ဟာဝိုင်အီမှ ရုပ်ရှင်များ ရိုက်ကူးရာ ၂၇၂၁ ဧကကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ်

ဟာဝိုင်အီမှ ရုပ်ရှင်များ ရိုက်ကူးရာ ၂၇၂၁ ဧကကျယ်ဝန်းသော မွေးမြူရေးခြံကြီး ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်းဖြင့် အရောင်းအဝယ်ဖြစ် - Property News in Myanmar from iMyanmarHouse.com
16 Jun 2023 10:42 am တွင် တင်ခဲ့သည်
576 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

တည်နေရာ-ဟာဝိုင်အီ ၊ Oahu ကျွန်း

ဈေးနှုန်း- ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်း

ဆောက်လုပ်သည့်ခုနှစ်- ၁၉၁၃

အသေးစိတ်- စံအိမ်အကျယ် ၃၀၀၀ စတုရန်းပေ ၊ အိပ်ခန်း ၈ ခန်း ၊ ဧည့်ဂေဟာအိမ် ၂ လုံး

ခြံအကျယ်- ၂၇၂၁ ဧက မွေးမြူရေးခြံနှင့် ၁၈ ဒသမ ၈ ဧကအကျယ် ပင်လယ်ကမ်းခြေမြေကွက် ဟာဝိုင်အီရှိ နာမည်အကြီးဆုံး ရုပ်ရှင်ရိုက်ကွင်းနေရာများအနက် တစ်ခုဖြစ်သော Dillingham မွေးမြူရေးခြံကြီး ရောင်းထွက်သွားသည်။

၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလက ပထမဆုံး အရောင်းဈေးကွက်ဝင်ခဲ့ပြီး ထိုစဉ်က ကန်ဒေါ်လာ ၄၅ သန်း ဈေးခေါ်ခဲ့သည်။

ဧက ၂၇၂၁ ကျယ်ဝန်းသော နွားမွေးမြူရေးခြံကြီးအပြင် ဟာဝိုင်အီ ပိုလိုကလပ် အခြေစိုက်ရာ ၁၈ ဒသမ ၈ ဧကကျယ်သော ပင်လယ်ကမ်းခြေ ပိုလိုကွင်းတစ်ခုလည်း ပါဝင်သည်။

ယခုအခါ ထိုခြံကြီးကို Hawai’I Life အိမ်ခြံမြေကုမ္ပဏီမှ တဆင့် ကန်ဒေါ်လာ ၃၆ ဒသမ ၅ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။

ဝယ်ယူသောသူမှာ ရင်းနှီးမြှပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော Nolan Capital ၏ ဥက္ကဌ ပီတာ ဂျေ နိုလန် ဖြစ်သည်။

မွေးမြူရေးခြံ တည်နေရာမှာ Oahu ကျွန်း၏ မြောက်ဘက်ကမ်းခြေတွင် တည်ရှိပြီး ပင်လယ်ကမ်းခြေနှင့် ၁၁၂၅ ပေ ထိစပ်မှုရှိကာ ကမ္ဘာအကျော်ကြားဆုံး ရေလွှာလျှောစီး ကမ်းခြေနေရာများကို တွေ့မြင်နိုင်သည့် မြင်ကွင်းများ ပိုင်ဆိုင်ထားသည်။ ဝယ်ယူသွားသူ နိုလန်က ဤခြံကြီးကို မွေးမြူရေးခြံအဖြစ်သာ ဆက်လက်ထိန်းသိမ်းထားရန် ရည်ရွယ်သည်ဟု ဆိုသည်။

၁၈၈၀ ပြည့်လွန်ကာလများက ဤခြံကြီးမှာ စပါးစိုက်သောနေရာဖြစ်ခဲ့ပြီး ၁၈၉၇ ခုနှစ်တွင် Oahu မီးရထားနှင့် မြေယာကုမ္ပဏီတည်ထောင်သူ ဘင်ဂျမင် ဖရန်ကလင် ဒီလင်ဟန်က ဝယ်ယူခဲ့သည်။

