အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်မှ စွန့်ပစ်ထားသောမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၁၀၀,၀၀၀ မျှဖြင့် ရောင်းမည်

အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်မှ စွန့်ပစ်ထားသောမြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၁၀၀,၀၀၀ မျှဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
21 Jun 2023 11:54 am တွင် တင်ခဲ့သည်
1056 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကံကောင်းသည့် ဝယ်လက်တစ်ဦးအနေဖြင့် အမေရိကန်ပြည် တက္ကဆပ်ပြည်နယ်မှ စွန့်ပစ်ထားသော မြို့ကြီးတစ်မြို့လုံးကို ဒေါ်လာ ၁၀၀,၀၀၀ မျှဖြင့် ဝယ်ယူနိုင်မည့် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာသည်။

အလက်ဇန္ဒြားဘားဒေါ့ (Alexander Bardorff) အမည်ရှိ အမျိုးသားတစ်ဦးသည် လိုဘို (Lobo) အမည်ရှိ ၁၀ ဧကကျယ်ဝန်းသော မြို့တစ်မြို့ကို သူ၏ မိတ်ဆွေအနည်းငယ်နှင့်အတူ ၂၀၀၁ ခုနှစ်အတွင်း ဒေါ်လာ ၂၀၀၀၀ ဖြင့် ဝယ်ယူခဲ့သည်။

ဘားဒေါ့က ပြောသည်မှာ ယခုဈေးကွက်တင်ပြီးနောက် ဝယ်ယူရန် စုံစမ်းသူပေါင်း ၇၀ ကျော် လာရောက် ကြည့်ရှုခဲ့ကြောင်း ပြောသည်။

ဘားဒေါ့သည် မြို့ကလေးရှိ ဓာတ်ငွေ့ဆိုင်မှ အမိုးအောက်တွင်ထိုင်ကာ ဝယ်ယူရန် လာရောက်သူတို့၏ ရည်ရွယ်ချက်များကို တစ်ဦးချင်းစီ နားထောင်သည်။

ဂျာမနီ ဇာတိသား ဘားဒေါ့က ပြောသည်မှာ ယခုရောင်းချမှုမှာ ငွေအတွက်ချည်းသက်သက်မဟုတ်ကြောင်း ၊ မြေယာကိုချစ်တတ်သူ တစ်စုံတစ်ဦးကို ရှာဖွေနေခြင်းဖြစ်ကြောင်း ပြောသည်။

ဘားဒေါ့က ဝေါစထရိဂျာနယ်သို့ ပြောသည်မှာ “ဒီလိုရောင်းရတာဟာ ကျွန်တော့်အတွက် ခက်ခဲပါတယ်။ ဝယ်ယူမယ့် အလားအလာရှိသူတစ်ချို့ကို ကျွန်တော်ပြောခဲ့တာက .. လိုဘိုဟာ ကျွန်တော်တို့ရဲ့ ရင်သွေးလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ သူ့အတွက် မိဘကောင်း မိဘအသစ်ရှာပေးချင်တာ ဖြစ်ပါတယ်”ဟု ပြောသည်။

မြို့ကလေးအတွင်း ရေကန်တစ်ခု ၊ မိုတယ်တစ်လုံး ၊ ကုန်စုံဆိုင်တစ်ခု ၊ စားသောက်ဆိုင် တစ်ခုနှင့် စာတိုက် တစ်ခုတို့ရှိပြီး ယင်းတို့အားလုံးမှာ ယခုအခါ လူသူကင်းမဲ့လျက်ရှိသည်။ ထို့အပြင် လူမနေသောအိမ်များလည်း ရှိကြောင်း ဈေးကွက်တင်မှတ်တမ်းတွင် ဖော်ပြသည်။

