ဆန်ဖရန်စစ္စကိုတွင် အိမ်ယာမဲ့များ ၊ ဆေးသမားများ အလွန်ပေါများကာ ရာဇဝတ်မှု ထူပြောနေသောကြောင့် ဟိုတယ်များ ၊ စူပါမားကက်များ ဆက်တိုက်ပိတ်သိမ်းလာလျက်ရှိ

ဆန်ဖရန်စစ္စကိုတွင် အိမ်ယာမဲ့များ ၊ ဆေးသမားများ အလွန်ပေါများကာ ရာဇဝတ်မှု ထူပြောနေသောကြောင့် ဟိုတယ်များ ၊ စူပါမားကက်များ ဆက်တိုက်ပိတ်သိမ်းလာလျက်ရှိ - Property News in Myanmar from iMyanmarHouse.com
21 Jun 2023 12:21 pm တွင် တင်ခဲ့သည်
593 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုတွင် အိမ်ယာမဲ့များ ၊ ဆေးသမားများ အလွန်ပေါများကာ ရာဇဝတ်မှု ထူပြောနေသောကြောင့် အထင်ကရ ကုမ္ပဏီကြီးများ ကျောခိုင်းထွက်ခွာလျက် ရှိရာ ယခုနောက်ဆုံးအနေဖြင့် ဈေးဝယ်စင်တာ အုပ်စုကြီးဖြစ်သော Westfield သည်လည်း ပိတ်သိမ်း ထွက်ခွာမည် ဖြစ်သည်။

Fox Business သတင်းဌာနအား Westfield က ပြောကြားသည်မှာ ၎င်းတို့နှင့် မိတ်ဖက်ကုမ္ပဏီ Bookfield Properties တို့သည် San Francisco Centre အဆောက်အအုံအတွက် အိမ်ခြံမြေချေးငွေ ပြန်လည်ပေးသွင်း နေမှုများကို ယခုလတွင် ရပ်ဆိုင်းလိုက်ကြောင်း ပြောကြားသည်။

(Westfield က ဆန်ဖရန်စစ္စကိုစင်တာကို ဘဏ်သို့ ပြန်လည် အပ်နှံခဲ့သည်။ ဓာတ်ပုံ- Getty Images)

“နှစ်ပေါင်း ၂၀ ကျော်ကာလတလျှောက် Westfield ဟာ ဆန်ဖရန်စစ္စကို စင်တာကို ဂုဏ်ယူစွာနဲ့ အောင်မြင်စွာ လည်ပတ်လုပ်ကိုင်နိုင်ခဲ့ပါတယ်”ဟု Westfield က ထုတ်ပြန်သည်။

Westfield ၏ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်မှာ ဆန်ဖရန်စစ္စကို မြို့လယ်တွင် လုပ်ငန်း လည်ပတ်မှု အတွက် စိန်ခေါ်မှုအခြေအနေများ ရင်ဆိုင်လာခဲ့ရကြောင်း ၊ လက်ရှိအခြေအနေများကြောင့် အရောင်းအဝယ် ၊ ဆိုင်ခန်းများ ဖွင့်လှစ်မှုနှင့် လူသွားလူလာ ကျဆင်းလာခဲ့ရာ ဈေးဝယ်စင်တာ၏ စီမံခန့်ခွဲမှုကို မြီရှင်ထံ ပြန်လည်လွှဲပြောင်းအပ်နှံရန် ခက်ခဲသည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ရကြောင်း ဖော်ပြထားသည်။

ဆန်ဖရန်စစ္စကိုရှိ Park Hotel & Resort က ၎င်းတို့၏ အထင်ကရ ဟိုတယ် ၂ လုံးကို ဘဏ်သို့ပြန်လည် အပ်နှံခဲ့ကြောင်း ကြေညာအပြီး ရက်သတ္တပတ်အတွင်း Westfield ကလည်း ဆန်ဖရန်စစ္စကိုအား ကျောခိုင်းရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

ဆန်ဖရန်စစ္စကို၏ လမ်းများမှာ မလုံခြုံတော့ကြောင်း ၊ ဤဒေသ၏ အခြေအနေအရပ်ရပ် ပြန်လည်ကောင်းမွန် လာနိုင်ချေအပေါ် သံသယဖြစ်မိကြောင်း Westfield က ထုတ်ပြန်သည်။

(Park Hotel & Resort က ဘဏ်ချေးငွေ ပေးသွင်းမှုများ ပြီးခဲ့သော ရက်သတ္တပတ်က စတင်ရပ်ဆိုင်းခဲ့သည်။ ဓာတ်ပုံ- Getty Images)

ဆန်ဖရန်စစ္စကိုတွင် ခိုးမှုများ ၊ အိမ်ယာမဲ့များနှင့် မူးယစ်ဆေးသမားများ များပြားလာမှုကြောင့် ကုန်တိုက်များစွာ ဆန်ဖရန်စစ္စကိုမြို့လယ်အား ကျောခိုင်းစွန့်ခွာလျက်ရှိလာကြသည်။

