ခေါင်မိုးတို့ မိုးလို့မှပြီးပါလေစ

ခေါင်မိုးတို့ မိုးလို့မှပြီးပါလေစ - Property Knowledge in Myanmar from iMyanmarHouse.com
12 Jun 2023 2:13 pm တွင် တင်ခဲ့သည်
750 ကြိမ် ကြည့်ရှု့ပြီး

ဗဟုသုတ | Posted by စည်သူအောင်

[Unicode]

 

မိုးရာသီသို့ ရောက်လာပြီ။ကျေးဇူးတင်လိုက်တာ မိုးရယ်။ရှစ်ခွင်တိုင်း တိမ်ရိပ်တို့နှင့် မှိုင်းညို့ အုပ်ဆိုင်းနေသဖြင့် နွေတုန်းကလောက်မပူတော့ပါ။အပူတွေ လျော့နည်းသွားသည်။

နွေတုန်းက ပူလိုက်သည့်ဖြစ်ခြင်း၊ အသက်တောင်ပြင်းပြင်းမရှုရဲ၊ အသက်ပြင်းပြင်း ရှုလိုက်သည်နှင့်ပင် ချွေးတို့ထွက်နေသဖြင့် မိုးရွာလျှင်တော့ အပူချိန်တွေကျပြီး နေရထိုင်ရ သက်သာမည်ဟု အတွေးတို့ ဖြစ်ခဲ့သည်။

နွေမှာအားတို့ နှစ်ဆကုန်သည်။အလုပ်လုပ်နေသဖြင့်ကုန်သည့်အားနှင့် အပူဒဏ်ကြောင့်ကုန်သွားသည့် အားတို့ပင်ဖြစ်သည်။ရုံးခန်းထဲက ခုံပျော့မှာထိုင်ပြီး အလုပ်လုပ်နေရသော်လည်း မီးပျက်သည့် အချိန်တွင် ပိတ်လှောင်နေသော အလုပ်ခန်းတွင် အလုပ်လုပ်ရသည်ကလည်း အိုးကင်းထဲ ထည့်အလှော်ခံနေရသည့် ပမာပင်။မိမိချွေးနံ့ပင် မိမိမခံချင်တော့လောက်အောင် ဖြစ်ရသည်။

ဟော…အခုတော့မိုးတွေ နေ့စဉ်ရက်ဆက် ရွာနေပါပြီကော။ဒီလိုဆိုပြန်တော့ အပူချိန်တွေလည်း ကျသွားခဲ့ပါပြီ။ နေသာထိုင်သာလည်း ရှိသွားခဲ့သည်။

မိုခါမုန်တိုင်းတိုက်ရိုက်ကြီး မထိခဲ့သော်လည်း လွင့်ပါလာသည့် လေအရှိန်တွေကြောင့် ရန်ကုန်မှာလည်း ထိခိုက်မှုတွေရှိခဲ့သည်။သို့သော်လည်း ပြောပလောက်အောင်တော့မရှိပါ။

မိမိငှားနေရသောတိုက်ခန်းသည် ဘေးမှာတိုက်မြင့်မရှိသဖြင့် ပြင်းထန်သည့် လေတို့၏ အတိုက်အဆောင့်ကို ကောင်းကောင်းခံလိုက်ရသေးသည်။

အရှေ့အနောက် မျက်နှာမူထားသည့် တိုက်ခန်းဖြစ်သဖြင့် အနောက်တောင်လေတိုက်သဖြင့်လည်း နောက်ဘက်နှင့် ဘေးဘက်မှလာသော လေနှင့်ရေတို့၏ဒဏ်ကို ခံရသည်။အနောက်မြောက်လေ တိုက်သဖြင့်လည်း အိမ်ရှေ့မျက်နှာစာမှာ တည့်တည့်ထိသည်။

ပြတင်းပေါက်သည် ဆလိုက်ဒိုးတံခါးမဟုတ်ဘဲ တရုပ်ကပ် မှန်မျိုးဖြစ်သဖြင့် လေနှင့်ပါလာသော မိုးပြင်းတို့သည် တရုတ်ကပ်မှန်ကြားမှ အိမ်ထဲဝင်ခွင့်ရခဲ့ကြသည်။

အလယ်ပြတင်းနှစ်ပေါက်၏ အပြင်ဘက်မှ ပလတ်စတစ်အကြီးဖြင့် အချိန်မီကာခဲ့နိုင်သဖြင့် ထိုပြတင်းပေါက်တို့မှ မိုးရေဝင်ခြင်းကို ကာကွယ်နိုင်ခဲ့သော်လည်း ဟင်းချက်ထမင်းချက်နေရာက ပြတင်းပေါက်ကို အချိန်မီမကာ နိုင်သဖြင့် မနှစ်က ကာထားသော ဗီနိုင်းစတို့က နေအပူကြောင့် ကြွပ်ရွနေရာ အိမ်ထဲကို အမှုန်အမွှားတွေအဖြစ် ဝင်ကုန်တော့သည်။ဟင်းအိုး ထမင်းအိုးတို့ပင်နေရာ ရွေ့ထားလိုက်ရသည်။