လူမနေသောအိမ်များအနက်မှ တစ်လုံးတွင် ဧည့်ခန်း ၊ အိပ်ခန်း ၃ ခန်း ၊ မီးဖိုဆောင် ၊ ရေချိုးခန်းနှင့် စတုရန်းပေ ၈၀၀ ကျယ်သော ဂိုဒေါင်ခန်းတို့ ပါဝင်သည်။

၁၉၉၁ ခုနှစ်တွင် မြို့ကလေးတွင် နောက်ဆုံးနေထိုင်သူ ကွယ်လွန်ခဲ့ပြီးနောက်ပိုင်း လိုဘိုမှာ လူသူကင်းမဲ့သွား ခဲ့သည်။ နောက်ပိုင်းတွင် ဘားဒေါ့နှင့် မိတ်ဆွေများက မြို့ကလေးကို အနုပညာသမားတို့ ဆုံစည်းရာနေရာအဖြစ် ပြောင်းလဲခဲ့ပြီး အနုပညာခင်းကျင်းပြသမှုများ ၊ ရုပ်ရှင်ပွဲတော်များနှင့် ဂီတပွဲများ ကျင်းပခဲ့သည်။

(လိုဘို၏ ပူးတွဲပိုင်ရှင် ဘားဒေါ့။ ဓာတ်ပုံ- Wall Street Journal)

(လိုဘိုမြို့လေး၏ တစ်နေရာ။ ဓာတ်ပုံ- Wall Street Journal)

လိုဘိုမြို့လေးသည် ၁၉ ရာစုအလယ်ပိုင်းက ဆန်အန်တိုနီယိုနှင့် ဆန်ဒီယေဂိုမြို့များအကြား စာပို့လမ်းကြောင်း ခရီးတထောက်နားရာနေရာအဖြစ် အသုံးပြုခဲ့သည်။

မြို့လေးကို ဝယ်လိုသူတို့က လိုဘိုအား ပြောင်းလဲပေးမည့် အစီအစဉ်အမျိုးမျိုး ပြောပြကြရာတွင် သားပိုက်ကောင် မွေးမြူရေးခြံ ၊ ဝတ်လစ်စလစ် နေထိုင်သူများ စုဝေးနေထိုင်ရာနေရာ အစရှိသည်တို့အဖြစ် ပြောင်းလဲလိုသူများလည်း ပါဝင်သည်။

(စာတိုက်နေရာ။ ဓာတ်ပုံ- Wall Street Journal)

(မိုတယ်။ ဓာတ်ပုံ- Wall Street Journal)

ဘားဒေါ့နှင့် အခြားသူ ၂ ဦးက မည်သူ့အား ရောင်းချမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။

ဝယ်ယူရန် လေလံပိတ်သိမ်းမည့် နောက်ဆုံးရက်မှာ ဇွန်လ ၂၄ ရက်ဖြစ်သည်။

(ဓာတ်ငွေ့ဆိုင်နေရာကို ပန်းချီပြခန်းအဖြစ်လည်းကောင်း ၊ ဂီတသမားတို့အတွက် စတိတ်စင်အဖြစ် လည်းကောင်း အသုံးပြုသည်။ ဓာတ်ပုံ- Wall Street Journal)

(ရေကန်။ ဓာတ်ပုံ- Wall Street Journal)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Entire Texas town abandoned in the ‘90s lists for only $100K (nypost)

[Zawgyi]

အေမရိကန္ျပည္ တကၠဆပ္ျပည္နယ္မွ စြန္႔ပစ္ထားေသာျမဳိ႕ၾကီးတစ္ျမဳိ႕လံုးကို ေဒၚလာ ၁၀၀,၀၀၀ မွ်ျဖင့္ ေရာင္းမည္

ကံေကာင္းသည့္ ဝယ္လက္တစ္ဦးအေနျဖင့္ အေမရိကန္ျပည္ တကၠဆပ္ျပည္နယ္မွ စြန္႔ပစ္ထားေသာ ျမဳိ႕ၾကီးတစ္ျမဳိ႕လံုးကို ေဒၚလာ ၁၀၀,၀၀၀ မွ်ျဖင့္ ဝယ္ယူႏိုင္မည့္ အခြင့္အလမ္းတစ္ရပ္ ေပၚေပါက္လာသည္။

