ဘုရားရှိခိုးထဲမှ ကျွန်တော်မသိသေးသော အချက်များ

ဘုရားရှိခိုးထဲမှ ကျွန်တော်မသိသေးသော အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2023 4:57 pm တွင် တင်ခဲ့သည်
947 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by ရွှေစင်ဝင်း

[Unicode]

 

ကျွန်တော် ညတုန်းက ဩကာသကန်တော့ချိုးကို ဘုရားရှိခိုး စာအုပ်တစ်အုပ်ကနေ ဖတ်မိသည်။ ဒုတိယအပိုဒ်ဖြစ်သည့် ဩကာသကန်တော့ရသော အကျိုးအားကြောင့်ဆိုသည့် အပိုဒ်တွင် အဆိုပါစာအုပ်၌ မိမိမသိသေးသည်များ ပါနေပါသည်။

သိထားသည်က အပါယ်လေးပါး၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ဝိပ္ပတ္တိတရားလေးပါး၊ဗျသနတရား ငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါးတို့မှ အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား၊ ဖိုလ်တရား နိဗ္ဗာန်ချမ်းသာ တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရားဆိုပြီး အဆုံးသတ်ထားတာကို သိသည်။

ယခုဖတ်မိသည့် ဘုရားရှိခိုးစာအုပ်တွင် အနာမျိုးကိုးဆယ့်ခြောက်ပါးပြီးနောက် ဆက်ပြီးပါသည်တို့က နှစ်ဆယ့်ငါးပါးသောဘေး၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊တဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါ၊ ဆယ်ပါးသောဒဏ်၊ ရှစ်ပါးသော အပြစ်တို့မှ၊ ဘဝဆက်တိုင်း ကင်းလွတ်ငြိမ်းသည်သာဖြစ်၍ အဆုံးစွန်သောဘဝ နောက်ကာလ၌ မဂ်တရား၊ဖိုလ်တရား၊နိဗ္ဗာန်တရားတော်မြတ်ကို လျင်မြန်စွာ မျက်မှောက်ပြုရပါလို၏ အရှင်ဘုရားဆိုပြီး ကျွန်တော်မသိသေးသည့် အချက်တွေပါနေသဖြင့် စိတ်ဝင်စားမိသည်။အဆိုပါ အချက်များပါဝင်သည့် ဘုရားရှိခိုးအတိုင်း ရွတ်ဆိုရှိခိုးသူလည်း ရှိကောင်းရှိပါလိမ့်မည်။

ကျွန်တော်သိထားသည့် အပါယ်လေးပါး၊ကပ်သုံးပါး၊ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ဝိပ္ပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါး၊ အနာမျိုးကိုးဆယ့်ခြောက်ပါးတို့ကို လူတိုင်းလည်းသိထားကြပါလိမ့်မည်။

ယခုဘုရားစာအုပ်တွင်ပါရှိသည့် ရှိခိုးရသော အကျိုးအားကြောင့်ထဲမှ မသိရသေးသော နှစ်ဆယ့်ငါးပါးသောဘေး၊ သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊တစ်ဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါ၊ ဆယ်ပါးသောဒဏ်၊ ရှစ်ပါးသော အပြစ်တို့မှ စသည့် အချက်များကို ဗဟုသုတ အလို့ငှာ ဖော်ပြပေးလိုက်ရပါသည်။

 

