အက်ရှင်မင်းသားကြီး အာနိုး ရက်စက်ကြမ်းကြုတ်သော ဖခင်နှင့်အတူ အသက် ၁၉ နှစ်အရွယ်အထိ နေထိုင်ခဲ့သော သြစထရီးယားနိုင်ငံမှ ရေမရှိမီးမရှိသော ကလေးဘဝနေအိမ်
အက်ရှင်မင်းသားကြီး အာနိုး ရက်စက်ကြမ်းကြုတ်သော ဖခင်နှင့်အတူ အသက် ၁၉ နှစ်အရွယ်အထိ နေထိုင်ခဲ့သော သြစထရီးယားနိုင်ငံမှ ရေမရှိမီးမရှိသော ကလေးဘဝနေအိမ် - Property News in Myanmar from iMyanmarHouse.com
19 Jun 2023 11:41 am တွင် တင်ခဲ့သည်
1019 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော်အက်ရှင်ကြယ်ပွင့် အာနိုးရှဝါဇနက်ဂါသည် ကာယဗလကစားသမားဘဝမှ ဟောလိဝုဒ် ရုပ်ရှင်မင်းသား ၊ ယင်းနောက် ကယ်လီဖိုးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူးဘဝများကို ဖြတ်သန်းခဲ့ပြီး ဘဝအစတွင် သြစထရီးယားနိုင်ငံ ၊ Styria ပြည်နယ် ၊ Thal ကျေးရွာ၌ ဘဝစတင်ခဲ့သည်။
Netflix တွင် ထုတ်လွှင့်ခဲ့သော Arnold အမည်ရှိ အပိုင်း ၃ ပိုင်းပါ Documentary တွင် အာနိုးက သူမွေးဖွား ကြီးပြင်းခဲ့သော ကျေးရွာမှ ကလေးဘဝအိမ်သို့ ပြန်လည်သွားရောက်ခဲ့ပုံ ၊ ရုပ်ရှင်မင်းသားဖြစ်လာရေးအတွက် ပထမဆုံးအိပ်မက်မက်ခဲ့သော အိပ်ခန်းနေရာတို့ကို ရိုက်ကူးပြသထားသည်။
အိမ်မှာ တစ်ထပ်အိမ်ဖြစ်ပြီး ဝန်းကျင်တွင် တောအုပ်များနှင့် ယာတောမြေများ ဝန်းပတ်ထားသည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့သော အဆိုပါ မှတ်တမ်းရုပ်ရှင်တွင် အာနိုးက ကျေးရွာလေးမှာ အမှန်တကယ်ပင် သာယာလှပကြောင်း ပြောကြားထားသည်။
သို့သော် ထိုအိမ်ကလေးသည် အာနိုးအတွက် ခက်ခဲကြမ်းတမ်းသည့် ကလေးဘဝကို ဖြတ်သန်းခဲ့ရသော နေရာဖြစ်ပြီး ရက်စက်ကြမ်းကြုတ်သောဖခင်က အာနိုးနှင့် အစ်ကိုဖြစ်သူတို့ကို ရက်ရက်စက်စက် ရိုက်နှက်လေ့ရှိသည်။
အာနိုး မွေးဖွားကြီးပြင်းခဲ့သော ရွာကလေးသည် သြစထရီးယားနိုင်ငံတွင် ဗီယန်နာပြီးလျှင် ဒုတိယအကြီးဆုံးမြို့ဖြစ်သော Graz ၏ အနောက်ဘက်တွင် တည်ရှိသည်။
(အာနိုးမွေးဖွားသော ရွာကလေး၏ တည်နေရာပြမြေပုံ။ ဓာတ်ပုံ- Google Maps)
အာနိုးမွေးဖွားသော Thal ရွာကလေးတွင် ၁၀ ရာစုနှစ်ကာလများမှ စတင်ပြီး လူတို့ ပထမဆုံး စတင်အခြေချ နေထိုင်ခဲ့ကြသည်။ ယနေ့ကာလတွင် ရွာကလေး၌ နေထိုင်သူ လူဦးရေ ၂၃၀၀ ခန့်ရှိသည်။
ရွာကလေးသည် Graz မြို့မှ မော်တော်ကားဖြင့် မိနစ် ၂၀ ခရီးခန့်ကွာဝေးသည်။
မှတ်တမ်းရုပ်ရှင်အတွင်း အာနိုးက ၁၉၆၁ ခုနှစ်တွင် မျက်စိပွင့်နားပွင့် အတွေ့အကြုံရရန် မြို့သို့ အလည်အပတ်သွားခဲ့ပုံကို ပြောပြခဲ့သည်။