အလက္ဇျႏၵားဘားေဒါ့ (Alexander Bardorff) အမည္ရွိ အမ်ဳိးသားတစ္ဦးသည္ လိုဘို (Lobo) အမည္ရွိ ၁၀ ဧကက်ယ္ဝန္းေသာ ျမဳိ႕တစ္ျမိဳ႕ကို သူ၏ မိတ္ေဆြအနည္းငယ္ႏွင့္အတူ ၂၀၀၁ ခုႏွစ္အတြင္း ေဒၚလာ ၂၀၀၀၀ ျဖင့္ ဝယ္ယူခဲ့သည္။

ဘားေဒါ့က ေျပာသည္မွာ ယခုေစ်းကြက္တင္ျပီးေနာက္ ဝယ္ယူရန္ စံုစမ္းသူေပါင္း ၇၀ ေက်ာ္ လာေရာက္ ၾကည့္ရႈခဲ့ေၾကာင္း ေျပာသည္။

ဘားေဒါ့သည္ ျမဳိ႕ကေလးရွိ ဓာတ္ေငြ႔ဆိုင္မွ အမိုးေအာက္တြင္ထိုင္ကာ ဝယ္ယူရန္ လာေရာက္သူတုိ႔၏ ရည္ရြယ္ခ်က္မ်ားကို တစ္ဦးခ်င္းစီ နားေထာင္သည္။

ဂ်ာမနီ ဇာတိသား ဘားေဒါ့က ေျပာသည္မွာ ယခုေရာင္းခ်မႈမွာ ေငြအတြက္ခ်ည္းသက္သက္မဟုတ္ေၾကာင္း ၊ ေျမယာကိုခ်စ္တတ္သူ တစ္စံုတစ္ဦးကို ရွာေဖြေနျခင္းျဖစ္ေၾကာင္း ေျပာသည္။

ဘားေဒါ့က ေဝါစထရိဂ်ာနယ္သို႔ ေျပာသည္မွာ “ဒီလိုေရာင္းရတာဟာ ကၽြန္ေတာ့္အတြက္ ခက္ခဲပါတယ္။ ဝယ္ယူမယ့္ အလားအလာရွိသူတစ္ခ်ဳိ႕ကို ကၽြန္ေတာ္ေျပာခဲ့တာက .. လိုဘိုဟာ ကၽြန္ေတာ္တို႔ရဲ႕ ရင္ေသြးလိုပါပဲ။ ကၽြန္ေတာ္တုိ႔အေနနဲ႔ သူ႔အတြက္ မိဘေကာင္း မိဘအသစ္ရွာေပးခ်င္တာ ျဖစ္ပါတယ္”ဟု ေျပာသည္။

ျမဳိ႕ကေလးအတြင္း ေရကန္တစ္ခု ၊ မိုတယ္တစ္လံုး ၊ ကုန္စံုဆိုင္တစ္ခု ၊ စားေသာက္ဆိုင္ တစ္ခုႏွင့္ စာတိုက္ တစ္ခုတို႔ရွိျပီး ယင္းတုိ႔အားလံုးမွာ ယခုအခါ လူသူကင္းမဲ့လ်က္ရွိသည္။ ထုိ႔အျပင္ လူမေနေသာအိမ္မ်ားလည္း ရွိေၾကာင္း ေစ်းကြက္တင္မွတ္တမ္းတြင္ ေဖာ္ျပသည္။

