ဗဟုသုတ | Posted by ရွှေစင်ဝင်း
[Unicode]
ထန်းလျက်က ချိုသော်လည်း
နွေကျောင်းပိတ်ရင် ကျွန်တော်ရွာကို ပြန်တတ်တယ်။ရွာဆိုတာ ဖေဖေ့ဇာတိ မွေးရပ်၊ထီးလှိုင်ရှင်လို့ခေါ်တဲ့ ကျန်စစ်သားမွေးဖွားရာ ပရိမ္မရွာကြီးကိုပေါ့။
ပရိမ္မမှာ လယ်ယာလုပ်ငန်းအပြင် ထန်းလုပ်ငန်းပါလုပ်ကိုင်ကြပါတယ်။ ထန်းတောင်သူတွေပေါ့။ လယ်ကန်သင်းတွေနဲ့ လယ်ကွင်းတွေထဲမှာ ထန်းပင်တွေစိုက်ထားခဲ့ရာကနေ ထန်းပိုင်တွေဖြစ်လာကြပုံ ရပါတယ်။
ပုံမှန်ဆိုရင် လယ်ယာပိုင်ရှင်တွေဟာ တစ်ဦးနဲ့တစ်ဦး ကိုယ်ပိုင်ဆိုင်ရာ မြေကွက်တွေကို ကန်သင်းရိုးတွေမြှင့်ပြီး ပိုင်းခြားတတ်ကြပါတယ်။တစ်ခါတစ်ရံ ကန်သင်းရိုးတွေမြင့်လွန်းလို့ လှည်းတောင် မောင်းလို့မရကြဘူးမို့လား။ ရွာမှာတော့ တစ်ခင်းနဲ့တစ်ခင်း ကန်သင်းရိုးအမြင့်တွေမရှိတော့ စိုက်ခင်းမရှိတဲ့အချိန်မှာ တစ်ယောက်ယာခင်း တစ်ယောက် လှည်းတွေဖြတ်မောင်းလို့ရကြပါတယ်။
အဲဒီမှာတော့ ကန်သင်းရိုးကို အမြင့်ကြီးမထားဘဲ ကန်သင်းရိုးလို့သတ်မှတ်ထားတဲ့ နေရာတစ်လျှောက်ကို ထန်းပင်တွေကို စိုက်ထားကြတော့ ထန်းပင်တန်းဟာ ကန်သင်းရိုးဖြစ်သွားတာပေါ့။ဒီလိုစိုက်ရင်းနဲ့ လယ်ရှင် ယာရှင်တွေဟာ ထန်းပင်တွေကို ရာနဲ့ချီပြီး ပိုင်ဆိုင်လာကြတဲ့ ထန်းတောင်သူတွေဖြစ်လာပါတော့တယ်။
ပရိမ္မပတ်ဝန်းကျင်မှာ ထန်းပင်တွေဆိုတာဟာ လက်ညှိုးထိုးလို့ မလွဲအောင်ကိုပေါပါတယ်။ထန်းပင်တွေပိုင်ဆိုင်မှု များလာတဲ့ တောင်သူတွေဟာ လယ်ယာလုပ်ရင်းနဲ့ ထန်းလုပ်ငန်းပါ တွဲပြီးလုပ်ကိုင်ခဲ့ကြပါတယ်။
ပရိမ္မကထန်းတောင်သူတွေဟာ ထန်းပင်တွေပိုင်ဆိုင်ကြပေမယ့် ထန်းလျက်ချက်တာကိုတော့ ကိုယ်တိုင်လုပ်တာ မတွေ့ရသလိုပါပဲ။ထန်းလုပ်သားတွေခေါ်ပြီးတော့မှ လုပ်ကိုင်ကြပါတယ်။ ထန်းလုပ်သား အတော်များများကလည်း ချင်းတွင်းမြစ် အနောက်ဘက်ခြမ်းကနေ လာရောက်လုပ်ကိုင်ကြတာများပါတယ်။
ထန်းကြောင့်ပဲ ကျွန်တော်ဆိုတဲ့ကောင် ဖြစ်လာတယ်ဆိုရင်လည်းမမှားပါဘူး။ ချင်းတွင်းမြစ်အနောက်ဘက် ရေစကြိုနယ် သံပြာချောင်းရွာက ကျွန်တော့်အမေဖြစ်လာမယ့် ထန်းလုပ်သားမိသားစုတွေဟာ ချင်းတွင်းမြစ် အရှေ့ဘက်ခြမ်း ပရိမ္မရွာကြီးကို ထန်းလုပ်ငန်း လုပ်ကိုင်ဖို့ လာရောက်ကြရင်းနဲ့ ရွာခံဖြစ်တဲ့ ကျွန်တော့်ဖခင်နဲ့ အကြောင်းပါပြီး ကျွန်တော်ဆိုတာဖြစ်လာတာပါ။
