ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့စံအိမ် ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့စံအိမ် ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
13 Jun 2023 10:05 am တွင် တင်ခဲ့သည်
367 ကြိမ် ကြည့်ရှု့ပြီး
[Unicode]
ကမ္ဘာကျော်အဆိုတော်ကြီး ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသော လော့စ်အိန်ဂျလိမြို့ ၊ မာလီဘူးကမ်းခြေအရပ်ရှိ စံအိမ် ကန်ဒေါ်လာ ၄၉ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာသည်။
အဆိုပါ စံအိမ်ကို ၁၉၅၀ ပြည့်လွန်ကာလများက ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ခဲ့ပြီး Wave House ဟု အမည်ပေးထားကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။
အိပ်ခန်း ၆ ခန်း ၊ ရေချိုးခန်း ၈ ခန်းပါဝင်သော စံအိမ်ကို Douglas Elliman အိမ်ခြံမြေ ကုမ္ပဏီမှ အကျိုးဆောင် Chris Cortazzo နှင့် Compass အိမ်ခြံမြေမှ အကျိုးဆောင် Zen Gesner တို့က အရောင်းဈေးကွက်တင်ပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ စံအိမ်ကို ယခင်က သစ်ဆိုင်ပိုင်ရှင်စုံတွဲ နေထိုင်ရန် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ဗြိတိသျှ ရော့ခ်ဂီတသမား ရော့ဒ်စတီးဝပ်နှင့် Warner Bros သစ်ထုတ်လုပ်ရေး၏ ပိုင်ရှင် Mo Ostin တို့ကဲ့သို့သော ပုဂ္ဂိုလ်များ ပိုင်ဆိုင်ခဲ့သည်။
Ostin သည် ပြီးခဲ့သောနှစ်တွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၉၅ နှစ်ရှိပြီ ဖြစ်သည်။
သူသည် ယခုစံအိမ်တွင် ၃၆ နှစ်ကြာ နေထိုင်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် ဈေးကွက်တင်ခဲ့ခြင်းဖြစ်ကြောင်း သားဖြစ်သူ Michael Ostin က ပြောသည်။
(စံအိမ်၏ ကောင်းကင်မြင်ကွင်း။ ဓာတ်ပုံ- Simon Berlyn)
(စံအိမ်ကို ရေလှိုင်းများသဖွယ် ဆောက်လုပ်ထားသည်။ ဓာတ်ပုံ- Simon Berlyn)
(ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့စဉ်ကာလအတွင်း ဤနေရာတွင် လက်ရန်းများ တပ်ဆင်ခဲ့သည်။ဓာတ်ပုံ- Simon Berlyn)
(ညဘက်လေညှင်းခံနိုင်မည့် လသာဆောင်။ ဓာတ်ပုံ- Simon Berlyn)
(နေအိမ်သို့ ဝင်ပေါက်တစ်ခု။ ဓာတ်ပုံ- Simon Berlyn)
(အလယ်တွင် မီးလင်းဖိုတစ်ခုပါသော ခေတ်မီသည့် နားနေ နေရာတစ်ခု။ ဓာတ်ပုံ- Simon Berlyn)
(ပင်လယ်ရှုမျှော်ခင်းများ ခံစားနိုင်မည့် ကြီးမားသော ပြတင်းပေါက်ကြီး။ ဓာတ်ပုံ- Simon Berlyn)
(စံအိမ်အကျယ်မှာ စတုရန်းပေ ၆၂၀၀ ခန့်ရှိသည်။ ဓာတ်ပုံ- Simon Berlyn)
ဤစံအိမ်ကို ယခင်က ရော့ဒ်စတီးဝပ် ပိုင်ဆိုင်ခဲ့ဖူးသည်။ 
(ရော့ဒ်စတီးဝပ် ဘာလဲ)