 

 

 

နေပူတော့လည်း တစ်ဒုက္ခ၊မိုးရွာတော့လည်း တစ်ဒုက္ခလို့ ငြီးငြူမိမလို ဖြစ်သွားခဲ့သေးသည်။နောက်တော့မှ ကိုယ့်အဖြစ်က ဘာဟုတ်သေးလို့လည်းဟု စိတ်လျော့ရသည်။

ယခုလို ပြင်းထန်သည့် မုန်တိုင်းကြီးများ၏ ဒဏ်ကို မဆိုထားနှင့်ရိုးရိုးလေပြင်းကိုပင် အန်တုဖို့ ခက်ခဲနေသည့် အိမ်တွေ၊မိသားစုတွေ အခုတော့ မြို့ရောတောပါ နိုင်ငံအနှံ့ နေရာအနှံ့မှာရှိနေသည်။

မိုးနှင့်လေတို့ ဆက်တိုက်လာနေသည့် ယခုလိုအခြေအနေတွင် ကျွန်တော်က မှန်တံခါးတွေ၊ သံတံခါးတွေကို ထပြီးပိတ်လိုက်ရုံနှင့် လုံခြုံမှုအပြည့် ရသွားသော်လည်း အခုတော့ လူအတော်များများရဲ့ ဘဝတွေက ပြာပုံက နိုးထရုံသာရှိပါသေးတော့ ခေါင်မိုးတို့ မိုးလို့မှ ပြီးပါလေစ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

ကိုမေတ္တာ (တောင်ပေါ်သား) ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

ေခါင္မိုးတို႔ မိုးလို႔မွၿပီးပါေလစ

 

 

မိုးရာသီသို႔ ေရာက္လာၿပီ။ေက်းဇူးတင္လိုက္တာ မိုးရယ္။႐ွစ္ခြင္တိုင္း တိမ္ရိပ္တို႔ႏွင့္ မိႈင္းညိဳ႕ အုပ္ဆိုင္းေနသျဖင့္ ေႏြတုန္းကေလာက္မပူေတာ့ပါ။အပူေတြ ေလ်ာ့နည္းသြားသည္။

ေႏြတုန္းက ပူလိုက္သည့္ျဖစ္ျခင္း၊ အသက္ေတာင္ျပင္းျပင္းမ႐ႈရဲ၊ အသက္ျပင္းျပင္း ႐ႈလိုက္သည္ႏွင့္ပင္ ေခြၽးတို႔ထြက္ေနသျဖင့္ မိုး႐ြာလွ်င္ေတာ့ အပူခ်ိန္ေတြက်ၿပီး ေနရထိုင္ရ သက္သာမည္ဟု အေတြးတို႔ ျဖစ္ခဲ့သည္။

ေႏြမွာအားတို႔ ႏွစ္ဆကုန္သည္။အလုပ္လုပ္ေနသျဖင့္ကုန္သည့္အားႏွင့္ အပူဒဏ္ေၾကာင့္ကုန္သြားသည့္ အားတို႔ပင္ျဖစ္သည္။႐ုံးခန္းထဲက ခုံေပ်ာ့မွာထိုင္ၿပီး အလုပ္လုပ္ေနရေသာ္လည္း မီးပ်က္သည့္ အခ်ိန္တြင္ ပိတ္ေလွာင္ေနေသာ အလုပ္ခန္းတြင္ အလုပ္လုပ္ရသည္ကလည္း အိုးကင္းထဲ ထည့္အေလွာ္ခံေနရသည့္ ပမာပင္။မိမိေခြၽးနံ႔ပင္ မိမိမခံခ်င္ေတာ့ေလာက္ေအာင္ ျဖစ္ရသည္။

ေဟာ…အခုေတာ့မိုးေတြ ေန႔စဥ္ရက္ဆက္ ႐ြာေနပါၿပီေကာ။ဒီလိုဆိုျပန္ေတာ့ အပူခ်ိန္ေတြလည္း က်သြားခဲ့ပါၿပီ။ ေနသာထိုင္သာလည္း ႐ွိသြားခဲ့သည္။

မိုခါမုန္တိုင္းတိုက္႐ိုက္ႀကီး မထိခဲ့ေသာ္လည္း လြင့္ပါလာသည့္ ေလအ႐ွိန္ေတြေၾကာင့္ ရန္ကုန္မွာလည္း ထိခိုက္မႈေတြ႐ွိခဲ့သည္။သို႔ေသာ္လည္း ေျပာပေလာက္ေအာင္ေတာ့မ႐ွိပါ။

မိမိငွားေနရေသာတိုက္ခန္းသည္ ေဘးမွာတိုက္ျမင့္မ႐ွိသျဖင့္ ျပင္းထန္သည့္ ေလတို႔၏ အတိုက္အေဆာင့္ကို ေကာင္းေကာင္းခံလိုက္ရေသးသည္။

