အိန္ဒိယဘီလျံနာကြီး ပန်ကက် အော့စ်ဝဲလ် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်များတွင် ပါဝင်သော စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူ

အိန္ဒိယဘီလျံနာကြီး ပန်ကက် အော့စ်ဝဲလ် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်များတွင် ပါဝင်သော စံအိမ်ကြီးတစ်လုံးကို ကန်ဒေါ်လာ သန်း ၂၀၀ ဖြင့်ဝယ်ယူ - Property News in Myanmar from iMyanmarHouse.com
22 Jun 2023 11:51 am တွင် တင်ခဲ့သည်
665 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အိန္ဒိယဘီလျံနာသူဌေးစုံတွဲဖြစ်သော ပန်ကက် အော့စ်ဝဲလ် (Pankaj Oswal) နှင့် ဇနီးဖြစ်သူ ရာဒီကာ အော့စ်ဝဲလ်တို့သည် အိန္ဒိယရူပီးငွေ ၁၆၄၉ ကုဋေ (ကန်ဒေါ်လာ သန်း ၂၀၀) တန်ကြေးရှိသော “ဗာရီစံအိမ်” ဟု အမည်ရသော စံအိမ်ကြီးကို ဝယ်ယူခဲ့သည်။

ပန်ကက်တို့စုံတွဲသည် Oswal Group ၏ ပိုင်ရှင်ဖြစ်သည်။

ဆွစ်ဇာလန်နိုင်ငံမှ Gingins အမည်ရှိ ကျေးရွာတွင် တည်ရှိပြီး ပန်ကက်၏ သမီးများဖြစ်သော ဗာဆွန်ဒရာနှင့် ရီဒီတို့ကို အစွဲပြုကာ စံအိမ်ကြီးကို ဗာရီဟု အတိုကောက် အမည်ပေးထားခြင်း ဖြစ်သည်။

ထိုစံအိမ်ကြီးသည် ကမ္ဘာ့ဈေးအကြီးဆုံး စံအိမ်ကြီး ၁၀ လုံးတွင် တစ်လုံးအပါအဝင်ဖြစ်သည်ဟု ယူဆရသည်။

ကမ္ဘာကျော် အိမ်တွင်းဒီဇိုင်နာ Jeffrey Wilkes က မွမ်းမံပြင်ဆင်ပေးထားသော ဗာရီစံအိမ်ကြီး၏ ခြံဝန်းအကျယ်မှာ စတုရန်းမီတာ ၄၀၀၀၀ ကျယ်ဝန်းပြီး ရင်သပ်ရှုမောဖွယ် Mont Blanc တောင်ကြီး၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားသည်။

အော့စ်ဝဲလ်စုံတွဲ၏ ကြွယ်ဝမှုမှာ ရူပီး ၂၄၇၀၀၀ ကုဋေ (ကန်ဒေါ်လာ ၃ ဘီလီယံ) ခန့်ကြွယ်ဝသည်ဟု ခန့်မှန်းရပြီး အိမ်ခြံမြေ ၊ သတ္တုတွင်းနှင့် ဓာတ်မြေသြဇာတို့အပါအဝင် လုပ်ငန်းနယ်ပယ်များစွာ လုပ်ကိုင်လျက်ရှိသည်။

ပန်ကက်၏ သမီးတစ်ဦးဖြစ်သူ ဗာဆွန်ဒရာသည် ဘဏ္ဍာရေးဆိုင်ရာဘွဲ့ရရှိထားပြီး Oswal ကုမ္ပဏီအုပ်စုမှ Pro Industries နှင့် Axis Minerals groups တို့၏ အမှုဆောင်ဒါရိုက်တာဖြစ်သူ သမီးငယ်ရီဒီမှာ လန်ဒန် တက္ကသိုလ်တွင် ဓာတုဗေဒအင်ဂျင်နီယာပညာ ဆည်းပူးနေကာ ပေါ့ပ်အဆိုတော် ၊ တေးရေးတစ်ဦးလည်း ဖြစ်သည်။

အော့စ်ဝဲလ်မိသားစုသည် လုပ်ငန်းနယ်ပယ်များစွာတွင် ကြီးမားသည့် သြဇာလွှမ်းမိုးမှုများစွာ ရှိသော်လည်း လူအများ၏ အာရုံစိုက်ခြင်းကို မခံလိုကြ။