ထန်းလျက်ဟာချိုပါတယ်။ဒါပေမဲ့ ထန်းလုပ်သားတွေရဲ့ ဘဝကတော့ ထန်းလျက်ရဲ့ အရသာနဲ့ ဆန့်ကျင်ဘက်လို့ ပြောရမယ့် ခါးသက်တဲ့ဘဝတွေလို့ပဲ ပြောရမယ်ထင်ပါတယ်။
အမေ့ဘက်က ဆွေမျိုးတွေဟာလည်း ထန်းတောင်သူတွေပါပဲ။ကိုယ့်ထန်းကို ကိုယ်တိုင်တက်ခဲ့ကြတဲ့ သူတွေဖြစ်လို့ ထန်းကိုင်တာနဲ့ ထန်းလျက်ချက် အတွေ့အကြုံရှိကြတဲ့သူတွေပါ။ နောက်ပိုင်းတော့ သူတစ်ပါးရဲ့ ထန်းကိုလုပ်ကိုင်လာရတဲ့ အခြေအနေတွေဖြစ်ကုန်ပါတယ်။
ထန်းကိုင်တယ်၊ထန်းပြင်တယ်ဆိုတာက ထန်းရည်ယူဖို့ဖြစ်နိုင်တဲ့ ထန်းပင်တွေကို ပြုပြင်ရတာကို ခေါ်ပါတယ်။ အပင်ဟောင်းတွေမှာရှိတဲ့ ရင်းဆွဲတွေကို ပြုပြင်သင့်တာတွေ ပြုပြင်ရပါတယ်။ အသစ်လဲသင့်တာတွေ လဲရပါတယ်။
ထန်းရွက်ထန်းလက်တွေကို ခုတ်သင့်တာခုတ်၊ချန်သင့်တာချန်လုပ်ရပါတယ်။ခုတ်ထားတဲ့ ထန်းရွက်နဲ့ ထန်းလက်တွေ ဟာလည်း အလကားဖြစ်သွားတယ် မရှိပါဘူး။ထန်းခလက်တဲအမိုး မိုးဖို့နဲ့ မြူအိုးတွေကို အပူပေးတဲ့အခါမှာလည်း ထန်းရွက်တွေကို မီးရှို့ပြီး အပူပေးပါတယ်။
အောက်ဆုံးသုံးဆင့်လောက်က ထန်းရွက်နဲ့ ထန်းလက်တွေခုတ်ပြီး နင်းဖို့ရာအတွက် ထန်းဖက်ခွဆိုတာကို ချန်ထားရသေးတယ်။
ထန်းဖက်ခွဆိုတာက ထန်းလက်ရဲ့အဆုံးပိုင်းက ကလေးငယ်တစ်ယောက် မိခင်ကို ခါးထစ်ခွ ခွသလို ထန်းပင်ကိုခွထားတာကို အစွဲပြုခေါ်တာထင်ပါရဲ့။ထန်းပင်ရဲ့ အစိတ်အပိုင်းတွေဆိုတာ ပစ်ရတယ်မရှိပါဘူး။ အကုန်အသုံးဝင်တဲ့ အရာတွေချည်းပါပဲ။
ထန်းစစ်ဖက်လိုအရာတောင် အသုံးဝင်ပါတယ်။ ထန်းစစ်ဖက်ဆိုတာက ထန်းလက်ရဲ့ အရင်နဲ့ ပင်စည်ရဲ့ကြားက မည်းတဲ့ အမျှင်တွေရစ်ဖွဲ့ထားတဲ့ အရာလေးပါ။ ဆန်ခါ(ဇဂါ)လိုဖြစ်နေတဲ့ အစိတ်အပိုင်း ဖြစ်နေတာကြောင့် အဲလိုခေါ်ပုံရပါတယ်။ထန်းနို့ချောင်းကထွက်လာတဲ့ ထန်းရည်ကို ခံတဲ့အခါမှာ တချို့ထန်းသမားတွေဟာ မြူအိုးထိပ်မှာ အဲဒီထန်းစစ်ဖက်တွေကို ခံကြတာလည်းတွေ့ဖူးတယ်။ထန်းစစ်ဖက်ကို တံမြက်စည်းလုပ်ပြီးလည်း သုံးကြသေးတယ်။ ထိုင်ပြီးလှဲတဲ့ တံမြက်စည်းမျိုးပါ။