နာမည်ကြီးဖက်ရှင်ကုမ္ပဏီဖြစ်သော Nordstrom သည် ဆန်ဖရန်စ္စကိုမြို့ကိုလည်မှ ဆိုင် ၂ ခုကို ပိတ်သိမ်းခဲ့ရာ တစ်ဆိုင်မှာ Westfield ၏ စူပါမားကက်ဖြစ်သော ဆန်ဖရန်စစ္စကိုစင်တာတွင် တည်ရှိသည်။

Nordstrom ထွက်ခွာသွားသောကြောင့် ဆန်ဖရန်စစ္စကိုစင်တာ၏ ကျန်ရှိသော ဆိုင်ခန်းပမာဏမှာ ၅၅ ရာခိုင်နှုန်းသာ ကျန်တော့ရာ Westfield ၏ အခြားအမေရိကန်မြို့ကြီးများရှိ ဈေးဝယ်စင်တာများရှိ ဆိုင်ခန်းအရေအတွက်အောက် များစွာနည်းပါးသွားသည်။

အခြားမြို့များရှိ ဈေးဝယ်စင်တာများတွင် ဆိုင်ခန်းပမာဏ ပျမ်းမျှအားဖြင့် ၉၃ ရာခိုင်နှုန်း ရှိသည်ဟု ဆိုသည်။

(ဆန်ဖရန်စစ္စကိုစင်တာကို ၂၀၂၂ ခုနှစ် ၊ ဧပြီလ ၁၃ ရက်က တွေ့ရပုံ။ ဓာတ်ပုံ- Getty Images)

ဆန်ဖရန်စစ္စကိုမှ ရီပတ်ဘလီကန် ပါတီဥက္ကဌဖြစ်သူ ဂျွန်ဒင်းနစ်က Westfield ကုမ္ပဏီ ထွက်ခွာမှုအတွက် မြို့အုပ်ချုပ်ရေးအဖွဲ့ကို အပြစ်တင်ခဲ့ပြီး နောက်ထပ်ကုမ္ပဏီများစွာ ထွက်ခွာကြဖွယ်ရှိကြောင်းလည်း ၎င်းက ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Walking away: San Francisco mall owner hands property back to bank as exodus continues (foxbusiness)

[Zawgyi]

ဆန္ဖရန္စစၥကိုတြင္ အိမ္ယာမဲ့မ်ား ၊ ေဆးသမားမ်ား အလြန္ေပါမ်ားကာ ရာဇဝတ္မႈ ထူေျပာေနေသာေၾကာင့္ ဟိုတယ္မ်ား ၊ စူပါမားကက္မ်ား ဆက္တိုက္ပိတ္သိမ္းလာလ်က္ရွိ

အေမရိကန္ျပည္ေထာင္စု ၊ ကယ္လီဖိုးနီးယားျပည္နယ္ ဆန္ဖရန္စစၥကိုတြင္ အိမ္ယာမဲ့မ်ား ၊ ေဆးသမားမ်ား အလြန္ေပါမ်ားကာ ရာဇဝတ္မႈ ထူေျပာေနေသာေၾကာင့္ အထင္ကရ ကုမၸဏီၾကီးမ်ား ေက်ာခိုင္းထြက္ခြာလ်က္ ရွိရာ ယခုေနာက္ဆံုးအေနျဖင့္ ေစ်းဝယ္စင္တာ အုပ္စုၾကီးျဖစ္ေသာ Westfield သည္လည္း ပိတ္သိမ္း ထြက္ခြာမည္ ျဖစ္သည္။

Fox Business သတင္းဌာနအား Westfield က ေျပာၾကားသည္မွာ ၎တို႔ႏွင့္ မိတ္ဖက္ကုမၸဏီ Bookfield Properties တို႔သည္ San Francisco Centre အေဆာက္အအံုအတြက္ အိမ္ျခံေျမေခ်းေငြ ျပန္လည္ေပးသြင္း ေနမႈမ်ားကို ယခုလတြင္ ရပ္ဆိုင္းလုိက္ေၾကာင္း ေျပာၾကားသည္။

(Westfield က ဆန္ဖရန္စစၥကိုစင္တာကို ဘဏ္သို႔ ျပန္လည္ အပ္ႏွံခဲ့သည္။ ဓာတ္ပံု- Getty Images)

“ႏွစ္ေပါင္း ၂၀ ေက်ာ္ကာလတေလွ်ာက္ Westfield ဟာ ဆန္ဖရန္စစၥကို စင္တာကို ဂုဏ္ယူစြာနဲ႔ ေအာင္ျမင္စြာ လည္ပတ္လုပ္ကိုင္ႏိုင္ခဲ့ပါတယ္”ဟု Westfield က ထုတ္ျပန္သည္။