ဘေးနှစ်ဆယ့်ငါးပါး

၁။ရာဇဘယံ မင်းဘေး။

၂၊စောရဘယံ ခိုးသူဘေး။

၃။မနုဿဘယံ လူဘေး။

၄။အမနုဿဘယံ နတ်ဘီလူးဘေး။

၅။အဂ္ဂိဘယံ မီးဘေး။

၆။ဥဒကဘယံ ရေဘေး။

၇။ပိသာစဘယံ ဖုတ်,ပြိတ္တာ,တစ္ဆေ မြေဘုတ်ဘေး။

၈။ခါဏုကဘယံ သစ်ငုတ်ခလုတ်ဘေး။

၉။ကဏ္ဍကဘယံ ဆူးငြောင့်ဘေး။

၁၀။နက္ခတ္တဘယံ မကောင်းသော နက္ခတ်ဘေး။

၁၁။ဇနပဒရောဂဘယံ ဇနပုဒ်၌ဖြစ်သော အနာရောဂါဘေး။

၁၂။အသဒ္ဓမ္မဘယံ မသူတော်ဘေး။

၁၃။အသန္ဒိဋ္ဌိဘယံ အမြင်မှားသောဘေး။

၁၄။အသပ္ပုရိသဘယံ သူတော်မဟုတ် သူယုတ်တို့၏ဘေး။

၁၅။စဏ္ဍဟတ္ထိဘယံ ကြမ်းသောဆင်ဘေး။

၁၆။စဏ္ဍအဿဘယံ ကြမ်းသောမြင်းဘေး။

၁၇။စဏ္ဍဂေါဏဘယံ ကြမ်းသောနွားဘေး။

၁၈။စဏ္ဍကုက္ကူရဘယံ ကြမ်းသောခွေးဘေး။

၁၉။စဏ္ဍအဟိဘယံ ကြမ်းသောမြွေဘေး။

၂၀။စဏ္ဍဝိစ္ဆိကဘယံ ကြမ်းသောကင်းဘေး။

၂၁။စဏ္ဍဒီပိဘယံ ကြမ်းသောသစ်ဘေး။

၂၂။စဏ္ဍအစ္ဆဘယံ ကြမ်းသောဝံဘေး။

၂၃။စဏ္ဍတရစ္ဆဘယံ ကြမ်းသောအောင်းဘေး။

၂၄။စဏ္ဍသူကရဘယံ ကြမ်းသောဝက်ဘေး။

၂၅။စဏ္ဍမဟိံသဘယံ ကြမ်းသောကျွဲဘေး။

 

သုံးဆယ့်နှစ်ပါးသော ကံကြမ္မာ၊တစ်ဆယ့်ခြောက်ပါးသော ဥပဒ္ဒဝေါ၊ ဆယ်ပါးသောဒဏ်၊ ရှစ်ပါးသော အပြစ်တို့ကို ဆက်ပါဦးမည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

ဘုရား႐ွိခိုးထဲမွ ကြၽန္ေတာ္မသိေသးေသာ အခ်က္မ်ား

 

ကြၽန္ေတာ္ ညတုန္းက ဩကာသကန္ေတာ့ခ်ိဳးကို ဘုရား႐ွိခိုး စာအုပ္တစ္အုပ္ကေန ဖတ္မိသည္။ ဒုတိယအပိုဒ္ျဖစ္သည့္ ဩကာသကန္ေတာ့ရေသာ အက်ိဳးအားေၾကာင့္ဆိုသည့္ အပိုဒ္တြင္ အဆိုပါစာအုပ္၌ မိမိမသိေသးသည္မ်ား ပါေနပါသည္။

သိထားသည္က အပါယ္ေလးပါး၊ကပ္သုံးပါး၊ရပ္ျပစ္႐ွစ္ပါး၊ ရန္သူမ်ိဳးငါးပါး၊ဝိပၸတၱိတရားေလးပါး၊ဗ်သနတရား ငါးပါး၊ အနာမ်ိဳးကိုးဆယ့္ေျခာက္ပါးတို႔မွ အခါခပ္သိမ္း ကင္းလြတ္ၿငိမ္းသည္ျဖစ္၍ မဂ္တရား၊ ဖိုလ္တရား နိဗၺာန္ခ်မ္းသာ တရားေတာ္ျမတ္ကို ရပါလို၏ အ႐ွင္ဘုရားဆိုၿပီး အဆုံးသတ္ထားတာကို သိသည္။

ယခုဖတ္မိသည့္ ဘုရား႐ွိခိုးစာအုပ္တြင္ အနာမ်ိဳးကိုးဆယ့္ေျခာက္ပါးၿပီးေနာက္ ဆက္ၿပီးပါသည္တို႔က ႏွစ္ဆယ့္ငါးပါးေသာေဘး၊ သုံးဆယ့္ႏွစ္ပါးေသာ ကံၾကမၼာ၊တဆယ့္ေျခာက္ပါးေသာ ဥပဒၵေဝါ၊ ဆယ္ပါးေသာဒဏ္၊ ႐ွစ္ပါးေသာ အျပစ္တို႔မွ၊ ဘဝဆက္တိုင္း ကင္းလြတ္ၿငိမ္းသည္သာျဖစ္၍ အဆုံးစြန္ေသာဘဝ ေနာက္ကာလ၌ မဂ္တရား၊ဖိုလ္တရား၊နိဗၺာန္တရားေတာ္ျမတ္ကို လ်င္ျမန္စြာ မ်က္ေမွာက္ျပဳရပါလို၏ အ႐ွင္ဘုရားဆိုၿပီး ကြၽန္ေတာ္မသိေသးသည့္ အခ်က္ေတြပါေနသျဖင့္ စိတ္ဝင္စားမိသည္။အဆိုပါ အခ်က္မ်ားပါဝင္သည့္ ဘုရား႐ွိခိုးအတိုင္း ႐ြတ္ဆို႐ွိခိုးသူလည္း ႐ွိေကာင္း႐ွိပါလိမ့္မည္။