မြို့တွင် ရောက်သောအခါ အာနိုးက သူ့ဘဝတွင် ရုပ်ရှင်ပိုစတာတစ်ခုကို ပထမဆုံးစတင်မြင်ဖူးခဲ့သည်။
အဆိုပါ ပိုစတာမှာ Reg Park ပါဝင်သရုပ်ဆောင်ထားသော ဟာကျူလီ ဇာတ်ကား၏ ပိုစတာဖြစ်သည်။
အာနိုးသည် ၁၉ ရာစုနှစ်က ဆောက်လုပ်ခဲ့သော နေအိမ်တွင် မွေးဖွားချိန် ၁၉၄၇ ခုနှစ်မှ စတင်ပြီး ၁၉၆၆ ခုနှစ်အထိ နေထိုင်ခဲ့သည်။ ၁၉၆၆ တွင် ကာလဗလ နယ်ပယ်တွင် အောင်မြင်မှုများရရန် ဇာတိမြေမှ ကျောခိုင်းခဲ့သည်။
(အာနိုး၏ ကလေးဘဝ နေအိမ်အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
အာနိုး၏ ကလေးဘဝနေအိမ်သည် ၁၈၀၀ ပြည့်လွန်ကာလများက ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
အာနိုးတို့ မိသားစုမှာ အပေါ်ထပ်တွင် နေထိုင်ပြီး သစ်တောစောင့်ကြီးမှာ အောက်ထပ်တွင် နေထိုင်ကြောင်း အာနိုးက ပြောသည်။ နေအိမ်အနီးတွင် ရဲတိုက်ကြီးတစ်ခုရှိပြီး ထိုရဲတိုက်ကြီးသည် အာနိုးတို့ ဆော့ကစားရာနေရာ ဖြစ်ခဲ့သည်။
(ကလေးဘဝနေအိမ်သို့ အာနိုး ပြန်လည် သွားရောက်ခဲ့ပုံ။ ဓာတ်ပုံ- Netflix)
ထိုအိမ်လေးကို ယခုအခါ အာနိုးရှဝါဇနက်ဂါ ပြတိုက်အဖြစ် ပြောင်းလဲထားသည်။
ထိုပြတိုက်ကို အာနိုး၏ ၆၄ နှစ်ပြည့်မွေးနေ့ဖြစ်သော ၂၀၁၁ ခုနှစ် ၊ ဇူလိုင်လအတွင်း ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
(အာနိုးကို ကလေးဘဝအိမ်မှ အိပ်ခန်းအတွင်း တွေ့ရပုံ။ ဓာတ်ပုံ- Netflix)
(အာနိုး၏ ကလေးဘဝအိပ်ခန်း။ ဓာတ်ပုံ- Shutterstock)
(ကလေးဘဝအိမ် မီးဖိုဆောင်။ ဓာတ်ပုံ- Shutterstock)
(အိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
(အိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
(အိမ်အပြင်ဘက်မှ ရုပ်တု။ ဓာတ်ပုံ- Shutterstock)
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Inside Arnold Schwarzenegger's childhood home in Austria where he lived with his 'tyrant' father without running water or electricity (businessinsider)
[Zawgyi]
(ကလေးဘဝ နေအိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
(အိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
(အိမ်တွင်းမြင်ကွင်း။ ဓာတ်ပုံ- Shutterstock)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...
ငှါးရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
သြစတေးလျတွင် ဝေးလံခေါင်သီသော ဒေသရှိ မြို့လေးတစ်မြို့က ဆရာဝန်တစ်ဦး ခေါ်ယူနေ၊ လစာ ဒေါ်လာ ၄၀၀၀၀၀ ကျော် ပေးမည့်အပြင် အိမ်လခမ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service