Westfield ၏ ထုတ္ျပန္ခ်က္တြင္ ဆက္လက္ေဖာ္ျပထားသည္မွာ ဆန္ဖရန္စစၥကို ျမိဳ႕လယ္တြင္ လုပ္ငန္း လည္ပတ္မႈ အတြက္ စိန္ေခၚမႈအေျခအေနမ်ား ရင္ဆိုင္လာခဲ့ရေၾကာင္း ၊ လက္ရွိအေျခအေနမ်ားေၾကာင့္ အေရာင္းအဝယ္ ၊ ဆိုင္ခန္းမ်ား ဖြင့္လွစ္မႈႏွင့္ လူသြားလူလာ က်ဆင္းလာခဲ့ရာ ေစ်းဝယ္စင္တာ၏ စီမံခန္႔ခြဲမႈကို ျမီရွင္ထံ ျပန္လည္လႊဲေျပာင္းအပ္ႏွံရန္ ခက္ခဲသည့္ ဆံုးျဖတ္ခ်က္ကို ခ်မွတ္ခဲ့ရေၾကာင္း ေဖာ္ျပထားသည္။

ဆန္ဖရန္စစၥကိုရွိ Park Hotel & Resort က ၎တို႔၏ အထင္ကရ ဟိုတယ္ ၂ လံုးကို ဘဏ္သို႔ျပန္လည္ အပ္ႏွံခဲ့ေၾကာင္း ေၾကညာအျပီး ရက္သတၱပတ္အတြင္း Westfield ကလည္း ဆန္ဖရန္စစၥကိုအား ေက်ာခိုင္းရန္ ဆံုးျဖတ္လိုက္ျခင္း ျဖစ္သည္။

ဆန္ဖရန္စစၥကို၏ လမ္းမ်ားမွာ မလံုျခံဳေတာ့ေၾကာင္း ၊ ဤေဒသ၏ အေျခအေနအရပ္ရပ္ ျပန္လည္ေကာင္းမြန္ လာႏိုင္ေခ်အေပၚ သံသယျဖစ္မိေၾကာင္း Westfield က ထုတ္ျပန္သည္။

(Park Hotel & Resort က ဘဏ္ေခ်းေငြ ေပးသြင္းမႈမ်ား ျပီးခဲ့ေသာ ရက္သတၱပတ္က စတင္ရပ္ဆိုင္းခဲ့သည္။ ဓာတ္ပံု- Getty Images)

ဆန္ဖရန္စစၥကိုတြင္ ခိုးမႈမ်ား ၊ အိမ္ယာမဲ့မ်ားႏွင့္ မူးယစ္ေဆးသမားမ်ား မ်ားျပားလာမႈေၾကာင့္ ကုန္တုိက္မ်ားစြာ ဆန္ဖရန္စစၥကိုျမိဳ႕လယ္အား ေက်ာခိုင္းစြန္႔ခြာလ်က္ရွိလာၾကသည္။

နာမည္ၾကီးဖက္ရွင္ကုမၸဏီျဖစ္ေသာ Nordstrom သည္ ဆန္ဖရန္စၥကိုျမိဳ႕ကိုလည္မွ ဆိုင္ ၂ ခုကို ပိတ္သိမ္းခဲ့ရာ တစ္ဆိုင္မွာ Westfield ၏ စူပါမားကက္ျဖစ္ေသာ ဆန္ဖရန္စစၥကိုစင္တာတြင္ တည္ရွိသည္။

Nordstrom ထြက္ခြာသြားေသာေၾကာင့္ ဆန္ဖရန္စစၥကိုစင္တာ၏ က်န္ရွိေသာ ဆိုင္ခန္းပမာဏမွာ ၅၅ ရာခုိင္ႏႈန္းသာ က်န္ေတာ့ရာ Westfield ၏ အျခားအေမရိကန္ျမဳိ႕ၾကီးမ်ားရွိ ေစ်းဝယ္စင္တာမ်ားရွိ ဆိုင္ခန္းအေရအတြက္ေအာက္ မ်ားစြာနည္းပါးသြားသည္။

အျခားျမဳိ႕မ်ားရွိ ေစ်းဝယ္စင္တာမ်ားတြင္ ဆိုင္ခန္းပမာဏ ပ်မ္းမွ်အားျဖင့္ ၉၃ ရာခိုင္ႏႈန္း ရွိသည္ဟု ဆုိသည္။

(ဆန္ဖရန္စစၥကိုစင္တာကို ၂၀၂၂ ခုႏွစ္ ၊ ဧျပီလ ၁၃ ရက္က ေတြ႔ရပံု။ ဓာတ္ပံု- Getty Images)

ဆန္ဖရန္စစၥကိုမွ ရီပတ္ဘလီကန္ ပါတီဥကၠဌျဖစ္သူ ဂၽြန္ဒင္းနစ္က Westfield ကုမၸဏီ ထြက္ခြာမႈအတြက္ ျမဳိ႕အုပ္ခ်ဳပ္ေရးအဖြဲ႔ကို အျပစ္တင္ခဲ့ျပီး ေနာက္ထပ္ကုမၸဏီမ်ားစြာ ထြက္ခြာၾကဖြယ္ရွိေၾကာင္းလည္း ၎က ေျပာသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Walking away: San Francisco mall owner hands property back to bank as exodus continues (foxbusiness)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service