ခုတ်ထားတဲ့ ထန်းလက်တွေက အကြောတွေကိုလည်း ခွာထားရတယ်။တောင်းရက် ပလုံးရက်လုပ်တတ်တဲ့ ထန်းသမားက ထန်းနားချိန်နဲ့ ထန်းအားချိန်တွေမှာ ထန်းခေါက်တောင်းတွေ ရက်လုပ်ကြတယ်။ သေချာရက်လုပ်ထားတဲ့ ထန်းခေါက်တောင်းတွေဟာဆိုရင် အလွန်ကို သပ်ရပ်ခိုင်ခံ့ပါတယ်။
ထန်းနို့ချောင်းတွေကတော့ ထန်းပင်တစ်ပင်လုံးရဲ့ အခရာပါပဲ။ထန်းနို့ချောင်းတွေ ကြီးမားရင့်ထော်ပြီးပြန့်ကား မသွားခင် ထန်းနို့ချောင်းတွေကို ဖုံးအုပ်ထားတဲ့ အကာကို အရင်ခွာရပါတယ်။ပြီးရင် ထန်းနို့ချောင်းတွေကို ပြုပြင်ဖို့ သစ်သားချောင်းနှစ်ချောင်းကို ကွမ်းညှပ်လိုလုပ်ထားတဲ့ ထန်းညှပ်နဲ့ ထန်းနို့ချောင်းတစ်လျှောက်ကို ခပ်ဖွဖွလေးလိုက် ဖိညှပ်ပေးရပါတယ်။ ဒါမှထန်းရည်ကောင်းကောင်း ထွက်ပါတယ်။ထန်းဖူးရွက်နုလေးနဲ့ ထန်းနို့ချောင်းတွေကို စုပြီးပတ်ချည် ပေးရပါတယ်။နောက်မှ ထန်းနို့ချောင်းတွေရဲ့ထိပ်ကို ကြက်သွန်နီပါးပါး လှီးသလို နည်းနည်းလောက်လှီးပေး လိုက်ရင် ထန်းနို့ချောင်းကနေ ထန်းရည်လိုက်လာပါတယ်။မြူအိုးနဲ့ခံရုံပေါ့။
အမြင့်ကိုတက်တဲ့အခါမှာ ပြေပြေလေးတက်ရတဲ့ အိမ်လှေကားကိုတောင် လေးငါးထပ်တက်ရရင် လူက သိပ်မဟုတ်ချင်တော့ဘူး။ နှစ်ကြိမ်သုံးကြိမ်တက်ရမယ်ဆိုရင် အဆင်မပြေချင်တော့ဘူး။လက်ကနေ တစ်ခုခုများဆွဲတက်ရရင် စိတ်က သိပ်မရှည်တော့ဘူး ဖြစ်တတ်တယ်။
ထန်းသမားဆိုတာ မြင့်မားမတ်စောက်တဲ့ ထန်းပင်ကြီးတွေကိုသာတက်ရတာပါ။ ထန်းပင်တက်တဲ့အခါ ခြေလွတ်လက်လွတ် တက်ရတာလည်း မဟုတ်ပါဘူး။ အနည်းဆုံးမြူအိုး သုံးလေးလုံးရယ်၊ထန်းလှီးဓားရယ်နဲ့ ဝါးတစ်ရိုက်ရှိတဲ့ ရင်းထောင်ကြီးကို ထမ်းမပြီး တစ်ပင်ကနေ တစ်ပင်သွားပြီး ထန်းလှီးကြရတာပါ။ မနက်တစ်ကြိမ် ညနေတစ်ကြိမ် ထန်းလှီးဖို့ ထန်းပင်တက်ကြရပါတယ်။ရင်းထောင်ကို ကိုင်ပြီးမှတက်သလို ထန်းပင်ကို ကိုင်ပြီးတက်ရတဲ့ ထန်းသမားရဲ့ လက်ဖဝါးနဲ့ ခြေဖဝါးတွေဟာ အသားမာတွေနဲ့ မာကြောပြန့်ကား နေတတ်ပါတယ်။ထန်းတက်သမားတွေရဲ့ လက်ဖဝါးခြေဖဝါးတွေကို ကြည့်တာနဲ့ ထန်းတက်တဲ့သူဆိုတာ ပြောနိုင်လောက်အောင် အခြားသူတွေနဲ့ ကွဲပြားပါတယ်။နေ့တိုင်းဒီထန်းပင်နဲ့ ဒီလှေကားကို ဖက်တက် နင်းတက် လုပ်နေရတော့ သူတို့ရဲ့ ခြေဖဝါးလက်ဖဝါးတွေဟာ အခြားသူတွေနဲ့ လုံးဝမတူတော့ပါဘူး။