  ရော့ဒ်စတီးဝပ်သည် ကလေးဘဝက လန်ဒန်တွင် အချိန်ပိုင်း သုဘရာဇာလုပ်ခဲ့ဖူးသူဖြစ်၏။ သုဘရာဇာဘဝမှ ကမ္ဘာကိုသိမ်းပိုက်ခဲ့သူ ရော့ဒ်စတီးဝပ်၏ ဂီတသံစဉ်များစွာသည်လည်း မြန်မာနိုင်ငံ၏ မြို့တိုင်းတွင် ပျံ့လွင့်ခဲ့ဖူး၏။ သူ၏ သီချင်းများစွာကို မြန်မာအဆိုတော်တို့ ပြန်လည်သီဆိုအောင်မြင်ခဲ့ကြသည် မဟုတ်လော။
သူ၏ ဘဝဇာတ်ကြောင်းကို iMyanmarHouse.com ဝက်ဘ်ဆိုက်ကြီးတွင် လွန်ခဲ့သော ၆ နှစ်ခန့်က ရေးသားတင်ပြခဲ့ဖူးပါသည်။
သူ၏ဘဝအကြောင်းသိရှိလိုပါက
https://www.imyanmarhouse.com/news/read/497407
အင်တာနက်လင့်ခ်တွင် ပြန်လည်ဖတ်ရှုနိုင်ပါသည်။
(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)
ရော့ဒ်စတီးဝပ်၏ တေးသီချင်းများစွာကို မြန်မာနိုင်ငံတွင် စတီရီယိုဂီတခေတ်ဦးပိုင်းကတည်းက ပြန်လည်သီဆိုခဲ့မှုများရှိသည်။
မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုခဲ့မှုများအနက် အချို့ကို ဖော်ပြရလျှင်…. ရော့ဒ်စတီးဝပ်၏ The First Cuts is The Deepest ကို ပလေးဘွိုင်းသန်းနိုင်နှင့် ဇော်ဝင်းထွဋ်တို့က ပြန်လည်သီဆိုခဲ့ကြပြီး နှစ်ဦးလုံးက စီးကရက်မီးခိုးများဟူသောအမည်ဖြင့် သီဆိုခဲ့ကြခြင်း ဖြစ်သည်။
အဆိုပါ သီချင်းကိုပင် ကျော်ဟိန်းက ခဏလောက်ဝေးဝေးနေမယ်ဟူသော အမည်ဖြင့် မျက်ရည်ငှက်များနားစေသတည်း စီးရီးတွင် သီဆိုခဲ့သည်။
(ပလေးဘွိုင်းသန်းနိုင်၏ ပြန်လည်သီဆိုမှုများ)
Camoflage ကောင်းပါ့မလား
Passion ချစ်ရမ္မက်
Trouble ပြည်တော်ပြန် ပလေးဘွိုင်း
Infactuation ငါမှန်တယ်အချစ်ရေ
Do you think I'm sexy ဟေ့ကောင်မလေးဘယ်လိုလဲ (အဆိုပါသီချင်းကို တင့်တငိ့ထွန်းက ဖက်ရှင်ဟုလည်းကောင်း၊ နွဲ့ယဉ်ဝင်းက ချစ်ရင်ချစ်တယ်ပြောလိုက်ဟုလည်းကောင်း သီဆိုထားကြသေးသည်။)
When we were the new boys (ရင်ဂို) အရူးအမူး
This (ခရစ္စတိုဖာ ) ဇာတ်သိမ်းခန်းရဲ့နောက်ခံသီချင်း
(ကျော်ဟိန်း၏ ပြန်လည်သီဆိုမှုများ)
Ball trap မီးထဲကလူသား
You got a nerve ဆုံးဖြတ်ချက်သုညနံပါတ်( ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း ဇော်ဝင်းထွဋ်)
Pretty flamingo အပြစ်ရှိသူကကျွန်တော်ပါ (အဆိုပါသီချင်းကို တော်မီကျော်နိုင်နှင့် မာရဇ္ဇတို့လည်း သီဆိုခဲ့ကြပြီး ၂ ဦးလုံးက ကိုရုပ်ဆိုးဟူသောအမည်ဖြင့် သီဆိုခဲ့ကြသည်)
Sailing ပုလင်းပေါ်ကမြန်မာအက္ခရာ (ဇော်ဝင်းထွဋ်-ရွက်လွှင့်ခြင်း၊ စိုးပိုင်-ဘယ်မှာလဲချစ်သူ)
(ဇော်ဝင်းထွဋ်၏ ပြန်လည်သီဆိုမှုများ)
Human လူ
Sailing ရွက်လွှင့်ခြင်း
You got a nerve- ပင်လယ်ပြင်သင်္ဘောမှောက်ခြင်း
The First Cuts is The Deepest စီးကရက်မီးခိုးများ
People get ready အသစ်တဖန်
