ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
မုန့်ပဲသရေစာ
တစ်ခါတုန်းက အဖြစ်လေးတွေရေးနေရင်းနဲ့ကမှ တိုက်တိုက်ဆိုင်ဆိုင် အတွေးတူနဲ့ ရေးခဲ့ကြသူတွေရှိခဲ့တာကို တွေ့ခဲ့ရပါတယ်။ကျွန်တော့်ထက်စောပြီး ရေးခဲ့ကြတာပါ။အရင်တုန်းက အကြောင်းလေးတွေကို မော်ကွန်းမဂ္ဂဇင်းမှာရေးခဲ့ကြတာကို Burmesenew ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားတာတွေ့ရတော့ ကျွန်တော့ရင်ထဲမှာ မေ့ပျောက်နေခဲ့တဲ့ အရင်တုန်းက အချို့သော အတိတ်ကကြောင်းအရာတွေဟာ ပြန်ပေါ်လာခွင့် ရခဲ့တယ်။ ဖတ်ရတဲ့အတွက်လည်း ကျေးဇူးတင်မိပါတယ်။
ငါနဲ့ အတွေးတူပြီး သူကလက်ဦးအောင်ရေးထားလို့ ငါမရေးတော့ဘူးဆိုတာမျိုး စိတ်ထဲမှာတော့မရှိပါဘူး။ ခေတ်ကို ဖြတ်သန်းခဲ့ရင်း ကြုံတွေခဲ့ရတာတွေက တူကောင်းတူနိုင်ကြပေမယ့် ခံစားချက်နဲ့ အမြင်တွေက လူတစ်ယောက်နဲ့ တစ်ယောက်နေရာဒေသလိုက်ပြီး ကွဲပြားနေပါလိမ့်မယ်။သူကလည်း သူ့ရဲ့အတိတ် အကြောင်းလေးတွေကို အခြေခံပြီး တစ်ခါတုန်းက အဖြစ်လေးတွေကို ပြောခဲ့တာပါပဲ။ကျွန်တော်လည်း ကျွန်တော်ဖြတ်သန်းခဲ့ရာ ဘဝလမ်းတစ်လျှောက်က အကြောင်းလေးတွေကို ဆိုရဦးမှာပဲလေ။ မုန့်ပဲသရေစာအကြောင်းလေး ဒီတစ်ရက်တော့ရေးချင်ပါရဲ့ဗျာ။
ကျွန်တော်တို့ မိသားစုက ပထမတော့ ချောင်ချောင်လည်လည် ရှိခဲ့တာပေါ့။မေမေဆိုရင် ရွှေကြယ်သီးတပ် အင်္ကျီတွေတောင်မှ ဝတ်ဆင်နိုင်ခဲ့ဖူးပါတယ်။ရွှေဆွဲကြိုးအတုတ်ကြီးတွေ ဆွဲခဲ့ဖူးပါတယ်။ကျွန်တော် သုံးလေးတန်း အရွယ်လောက်က ပဲ့ရွှေဂူဘုရားပွဲသွားတော့ မေမေ့ရွှေဆွဲကြိုးကြီး တစ်ခါဆွဲသွားဖူးတာ မှတ်မိနေသေးတယ်။ ပစ္စည်းဆိုတာကလည်း မရှိဝမ်းစာ၊ရှိတန်ဆာဆိုတာ မှန်ခဲ့ပါတယ်။
