ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Poison ၏ ရှေ့ထွက်အဆိုတော် Bret Michaels လော့စ်အိန်ဂျလိမြို့စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ
ဟဲဗီးမက်တယ်ဂီတအဖွဲ့ကြီး Poison ၏ ရှေ့ထွက်အဆိုတော် Bret Michaels လော့စ်အိန်ဂျလိမြို့စံအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချ - Property News in Myanmar from iMyanmarHouse.com
16 Jun 2023 9:55 am တွင် တင်ခဲ့သည်
675 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
(Poison ဘာလဲ)
Poison သည် အမေရိကန် မက်တယ်အဖွဲ့ကြီးဖြစ်ပြီး ၁၉၈၃ ခုနှစ်တွင် ဖွဲ့စည်းခဲ့သည်။
ရှေ့ထွက်အဆိုတော် ဘရက် မိုက်ကယ် (Bret Michaels) ၊ ဒရမ်မာ ရစ်ကီ ရော့ကက် ၊ ဘေ့စ်ဂစ်တာနှင့် ပီယာနို ဘော့ဘီဒဲ ၊ လိဒ်ဂစ်တာသမား စီစီ ဒီဗီးလ်တို့ဖြင့် ဖွဲ့စည်းထားသည်။
၁၉၈၀ ပြည့်လွန်အလယ်ပိုင်းကာလများမှ ၁၉၉၀ ပြည့်လွန်အလယ်ပိုင်းကာလများအထိ စီးပွားရေးအရ များစွာ အောင်မြင်ခဲ့သည်။
အမေရိကန်တွင် တေးအယ်လ်ဘမ်ချပ်ရေ ၁၈ သန်းရောင်းချခဲ့ရပြီး ကမ္ဘာတစ်ဝန်းတွင် ချပ်ရေ ၅၅ သန်းကျော် ရောင်းချထားရပြီး ဖြစ်သည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
Life Goes on - ဖိုးကျော် ..အချစ်သီချင်းများ မပြီးဆုံးမီ
Nothing but a good time - စည်သူလွင်…အမှားအယွင်း (ညအပြင်းစား စီးရီးမှ)
Every rose has its thorn - ထွဏ်းထွဏ်း..သိုးဝင်တံခါးအကြောင်း(အလင်းတွေ့ချိန် စီးရီးမှ)
Poor boys blues - သျှီ..မှတ်မိသေးရဲ့လား (အမှတ်အသားများ စီးရီးမှ)
(ဘရက်မိုက်ကယ်က လော့စ်အိန်ဂျလိနေအိမ်ကို ရောင်းချ)
ရော့ခ်ကြယ်ပွင့် ဘရက်မိုက်ကယ်သည် လော့စ်အိန်ဂျလိမှ နေအိမ်ကို ရောင်းချလိုက်ပြီ ဖြစ်သည်။
Poison အဖွဲ့၏ ရှေးထွက်အဆိုတော် မိုက်ကယ်သည် လော့စ်အိန်ဂျလိမြို့ ၊ ကာလာဘာဆက်အရပ်မှ နေအိမ်ကို ဒေါ်လာ ၆ ဒသမ ၂၅ သန်းဖြင့် ရောင်းချလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ်အတွင်း ရင်းနှီးမြှပ်နှံမှုအနေဖြင့် ဝယ်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်မွမ်းမံမှုအတွက် မည်မျှ ထပ်မံသုံးစွဲခဲ့သည်ကိုမူ မသိရချေ။
သို့သော် နေအိမ်တန်ဖိုး ဒေါ်လာ ၄ ဒသမ ၈ သန်းအောက်သာ ပေးခဲ့ရရာ သူ့အနေဖြင့် အမြတ်ရဖွယ်ရှိသည်။
(ဓာတ်ပုံ- Jordan Cohen)
စံအိမ်အကျယ် ၅၉၅၀ စတုရန်းပေရှိပြီး လော့စ်အိန်ဂျလိ၏ ရှုခင်းများ ၊ ဂေါက်ကွင်းများနှင့် အနီးရှိ တောင်တန်းတို့၏ ရှုမျှော်ခင်းများ ပိုင်ဆိုင်ထားရာ ယခုဈေးနှုန်းမှာ များစွာတန်သည်ဟု ဆိုနိုင်သည်။
(ဓာတ်ပုံ- Jordan Cohen)
စံအိမ်တွင် ရေကူးကန် ၊ Spa နှင့် ရှုခင်းကြည့်နေရာတို့ ပါဝင်သည်။
စံအိမ်အတွင်း ဘိလိယက်ခန်းနှင့် အားကစားလေ့ကျင့်ခန်းမတို့လည်း ရှိသည်။
(ဓာတ်ပုံ- Jordan Cohen)
ယခုစံအိမ်ကို ဈေးကွက်ပြင်ပ အရောင်းအဝယ်ဖြင့် ရောင်းထွက်ခဲ့ခြင်း ဖြစ်သည်။ (မှတ်ချက်။ ဈေးကွက်ပြင်ပ အရောင်းအဝယ်ဆိုသည်မှာ အိမ်ရောင်းမည်ဟု တရားဝင်ကြော်ငြာကာ အရောင်းဈေးကွက်မတင်ဘဲ ရောင်းထွက်သွားခြင်းမျိုး ဖြစ်သည်။)
ယခု အရောင်းအဝယ်တွင် အကျိုးဆောင် Jordan Cohen က ရောင်းသူဝယ်သူနှစ်ဖက်လုံးကို ကိုယ်စားပြုခဲ့သည်။
ဘရက်မိုက်ကယ်သည် ပြီးခဲ့သောလကလည်း လော့စ်အိန်ဂျလိမြို့ ၊ Westlake Village အရပ်ရှိ စံအိမ်တစ်လုံးကို ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ဝယ်ယူခဲ့ပြီး ထိုအရောင်းအဝယ်တွင်လည်း Jordan Cohen က နှစ်ဘက်လုံးကို ကိုယ်စားပြုခဲ့သည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: UNLOADS CALABASAS PAD FOR $6.25 MIL!!! (TMZ)
[Zawgyi]
(Poison ဘာလဲ)
(ဓာတ်ပုံ- Jordan Cohen)
(ဓာတ်ပုံ- Jordan Cohen)
(ဓာတ်ပုံ- Jordan Cohen)
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
ဂျပန်အမျိုးသားတစ်ဦးက စိတ်ဖိစီးမှု ဖြေဖျောက်ရန်ဟုဆိုကာ နေအိမ်ပေါင်း ၁၀၀၀ ကျော်ကို ကျူးကျော်ဝင်ရောက်ခဲ့မှု ရဲတပ်ဖွဲ့ အံ့သြ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နှစ်ဘက်အကျအဆုံးများမည့် နှင်းဆီ စီးခြင်းထိုးပွဲ (သို့မဟုတ်) ဘရက်ပစ်က ဇနီးဟောင်း အင်ဂျလီနာဂျိုလီကို ပြင်သစ်က ဧက ၁၀၀၀ စပျစ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service