iMyanmarHouse ကုမ္ပဏီက မော်တော်ကားကြော်ငြာလုပ်ငန်းဖြစ်သော CarsDB ကို ဝယ်ယူလိုက်ပြီးနောက် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်း ကြော်ငြာလုပ်ငန်းစုဖြစ်လာ
iMyanmarHouse ကုမ္ပဏီက မော်တော်ကားကြော်ငြာလုပ်ငန်းဖြစ်သော CarsDB ကို ဝယ်ယူလိုက်ပြီးနောက် မြန်မာနိုင်ငံ၏ အကြီးမားဆုံး အွန်လိုင်း ကြော်ငြာလုပ်ငန်းစုဖြစ်လာ - Property News in Myanmar from iMyanmarHouse.com
17 Jun 2023 12:08 pm တွင် တင်ခဲ့သည်
17682 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
မြန်မာနိုင်ငံ၏ အကြီးမားဆုံး နံပါတ်တစ် အိမ်ခြံမြေ ဝက်ဘ်ဆိုက်ဖြစ်သော iMyanmarHouse သည် ထိပ်တန်း အွန်လိုင်း မော်တော်ကား ကြော်ငြာပလက်ဖောင်းဖြစ်သော CarsDB ကို ယခုတစ်ပတ်အတွင်း ဝယ်ယူလိုက်ကြောင်း သတင်းရရှိသည်။
ဤမဟာဗျူဟာမြောက်ခြေလှမ်းသည် အွန်လိုင်းကြော်ငြာနယ်ပယ်အတွက် ပဓာနကျသော နယ်ပယ် ၂ ခုကို ပေါင်းစည်းပေးလိုက်ခြင်းဖြစ်ပြီး iMyanmarHouse ကို မြန်မာနိုင်ငံ၏အကြီးမားဆုံးသော အွန်လိုင်းကြော်ငြာလုပ်ငန်းစု ဖြစ်လာစေမှာဖြစ်သည်။ အိမ်ခြံမြေနှင့် မော်တော်ယာဉ်ကဏ္ဍ ၂ ရပ်လုံးအတွက် ပိုမိုကျယ်ပြန့်သော ဝန်ဆောင်မှုများကိုလည်း ပေးအပ်နိုင်စေမှာဖြစ်သည်။
iMyanmarHouse ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးနေမင်းသူက “CarsDB ကို မြန်မာနိုင်ငံမှာ ခိုင်မာအားကောင်းတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် တည်ထောင်နိုင်ခဲ့တဲ့အတွက် CarsDB ၏ ယခင်တည်ထောင်သူများနှင့် ဦးဆောင်ခဲ့သူများကို ကျေးဇူးအထူးတင်ပါကြောင်း” ပြောကြားထားသည်။ ဆက်လက်ပြီး “iMyanmarHouse မိသားစုက CarsDB ကို လက်ခံကြိုဆိုခဲ့ရတဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဒီဝယ်ယူမှုဟာ မြန်မာနိုင်ငံမှာ အွန်လိုင်းကြော်ငြာလိုအပ်ချက်များအားလုံးအတွက် တစ်နေရာတည်းမှာရနိုင်မယ့် ဝန်ဆောင်မှုမျိုးပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ မူဝါဒနဲ့လည်းကိုက်ညီပါတယ်။ သဟဇာတလည်း ဖြစ်စေပါတယ်။ အိမ်ခြံမြေနယ်ပယ်မှာ ကျွန်တော်တို့ရဲ့ ကျွမ်းကျင်မှုတွေကို CarsDB ရဲ့မော်တော်ကားလောကမှာ အခိုင်အမာနေရာရထားမှုနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်အသုံးပြုသူတွေအတွက် ပြိုင်ဘက်ကင်းတဲ့ဝန်ဆောင်မှုတွေနဲ့ အဆင်ပြေလွယ်ကူချောမွေ့မှုတွေကို ပေးစွမ်းနိုင်လိမ့်မယ်ဆိုတာ ယုံကြည်ထားပါတယ်။”
iMyanmarHouse က ယခုဝယ်ယူမှုတွင် CarsDB နှင့် iMyanmarHouse ပလက်ဖောင်း ၂ ခုလုံးတွင်အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ပေးနိုင်ရန် ၊ အိမ်ခြံမြေနှင့် မော်တော်ကားကဏ္ဍများအကြား လွယ်ကူစွာ ကူးပြောင်းအသုံးပြုနိုင်ရန် ရည်ရွယ်ထားသည်။
CarsDB ကို iMyanmarHouse ၏ ဂေဟစနစ်တွင် ပေါင်းစည်းပေးခြင်းအားဖြင့် အသုံးပြုသူတို့သည် ပိုမိုကျယ်ပြန့်သည့် အွန်လိုင်းဈေးကွက်ရှာဖွေမှုများ ပြုလုပ်နိုင်မည်ဖြစ်ကာ အိမ်ခြံမြေ၊ မော်တော်ယာဉ်တို့နှင့် စပ်လျဉ်းသည့် လိုအပ်ချက်များကို ပလက်ဖောင်းတစ်ခုထဲမှ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။