တန်ဆာဆင်စရာ လက်ဝတ်ရတနာတွေ ဆိုတာကလည်း မိသားစုကများလာတော့ ရှိသမျှပစ္စည်းတွေလည်း မိသားစုရဲ့လိုအပ်ချက်အရ ပေါင်ရင်းနှံရင်း အပေါင်ဆုံးဖြစ်တဲ့ဟာဖြစ်ကုန်တော့တာပေါ့။ နောက်ဆုံး အစိုးရ လခစား ပစ္စည်းမဲ့လူတန်းစား အဖြစ်နဲ့ ရုန်းကန်နေရတော့တယ်။သိပ်ချမ်းသာတဲ့ အစိုးရလခစားဆိုတာ ရှိခဲ့ရင်တော့ ဘယ်လိုကြောင့်ချမ်းသားသလဲဆိုတာတော့ ကျွန်တော်လည်းမသိတော့ပါ။ အစိုးရလခစား တော်တော်များများကတော့ ပိန်မသာ လိမ်မသာတွေသာများပါတယ်။
ကျွန်တော်တို့ အရင်က ဝတ်ချင်တာဝတ်၊စားချင်တာတွေ စားခဲ့ရပေမယ့် နောက်တော့ မုန့်ပဲသရေစာတောင်မှ မပူဆာနိုင်တော့ပါဘူး မေမေဝယ်ပေးတာယူ၊မေမေဝယ်ပေးတာဝတ်၊မေမေဝယ်ကျွေးခဲ့တာကိုပဲ စားခဲ့ကြရတော့တယ်။
ကလေးသဘာဝ ဟိုဟာလေးမြင်၊ဒီဟာလေးမြင် စားချင်ပေမယ့်လည်း မိဘရဲ့အခြေအနေကြောင့် မပူဆာဝံ့ ပါဘူး။ ဈေးကဝယ်လာတဲ့ ထညက်ရည်(ထန်းလျက်ရည်)နဲ့ လုပ်ထားတဲ့ နွားနို့ခဲတို့ကိုသာ စားခဲ့ရတာပေါ့။
ဒီနေရမှာ နွားနို့ခဲအကြောင်းလေး ထည့်လိုက်ချင်ပါသေးရဲ့ဗျာ။ကျွန်တော်တို့မြောင်မှာတော့ နွားနို့ခဲကို မရိုးစေးနဲ့ခဲတယ်လို့သိရပါတယ်။နွားနို့ခဲလုပ်ပုံကို ယူကျူ့မှာရှာကြည့်တော့ ကျွန်တော်စားရတဲ့ နွားနို့ခဲရဲ့ပုံစံနဲ့ မတူပါဘူး။တရုတ်တန်းကရောင်းတဲ့ ပဲနို့ခဲနဲ့ သွားပြီးတူပါတယ်။ပဲနို့ခဲကတော့ နွားနို့ခဲလောက်မနူးညံ့ပါဘူး။
ကျွန်တော်စားဖူးတဲ့ နွားနို့ခဲက ဒန်အိုးထဲမှာ ပြင်လိုက်ကြီးခဲနေတယ်။ပူတင်းလိုဖြစ်နေတာပေါ့။အသားကလည်း ပူတင်းအသားလို နူးညံ့နေတာပေါ့။ထညက်ရည်(ထန်းလျက်ရည်)တွေထဲမှာ အခဲလိုက်ကြီးကိုမှ အဲဒီတုန်းက ငါးပြားဆယ်ပြားဖိုးဝယ်ရင် စတီးဇွန်းလေးနဲ့ ရှပ်ကော်ပြီး အဖတ်ဖတ်လေးတွေကို ထညက်ရည်နဲ့ ရော ခပ်ပြီးထည့်ပေးပါတယ်။အဲတုန်းက ကြွပ်ကြွပ်အိတ်မရှိသေးဘူး။လက်ဖက်တို့ ပဲလှော်တို့ထည့်တဲ့ ရိုးရိုးပလတ်စတစ်အိတ် အကြည်အထူလေးတွေနဲ့ ထည့်ပေးပါတယ်။