တက်ရတဲ့ ထန်းပင်အရေအတွက်လည်းကြည့်ပါဦး။လေး ငါး ဆယ်ပင်မဟုတ်ပါဘူး။တချို့များ ထန်းပင်တွေဟာ တစ်ရင်းတက်ထက်များပါတယ်။ ထန်းတစ်ရင်းတက်ကို အပင်ငါးဆယ်ရှိပါတယ်။အချို့ပိုင်ရှင်တွေများ ရာနဲ့ချီပြီးပိုင်ကြတော့ တက်ရတဲ့ ထန်းသမားအတွက် ထန်းလျက်ကသာချိုတာ ဘဝတွေက ခါးပါတယ်။ မိသားစုငါးယောက်ရှိရင် ငါးယောက်လုံး အကုန်လုပ်ရပါတယ်။
မေမေ့ဘက်က ကျွန်တော်တို့အမျိုးတွေဟာဆိုရင် ထန်းပင်ပေါ်ကကျပြီးသေတာနဲ့ ခြေထောက်ရိုးတွေ ပေါင်ရိုးတွေ ဖြတ်ပြီးပြန်ဆက်ရတာနဲ့ တင်ပါးဆုံကြီး စောင်းသွားတာနဲ့ မသေရင်တောင် အကောင်းရှိတာ နည်းပါတယ်။
အခုတော့ ချင်းတွင်းမြစ်အရှေ့ခြမ်းကဆွေမျိုးတွေရော မြစ်အနောက်ခြမ်းက ဆွေမျိုးတွေပါ ထန်းအလုပ်ကို ဆက်ခံလုပ်ကိုင်ကြမယ့် မျိုးဆက်တွေမရှိကြတော့သလောက်ပါပဲ။ချင်းတွင်းမြစ်အနောက်ခြမ်းက အမျိုးတွေ သနပ်ခါးခြံတွေစိုက်ပျိုးထားကြတယ်။ထန်းပင်တွေရှိသေးပေမယ့် ဆက်ခံတဲ့မျိုးဆက်ပြတ်သွားတော့ ထန်းလျက်စားချင်ရင် ဝယ်မှ စားရတဲ့ဘဝ ရောက်သွားပါပြီ။
တချို့ဆို ထန်းတစ်ပင်ကို ငွေကျပ်သုံးလေးသောင်းလောက်နဲ့ အပင်လိုက်ရောင်းလိုက်ကြတယ်ကြားရပါတယ်။ သိပ်နှမြောဖို့ကောင်းပါတယ်။ထန်းပင်ကနေ တန်ဖိုးမြင့် လူ့အသုံးအဆောင် ပစ္စည်းတွေထုတ်လုပ်နိုင်ရင် ဘယ်လောက်ကောင်းလိုက်လေမလဲဆိုတဲ့ အတွေးကလည်း ထန်းပင်တွေကို နှမြောစိတ်နဲ့ အတူဖြစ်ခဲ့ပေမယ့် ကျွန်တော်ကရော ဘာများတတ်နိုင်ဦးမှာလည်းလို့သာ ပြောနိုင်ပါတော့တယ်။
အရင်က သန့်ရှင်းတဲ့ ထန်းလျက်ချိုချိုလေးစားချင်လို့ အညာကဆွေမျိုးတွေဆီမှာလိုက်ရုံပါပဲ။ အခုရန်ကုန်မှာ ဝယ်စားနေရတဲ့ ထန်းလျက်ဆိုတဲ့ အရာတွေက သဲတွေပါနေသလို ကြမ်းရှရှကြီးလည်း ဖြစ်လို့နေပါရောလားဗျာ။ ထန်းနဲ့ပတ်သက်လို့ ရေးစရာတွေကများသားကလား။ဒါပေမဲ့ အခုတော့ဒါလောက်ပါပဲ။အကြောင်းသင့်လို့ ရေးဖို့ဖြစ်ခဲ့ရင်လည်း ရေးကြသေးတာပေါ့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဇော်ပိုင်ဦး (မြန်မာပြည်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၃၀)