လူမေနေသာအိမ္မ်ားအနက္မွ တစ္လံုးတြင္ ဧည့္ခန္း ၊ အိပ္ခန္း ၃ ခန္း ၊ မီးဖိုေဆာင္ ၊ ေရခ်ဳိးခန္းႏွင့္ စတုရန္းေပ ၈၀၀ က်ယ္ေသာ ဂိုေဒါင္ခန္းတုိ႔ ပါဝင္သည္။

၁၉၉၁ ခုႏွစ္တြင္ ျမဳိ႕ကေလးတြင္ ေနာက္ဆံုးေနထိုင္သူ ကြယ္လြန္ခ့ဲျပီးေနာက္ပိုင္း လိုဘိုမွာ လူသူကင္းမဲ့သြား ခဲ့သည္။ ေနာက္ပိုင္းတြင္ ဘားေဒါ့ႏွင့္ မိတ္ေဆြမ်ားက ျမဳိ႕ကေလးကို အႏုပညာသမားတို႔ ဆံုစည္းရာေနရာအျဖစ္ ေျပာင္းလဲခဲ့ျပီး အႏုပညာခင္းက်င္းျပသမႈမ်ား ၊ ရုပ္ရွင္ပြဲေတာ္မ်ားႏွင့္ ဂီတပြဲမ်ား က်င္းပခဲ့သည္။

(လိုဘို၏ ပူးတြဲပုိင္ရွင္ ဘားေဒါ့။ ဓာတ္ပံု- Wall Street Journal)

(လိုဘိုျမဳိ႕ေလး၏ တစ္ေနရာ။ ဓာတ္ပံု- Wall Street Journal) လိုဘိုျမိဳ႕ေလးသည္ ၁၉ ရာစုအလယ္ပိုင္းက ဆန္အန္တိုနီယိုႏွင့္ ဆန္ဒီေယဂိုျမဳိ႕မ်ားအၾကား စာပို႔လမ္းေၾကာင္း ခရီးတေထာက္နားရာေနရာအျဖစ္ အသံုးျပဳခဲ့သည္။

ျမဳိ႕ေလးကို ဝယ္လိုသူတို႔က လုိဘိုအား ေျပာင္းလဲေပးမည့္ အစီအစဥ္အမ်ဳိးမ်ဳိး ေျပာျပၾကရာတြင္ သားပိုက္ေကာင္ ေမြးျမဴေရးျခံ ၊ ဝတ္လစ္စလစ္ ေနထိုင္သူမ်ား စုေဝးေနထိုင္ရာေနရာ အစရွိသည္တို႔အျဖစ္ ေျပာင္းလဲလိုသူမ်ားလည္း ပါဝင္သည္။

(စာတိုက္ေနရာ။ ဓာတ္ပံု- Wall Street Journal)

(မိုတယ္။ ဓာတ္ပံု- Wall Street Journal)

ဘားေဒါ့ႏွင့္ အျခားသူ ၂ ဦးက မည္သူ႔အား ေရာင္းခ်မည္ကို ဆံုးျဖတ္မည္ျဖစ္သည္။

ဝယ္ယူရန္ ေလလံပိတ္သိမ္းမည့္ ေနာက္ဆံုးရက္မွာ ဇြန္လ ၂၄ ရက္ျဖစ္သည္။

(ဓာတ္ေငြ႔ဆိုင္ေနရာကို ပန္းခ်ီျပခန္းအျဖစ္လည္းေကာင္း ၊ ဂီတသမားတို႔အတြက္ စတိတ္စင္အျဖစ္ လည္းေကာင္း အသံုးျပဳသည္။ ဓာတ္ပံု- Wall Street Journal)

(ေရကန္။ ဓာတ္ပံု- Wall Street Journal)

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Entire Texas town abandoned in the ‘90s lists for only $100K (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
တရုတ်ပြည်တွင် နာမည်ကြီး influencer အမျိုးသားက အိမ်အလုပ်များ လုပ်ဆောင်ရန်နှင့် အပြင်သွားရာတွင် အဖော်အဖြစ် လိုက်ပါပေးရန် စ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service