မိန်းမရပြီး ကလေးခြောက်လသားရောက်လို့ အညာကို တစ်ခေါက်ပြန်တော့လည်း မေမေဈေးက ပြန်လာတိုင်း အခါတိုင်း ငါ့သားကြိုက်တတ်တဲ့ဟာလေးတွေဆိုပြီး နွားနို့ခဲနဲ့ နန်းကြီးသုပ်တွေကို ကျွန်တော့်အတွက် ဝယ်လာပေးနေပါသေးတယ်။ ကျွန်တော်ကလည်း မေမေဝယ်ကျွေးတဲ့ မွေးရပ်မြေက ဒေသဖြစ် သရေစာတွေကို ကြိုက်နှစ်သက်နေတုန်းပါပဲ။
အင်း…တစ်ခုအကြောင်းပြောရင်းနဲ့ နောက်တစ်ခုက အမျှင်တန်းပြီး ကပ်ပါလာပါရောလား။နန်းကြီးသုပ်။ အခုနောက်ပိုင်းမှသာ နန်းကြီးသုပ်ထဲထည့်လာတဲ့ အစာပလာဗာဟီရတွေက များလာလိုက်တာ၊ အရင်ကဆို မေမေက မုန်းဟင်းခါးဖတ်ကြီးလို့ခေါ်တဲ့ နန်းကြီးဖတ်တွေ ဈေးကဝယ်လာပြီးရင် ကြက်သွန်ဆီချက်ဆနွင်းမှုန့် အရောင်ဝါဝါ ပဲအကျက်မှုန့်များများနဲ့ စီးထွေးနေတဲ့ နန်းကြီးသုပ်ကို သုပ်ပေးတတ်တယ်။
ပထမတော့ နန်းကြီးဖတ်ကြီးတွေ ကြည့်ပြီး ကွန်တော်စားဖို့မဝံ့ရဲခဲ့ပါဘူး။နန်းကြီးဖတ်ကြီးတွေက တီကောင်တွေ၊ သန်ကောင်တွေနဲ့တူတာကိုး။နောက်တော့ငါ့သားရယ်စားကြည့်စမ်းပါ သိပ်ကိုကောင်းတာသားရဲ့လို့ပြောတော့၊ နဲနဲစမ်းစားကြည့်ရင်း ကြိုက်သွားတော့တာပေါ့။ စားသောက်ဆိုင်တွေဝင်ဖြစ်လို့ အစားအသောက် မှာတော့မယ်ဆိုရင် နန်းကြီးသုပ်ရလို့ကတော့ အဲဒါပဲမှာစားလိုက်တာများတယ်။
စားပွဲထိုးတွေကို ပဲမှုန့်များများနဲ့ သုပ်ပေးပါလို့ ဘယ်လိုပဲမှာမှာ မေမေ့လက်ရာလိုဖြစ်လာတဲ့ဆိုင် မတွေ့သေးဘူး။ သူတို့ ပဲမှုန့်များများထည့်တယ် ဆိုတာကလည်း ပုံမှန်ထက် တစ်ဇွန်းလောက်ပိုထည့်လိုက်ရုံပဲ ထင်ပါတယ်။မေမေ့ နန်းကြီးသုပ်က အစာပလာတွေ မထည့်ပဲနဲ့ကို စားလို့ကို ကောင်းလှပါတယ်။
မုန့်လက်ဆောင်းဆိုရင် အိမ်ကလူကုန် သောက်လို့ရအောင် အများကြီးဝယ်ထားပြီး တစ်ယောက်တစ်ခွက် သောက်ခဲ့ကြရပါတယ်။အုန်းနို့နဲ့ မဟုတ်ဘဲ ထန်ညက်ရည်နဲ့သာ လုပ်ထားတဲ့ မုန့်လက်ဆောင်းကို နံ့သာဖုရေလေးဆမ်းလိုက်တော့ မွှေးချို အေးမြပြီး သောက်လို့ကိုကောင်းလှပါတယ်။ ကျန်တဲ့ သရေစာဆိုတာ သိပ်ပြီးမစဉ်းစားနဲ့။သားရေကွင်းပစ်လို့ ကျောက်ဒိုးပစ်လို့ နိုင်ရင်တော့ တစ်မတ်ငါးမူးလေးလောက်ရရင် အခြားမုန့်တွေ စားခွင့်ရကြတာပေါ့။