ထန္းလ်က္က ခ်ိဳေသာ္လည္း
ေႏြေက်ာင္းပိတ္ရင္ ကြၽန္ေတာ္႐ြာကို ျပန္တတ္တယ္။႐ြာဆိုတာ ေဖေဖ့ဇာတိ ေမြးရပ္၊ထီးလိႈင္႐ွင္လို႔ေခၚတဲ့ က်န္စစ္သားေမြးဖြားရာ ပရိမၼ႐ြာႀကီးကိုေပါ့။
ပရိမၼမွာ လယ္ယာလုပ္ငန္းအျပင္ ထန္းလုပ္ငန္းပါလုပ္ကိုင္ၾကပါတယ္။ ထန္းေတာင္သူေတြေပါ့။ လယ္ကန္သင္းေတြနဲ႔ လယ္ကြင္းေတြထဲမွာ ထန္းပင္ေတြစိုက္ထားခဲ့ရာကေန ထန္းပိုင္ေတြျဖစ္လာၾကပုံ ရပါတယ္။
ပုံမွန္ဆိုရင္ လယ္ယာပိုင္႐ွင္ေတြဟာ တစ္ဦးနဲ႔တစ္ဦး ကိုယ္ပိုင္ဆိုင္ရာ ေျမကြက္ေတြကို ကန္သင္း႐ိုးေတြျမႇင့္ၿပီး ပိုင္းျခားတတ္ၾကပါတယ္။တစ္ခါတစ္ရံ ကန္သင္း႐ိုးေတြျမင့္လြန္းလို႔ လွည္းေတာင္ ေမာင္းလို႔မရၾကဘူးမို႔လား။ ႐ြာမွာေတာ့ တစ္ခင္းနဲ႔တစ္ခင္း ကန္သင္း႐ိုးအျမင့္ေတြမ႐ွိေတာ့ စိုက္ခင္းမ႐ွိတဲ့အခ်ိန္မွာ တစ္ေယာက္ယာခင္း တစ္ေယာက္ လွည္းေတြျဖတ္ေမာင္းလို႔ရၾကပါတယ္။
အဲဒီမွာေတာ့ ကန္သင္း႐ိုးကို အျမင့္ႀကီးမထားဘဲ ကန္သင္း႐ိုးလို႔သတ္မွတ္ထားတဲ့ ေနရာတစ္ေလွ်ာက္ကို ထန္းပင္ေတြကို စိုက္ထားၾကေတာ့ ထန္းပင္တန္းဟာ ကန္သင္း႐ိုးျဖစ္သြားတာေပါ့။ဒီလိုစိုက္ရင္းနဲ႔ လယ္႐ွင္ ယာ႐ွင္ေတြဟာ ထန္းပင္ေတြကို ရာနဲ႔ခ်ီၿပီး ပိုင္ဆိုင္လာၾကတဲ့ ထန္းေတာင္သူေတြျဖစ္လာပါေတာ့တယ္။
ပရိမၼပတ္ဝန္းက်င္မွာ ထန္းပင္ေတြဆိုတာဟာ လက္ညိႇဳးထိုးလို႔ မလြဲေအာင္ကိုေပါပါတယ္။ထန္းပင္ေတြပိုင္ဆိုင္မႈ မ်ားလာတဲ့ ေတာင္သူေတြဟာ လယ္ယာလုပ္ရင္းနဲ႔ ထန္းလုပ္ငန္းပါ တြဲၿပီးလုပ္ကိုင္ခဲ့ၾကပါတယ္။
ပရိမၼကထန္းေတာင္သူေတြဟာ ထန္းပင္ေတြပိုင္ဆိုင္ၾကေပမယ့္ ထန္းလ်က္ခ်က္တာကိုေတာ့ ကိုယ္တိုင္လုပ္တာ မေတြ႕ရသလိုပါပဲ။ထန္းလုပ္သားေတြေခၚၿပီးေတာ့မွ လုပ္ကိုင္ၾကပါတယ္။ ထန္းလုပ္သား အေတာ္မ်ားမ်ားကလည္း ခ်င္းတြင္းျမစ္ အေနာက္ဘက္ျခမ္းကေန လာေရာက္လုပ္ကိုင္ၾကတာမ်ားပါတယ္။
ထန္းေၾကာင့္ပဲ ကြၽန္ေတာ္ဆိုတဲ့ေကာင္ ျဖစ္လာတယ္ဆိုရင္လည္းမမွားပါဘူး။ ခ်င္းတြင္းျမစ္အေနာက္ဘက္ ေရစႀကိဳနယ္ သံျပာေခ်ာင္း႐ြာက ကြၽန္ေတာ္႕အေမျဖစ္လာမယ့္ ထန္းလုပ္သားမိသားစုေတြဟာ ခ်င္းတြင္းျမစ္ အေ႐ွ႕ဘက္ျခမ္း ပရိမၼ႐ြာႀကီးကို ထန္းလုပ္ငန္း လုပ္ကိုင္ဖို႔ လာေရာက္ၾကရင္းနဲ႔ ႐ြာခံျဖစ္တဲ့ ကြၽန္ေတာ့္ဖခင္နဲ႔ အေၾကာင္းပါၿပီး ကြၽန္ေတာ္ဆိုတာျဖစ္လာတာပါ။