ထိုကာလက အဝီစိတွင်း ၁၂ တွင်း ပါဝင်ခဲ့ပြီး စပါးစိုက်ပျိုးရေးနှင့် နေထိုင်သူတို့အတွက် အသုံးပြုခဲ့သည်။

ထိုအရာများမှာ ယနေ့တိုင်နေရှိနေဆဲ ဖြစ်သည်။

ဘင်ဂျမင်၏ သားကြီး ဝေါတာဖရန့်စစ်က ၁၉၀၀ ပြည့်လွန်အစောပိုင်းကာလများတွင် နွေရာသီအပန်းဖြေရာ နေရာအဖြစ် အသုံးပြုခဲ့သည်။

တိုးပွားများပြားလာသော မိသားစုအတွက် ဝေါတာက စတုရန်းပေ ၃၀၀၀ ကျယ်ဝန်းသော စံအိမ်တစ်လုံးကို ၁၉၁၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး Dillingham Lodge ဟု အမည်ပေးခဲ့သည်။

စံအိမ်အတွင်း အိပ်ခန်း ၈ ခန်း ၊ မီးလင်းဖို ၁ ခုပါ ညစာစားခန်း ၊ သစ်မာသားကြမ်းခင်း ၊ ထုတ်တန်းဖော် မျက်နှာကြက်များ ၊ ပြင်သစ်တံခါးများနှင့် စတုရန်းပေ ၇၀၀ ကျယ်ဝန်းသော မီးဖိုဆောင်တို့ ပါဝင်သည်။

ခြံဝန်းကြီးအတွင်း ပိုလိုကွင်းများ ၊ နွားကောင်ရေ ၇၀၀ မွေးမြူရေးခြံ ၊ ဟာဝိုင်အီ၏ အကြီးမားဆုံးသော အုန်းခြံ ၊ မိုင်ပေါင်းများစွာ ရှည်လျားသော လူသွားလမ်းများ ၊ ကြီးမားသော ရေကန်ကြီး ၊ မျက်စိတဆုံး အလွန်တရာ ကျယ်ပြောလှသော မြက်ခင်းပြင်များ ၊ များပြားလှသော ပွဲလမ်းကျင်းပရာ နေရာများ ပါဝင်သည်။

ဤခြံကြီးသို့ အမေရိကန်ဗိုလ်ချုပ်ကြီး ဂျော့အက်စ် ပက်တန်နှင့် ရုပ်ရှင်မင်းသမီး အီဗာဂါဗောတို့ကဲ့သို့ အထင်ကရ ရှိသူများ လာရောက်လည်ပတ်ခဲ့ဖူးသည့်အပြင် ယခုအင်္ဂလန်ပြည့်ရှင် ချားလ်စ်ဘုရင်သည်လည်း ဝေလမင်းသားဘဝက ဤခြံကြီးတွင် ပိုလိုလာရောက်ကစားခဲ့ဖူးသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။ 

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Ref: Hawaii’s Historic and Oft-Filmed Dillingham Ranch Sells for $36.5 Million (Dirt)

[Zawgyi]

ဟာဝိုင္အီမွ ရုပ္ရွင္မ်ား ရိုက္ကူးရာ ၂၇၂၁ ဧကက်ယ္ဝန္းေသာ ေမြးျမဴေရးျခံၾကီး ကန္ေဒၚလာ ၃၆ ဒသမ ၅ သန္းျဖင့္ အေရာင္းအဝယ္ျဖစ္