ကျောင်းမှာလာရောင်းတဲ့ မုန့်ပဲသရေစာဆိုတာကလည်း မုန့်ပျားသလက် အဖြူ၊အညို၊ဆီးယိုနဲ့ မုန့်လေပွေတို့ပဲရှိပါတယ်။ လေးတန်းကျောင်းဆောင်ရဲ့ အရှေ့ဘက်မျက်စောင်းထိုးက တမာပင်ရိပ်အောက်မှာ မီးဖိုတွေထားပြီး ပူပူလောလော ရောင်းချကြတဲ့ မုန့်တွေကိုသာဝယ်စားခဲ့ကြရပါတယ်။
အဲဒီတုန်းက မုန့်ပျားသလက်ဆိုတာကြီးလှပါတယ်။ လက်ဝါးနှစ်ခုဖြန့်ယူရတဲ့အထိကြီးသလိုပါပဲ။ အခုတော့ သေးသွားသလိုခံစားရတယ်။ တကယ်တော့ ကလေးသာသာ ကျွန်တော်တို့ရဲ့ လက်ဖဝါးလေးနဲ့ အဲဒီတုန်းက မုန်းပျားသလက်ကကြီးနေတယ်လို့ထင်ခဲ့ရတာပေါ့။ မုန့်ပျားသလက်ကို အသံအတိုင်းရေးရရင် မုန့်ပစ်သလက်လို့ ခေါ်ခဲ့ကြတာပေါ့။
ဆီးယိုဆိုတာကလည်း ထန်းညက်နဲ့ ဆီးသီးကို ကိုယ့်ရှေ့မှာတင်ကျိုပြီးရောင်းကြတာ ပလတ်စတစ်တွေ ဘာတွေ ညာတွေသုံးပြီး ထည့်တာမဟုတ်ဘူး ညောင်ရွက်ကို ဟင်းယာ(ဟင်းလျာ) ခွက်ပုံလုပ်ပြီးထည့်ပေးတာ။ အဲဒီတုန်းက ပလတ်စတစ်အမှိုက်ဆိုတာ ပဲကြီးလှော်နဲ့ လဲဖို့တောင် မနဲလိုက်ကောက်ရလောက်အောင်ရှား ခဲ့ပါတယ်။
အိမ်မှာလုပ်တဲ့ မုန့်ပဲသားရေစာလည်းရှိသေးတယ်။ရာသီအလိုက်ထွက်တဲ့ စိမ်းစားဥ၊ကန်စွန်းဥ၊ပြောင်းဖူးပြုတ်၊ ပဲမြစ်ပြုတ်၊မြေပဲပြုတ်၊ပဲစင်းငုံပြုတ်နဲ့ ထန်းပင်မြစ်ဖုတ်တို့က ကျွန်တော်တို့အတွက် ရာသီစာသားရေစာတွေပါပဲ။ အခွံမနွှာဘဲလှော်ထားတဲ့ ကုလားပဲလှော်တို့ ။ပဲတီစိမ်းကို ထန်ညက်ရည်နဲ့ကျိုထားတဲ့ စားစရာ၊ဂျုံစေ့ကို ကျိုထားတဲ့ ဂျုံယိုတို့က ကျွန်တော်တို့ကို အာဟာရကောင်းကောင်းပေးတဲ့ မုန့်ပဲသရေစာတွေပါပဲ။
အခုတော့ ကျွန်တော်တို့ရဲ့ ရင်သွေးတွေကတော့ ရန်ကုန်မြို့ကြီးရဲ့ သရေစာတွေဖြစ်တဲ့ လေဖောင်းမုန့်တွေရဲ့ ဆွဲဆောင်မှုမှာ လိုက်ပါစီးမျောနေကြလေရဲ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ရွှေစင်ဝင်း (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၁)