ထန္းလ်က္ဟာခ်ိဳပါတယ္။ဒါေပမဲ့ ထန္းလုပ္သားေတြရဲ႕ ဘဝကေတာ့ ထန္းလ်က္ရဲ႕ အရသာနဲ႔ ဆန္႔က်င္ဘက္လို႔ ေျပာရမယ့္ ခါးသက္တဲ့ဘဝေတြလို႔ပဲ ေျပာရမယ္ထင္ပါတယ္။
အေမ့ဘက္က ေဆြမ်ိဳးေတြဟာလည္း ထန္းေတာင္သူေတြပါပဲ။ကိုယ့္ထန္းကို ကိုယ္တိုင္တက္ခဲ့ၾကတဲ့ သူေတြျဖစ္လို႔ ထန္းကိုင္တာနဲ႔ ထန္းလ်က္ခ်က္ အေတြ႕အၾကဳံ႐ွိၾကတဲ့သူေတြပါ။ ေနာက္ပိုင္းေတာ့ သူတစ္ပါးရဲ႕ ထန္းကိုလုပ္ကိုင္လာရတဲ့ အေျခအေနေတြျဖစ္ကုန္ပါတယ္။
ထန္းကိုင္တယ္၊ထန္းျပင္တယ္ဆိုတာက ထန္းရည္ယူဖို႔ျဖစ္ႏိုင္တဲ့ ထန္းပင္ေတြကို ျပဳျပင္ရတာကို ေခၚပါတယ္။ အပင္ေဟာင္းေတြမွာ႐ွိတဲ့ ရင္းဆြဲေတြကို ျပဳျပင္သင့္တာေတြ ျပဳျပင္ရပါတယ္။ အသစ္လဲသင့္တာေတြ လဲရပါတယ္။
ထန္း႐ြက္ထန္းလက္ေတြကို ခုတ္သင့္တာခုတ္၊ခ်န္သင့္တာခ်န္လုပ္ရပါတယ္။ခုတ္ထားတဲ့ ထန္း႐ြက္နဲ႔ ထန္းလက္ေတြ ဟာလည္း အလကားျဖစ္သြားတယ္ မ႐ွိပါဘူး။ထန္းခလက္တဲအမိုး မိုးဖို႔နဲ႔ ျမဴအိုးေတြကို အပူေပးတဲ့အခါမွာလည္း ထန္း႐ြက္ေတြကို မီး႐ိႈ႕ၿပီး အပူေပးပါတယ္။
ေအာက္ဆုံးသုံးဆင့္ေလာက္က ထန္း႐ြက္နဲ႔ ထန္းလက္ေတြခုတ္ၿပီး နင္းဖို႔ရာအတြက္ ထန္းဖက္ခြဆိုတာကို ခ်န္ထားရေသးတယ္။
ထန္းဖက္ခြဆိုတာက ထန္းလက္ရဲ႕အဆုံးပိုင္းက ကေလးငယ္တစ္ေယာက္ မိခင္ကို ခါးထစ္ခြ ခြသလို ထန္းပင္ကိုခြထားတာကို အစြဲျပဳေခၚတာထင္ပါရဲ႕။ထန္းပင္ရဲ႕ အစိတ္အပိုင္းေတြဆိုတာ ပစ္ရတယ္မ႐ွိပါဘူး။ အကုန္အသုံးဝင္တဲ့ အရာေတြခ်ည္းပါပဲ။
ထန္းစစ္ဖက္လိုအရာေတာင္ အသုံးဝင္ပါတယ္။ ထန္းစစ္ဖက္ဆိုတာက ထန္းလက္ရဲ႕ အရင္နဲ႔ ပင္စည္ရဲ႕ၾကားက မည္းတဲ့ အမွ်င္ေတြရစ္ဖြဲ႕ထားတဲ့ အရာေလးပါ။ ဆန္ခါ(ဇဂါ)လိုျဖစ္ေနတဲ့ အစိတ္အပိုင္း ျဖစ္ေနတာေၾကာင့္ အဲလိုေခၚပုံရပါတယ္။ထန္းႏို႔ေခ်ာင္းကထြက္လာတဲ့ ထန္းရည္ကို ခံတဲ့အခါမွာ တခ်ိဳ႕ထန္းသမားေတြဟာ ျမဴအိုးထိပ္မွာ အဲဒီထန္းစစ္ဖက္ေတြကို ခံၾကတာလည္းေတြ႕ဖူးတယ္။ထန္းစစ္ဖက္ကို တံျမက္စည္းလုပ္ၿပီးလည္း သုံးၾကေသးတယ္။ ထိုင္ၿပီးလွဲတဲ့ တံျမက္စည္းမ်ိဳးပါ။