တည္ေနရာ-ဟာဝိုင္အီ ၊ Oahu ကၽြန္း

ေစ်းႏႈန္း- ကန္ေဒၚလာ ၃၆ ဒသမ ၅ သန္း

ေဆာက္လုပ္သည့္ခုႏွစ္- ၁၉၁၃

အေသးစိတ္- စံအိမ္အက်ယ္ ၃၀၀၀ စတုရန္းေပ ၊ အိပ္ခန္း ၈ ခန္း ၊ ဧည့္ေဂဟာအိမ္ ၂ လံုး

ျခံအက်ယ္- ၂၇၂၁ ဧက ေမြးျမဴေရးျခံႏွင့္ ၁၈ ဒသမ ၈ ဧကအက်ယ္ ပင္လယ္ကမ္းေျခေျမကြက္ ဟာဝိုင္အီရွိ နာမည္အၾကီးဆံုး ရုပ္ရွင္ရုိက္ကြင္းေနရာမ်ားအနက္ တစ္ခုျဖစ္ေသာ Dillingham ေမြးျမဴေရးျခံၾကီး ေရာင္းထြက္သြားသည္။

၂၀၂၀ ျပည့္ႏွစ္ ၊ ေအာက္တိုဘာလက ပထမဆံုး အေရာင္းေစ်းကြက္ဝင္ခဲ့ျပီး ထိုစဥ္က ကန္ေဒၚလာ ၄၅ သန္း ေစ်းေခၚခဲ့သည္။

ဧက ၂၇၂၁ က်ယ္ဝန္းေသာ ႏြားေမြးျမဴေရးျခံၾကီးအျပင္ ဟာဝိုင္အီ ပိုလိုကလပ္ အေျခစိုက္ရာ ၁၈ ဒသမ ၈ ဧကက်ယ္ေသာ ပင္လယ္ကမ္းေျခ ပိုလိုကြင္းတစ္ခုလည္း ပါဝင္သည္။

ယခုအခါ ထိုျခံၾကီးကို Hawai’I Life အိမ္ျခံေျမကုမၸဏီမွ တဆင့္ ကန္ေဒၚလာ ၃၆ ဒသမ ၅ သန္းျဖင့္ ေရာင္းခ်လိုက္ျခင္း ျဖစ္သည္။

ဝယ္ယူေသာသူမွာ ရင္းႏွီးျမွပ္ႏွံမႈ ကုမၸဏီတစ္ခုျဖစ္ေသာ Nolan Capital ၏ ဥကၠဌ ပီတာ ေဂ် ႏိုလန္ ျဖစ္သည္။

ေမြးျမဴေရးျခံ တည္ေနရာမွာ Oahu ကၽြန္း၏ ေျမာက္ဘက္ကမ္းေျခတြင္ တည္ရွိျပီး ပင္လယ္ကမ္းေျခႏွင့္ ၁၁၂၅ ေပ ထိစပ္မႈရွိကာ ကမၻာအေက်ာ္ၾကားဆံုး ေရလႊာေလွ်ာစီး ကမ္းေျခေနရာမ်ားကို ေတြ႔ျမင္ႏိုင္သည့္ ျမင္ကြင္းမ်ား ပိုင္ဆိုင္ထားသည္။ ဝယ္ယူသြားသူ ႏိုလန္က ဤျခံၾကီးကို ေမြးျမဴေရးျခံအျဖစ္သာ ဆက္လက္ထိန္းသိမ္းထားရန္ ရည္ရြယ္သည္ဟု ဆိုသည္။

၁၈၈၀ ျပည့္လြန္ကာလမ်ားက ဤျခံၾကီးမွာ စပါးစိုက္ေသာေနရာျဖစ္ခဲ့ျပီး ၁၈၉၇ ခုႏွစ္တြင္ Oahu မီးရထားႏွင့္ ေျမယာကုမၸဏီတည္ေထာင္သူ ဘင္ဂ်မင္ ဖရန္ကလင္ ဒီလင္ဟန္က ဝယ္ယူခဲ့သည္။