မုန္႔ပဲသေရစာ
တစ္ခါတုန္းက အျဖစ္ေလးေတြေရးေနရင္းနဲ႔ကမွ တိုက္တိုက္ဆိုင္ဆိုင္ အေတြးတူနဲ႔ ေရးခဲ့ၾကသူေတြ႐ွိခဲ့တာကို ေတြ႕ခဲ့ရပါတယ္။ကြၽန္ေတာ့္ထက္ေစာၿပီး ေရးခဲ့ၾကတာပါ။အရင္တုန္းက အေၾကာင္းေလးေတြကို ေမာ္ကြန္းမဂၢဇင္းမွာေရးခဲ့ၾကတာကို Burmesenew ရဲ႕ ဝက္ဘ္ဆိုက္မွာ ေဖာ္ျပထားတာေတြ႕ရေတာ့ ကြၽန္ေတာ့ရင္ထဲမွာ ေမ့ေပ်ာက္ေနခဲ့တဲ့ အရင္တုန္းက အခ်ိဳ႕ေသာ အတိတ္ကေၾကာင္းအရာေတြဟာ ျပန္ေပၚလာခြင့္ ရခဲ့တယ္။ ဖတ္ရတဲ့အတြက္လည္း ေက်းဇူးတင္မိပါတယ္။
ငါနဲ႔ အေတြးတူၿပီး သူကလက္ဦးေအာင္ေရးထားလို႔ ငါမေရးေတာ့ဘူးဆိုတာမ်ိဳး စိတ္ထဲမွာေတာ့မ႐ွိပါဘူး။ ေခတ္ကို ျဖတ္သန္းခဲ့ရင္း ၾကဳံေတြခဲ့ရတာေတြက တူေကာင္းတူႏိုင္ၾကေပမယ့္ ခံစားခ်က္နဲ႔ အျမင္ေတြက လူတစ္ေယာက္နဲ႔ တစ္ေယာက္ေနရာေဒသလိုက္ၿပီး ကြဲျပားေနပါလိမ့္မယ္။သူကလည္း သူ႕ရဲ႕အတိတ္ အေၾကာင္းေလးေတြကို အေျခခံၿပီး တစ္ခါတုန္းက အျဖစ္ေလးေတြကို ေျပာခဲ့တာပါပဲ။ကြၽန္ေတာ္လည္း ကြၽန္ေတာ္ျဖတ္သန္းခဲ့ရာ ဘဝလမ္းတစ္ေလွ်ာက္က အေၾကာင္းေလးေတြကို ဆိုရဦးမွာပဲေလ။ မုန္႔ပဲသေရစာအေၾကာင္းေလး ဒီတစ္ရက္ေတာ့ေရးခ်င္ပါရဲ႕ဗ်ာ။
ကြၽန္ေတာ္တို႔ မိသားစုက ပထမေတာ့ ေခ်ာင္ေခ်ာင္လည္လည္ ႐ွိခဲ့တာေပါ့။ေမေမဆိုရင္ ေ႐ႊၾကယ္သီးတပ္ အက်ႌေတြေတာင္မွ ဝတ္ဆင္ႏိုင္ခဲ့ဖူးပါတယ္။ေ႐ႊဆြဲႀကိဳးအတုတ္ႀကီးေတြ ဆြဲခဲ့ဖူးပါတယ္။ကြၽန္ေတာ္ သုံးေလးတန္း အ႐ြယ္ေလာက္က ပဲ့ေ႐ႊဂူဘုရားပြဲသြားေတာ့ ေမေမ့ေ႐ႊဆြဲႀကိဳးႀကီး တစ္ခါဆြဲသြားဖူးတာ မွတ္မိေနေသးတယ္။ ပစၥည္းဆိုတာကလည္း မ႐ွိဝမ္းစာ၊႐ွိတန္ဆာဆိုတာ မွန္ခဲ့ပါတယ္။