ကြၽန္ေတာ္သိထားသည့္ အပါယ္ေလးပါး၊ကပ္သုံးပါး၊ရပ္ျပစ္႐ွစ္ပါး၊ ရန္သူမ်ိဳးငါးပါး၊ဝိပၸတၱိတရားေလးပါး၊ ဗ်သနတရားငါးပါး၊ အနာမ်ိဳးကိုးဆယ့္ေျခာက္ပါးတို႔ကို လူတိုင္းလည္းသိထားၾကပါလိမ့္မည္။

ယခုဘုရားစာအုပ္တြင္ပါ႐ွိသည့္ ႐ွိခိုးရေသာ အက်ိဳးအားေၾကာင့္ထဲမွ မသိရေသးေသာ ႏွစ္ဆယ့္ငါးပါးေသာေဘး၊ သုံးဆယ့္ႏွစ္ပါးေသာ ကံၾကမၼာ၊တစ္ဆယ့္ေျခာက္ပါးေသာ ဥပဒၵေဝါ၊ ဆယ္ပါးေသာဒဏ္၊ ႐ွစ္ပါးေသာ အျပစ္တို႔မွ စသည့္ အခ်က္မ်ားကို ဗဟုသုတ အလို႔ငွာ ေဖာ္ျပေပးလိုက္ရပါသည္။