ထိုကာလက အဝီစိတြင္း ၁၂ တြင္း ပါဝင္ခဲ့ျပီး စပါးစိုက္ပ်ဳိးေရးႏွင့္ ေနထုိင္သူတို႔အတြက္ အသံုးျပဳခဲ့သည္။

ထုိအရာမ်ားမွာ ယေန႔တုိင္ေနရွိေနဆဲ ျဖစ္သည္။

ဘင္ဂ်မင္၏ သားၾကီး ေဝါတာဖရန္႔စစ္က ၁၉၀၀ ျပည့္လြန္အေစာပိုင္းကာလမ်ားတြင္ ေႏြရာသီအပန္းေျဖရာ ေနရာအျဖစ္ အသံုးျပဳခဲ့သည္။

တိုးပြားမ်ားျပားလာေသာ မိသားစုအတြက္ ေဝါတာက စတုရန္းေပ ၃၀၀၀ က်ယ္ဝန္းေသာ စံအိမ္တစ္လံုးကို ၁၉၁၃ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျပီး Dillingham Lodge ဟု အမည္ေပးခဲ့သည္။

စံအိမ္အတြင္း အိပ္ခန္း ၈ ခန္း ၊ မီးလင္းဖို ၁ ခုပါ ညစာစားခန္း ၊ သစ္မာသားၾကမ္းခင္း ၊ ထုတ္တန္းေဖာ္ မ်က္ႏွာၾကက္မ်ား ၊ ျပင္သစ္တံခါးမ်ားႏွင့္ စတုရန္းေပ ၇၀၀ က်ယ္ဝန္းေသာ မီးဖိုေဆာင္တုိ႔ ပါဝင္သည္။

ျခံဝန္းၾကီးအတြင္း ပိုလုိကြင္းမ်ား ၊ ႏြားေကာင္ေရ ၇၀၀ ေမြးျမဴေရးျခံ ၊ ဟာဝိုင္အီ၏ အၾကီးမားဆံုးေသာ အုန္းျခံ ၊ မိုင္ေပါင္းမ်ားစြာ ရွည္လ်ားေသာ လူသြားလမ္းမ်ား ၊ ၾကီးမားေသာ ေရကန္ၾကီး ၊ မ်က္စိတဆံုး အလြန္တရာ က်ယ္ေျပာလွေသာ ျမက္ခင္းျပင္မ်ား ၊ မ်ားျပားလွေသာ ပြဲလမ္းက်င္းပရာ ေနရာမ်ား ပါဝင္သည္။

ဤျခံၾကီးသို႔ အေမရိကန္ဗိုလ္ခ်ဳပ္ၾကီး ေဂ်ာ့အက္စ္ ပက္တန္ႏွင့္ ရုပ္ရွင္မင္းသမီး အီဗာဂါေဗာတုိ႔ကဲ့သုိ႔ အထင္ကရ ရွိသူမ်ား လာေရာက္လည္ပတ္ခဲ့ဖူးသည့္အျပင္ ယခုအဂၤလန္ျပည့္ရွင္ ခ်ားလ္စ္ဘုရင္သည္လည္း ေဝလမင္းသားဘဝက ဤျခံၾကီးတြင္ ပိုလိုလာေရာက္ကစားခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Ref: Hawaii’s Historic and Oft-Filmed Dillingham Ranch Sells for $36.5 Million (Dirt)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
တူရကီတွင် နေအိမ်တစ်လုံးအောက်၌ ရွှေဒင်္ဂါးပြားများ အပြည့်ပါသော ရွှေအိုးကြီးတစ်လုံး တူးဖော်တွေ့ရှိ
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
မလေးရှားတွင် လူမှုကွန်ရက် influencer မိန်းကလေးတစ်ဦးက ငွေအိတ်လိုက် သယ်ယူလာကာ ရွှေ ၉ ပိဿာကျော် ကြွားလုံးထုတ် ဝယ်ယူပြခဲ့သည်
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service