တန္ဆာဆင္စရာ လက္ဝတ္ရတနာေတြ ဆိုတာကလည္း မိသားစုကမ်ားလာေတာ့ ႐ွိသမွ်ပစၥည္းေတြလည္း မိသားစုရဲ႕လိုအပ္ခ်က္အရ ေပါင္ရင္းႏွံရင္း အေပါင္ဆုံးျဖစ္တဲ့ဟာျဖစ္ကုန္ေတာ့တာေပါ့။ ေနာက္ဆုံး အစိုးရ လခစား ပစၥည္းမဲ့လူတန္းစား အျဖစ္နဲ႔ ႐ုန္းကန္ေနရေတာ့တယ္။သိပ္ခ်မ္းသာတဲ့ အစိုးရလခစားဆိုတာ ႐ွိခဲ့ရင္ေတာ့ ဘယ္လိုေၾကာင့္ခ်မ္းသားသလဲဆိုတာေတာ့ ကြၽန္ေတာ္လည္းမသိေတာ့ပါ။ အစိုးရလခစား ေတာ္ေတာ္မ်ားမ်ားကေတာ့ ပိန္မသာ လိမ္မသာေတြသာမ်ားပါတယ္။
ကြၽန္ေတာ္တို႔ အရင္က ဝတ္ခ်င္တာဝတ္၊စားခ်င္တာေတြ စားခဲ့ရေပမယ့္ ေနာက္ေတာ့ မုန္႔ပဲသေရစာေတာင္မွ မပူဆာႏိုင္ေတာ့ပါဘူး ေမေမဝယ္ေပးတာယူ၊ေမေမဝယ္ေပးတာဝတ္၊ေမေမဝယ္ေကြၽးခဲ့တာကိုပဲ စားခဲ့ၾကရေတာ့တယ္။
ကေလးသဘာဝ ဟိုဟာေလးျမင္၊ဒီဟာေလးျမင္ စားခ်င္ေပမယ့္လည္း မိဘရဲ႕အေျခအေနေၾကာင့္ မပူဆာဝံ့ ပါဘူး။ ေဈးကဝယ္လာတဲ့ ထညက္ရည္(ထန္းလ်က္ရည္)နဲ႔ လုပ္ထားတဲ့ ႏြားႏို႔ခဲတို႔ကိုသာ စားခဲ့ရတာေပါ့။
ဒီေနရမွာ ႏြားႏို႔ခဲအေၾကာင္းေလး ထည့္လိုက္ခ်င္ပါေသးရဲ႕ဗ်ာ။ကြၽန္ေတာ္တို႔ေျမာင္မွာေတာ့ ႏြားႏို႔ခဲကို မ႐ိုးေစးနဲ႔ခဲတယ္လို႔သိရပါတယ္။ႏြားႏို႔ခဲလုပ္ပုံကို ယူက်ဴ႕မွာ႐ွာၾကည့္ေတာ့ ကြၽန္ေတာ္စားရတဲ့ ႏြားႏို႔ခဲရဲ႕ပုံစံနဲ႔ မတူပါဘူး။တ႐ုတ္တန္းကေရာင္းတဲ့ ပဲႏို႔ခဲနဲ႔ သြားၿပီးတူပါတယ္။ပဲႏို႔ခဲကေတာ့ ႏြားႏို႔ခဲေလာက္မႏူးညံ့ပါဘူး။
ကြၽန္ေတာ္စားဖူးတဲ့ ႏြားႏို႔ခဲက ဒန္အိုးထဲမွာ ျပင္လိုက္ႀကီးခဲေနတယ္။ပူတင္းလိုျဖစ္ေနတာေပါ့။အသားကလည္း ပူတင္းအသားလို ႏူးညံ့ေနတာေပါ့။ထညက္ရည္(ထန္းလ်က္ရည္)ေတြထဲမွာ အခဲလိုက္ႀကီးကိုမွ အဲဒီတုန္းက ငါးျပားဆယ္ျပားဖိုးဝယ္ရင္ စတီးဇြန္းေလးနဲ႔ ႐ွပ္ေကာ္ၿပီး အဖတ္ဖတ္ေလးေတြကို ထညက္ရည္နဲ႔ ေရာ ခပ္ၿပီးထည့္ေပးပါတယ္။အဲတုန္းက ႂကြပ္ႂကြပ္အိတ္မ႐ွိေသးဘူး။လက္ဖက္တို႔ ပဲေလွာ္တို႔ထည့္တဲ့ ႐ိုး႐ိုးပလတ္စတစ္အိတ္ အၾကည္အထူေလးေတြနဲ႔ ထည့္ေပးပါတယ္။
မိန္းမရၿပီး ကေလးေျခာက္လသားေရာက္လို႔ အညာကို တစ္ေခါက္ျပန္ေတာ့လည္း ေမေမေဈးက ျပန္လာတိုင္း အခါတိုင္း ငါ့သားႀကိဳက္တတ္တဲ့ဟာေလးေတြဆိုၿပီး ႏြားႏို႔ခဲနဲ႔ နန္းႀကီးသုပ္ေတြကို ကြၽန္ေတာ့္အတြက္ ဝယ္လာေပးေနပါေသးတယ္။ ကြၽန္ေတာ္ကလည္း ေမေမဝယ္ေကြၽးတဲ့ ေမြးရပ္ေျမက ေဒသျဖစ္ သေရစာေတြကို ႀကိဳက္ႏွစ္သက္ေနတုန္းပါပဲ။
