႔ေဒး႐ွိေနသည္။

ေျမေပၚမွာ လမ္းသာေလွ်ာက္ေနရသည္။နား႐ြက္တစ္ျပားသာ၊ လက္တစ္ဝါးစာပင္ ပိုင္ဆိုင္ခြင့္ မ႐ွိဘဲ လူေလာကကေန ျပန္ထြက္သြားၾကသူေတြ ျမန္မာႏိုင္ငံမွာ မနည္းလွပါလား။

ဒီေနေတာ့ လူမႈကြန္ရက္တြင္ ဦးေအာင္ႀကီးဆိုသူက တင္ျပလာသည့္

“အခ်ဥ္ေပါင္းေရာင္းသူ တစ္ေယာက္ဘဝကေန ခ်မ္းသာသြားသူ တစ္ေယာက္အေၾကာင္း”ကို နားေထာင္လိုက္ရသည္။

အိမ္ျခံေျမ ေမွ်ာ္လင့္ႏိုင္ခြင့္ နည္းလွေသာ အခ်ဥ္ေပါင္းေရာင္းသူဘဝကေန ျခံေတြ၊ အိမ္ေတြ၊ ပိုင္ဆိုင္မႈေတြ မ်ားျပားစြာႏွင့္ ႂကြယ္ဝခ်မ္းသာသြားသူ တစ္ေယာက္အေၾကာင္းက အားက်ဖို႔ေကာင္းလွသည္။

ပညာမတတ္ေသာ္လည္း ဘဝကို ေျပာင္းလဲေစသည့္ လုပ္ရည္ကိုင္ရည္ႏွင့္ အေျမာ္အျမင္႐ွိသူတစ္ေယာက္ အတြက္ အခ်ိန္အားျဖင့္ ႏွစ္(၂၀)ေက်ာ္အတြင္း ဘဝတစ္ဆစ္ခ်ိဳးေျပာင္းလဲသြားသည့္ အေၾကာင္းတို႔ကို နားေထာင္လိုက္ရသျဖင့္လည္း ေလးစားမိသည္။အားက်မိသည္။အျခားသူမ်ားကိုလည္း သိေစခ်င္မိသည္။

၂၅ ႏွစ္အတြင္း မႏၲေလးမွာ လူခ်မ္းသာစာရင္းဝင္သြားသည့္ သူ႕အသိမိတ္ေဆြ အခ်ဥ္ေပါင္းေရာင္းသူ တစ္ေယာက္အေၾကာင္းကိုေျပာထားသည္။

သူေျပာပုံအရ အခ်ဥ္ေပါင္းေရာင္းသူ၏ ခန္႔မွန္းရသည့္ အသက္အ႐ြယ္သည္ အခ်ဥ္ေပါင္းစေရာင္းစဥ္က အသက္ ၂၀-၂၅ အတြင္းသာ႐ွိေပလိမ့္မည္။

အခ်ဥ္ေပါင္းေရာင္းတဲ့သူက အခ်ဥ္ေပါင္းေတြကို မဟာျမတ္မုနိဘုရားႀကီးရဲ႕ ေျမာက္ဖက္မုဒ္ကေန အခ်ဥ္ေပါင္းဆိုင္ကေန ယူၿပီး ေက်ာင္းတက္၊ေက်ာင္းဆင္းခ်ိန္၊ဗီဒီယိုျပခ်ိန္ေတြမွာ သြားၿပီးေရာင္းပါတယ္တဲ့။

ဒီလို အခ်ဥ္ေပါင္းေရာင္းရင္း ဘဝကိုျဖတ္သန္းေနေပမယ့္ သူ႕မွာအကြက္ျမင္တတ္တဲ့ အရည္အေသြး ႐ွိပါတယ္တဲ့။ အေျမာ္အျမင္႐ွိတဲ့ အသိေတြသူမွာ႐ွိပါတယ္တဲ့။

ဒါနဲ႔သူမ်ားေတြလို ျဖတ္သန္းေနရမွာထက္ အခ်ဥ္ေပါင္းလုပ္နည္းေတြနဲ႔ အခ်ဥ္ေပါင္းလုပ္တဲ့ ကုန္ၾကမ္းရရာ ရေၾကာင္းေတြကိုလည္း စုံစမ္းႏိုင္ခဲ့ၿပီးတဲ့ေနာက္မွာ အခ်ဥ္ေပါင္းေတြကို ကိုယ္တိုင္ပဲစိမ္ပါသတဲ့။