အေ႐ွ႕အေနာက္ မ်က္ႏွာမူထားသည့္ တိုက္ခန္းျဖစ္သျဖင့္ အေနာက္ေတာင္ေလတိုက္သျဖင့္လည္း ေနာက္ဘက္ႏွင့္ ေဘးဘက္မွလာေသာ ေလႏွင့္ေရတို႔၏ဒဏ္ကို ခံရသည္။အေနာက္ေျမာက္ေလ တိုက္သျဖင့္လည္း အိမ္ေ႐ွ႕မ်က္ႏွာစာမွာ တည့္တည့္ထိသည္။

ျပတင္းေပါက္သည္ ဆလိုက္ဒိုးတံခါးမဟုတ္ဘဲ တ႐ုပ္ကပ္ မွန္မ်ိဳးျဖစ္သျဖင့္ ေလႏွင့္ပါလာေသာ မိုးျပင္းတို႔သည္ တ႐ုတ္ကပ္မွန္ၾကားမွ အိမ္ထဲဝင္ခြင့္ရခဲ့ၾကသည္။

အလယ္ျပတင္းႏွစ္ေပါက္၏ အျပင္ဘက္မွ ပလတ္စတစ္အႀကီးျဖင့္ အခ်ိန္မီကာခဲ့ႏိုင္သျဖင့္ ထိုျပတင္းေပါက္တို႔မွ မိုးေရဝင္ျခင္းကို ကာကြယ္ႏိုင္ခဲ့ေသာ္လည္း ဟင္းခ်က္ထမင္းခ်က္ေနရာက ျပတင္းေပါက္ကို အခ်ိန္မီမကာ ႏိုင္သျဖင့္ မႏွစ္က ကာထားေသာ ဗီႏိုင္းစတို႔က ေနအပူေၾကာင့္ ႂကြပ္႐ြေနရာ အိမ္ထဲကို အမႈန္အမႊားေတြအျဖစ္ ဝင္ကုန္ေတာ့သည္။ဟင္းအိုး ထမင္းအိုးတို႔ပင္ေနရာ ေ႐ြ႕ထားလိုက္ရသည္။

ေနပူေတာ့လည္း တစ္ဒုကၡ၊မိုး႐ြာေတာ့လည္း တစ္ဒုကၡလို႔ ၿငီးျငဴမိမလို ျဖစ္သြားခဲ့ေသးသည္။ေနာက္ေတာ့မွ ကိုယ့္အျဖစ္က ဘာဟုတ္ေသးလို႔လည္းဟု စိတ္ေလ်ာ့ရသည္။

ယခုလို ျပင္းထန္သည့္ မုန္တိုင္းႀကီးမ်ား၏ ဒဏ္ကို မဆိုထားႏွင့္႐ိုး႐ိုးေလျပင္းကိုပင္ အန္တုဖို႔ ခက္ခဲေနသည့္ အိမ္ေတြ၊မိသားစုေတြ အခုေတာ့ ၿမိဳ႕ေရာေတာပါ ႏိုင္ငံအႏွံ႔ ေနရာအႏွံ႔မွာ႐ွိေနသည္။

မိုးႏွင့္ေလတို႔ ဆက္တိုက္လာေနသည့္ ယခုလိုအေျခအေနတြင္ ကြၽန္ေတာ္က မွန္တံခါးေတြ၊ သံတံခါးေတြကို ထၿပီးပိတ္လိုက္႐ုံႏွင့္ လုံျခဳံမႈအျပည့္ ရသြားေသာ္လည္း အခုေတာ့ လူအေတာ္မ်ားမ်ားရဲ႕ ဘဝေတြက ျပာပုံက ႏိုးထ႐ုံသာ႐ွိပါေသးေတာ့ ေခါင္မိုးတို႔ မိုးလို႔မွ ၿပီးပါေလစ။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

 

ကိုေမတၱာ (ေတာင္ေပၚသား) ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

နောက်ဆုံးရ အိမ်ခြံမြေ ဗဟုသုတများ

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ငွေရေးကြေးရေးဆိုင်ရာအဖွဲ့အစည်း ဥပဒေအကြောင်းကို ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
Wall Tiling work (နံရံကြွေပြားကပ်ခြင်း)
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
အိမ်ခြံမြေလောကသားတိုင်းအတွက် သိမှတ်စရာ ဥပဒေအကြောင်းအရာ
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
တရားမမှုများတွင် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ဂျာမနီနိုင်ငံသားတစ်ဦးမှာ မှတ်ပုံတင် ခိုးယူခြင်းခံလိုက်ရသောကြောင့် ၄ နှစ်ခန့် အလုပ်ရှာမရဖြစ်နေ၊ မှတ်ပုံတင်ခိုးယူသွားသူက ပ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်၊ အိမ်ခြံမြေလုပ်ငန်းရှင် ဘီလျံနာကြီး Lee Shau Kee အသက် ၉၇ နှစ်အရွယ်တွင် ကွယ်လွန်ရှ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
ဟောင်ကောင်အိမ်ခြံမြေဘီလျံနာကြီး Lee Shau Kee ပြောပြသော ကျိကျိတက်ချမ်းသာရခြင်း၏ ဒုက္ခများအကြောင်း
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service