Ruby Tuesday လျှို့ဝှက်လွန်းတယ်
Tonight I am yours ညကဗျာ
Sweet surrender အချစ်ရဲ့အချိုရည်အားများ
Young turks ရန်များကို ကိုယ်ရှင်းမယ်
Is the thank I got အချစ်တဲ့လား
Forever young ရှင်သန်ရဲ
ထို့အပြင် ဇော်ဝင်းထွဋ်၏ ဂျစ်ပစီမိုးတိမ် တေးစီးရီး တစ်ခွေလုံးမှာ ရော့ဒ်စတီးဝပ်၏ သီချင်းများကို ပြန်လည်သီဆိုထားခြင်း ဖြစ်ရာ အောက်ပါအတိုင်းဖြစ်ပါသည်။
(၀၁) ငါ့ကို အတောင်ပံတွေပေး - Give Me Wings
(၀၂) အားလုံးမှားယွင်း - So Soon We Changed
(၀၃) ချစ်ရမ္မက် - Passion
(၀၄) နွံနစ်ခြင်း - Hot Legs
(၀၅) ဂျစ်ပစီမိုးတိမ် - I Was Only Joking
(၀၆) မင်းအခန်းမင်းပြန်ဦး - Oh God, I Wish I Was Home Tonight
(၀၇) အသည်းနှလုံးငြိမ်းချမ်းရေး - You're In My Heart
(၀၈) နေခဲ့ဦးလေ - Say It Ain't True
(၀၉) လိပ်ပြာ - Go Out Dancing
(၁၀) I Don't Wanna Talk About It
(၁၁) အသက်ရှင်ခြင်းရဲ့ အဘိဓမ္မာ - Gasoline Alley
(ရင်ဂို၏ ပြန်လည်သီဆိုမှုများ)
Blonde have more fun ရင်ဂို လူမိုက်အကြောင်း
Lost in you မင်းလောက်မချစ်ဘူး
Downtown train ဘဝရထား
Every beat of my heart (နော်မန်) အချစ်ဆိုသည်မှာ သစ္စာဖောက်ခြင်းမျှသာ
Baby jane အတိတ်တစ္ဆေ နော်လီဇာ(မင်းသား -နွဲ့ယဉ်ဝင်း)
To be with you (r ဇာနည်) မဝေးဘူး
ရော့ဒ်စတီးဝပ်၏ She Won`t Dance With Me အမည်ရှိ သီချင်းကို Rock n`Roll သင်္ကြန်တေးစီးရီးတွင် ကဲနေပြီ ဟူသောအမည်ဖြင့် သင်္ကြန်သီချင်းအဖြစ် သီဆိုထားမှုရှိသည်။
ကမ္ဘာကျော် အဆိုတော် ၃ ဦးဖြစ်သော ရော့ဒ်စတီးဝပ် (Rod stewart)၊ စတင်း (Sting) နှင့် ဘရိုင်ယန် အဒမ် ( Bryan Adams) တို့ ၃ ဉီးပေါင်းကာ The Three Musketeers ရုပ်ရှင်ဇာတ်ဝင်တေးအဖြစ် all for love အမည်ဖြင့် သီဆိုထားသော သီချင်းကို ဇော်ဝင်းထွဋ်၊ ဟယ်ရီလင်းနှင့် ရင်ဂိုတို့က အားလုံးအတွက်ဟူသော အမည်ဖြင့် ပြန်လည်သီဆိုထားသည်။
မိတ်ဆွေသည် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း (သို့) ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ သင်၏အိမ်ခြံမြေလုပ်ငန်း အထူးတလည် အောင်မြင်နိုင်စေရန်အတွက် ကူညီပံ့ပိုးပေးနိုင်ပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်နှင့် လက်တွဲ၍ အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်ပြီး မြန်မာနိုင်ငံတဝှမ်းလုံးတွင်အောင်မြင်နေသော အကျိုးဆောင် စုစုပေါင်း (၂၃၀၀) ကျော် နှင့် ဆောက်လုပ်ရေးလုပ်ငန်း စုစုပေါင်း (၇၀၀) ကျော်ရှိပါသည် ။ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ဝဘ်ဆိုက်ကို တစ်လလျှင် ပြည်တွင်းပြည်ပ မှ လူဦးရေ (၃.