ေဘးႏွစ္ဆယ့္ငါးပါး

၁။ရာဇဘယံ မင္းေဘး။

၂၊ေစာရဘယံ ခိုးသူေဘး။

၃။မႏုႆဘယံ လူေဘး။

၄။အမႏုႆဘယံ နတ္ဘီလူးေဘး။

၅။အဂၢိဘယံ မီးေဘး။

၆။ဥဒကဘယံ ေရေဘး။

၇။ပိသာစဘယံ ဖုတ္,ၿပိတၱာ,တေစၧ ေျမဘုတ္ေဘး။

၈။ခါဏုကဘယံ သစ္ငုတ္ခလုတ္ေဘး။

၉။က႑ကဘယံ ဆူးေျငာင့္ေဘး။

၁၀။နကၡတၱဘယံ မေကာင္းေသာ နကၡတ္ေဘး။

၁၁။ဇနပဒေရာဂဘယံ ဇနပုဒ္၌ျဖစ္ေသာ အနာေရာဂါေဘး။

၁၂။အသဒၶမၼဘယံ မသူေတာ္ေဘး။

၁၃။အသႏၵိ႒ိဘယံ အျမင္မွားေသာေဘး။

၁၄။အသပၸဳရိသဘယံ သူေတာ္မဟုတ္ သူယုတ္တို႔၏ေဘး။

၁၅။စ႑ဟတၳိဘယံ ၾကမ္းေသာဆင္ေဘး။

၁၆။စ႑အႆဘယံ ၾကမ္းေသာျမင္းေဘး။

၁၇။စ႑ေဂါဏဘယံ ၾကမ္းေသာႏြားေဘး။

၁၈။စ႑ကုကၠဴရဘယံ ၾကမ္းေသာေခြးေဘး။

၁၉။စ႑အဟိဘယံ ၾကမ္းေသာေႁမြေဘး။

၂၀။စ႑ဝိစၧိကဘယံ ၾကမ္းေသာကင္းေဘး။

၂၁။စ႑ဒီပိဘယံ ၾကမ္းေသာသစ္ေဘး။

၂၂။စ႑အစၧဘယံ ၾကမ္းေသာဝံေဘး။

၂၃။စ႑တရစၧဘယံ ၾကမ္းေသာေအာင္းေဘး။

၂၄။စ႑သူကရဘယံ ၾကမ္းေသာဝက္ေဘး။

၂၅။စ႑မဟႎသဘယံ ၾကမ္းေသာကြၽဲေဘး။

သုံးဆယ့္ႏွစ္ပါးေသာ ကံၾကမၼာ၊တစ္ဆယ့္ေျခာက္ပါးေသာ ဥပဒၵေဝါ၊ ဆယ္ပါးေသာဒဏ္၊ ႐ွစ္ပါးေသာ အျပစ္တို႔ကို ဆက္ပါဦးမည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် ၁၅ မိနစ်တစ်ကြိမ် မိုးရွာကာ Rainbow Croissants နှင့် Sesame Cloud ကော်ဖီများရသော ကော်ဖီဆိုင် 레인리포트...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဗြိတိန်တွင် ဆံပင်ညှပ်ဆိုင်ပေါင်း ၁၄၅ ဆိုင်ရှိနေသော မြို့လေးရှိနေပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဆံပင်ညှပ်ရန်မှတပါး အခြားလည်ပတ်စရာနေရာ နည်းပါးလှ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
ဆလီနာ ဂိုမက်ဇ်နှင့် တေးထုတ်လုပ်ရေးပိုင်ရှင် Benny Blanco တို့စေ့စပ်ကြောင်းလမ်း၊ ဆလီနာ ပိုင်တဲ့ အိမ်တွေ အများကြီးထဲက ဘယ်အိမ်မှာ သူတို့နေကြမလဲ ပရိသတ်များစိတ်ဝင်စားနေ...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
အိမ်ရှင်နှင်ထုတ်ခြင်းခံရသော အိမ်ငှားက အိမ်နောက်ဘက်ရှိ ပန်းအိုးများအားလုံးကို ယူဆောင်သွားရာ အိမ်ရှင်မှာ ယမ်းပုံမီးကျဖြစ်ကာ ကျန်ရစ်ခဲ့...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တေလာဆွစ်ဖ်က ခရစ္စမတ်ကာလအတွင်း ချစ်သူ Travis Kelce ၏ ဒေါ်လာ ၆ သန်းတန် စံအိမ်ကြီးတွင် နေထိုင်ဖြတ်သန်းမည်...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မြစ်ရေစီးကြောင်းအတိုင်း မြစ်လယ်၌ အလျားလိုက် ဆောက်လုပ်ထားသည့် ပေါလော တံတား၏ အံ့မခန်း အင်ဂျင်နီယာ ပညာ...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်များနှင့် ပြဿနာရှာတတ်သော ချစ်သူ၊ ခင်ပွန်းဟောင်းများအရေး ဖြေရှင်းဆောင်ရွက်ပေး...
ကြွေပြားတွက်နည်း
ကြွေပြားတွက်နည်း
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
စုံလင်ဖွေရှာ အိမ်ခြံမြေဥပဒေရေးရာ
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ယာယီတားဝရမ်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သရုပ်ဆောင်ကြေးအမြင့်မားဆုံး နာမည်ကြီး တရုတ်မင်းသား ဟွမ်ရှောက်မင်က ၁၃ နှစ်အရွယ် ကလေးတစ်ဦးထံမှ စင်္ကာပူဒေါ်လာ သန်း ၂၀ တန်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ဆင်းရဲချမ်းသာ ကွာဟသော ဘဝများ (သို့မဟုတ်) ဒေါ်လာ ၆ သန်းတန် ငှက်ပျောသီးတစ်လုံးနှင့် တစ်နာရီလျှင် ၁၂ ဒေါ်လာသာရသော သစ်သီးဆို
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
ကော့စတာရီကာနိုင်ငံမှ အပန်းဖြေစခန်းတစ်ခုရှိ မရဏလှိုဏ်ဂူမှာ သက်ရှိသတ္တဝါတိုင်း ဝင်သွားပါက ပြန်လမ်းမရှိသောဂူအဖြစ် နာမည်ကြီး
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
အမေရိကန်တွင် သူဌေးကြီးတစ်ဦးက ရတနာသေတ္တာကြီး ၅ လုံးကို တိုင်းပြည်အနှံ့ ဖြန့်ကျက်သိုဝှက်ထားပြီး မည်သူမဆို လိုက်လံရှာဖွေ ရယ
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
နိုင်ငံသားများသာမက ကမ္ဘာလှည့်ခရီးသည်များကိုပါ ဘတ်စ်ကား၊ ရထားနှင့် လေယာဉ် အခမဲ့စီးနင်းခွင့် ပေးထားသော ကမ္ဘာ့အချမ်းသာဆုံး
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
လီယိုနာဒို ဒီကာပရီယိုက အသက် ၅၀ ပြည့်ပွဲကို ကမ္ဘာကျော် ကြယ်ပွင့်များစွာနှင့်အတူ လော့စ်အိန်ဂျလိ စံအိမ်ကြီးတွင် ခြိမ့်ခြိမ်
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
စင်္ကာပူတွင် အစ်ကိုဖြစ်သူ ခွင့်မပြုဘဲ အိပ်ခန်းအတွင်း သန့်ရှင်းရေးအမြဲဝင်လုပ်နေမှု ရပ်တန့်ရန် ညီမဖြစ်သူအား တရားရုံးက အမိန
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်
Elon Musk မှာ အိမ်မပြန်ဘဲ ဒေါ်နယ်ထရမ့်၏ စံအိမ်ကြီးတွင်သာ နေထိုင်လျက်ရှိ၊ Elon Musk ကို အနားမှ ထွက်မသွားစေလိုကြောင်း ဒေါ်

နောင်လာမည့် အိမ်ခြံမြေ ပွဲစဉ်များ

7Mile Condominium
Neighbourhood

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service