ေနာက္ၿပီးသူလုပ္ထားတဲ့ အခ်ဥ္ေပါင္းေတြကို ေနရာအႏွံ႔ေရာင္းခ်ႏိုင္ဖို႔ နယ္ကသူ႕ေဆြမ်ိဳးေတြကိုေခၚပါသတဲ့။ စက္ဘီးတာယာဘီးေတြနဲ႔ အခ်ဥ္ေပါင္း လက္တြန္းလွည္းေတြကိုလည္း လက္သမားနဲ႔အတူ ဖန္တီးၿပီး သူ႕ေဆြမ်ိဳးေတြကို ဘယ္သူကေတာ့ ဘယ္ေနရာသြားေရာင္း၊ဘယ္သူကေတာ့ ဘယ္႐ုပ္႐ွင္႐ုံ၊ဘယ္သူကေတာ့ ဘယ္အခ်ိန္မွာ ဘယ္ေနရမွာသြားေရာင္းဆိုၿပီး စီမံခန္႔ခြဲမႈလည္း လုပ္ေပးပါသတဲ့။

ဒီလိုလုပ္ေဆာင္မႈေတြကို လုပ္ႏိုင္သည္က ေအာင္ျမင္သူတို႔၏ အေျခခံ႐ွိရမည့္ အခ်က္မ်ားကို သူပိုင္ဆိုင္ႏိုင္ေနသည္ဟု တြက္ဆမိသည္။

ဆက္ရလွ်င္ သူကတစ္ျဖည္းျဖည္းနဲ႔ အခ်ဥ္ေပါင္း တြန္းလွည္းေတြ ဆယ့္ႏွစ္စီးေလာက္ပိုင္ဆိုင္လာပါသတဲ့။ အဲဒီလိုေရာင္းရင္းနဲ႔ ပိုက္ဆံေတြစုေဆာင္းလာႏိုင္ၿပီး သူငွားေနတဲ့ အိမ္ကေလးကို ဝယ္ႏိုင္လာပါသတဲ့။

ေနာက္ပိုင္း အခ်ဥ္ေပါင္းကို သူကိုယ္တိုင္မေရာင္းေတာ့ဘဲ အခ်ဥ္ေပါင္းအားလုံးကို သူ႕မိန္းမကို လႊဲထားၿပီး ႀကီးၾကပ္႐ုံပဲ လုပ္ပါသတဲ့။သူ႕မိန္းမျဖစ္သူက အခ်ဥ္ေပါင္းလွည္းေတြလာရင္ ခြဲတမ္းနဲ႔ မွ်ေဝေပးရပါသတဲ့။

ရ႐ွိလာတဲ အက်ိဳးအျမတ္ေငြေလးေတြကို တီဗီေတာင္ဝယ္ႏိုင္ရဲ႕သားနဲ႔ မဝယ္ပါဘူးတဲ့။ အဲဒီတုန္းက ျပသေနတဲ့ဇာတ္လမ္းတြဲေတြျဖစ္တဲ့ ေပါင္ခ်ိန္ဇာတ္လမ္းတြဲကိုေတာင္ သူမ်ားဆီမွာသာသြားၾကည့္ပါသတဲ့။ ေငြႏွင့္ အခ်ိန္ကို မျဖဳန္းမိေအာင္လုပ္ျခင္းပင္ျဖစ္မည္။

သူစုေဆာင္းရ႐ွိလာတဲ့ ပိုက္ဆံေတြနဲ႔ အဲဒီတုန္းက မႏၲေလးက မစည္ကားေသးတဲ့ ၿမိဳ႕သစ္ေတြျဖစ္တဲ့ မေနာ္ဟရီဘက္က ေျမကြက္ေတြကို ဝယ္ယူထားပါသတဲ့။အဲဒီအခ်ိန္တုန္းက ေျမေဈးဟာ သိပ္မႀကီးေသးပါဘူးတဲ့။ ဒီလိုနဲ႔ သူဟာေျမကြက္ေတြ ပိုင္ဆိုင္လာပါသတဲ့။ေနာက္ေတာ့ သူေျမကြက္ေတြ ဝယ္ထားတဲ့ေနရာက စည္ကားလာၿပီး ေျမေတြက ေဈးေကာင္းေတြရလာပါသတဲ့၊ အဲဒီအခါမွာ ျပန္ၿပီးေရာင္း လုပ္ပါသတဲ့။ ေနာက္ထပ္ သက္သာတာ ထပ္ဝယ္၊ လက္ထဲမွာ ခဏကိုင္ထား အျမတ္ရရင္ျပန္ေရာင္းတာေတြ လုပ္ေနပါသတဲ့။

ေနာက္တစ္ခုကလည္း ကားေတြ ဝယ္ေရာင္းလုပ္တာေတြလည္း လုပ္လာပါသတဲ့။ဝယ္ထားတဲ့ ေျမေတြကိုလည္း ျမတ္ရင္ျပန္ေရာင္းလိုက္နဲ႔ သက္သာတဲ့ေနရာကျပန္ဝယ္လိုက္ လုပ္ရင္းနဲ႔ သူ႕လုပ္ငန္းေတြက တျဖည္းျဖည္း က်ယ္ျပန္႔လာပါသတဲ့။အခ်ဥ္ေပါင္းကလည္းျမတ္၊အျခားလုပ္ငန္းေတြကလည္း ျမတ္ေတာ့ ၁၀ႏွစ္ ၁၅ႏွစ္အတြင္းမွာ သူရဲ႕ အေျခအေနဟာ အေျပာင္းလဲႀကီး ေျပာင္းလဲသြားပါသတဲ့။တိုက္ႀကီးတာႀကီးေတြနဲ႔ ျဖစ္သြားပါသတဲ့။