၎င်းတို့မိသားစုသည် ကမ္ဘာပေါ်တွင် Liquid Ammonia အများစု ထုတ်လုပ်နေသော သြစတေးလျနိုင်ငံမှ Burrup Fertilisers ကုမ္ပဏီ ၊ အရှေ့အာဖရိကရှိ အကြီးမားဆုံး အီသနောစက်ရုံ PRO Industries PTE LTD နှင့် အနောက်အာဖရိကတွင် အကြီးမားဆုံး ဘောက်စိုက်သတ္တုတွင်း ကုမ္ပဏီဖြစ်သော Axis Minerals တို့ကဲ့သို့ ကြီးမားသောလုပ်ငန်းကြီးများ ပိုင်ဆိုင်ထားသည်။

၂၀၁၅ ခုနှစ်အတွင်း အော့စ်ဝဲလ်မိသားစုသည် အခွန်မပေးဆောင်မှုဖြင့် သြစတေးလျနိုင်ငံမှ ထွက်ပြေးခဲ့သည် ဟူသော ကောလာဟလများလည်း ရှိသည်။

ထိုအချိန်က အော့စ်ဝဲလ်စံအိမ်ကို ဆောက်လက်စ တန်းလန်းဖြင့် ထားရစ်ခဲ့သည်။

အဆိုပါ စံအိမ်ကြီးကို သြစတေးလျနိုင်ငံ ၊ ပါ့သ်မြို့၏ အကြီးမားဆုံးနှင့် အခမ်းနားဆုံး စံအိမ်ကြီးဖြစ်လာစေရန် ရည်ရွယ်ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indian Business tycoon Pankaj Oswal purchases one of world's most expensive houses (timesofindia)

[Zawgyi]

အိႏိၵယဘီလ်ံနာၾကီး ပန္ကက္ ေအာ့စ္ဝဲလ္ ကမၻာ့ေစ်းအၾကီးဆံုး စံအိမ္မ်ားတြင္ ပါဝင္ေသာ စံအိမ္ၾကီးတစ္လံုးကို ကန္ေဒၚလာ သန္း ၂၀၀ ျဖင့္ဝယ္ယူ

အိႏိၵယဘီလ်ံနာသူေဌးစံုတြဲျဖစ္ေသာ ပန္ကက္ ေအာ့စ္ဝဲလ္ (Pankaj Oswal) ႏွင့္ ဇနီးျဖစ္သူ ရာဒီကာ ေအာ့စ္ဝဲလ္တို႔သည္ အိႏိၵယရူပီးေငြ ၁၆၄၉ ကုေဋ (ကန္ေဒၚလာ သန္း ၂၀၀) တန္ေၾကးရွိေသာ “ဗာရီစံအိမ္” ဟု အမည္ရေသာ စံအိမ္ၾကီးကို ဝယ္ယူခဲ့သည္။

ပန္ကက္တို႔စံုတြဲသည္ Oswal Group ၏ ပိုင္ရွင္ျဖစ္သည္။ ဆြစ္ဇာလန္ႏိုင္ငံမွ Gingins အမည္ရွိ ေက်းရြာတြင္ တည္ရွိျပီး ပန္ကက္၏ သမီးမ်ားျဖစ္ေသာ ဗာဆြန္ဒရာႏွင့္ ရီဒီတို႔ကို အစြဲျပဳကာ စံအိမ္ၾကီးကို ဗာရီဟု အတုိေကာက္ အမည္ေပးထားျခင္း ျဖစ္သည္။

ထိုစံအိမ္ၾကီးသည္ ကမၻာ့ေစ်းအၾကီးဆံုး စံအိမ္ၾကီး ၁၀ လံုးတြင္ တစ္လံုးအပါအဝင္ျဖစ္သည္ဟု ယူဆရသည္။

ကမၻာေက်ာ္ အိမ္တြင္းဒီဇိုင္နာ Jeffrey Wilkes က မြမ္းမံျပင္ဆင္ေပးထားေသာ ဗာရီစံအိမ္ၾကီး၏ ျခံဝန္းအက်ယ္မွာ စတုရန္းမီတာ ၄၀၀၀၀ က်ယ္ဝန္းျပီး ရင္သပ္ရႈေမာဖြယ္ Mont Blanc ေတာင္ၾကီး၏ ရႈေမွ်ာ္ခင္းမ်ား ပိုင္ဆိုင္ထားသည္။