အင္း…တစ္ခုအေၾကာင္းေျပာရင္းနဲ႔ ေနာက္တစ္ခုက အမွ်င္တန္းၿပီး ကပ္ပါလာပါေရာလား။နန္းႀကီးသုပ္။ အခုေနာက္ပိုင္းမွသာ နန္းႀကီးသုပ္ထဲထည့္လာတဲ့ အစာပလာဗာဟီရေတြက မ်ားလာလိုက္တာ၊ အရင္ကဆို ေမေမက မုန္းဟင္းခါးဖတ္ႀကီးလို႔ေခၚတဲ့ နန္းႀကီးဖတ္ေတြ ေဈးကဝယ္လာၿပီးရင္ ၾကက္သြန္ဆီခ်က္ဆႏြင္းမႈန္႔ အေရာင္ဝါဝါ ပဲအက်က္မႈန္႔မ်ားမ်ားနဲ႔ စီးေထြးေနတဲ့ နန္းႀကီးသုပ္ကို သုပ္ေပးတတ္တယ္။
ပထမေတာ့ နန္းႀကီးဖတ္ႀကီးေတြ ၾကည့္ၿပီး ကြန္ေတာ္စားဖို႔မဝံ့ရဲခဲ့ပါဘူး။နန္းႀကီးဖတ္ႀကီးေတြက တီေကာင္ေတြ၊ သန္ေကာင္ေတြနဲ႔တူတာကိုး။ေနာက္ေတာ့ငါ့သားရယ္စားၾကည့္စမ္းပါ သိပ္ကိုေကာင္းတာသားရဲ႕လို႔ေျပာေတာ့၊ နဲနဲစမ္းစားၾကည့္ရင္း ႀကိဳက္သြားေတာ့တာေပါ့။ စားေသာက္ဆိုင္ေတြဝင္ျဖစ္လို႔ အစားအေသာက္ မွာေတာ့မယ္ဆိုရင္ နန္းႀကီးသုပ္ရလို႔ကေတာ့ အဲဒါပဲမွာစားလိုက္တာမ်ားတယ္။
စားပြဲထိုးေတြကို ပဲမႈန္႔မ်ားမ်ားနဲ႔ သုပ္ေပးပါလို႔ ဘယ္လိုပဲမွာမွာ ေမေမ့လက္ရာလိုျဖစ္လာတဲ့ဆိုင္ မေတြ႕ေသးဘူး။ သူတို႔ ပဲမႈန္႔မ်ားမ်ားထည့္တယ္ ဆိုတာကလည္း ပုံမွန္ထက္ တစ္ဇြန္းေလာက္ပိုထည့္လိုက္႐ုံပဲ ထင္ပါတယ္။ေမေမ့ နန္းႀကီးသုပ္က အစာပလာေတြ မထည့္ပဲနဲ႔ကို စားလို႔ကို ေကာင္းလွပါတယ္။
မုန္႔လက္ေဆာင္းဆိုရင္ အိမ္ကလူကုန္ ေသာက္လို႔ရေအာင္ အမ်ားႀကီးဝယ္ထားၿပီး တစ္ေယာက္တစ္ခြက္ ေသာက္ခဲ့ၾကရပါတယ္။အုန္းႏို႔နဲ႔ မဟုတ္ဘဲ ထန္ညက္ရည္နဲ႔သာ လုပ္ထားတဲ့ မုန္႔လက္ေဆာင္းကို နံ႔သာဖုေရေလးဆမ္းလိုက္ေတာ့ ေမႊးခ်ိဳ ေအးျမၿပီး ေသာက္လို႔ကိုေကာင္းလွပါတယ္။ က်န္တဲ့ သေရစာဆိုတာ သိပ္ၿပီးမစဥ္းစားနဲ႔။သားေရကြင္းပစ္လို႔ ေက်ာက္ဒိုးပစ္လို႔ ႏိုင္ရင္ေတာ့ တစ္မတ္ငါးမူးေလးေလာက္ရရင္ အျခားမုန္႔ေတြ စားခြင့္ရၾကတာေပါ့။