သူေနတဲ့တိုက္ကိုလည္း Rc တိုက္အေနနဲ႔ ေဆာက္ႏိုင္သြားပါသတဲ့။အခုသူက ေျမယာလုပ္ငန္းေတြေရာ၊ ကားေတာ္ေတာ္ မ်ားမ်ားလည္း ပိုင္ဆိုင္ေနပါသတဲ့။ ေနာက္ပိုင္း အခ်ဥ္ေပါင္းေရာင္းတဲ့ သူ႕မိတ္ေဆြဟာ သူရဲ႕ေအာင္ျမင္မႈ အစတည္ရာ အခ်ဥ္ေပါင္းလုပ္ငန္းကိုေတာ့ ရပ္နားလိုက္ပါသတဲ့။

သူရဲ႕ မ်ိဳးဆက္ေတြကိုေတာ့ သူမတက္ခဲ့ရတဲ့ေက်ာင္းေတြကို ထားေပးပါသတဲ့။သူ႕ေျမးေတြကို ႏိုင္ငံျခားကို ပို႔လႊတ္ၿပီးေတာင္ ေက်ာင္းေတြထားေပးပါသတဲ့။ သူဟာႏွစ္(၂၀)ေက်ာ္ အတြင္းမွာ တကယ္ကို ခ်မ္းသာသြားပါသတဲ့။

အကြက္ျမင္၊အေျမာ္အျမင္႐ွိသူေတြဟာ ေငြကို အိပ္ခိုင္းမထားဘဲ ေ႐ြ႕လ်ား ႐ွင္သန္ပြားမ်ားေနေအာင္လုပ္ရင္းနဲ႔ ႀကီးပြားသြားၾကတယ္ဆိုတာက လက္ေတြ႕ပဲျဖစ္သည္။

ႀကီးပြားသြားသူေတြရဲ႕ အလုပ္ေတြထဲမွာ အိမ္ျခံေျမဟာ အေရးႀကီးတဲ့ လုပ္ငန္းတစ္ခုအေနနဲ႔ ပါဝင္ေနတယ္ ဆိုတာေတြ႕ရင္…သင္ေရာ…။

မိတ္ေဆြသည္ အိမ္ျခံေျမအက်ိဳးေဆာင္လုပ္ငန္း (သို႔) ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ကိုင္ေနသူတစ္ဦးျဖစ္ပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ သင္၏အိမ္ျခံေျမလုပ္ငန္း အထူးတလည္ ေအာင္ျမင္ႏိုင္ေစရန္အတြက္ ကူညီပံ့ပိုးေပးႏိုင္ပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ႏွင့္ လက္တြဲ၍ အိမ္ျခံေျမလုပ္ငန္းလုပ္ကိုင္ၿပီး ျမန္မာႏိုင္ငံတဝွမ္းလုံးတြင္ေအာင္ျမင္ေနေသာ အက်ိဳးေဆာင္ စုစုေပါင္း (၂၃၀၀) ေက်ာ္ ႏွင့္ ေဆာက္လုပ္ေရးလုပ္ငန္း စုစုေပါင္း (၇၀၀) ေက်ာ္႐ွိပါသည္ ။ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ဝဘ္ဆိုက္ကို တစ္လလွ်င္ ျပည္တြင္းျပည္ပ မွ လူဦးေရ (၃.၈) သန္းေက်ာ္ ဝင္ေရာက္အသုံးျပဳေနၿပီး ျမန္မာတစ္ႏိုင္ငံလုံးတြင္ နံပါတ္(၁) လူသုံးအမ်ားဆုံး အိမ္ျခံေျမေရာင္းဝယ္ငွားဝဘ္ဆိုက္ ျဖစ္ပါသည္ ။ ရန္ကုန္ ၊ မႏၲေလး၊ ေငြေဆာင္၊ ေခ်ာင္းသာ၊ ေတာင္ႀကီး၊ ကေလာ၊ ျပင္ဦးလြင္၊ စစ္ေတြ၊ ျမဝတီ အစ႐ွိေသာ ျမန္မာတစ္ႏိုင္ငံလုံးတြင္႐ွိသည့္ အိမ္ျခံေျမစီမံကိန္းမ်ားကို ေရာင္းခ်ေပးေနပါသည္။ သင္၏ အက်ိဳးေဆာင္လုပ္ငန္း (သို႔မဟုတ္) ေဆာက္လုပ္ေရးလုပ္ငန္းေအာင္ျမင္ေစရန္အတြက္ iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ႏွင့္ အခုပင္လွ်င္ ဆက္သြယ္ ေမးျမန္းစုံစမ္းႏိုင္ပါသည္ ။ (Hot Line ဖုန္း : 09-252605671 ~ 5 )

 

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။ 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service