၈) သန်းကျော် ဝင်ရောက်အသုံးပြုနေပြီး မြန်မာတစ်နိုင်ငံလုံးတွင် နံပါတ်(၁) လူသုံးအများဆုံး အိမ်ခြံမြေရောင်းဝယ်ငှားဝဘ်ဆိုက် ဖြစ်ပါသည် ။ ရန်ကုန် ၊ မန္တလေး၊ ငွေဆောင်၊ ချောင်းသာ၊ တောင်ကြီး၊ ကလော၊ ပြင်ဦးလွင်၊ စစ်တွေ၊ မြဝတီ အစရှိသော မြန်မာတစ်နိုင်ငံလုံးတွင်ရှိသည့် အိမ်ခြံမြေစီမံကိန်းများကို ရောင်းချပေးနေပါသည်။ သင်၏ အကျိုးဆောင်လုပ်ငန်း (သို့မဟုတ်) ဆောက်လုပ်ရေးလုပ်ငန်းအောင်မြင်စေရန်အတွက် iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) နှင့် အခုပင်လျှင် ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည် ။ (Hot Line ဖုန်း : 09-252605671 ~ 5 )
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rod Stewart’s iconic former Wave House lists for $49.5M in Malibu (nypost)
[Zawgyi]
(ရော့ဒ်စတီးဝပ် ဘာလဲ)
Passion ချစ်ရမ္မက်
Ball trap မီးထဲကလူသား
Human လူ
(၀၃) ချစ်ရမ္မက် - Passion
Downtown train ဘဝရထား
နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ဒေါ်နယ်ထရမ့်သားကြီး ထရမ့်ဂျူနီယာ အချစ်သစ်တွေ့သည့် ကောလာဟလများကြောင့် ချစ်သူဖြစ်သော သံအမတ်ကြီး Kimberly Guilfoyle နှင့် လမ်းခွဲမည့် အခြေအနေ ဖြစ်ပေါ်နေ၊ ဖလော်ရီဒါမှ ဒေါ်လာ ၁၀ သန်းတန် စံအိမ်ကြီးကို ဘယ်သူရမလဲ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
ချောင်ယွန်ဖတ်က သူ၏ ဒေါ်လာ သန်း ၂၂၀ တန် စံအိမ်ကြီး ရောင်းမထွက်သောကြောင့် ၁၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ပေးလာ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
Home Alone ရုပ်ရှင်ဇာတ်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် မက်ကောလေးက ဇာတ်ကားရိုက်ကူးခဲ့သည့် အိမ်ကြီးကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ဝယ်ယူရန် စဉ်းစားနေ...
ရောင်းရန်ရှိသော အိမ်ခြံမြေများ
အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်က
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
မလေးရှားနိုင်ငံ၏ စတုတ္ထမြောက် အချမ်းသာဆုံးဘီလျံနာကြီး အာနန္ဒ ကရစ်ရှနန် ကွယ်လွန်၊ တစ်ဦးတည်းသော သားမှာ ထိုင်း-မြန်မာနယ်စပ်
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
ဆစ်ဒနီဆိပ်ကမ်းတွင် ပင်လယ်ရေမှာ သွေးနီရောင်သို့ ဆန်းကြယ်စွာ ပြောင်းလဲသွားရာ သြစတေးလျ နိုင်ငံသားများ ထိတ်လန့် တုန်လှုပ်နေက
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lil
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service