ေက်ာင္းမွာလာေရာင္းတဲ့ မုန္႔ပဲသေရစာဆိုတာကလည္း မုန္႔ပ်ားသလက္ အျဖဴ၊အညိဳ၊ဆီးယိုနဲ႔ မုန္႔ေလေပြတို႔ပဲ႐ွိပါတယ္။ ေလးတန္းေက်ာင္းေဆာင္ရဲ႕ အေ႐ွ႕ဘက္မ်က္ေစာင္းထိုးက တမာပင္ရိပ္ေအာက္မွာ မီးဖိုေတြထားၿပီး ပူပူေလာေလာ ေရာင္းခ်ၾကတဲ့ မုန္႔ေတြကိုသာဝယ္စားခဲ့ၾကရပါတယ္။
အဲဒီတုန္းက မုန္႔ပ်ားသလက္ဆိုတာႀကီးလွပါတယ္။ လက္ဝါးႏွစ္ခုျဖန္႔ယူရတဲ့အထိႀကီးသလိုပါပဲ။ အခုေတာ့ ေသးသြားသလိုခံစားရတယ္။ တကယ္ေတာ့ ကေလးသာသာ ကြၽန္ေတာ္တို႔ရဲ႕ လက္ဖဝါးေလးနဲ႔ အဲဒီတုန္းက မုန္းပ်ားသလက္ကႀကီးေနတယ္လို႔ထင္ခဲ့ရတာေပါ့။ မုန္႔ပ်ားသလက္ကို အသံအတိုင္းေရးရရင္ မုန္႔ပစ္သလက္လို႔ ေခၚခဲ့ၾကတာေပါ့။
ဆီးယိုဆိုတာကလည္း ထန္းညက္နဲ႔ ဆီးသီးကို ကိုယ့္ေ႐ွ႕မွာတင္က်ိဳၿပီးေရာင္းၾကတာ ပလတ္စတစ္ေတြ ဘာေတြ ညာေတြသုံးၿပီး ထည့္တာမဟုတ္ဘူး ေညာင္႐ြက္ကို ဟင္းယာ(ဟင္းလ်ာ) ခြက္ပုံလုပ္ၿပီးထည့္ေပးတာ။ အဲဒီတုန္းက ပလတ္စတစ္အမိႈက္ဆိုတာ ပဲႀကီးေလွာ္နဲ႔ လဲဖို႔ေတာင္ မနဲလိုက္ေကာက္ရေလာက္ေအာင္႐ွား ခဲ့ပါတယ္။
အိမ္မွာလုပ္တဲ့ မုန္႔ပဲသားေရစာလည္း႐ွိေသးတယ္။ရာသီအလိုက္ထြက္တဲ့ စိမ္းစားဥ၊ကန္စြန္းဥ၊ေျပာင္းဖူးျပဳတ္၊ ပဲျမစ္ျပဳတ္၊ေျမပဲျပဳတ္၊ပဲစင္းငုံျပဳတ္နဲ႔ ထန္းပင္ျမစ္ဖုတ္တို႔က ကြၽန္ေတာ္တို႔အတြက္ ရာသီစာသားေရစာေတြပါပဲ။ အခြံမႏႊာဘဲေလွာ္ထားတဲ့ ကုလားပဲေလွာ္တို႔ ။ပဲတီစိမ္းကို ထန္ညက္ရည္နဲ႔က်ိဳထားတဲ့ စားစရာ၊ဂ်ံဳေစ့ကို က်ိဳထားတဲ့ ဂ်ံဳယိုတို႔က ကြၽန္ေတာ္တို႔ကို အာဟာရေကာင္းေကာင္းေပးတဲ့ မုန္႔ပဲသေရစာေတြပါပဲ။
အခုေတာ့ ကြၽန္ေတာ္တို႔ရဲ႕ ရင္ေသြးေတြကေတာ့ ရန္ကုန္ၿမိဳ႕ႀကီးရဲ႕ သေရစာေတြျဖစ္တဲ့ ေလေဖာင္းမုန္႔ေတြရဲ႕ ဆြဲေဆာင္မႈမွာ လိုက္ပါစီးေမ်ာေနၾကေလရဲ႕။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ေရႊစင္ဝင္း (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com