ေအာ့စ္ဝဲလ္စံုတြဲ၏ ၾကြယ္ဝမႈမွာ ရူပီး ၂၄၇၀၀၀ ကုေဋ (ကန္ေဒၚလာ ၃ ဘီလီယံ) ခန္႔ၾကြယ္ဝသည္ဟု ခန္႔မွန္းရျပီး အိမ္ျခံေျမ ၊ သတၱဳတြင္းႏွင့္ ဓာတ္ေျမၾသဇာတုိ႔အပါအဝင္ လုပ္ငန္းနယ္ပယ္မ်ားစြာ လုပ္ကိုင္လ်က္ရွိသည္။

ပန္ကက္၏ သမီးတစ္ဦးျဖစ္သူ ဗာဆြန္ဒရာသည္ ဘ႑ာေရးဆိုင္ရာဘြဲ႔ရရွိထားျပီး Oswal ကုမၸဏီအုပ္စုမွ Pro Industries ႏွင့္ Axis Minerals groups တို႔၏ အမႈေဆာင္ဒါရိုက္တာျဖစ္သူ သမီးငယ္ရီဒီမွာ လန္ဒန္ တကၠသိုလ္တြင္ ဓာတုေဗဒအင္ဂ်င္နီယာပညာ ဆည္းပူးေနကာ ေပါ့ပ္အဆိုေတာ္ ၊ ေတးေရးတစ္ဦးလည္း ျဖစ္သည္။

ေအာ့စ္ဝဲလ္မိသားစုသည္ လုပ္ငန္းနယ္ပယ္မ်ားစြာတြင္ ၾကီးမားသည့္ ၾသဇာလႊမ္းမိုးမႈမ်ားစြာ ရွိေသာ္လည္း လူအမ်ား၏ အာရံုစိုက္ျခင္းကို မခံလိုၾက။

၎တုိ႔မိသားစုသည္ ကမၻာေပၚတြင္ Liquid Ammonia အမ်ားစု ထုတ္လုပ္ေနေသာ ၾသစေတးလ်ႏိုင္ငံမွ Burrup Fertilisers ကုမၸဏီ ၊ အေရွ႕အာဖရိကရွိ အၾကီးမားဆံုး အီသေနာစက္ရံု PRO Industries PTE LTD ႏွင့္ အေနာက္အာဖရိကတြင္ အၾကီးမားဆံုး ေဘာက္စိုက္သတၱဳတြင္း ကုမၸဏီျဖစ္ေသာ Axis Minerals တို႔ကဲ့သို႔ ၾကီးမားေသာလုပ္ငန္းၾကီးမ်ား ပိုင္ဆိုင္ထားသည္။

၂၀၁၅ ခုႏွစ္အတြင္း ေအာ့စ္ဝဲလ္မိသားစုသည္ အခြန္မေပးေဆာင္မႈျဖင့္ ၾသစေတးလ်ႏိုင္ငံမွ ထြက္ေျပးခဲ့သည္ ဟူေသာ ေကာလာဟလမ်ားလည္း ရွိသည္။

ထိုအခ်ိန္က ေအာ့စ္ဝဲလ္စံအိမ္ကို ေဆာက္လက္စ တန္းလန္းျဖင့္ ထားရစ္ခဲ့သည္။

အဆုိပါ စံအိမ္ၾကီးကို ၾသစေတးလ်ႏိုင္ငံ ၊ ပါ့သ္ျမိဳ႕၏ အၾကီးမားဆံုးႏွင့္ အခမ္းနားဆံုး စံအိမ္ၾကီးျဖစ္လာေစရန္ ရည္ရြယ္ေဆာက္လုပ္ခဲ့ျခင္း ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indian Business tycoon Pankaj Oswal purchases one of world's most expensive houses (timesofindia)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...

ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
နတ်သမီးများ ပြန်ခေါ်မှ ရုပ်ရှင်နယ်သို့ ပြန်လာမည်ဟု ကြုံးဝါးခဲ့သော်လည်း ငွေလိုနေသဖြင့် ရုပ်ရှင်နယ်သို့ ခြေပြန်ချလာသူ ဂျင်
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ထူးထူးခြားခြားကမ္ဘာတလွှား- သိပ္ပံပညာရှင်တို့က ကမ္ဘာ့အကြီးမားဆုံး သက်ရှိသတ္တဝါကြီးကို ပင်လယ်ရေအောက်တွင် ရှာဖွေတွေ့ရှိ၊ အလ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
royal-hill

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service