ခုတ္ထားတဲ့ ထန္းလက္ေတြက အေၾကာေတြကိုလည္း ခြာထားရတယ္။ေတာင္းရက္ ပလုံးရက္လုပ္တတ္တဲ့ ထန္းသမားက ထန္းနားခ်ိန္နဲ႔ ထန္းအားခ်ိန္ေတြမွာ ထန္းေခါက္ေတာင္းေတြ ရက္လုပ္ၾကတယ္။ ေသခ်ာရက္လုပ္ထားတဲ့ ထန္းေခါက္ေတာင္းေတြဟာဆိုရင္ အလြန္ကို သပ္ရပ္ခိုင္ခံ့ပါတယ္။
ထန္းႏို႔ေခ်ာင္းေတြကေတာ့ ထန္းပင္တစ္ပင္လုံးရဲ႕ အခရာပါပဲ။ထန္းႏို႔ေခ်ာင္းေတြ ႀကီးမားရင့္ေထာ္ၿပီးျပန္႔ကား မသြားခင္ ထန္းႏို႔ေခ်ာင္းေတြကို ဖုံးအုပ္ထားတဲ့ အကာကို အရင္ခြာရပါတယ္။ၿပီးရင္ ထန္းႏို႔ေခ်ာင္းေတြကို ျပဳျပင္ဖို႔ သစ္သားေခ်ာင္းႏွစ္ေခ်ာင္းကို ကြမ္းညႇပ္လိုလုပ္ထားတဲ့ ထန္းညႇပ္နဲ႔ ထန္းႏို႔ေခ်ာင္းတစ္ေလွ်ာက္ကို ခပ္ဖြဖြေလးလိုက္ ဖိညႇပ္ေပးရပါတယ္။ ဒါမွထန္းရည္ေကာင္းေကာင္း ထြက္ပါတယ္။ထန္းဖူး႐ြက္ႏုေလးနဲ႔ ထန္းႏို႔ေခ်ာင္းေတြကို စုၿပီးပတ္ခ်ည္ ေပးရပါတယ္။ေနာက္မွ ထန္းႏို႔ေခ်ာင္းေတြရဲ႕ထိပ္ကို ၾကက္သြန္နီပါးပါး လွီးသလို နည္းနည္းေလာက္လွီးေပး လိုက္ရင္ ထန္းႏို႔ေခ်ာင္းကေန ထန္းရည္လိုက္လာပါတယ္။ျမဴအိုးနဲ႔ခံ႐ုံေပါ့။
အျမင့္ကိုတက္တဲ့အခါမွာ ေျပေျပေလးတက္ရတဲ့ အိမ္ေလွကားကိုေတာင္ ေလးငါးထပ္တက္ရရင္ လူက သိပ္မဟုတ္ခ်င္ေတာ့ဘူး။ ႏွစ္ႀကိမ္သုံးႀကိမ္တက္ရမယ္ဆိုရင္ အဆင္မေျပခ်င္ေတာ့ဘူး။လက္ကေန တစ္ခုခုမ်ားဆြဲတက္ရရင္ စိတ္က သိပ္မ႐ွည္ေတာ့ဘူး ျဖစ္တတ္တယ္။
ထန္းသမားဆိုတာ ျမင့္မားမတ္ေစာက္တဲ့ ထန္းပင္ႀကီးေတြကိုသာတက္ရတာပါ။ ထန္းပင္တက္တဲ့အခါ ေျခလြတ္လက္လြတ္ တက္ရတာလည္း မဟုတ္ပါဘူး။ အနည္းဆုံးျမဴအိုး သုံးေလးလုံးရယ္၊ထန္းလွီးဓားရယ္နဲ႔ ဝါးတစ္႐ိုက္႐ွိတဲ့ ရင္းေထာင္ႀကီးကို ထမ္းမၿပီး တစ္ပင္ကေန တစ္ပင္သြားၿပီး ထန္းလွီးၾကရတာပါ။ မနက္တစ္ႀကိမ္ ညေနတစ္ႀကိမ္ ထန္းလွီးဖို႔ ထန္းပင္တက္ၾကရပါတယ္။ရင္းေထာင္ကို ကိုင္ၿပီးမွတက္သလို ထန္းပင္ကို ကိုင္ၿပီးတက္ရတဲ့ ထန္းသမားရဲ႕ လက္ဖဝါးနဲ႔ ေျခဖဝါးေတြဟာ အသားမာေတြနဲ႔ မာေၾကာျပန္႔ကား ေနတတ္ပါတယ္။ထန္းတက္သမားေတြရဲ႕ လက္ဖဝါးေျခဖဝါးေတြကို ၾကည့္တာနဲ႔ ထန္းတက္တဲ့သူဆိုတာ ေျပာႏိုင္ေလာက္ေအာင္ အျခားသူေတြနဲ႔ ကြဲျပားပါတယ္။ေန႔တိုင္းဒီထန္းပင္နဲ႔ ဒီေလွကားကို ဖက္တက္ နင္းတက္ လုပ္ေနရေတာ့ သူတို႔ရဲ႕ ေျခဖဝါးလက္ဖဝါးေတြဟာ အျခားသူေတြနဲ႔ လုံးဝမတူေတာ့ပါဘူး။