CarsDB အတွက် လက်ငင်းဆောင်ရွက်မည့် အစီအစဉ်များတွင် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ဖို့နှင့် လုပ်ငန်းစဉ်များကို ချောမွေ့စေဖို့ ပလက်ဖောင်းနှစ်၂ ခုကြားတွင် ပေါင်းစပ်ညှိနှိုင်းမှုများ ပါဝင်သည်။
အသုံးပြုသူများအနေဖြင့် ပိုမိုကောင်းမွန်သည့် User interface ၊ အဆင့်မြှင့်တင်ထားသော ရှာဖွေရေးစွမ်းပကားများ ၊ မော်တော်ကားရှာဖွေခြင်း ၊ ဝယ်ယူခြင်းတို့တွင် ပိုမိုနှစ်သက်ဖွယ်ရာနှင့် ပိုမိုထိရောက်စေရန်အတွက် အဆင့်မြှင့်ထားသော Feature များ ရရှိစေမည်ဖြစ်သည်။
လက်ငင်းအဆင့်မြှင့်တင်ရေး အစီအစဉ်များအပြင် iMyanmarHouse တွင် CarsDB အတွက် ရည်မှန်းချက်ကြီးမားသော ရေရှည်စီမံကိန်းများလည်းရှိပါသည်။
အရောင်းကိုယ်စားလှယ်များ ၊ တစ်ဦးချင်းရောင်းချသူများ ၊ မော်တော်ယာဉ်ဝန်ဆောင်မှုပေးသူများနှင့် မဟာဗျူဟာမြောက် မိတ်ဖက်ပူးပေါင်းမှုများ ပြုလုပ်ခြင်းဖြင့် ပလက်ဖောင်း၏ လက်လှမ်းမီမှုကို ချဲ့ထွင်ရန် iMyanmarHouse က မျှော်မှန်းထားသည်။
မော်တော်ကားလောကအတွင်း ဆက်ဆံရေးများကို ပိုမိုခိုင်မာအားကောင်းစေခြင်းအားဖြင့် CarsDB သည် မော်တော်ယာဉ်လိုအပ်ချက်အားလုံးအတွက် ယုံကြည်စိတ်ချရသော ဈေးကွက်ကြီးတစ်ခု ဖော်ဆောင်ပေးကာ ဝယ်သူရောင်းသူ နှစ်ဘက်စလုံး လွယ်ကူမြန်ဆန်စွာအသုံးပြုနိုင်သော ပလက်ဖောင်းဖြစ်လာစေရန် ရည်ရွယ်ထားသည်။
ထို့အပြင် iMyanmarHouse သည် CarsDB ကို လူပိုသိလာစေရန်နှင့် အသုံးပြုသူ ပိုမိုများပြားလာစေရန် အတွက် ကြီးမားကျယ်ပြန့်သော ဈေးကွက်ရှာဖွေရေးနှင့် အရောင်းမြှင့်တင်ရေး ကဏ္ဍများတွင် ငွေကြေးအလုံးအရင်းဖြင့် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်။ မားကက်တင်းကမ်ပိန်းများ ၊ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် မြန်မာနိုင်ငံရှိ မော်တော်ကားကြော်ငြာကဏ္ဍတွင် လူတိုင်းသိသည့် အမည်တစ်ခုဖြစ်လာစေရန် ကြိုးပမ်းသွားမည် ဖြစ်သည်။
iMyanmarHouse က CarsDB ကို ဝယ်ယူလိုက်ခြင်းသည် မြန်မာနိုင်ငံ၏ အွန်လိုင်းကြော်ငြာနယ်ပယ်တွင် စိတ်လှုပ်ရှားဖွယ်ရာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပြီဖြစ်သည်။ လုပ်ငန်း ၂ ခု၏ အားသာချက်များနှင့် စွမ်းအင်အရင်းအမြစ်များကို ပေါင်းစည်းခြင်းအားဖြင့် iMyanmarHouse နှင့် CarsDB တို့သည် အိမ်ခြံမြေနှင့် မော်တော်ယာဉ်ဆိုင်ရာ လိုအပ်ချက်များအတွက် ပြိုင်ဖက်ကင်းသောဝန်ဆောင်မှုများနှင့် အဆင်ပြေချောမွေ့မှုများကို ပေးစွမ်းသွားမှာဖြစ်သည်။
“ဒီလုပ်ငန်းနှစ်ခုရဲ့ ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းအားအတွက် အထူးပင် စိတ်လှုပ်ရှားမိပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ ကားဈေးကွက်တို့အတွက် ထူးခြားဆန်းကျယ်တဲ့ ဝန်ဆောင်မှုတွေ ပေးပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်အောင် အမြဲတစေ ကြိုးစားသွားမှာဖြစ်ပါတယ်။ အိမ်ခြံမြေနဲ့ ကားကဏ္ဍတို့အပြင် တခြားသော အွန်လိုင်းလုပ်ငန်းများကိုလည်း တိုးချဲ့လုပ်ကိုင်သွားမှာဖြစ်ပါတယ်” ဟု ဦးနေမင်းသူက ဖြည့်စွက် ပြောကြားခဲ့သည်။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service