တက္ရတဲ့ ထန္းပင္အေရအတြက္လည္းၾကည့္ပါဦး။ေလး ငါး ဆယ္ပင္မဟုတ္ပါဘူး။တခ်ိဳ႕မ်ား ထန္းပင္ေတြဟာ တစ္ရင္းတက္ထက္မ်ားပါတယ္။ ထန္းတစ္ရင္းတက္ကို အပင္ငါးဆယ္႐ွိပါတယ္။အခ်ိဳ႕ပိုင္႐ွင္ေတြမ်ား ရာနဲ႔ခ်ီၿပီးပိုင္ၾကေတာ့ တက္ရတဲ့ ထန္းသမားအတြက္ ထန္းလ်က္ကသာခ်ိဳတာ ဘဝေတြက ခါးပါတယ္။ မိသားစုငါးေယာက္႐ွိရင္ ငါးေယာက္လုံး အကုန္လုပ္ရပါတယ္။
ေမေမ့ဘက္က ကြၽန္ေတာ္တို႔အမ်ိဳးေတြဟာဆိုရင္ ထန္းပင္ေပၚကက်ၿပီးေသတာနဲ႔ ေျခေထာက္႐ိုးေတြ ေပါင္႐ိုးေတြ ျဖတ္ၿပီးျပန္ဆက္ရတာနဲ႔ တင္ပါးဆုံႀကီး ေစာင္းသြားတာနဲ႔ မေသရင္ေတာင္ အေကာင္း႐ွိတာ နည္းပါတယ္။
အခုေတာ့ ခ်င္းတြင္းျမစ္အေ႐ွ႕ျခမ္းကေဆြမ်ိဳးေတြေရာ ျမစ္အေနာက္ျခမ္းက ေဆြမ်ိဳးေတြပါ ထန္းအလုပ္ကို ဆက္ခံလုပ္ကိုင္ၾကမယ့္ မ်ိဳးဆက္ေတြမ႐ွိၾကေတာ့သေလာက္ပါပဲ။ခ်င္းတြင္းျမစ္အေနာက္ျခမ္းက အမ်ိဳးေတြ သနပ္ခါးျခံေတြစိုက္ပ်ိဳးထားၾကတယ္။ထန္းပင္ေတြ႐ွိေသးေပမယ့္ ဆက္ခံတဲ့မ်ိဳးဆက္ျပတ္သြားေတာ့ ထန္းလ်က္စားခ်င္ရင္ ဝယ္မွ စားရတဲ့ဘဝ ေရာက္သြားပါၿပီ။
တခ်ိဳ႕ဆို ထန္းတစ္ပင္ကို ေငြက်ပ္သုံးေလးေသာင္းေလာက္နဲ႔ အပင္လိုက္ေရာင္းလိုက္ၾကတယ္ၾကားရပါတယ္။ သိပ္ႏွေျမာဖို႔ေကာင္းပါတယ္။ထန္းပင္ကေန တန္ဖိုးျမင့္ လူ႕အသုံးအေဆာင္ ပစၥည္းေတြထုတ္လုပ္ႏိုင္ရင္ ဘယ္ေလာက္ေကာင္းလိုက္ေလမလဲဆိုတဲ့ အေတြးကလည္း ထန္းပင္ေတြကို ႏွေျမာစိတ္နဲ႔ အတူျဖစ္ခဲ့ေပမယ့္ ကြၽန္ေတာ္ကေရာ ဘာမ်ားတတ္ႏိုင္ဦးမွာလည္းလို႔သာ ေျပာႏိုင္ပါေတာ့တယ္။
အရင္က သန္႔႐ွင္းတဲ့ ထန္းလ်က္ခ်ိဳခ်ိဳေလးစားခ်င္လို႔ အညာကေဆြမ်ိဳးေတြဆီမွာလိုက္႐ုံပါပဲ။ အခုရန္ကုန္မွာ ဝယ္စားေနရတဲ့ ထန္းလ်က္ဆိုတဲ့ အရာေတြက သဲေတြပါေနသလို ၾကမ္း႐ွ႐ွႀကီးလည္း ျဖစ္လို႔ေနပါေရာလားဗ်ာ။ ထန္းနဲ႔ပတ္သက္လို႔ ေရးစရာေတြကမ်ားသားကလား။ဒါေပမဲ့ အခုေတာ့ဒါေလာက္ပါပဲ။အေၾကာင္းသင့္လို႔ ေရးဖို႔ျဖစ္ခဲ့ရင္လည္း ေရးၾကေသးတာေပါ့။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ေဇာ္ပိုင္ဦး (ျမန္မာျပည္သား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com