အမေရိကန်ပြည် အတ္တလန္တာမြို့မှ စံအိမ်ကို Mariah Carey အရှုံးခံရောင်းချ

အမေရိကန်ပြည် အတ္တလန္တာမြို့မှ စံအိမ်ကို Mariah Carey အရှုံးခံရောင်းချ - Property News in Myanmar from iMyanmarHouse.com
12 Jun 2023 11:48 am တွင် တင်ခဲ့သည်
1423 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

Mariah Carey (မွေး-၁၉၆၉) သည် အမေရိကန်အဆိုတော်၊ တေးရေး၊ ရုပ်ရှင်မင်းသမီးတစ်ဦး ဖြစ်သည်။

ဂင်းနက်စ်ကမ္ဘာ့စံချိန်မှတ်တမ်းတွင် Mariah Carey ကို အမြင့်ဆုံးတေးဆိုငှက်ဟု ဖော်ပြခြင်းခံရသည်။

Mariah Carey သည် အသံ ၅ ပြန် Vocal range ရှိပြီး စာသားတစ်မျိုးတည်းကို အသံအနိမ့်အမြင့် အမျိုးမျိုးဖြင့် သီဆိုဟန်၊ whistle register ကို သီဆိုနိုင်မှုတို့ဖြင့် နာမည်ကြီးသည်။

၁၉၉၀ ပြည့်နှစ်တွင် သူ၏ ပွဲဦးထွက်တေးအယ်လ်ဘမ်မှ စတင်နာမည်ကြီးခဲ့သည်။

ပထမဆုံး single သီချင်း ၅ ပုဒ် Billboard Hot 100 စာရင်းဝင်ခဲ့သည့် ပထမဆုံးတေးသံရှင်လည်း ဖြစ်သည်။

Billboard က Mariah Carey ကို ၁၉၉၀ ပြည့်လွန်ကာလများအတွက် Artist of the Decade အဖြစ် သတ်မှတ်ခဲ့သည်။

World Music Awards ကလည်း Mariah Carey ကို ထောင်စုနှစ်၏ အရောင်းရဆုံး အမျိုးသမီး ပေါ့ပ်တေးသံရှင်အဖြစ် ဂုဏ်ပြုခဲ့သည်။

အမေရိက၏ နံပါတ် ၁ single စာရင်းတွင် ၁၁ နှစ်ဆက်တိုက် စာရင်းဝင်ခဲ့ပြီးနောက် ၂၀၀၁ ခုနှစ်တွင် Mariah Carey သည် ကိုလံဘီယာကို ကျောခိုင်းကာ Virgin Records ကုမ္ပဏီနှင့် ဒေါ်လာ သန်း ၁၀၀ တန် တေးသီချင်းသီဆိုမှုစာချုပ် ချုပ်ဆိုခဲ့သည်။

Mariah Carey သည် သမိုင်းတစ်လျှောက် အရောင်းရဆုံးဂီတအနုပညာသမားများတွင် တစ်ဦးအပါအဝင်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ်ချပ်ရေ သန်း ၂၂၀ ကျော် ရောင်းချထားရပြီး ဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် တိုင်းမ်မဂ္ဂဇင်းကြီး၏ ကမ္ဘာ့သြဇာအလွှမ်းဆုံး အနုပညာရှင်များနှင့် ဖျော်ဖြေရေးပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် Mariah Carey ကို ထည့်သွင်းဖော်ပြခြင်းခံခဲ့ရသည်။

Mariah Carey သည် ဂရမ်မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင်းနက်စ်ကမ္ဘာ့စံချိန် ၈ ခုနှင့် Billboard Music Awards ၁၅ ဆု ရရှိထားသည်။

(Mariah Carey အချစ်ရေး)

Mariah Carey သည် သူ၏နာမည်ဖြင့် ထုတ်လုပ်ခဲ့သော Mariah Carey အခွေကို သီဆိုအသံသွင်းနေချိန် ကာလအတွင်း Tommy Mottola နှင့် စတင်ချစ်ကြိုက်ခဲ့ပြီး ၁၉၉၃ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် နယူးယောက်မြို့၌ လက်ထပ်ခဲ့ကြသည်။

၁၉၉၇ ခုနှစ်၊ မေလ ၃၀ ရက်တွင် ၎င်းတို့နှစ်ဦး လမ်းခွဲခဲ့ကြသည်။ Mariah Carey သည် အဆိုတော် Luis Miguel နှင့် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ ချစ်ကြိုက်ခဲ့သည်။

ယင်းနောက် Antigua တွင် သူ၏ Bye Bye အမည်ရှိ သီချင်းအတွက် ဂီတဗွီဒီယိုရိုက်ကူးချိန်တွင် လူရွှင်တော် Nick Cannon နှင့် ဆုံစည်းခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဧပြီလ ၃၀ ရက်တွင် လက်ထပ်ခဲ့ကြသည်။

၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် Cannon က ကွာရှင်းပြတ်စဲခွင့် လျှောက်ထားခဲ့သည်။

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်တွင် Mariah Carey သည် သြစတေးလျ ဘီလျံနာ James Packer နှင့် စေ့စပ်ကြောင်းလမ်းခဲ့သည်။

သို့သော် ထိုနှစ် အောက်တိုဘာလတွင် စေ့စပ်ကြောင်းလမ်းမှု ဖျက်သိမ်းခဲ့ကြသည်။

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် Mariah Carey သည် အမေရိကန် အကပညာရှင် Bryan Tanaka နှင့် စတင်ချစ်ကြိုက်ခဲ့သည်။

(မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှုများ)

Mariah Carey ၏ သီချင်းများသည် ဆိုရခက်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုမှု အနည်းငယ်သာရှိရာ အောက်ပါအတိုင်းဖြစ်ပါသည်။

Dream lover -တင်ဇာမော် အိပ်မက်ရူး (ထွန်းအိန္ဒြာဗိုလ် စိတ်ကူးအချစ်မီး)

Hero - အေးချမ်းမေ သူရဲကောင်း (အဆိုပါသီချင်းကိုပင် မဒီ၊ တင်ဇာမော်နှင့် ထွန်းအိန္ဒြာဗိုလ်တို့ ၃ ဦးပါဝင်သော သုံးယောက်စကား တေးအယ်လ်ဘမ်တွင် တင်ဇာမော်က သူရဲကောင်းဟူသော အမည်ဖြင့်ပင် ပြန်လည်သီဆိုထားသည်)

Without you တူးတူး မိဆိုး (နွဲ့ယဉ်ဝင်း ဂျပန်ပြည်ကို ရေးတဲ့စာ)

Do you know where you’re going to - ချမ်းချမ်း ဘယ်ကိုလဲ

(Mariah Carey အရှုံးခံရောင်းချလိုက်သောစံအိမ်)

Mariah Carey သည် အမေရိကန်ပြည် ၊ ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန္တာမြို့ရှိ နေအိမ်ကို ၂၀၂၁ ခုနှစ်တွင် ဝယ်ယူခဲ့သောဈေးနှုန်းအောက် ဒေါ်လာ ၁ ဒသမ ၃၅ သန်းခန့် အရှုံးခံကာ ရောင်းချလိုက်သည်။

အသက် ၅၄ နှစ်ရှိပြီဖြစ်သော Mariah Carey သည် အဆိုပါ စံအိမ်ကို ဈေးကွက်တင်ပြီး ၁၀ လနီးပါးအကြာ မေလ ၃၁ ရက်နေ့တွင် ရောင်းစွံသွားကြောင်း ဝေါစထရိဂျာနယ်က ဖော်ပြသည်။

အိပ်ခန်း ၉ ခန်း ၊ ရေချိုးခန်း ၉ ခန်းပါသောစံအိမ်ကို Mariah Carey က ပြီးခဲ့သော စက်တင်ဘာတွင် အရောင်းဈေးကွက်တင်ခဲ့ပြီး ထိုစဉ်က ကန်ဒေါ်လာ ၆ ဒသမ ၅ သန်း ဈေးခေါ်ခဲ့သည်။

နောက်ဆုံးဈေးကွက်တင်ချိန်တွင်မူ ဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ဈေးလျော့ပေးခဲ့ပြီး ၄ ဒသမ ၉၉ သန်းဈေးခေါ်ခဲ့ကာ နောက်ဆုံးတွင် ကန်ဒေါ်လာ ၄ ဒသမ ၃ သန်းဖြင့် ရောင်းထွက်သွားသည်။

Mariah Carey က အဆိုပါအိမ်ကို ဒေါ်လာ ၅ ဒသမ ၆၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ဝယ်ယူသွားသူမှာ Modern Luxury Media ၏ CEO ဖြစ်သူ Michael Dickey ဖြစ်ပြီး ၎င်းက မိသားစုအဓိက အခြေစိုက်နေထိုင်သော နေအိမ်အဖြစ် အသုံးပြုရန် စီစဉ်ထားသည်။

(ခြံရှေ့အဝင်ဝနေရာ။ ဓာတ်ပုံ-Jon-Micheal Sullivan)

(အပူပေးစနစ်ပါ ရေကန်။ ဓာတ်ပုံ-Jon-Micheal Sullivan)

(ရေချိုးခန်း ၉ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-Jon-Micheal Sullivan)

(ကား ၃ စင်းဆန့် ကားဂိုဒေါင်။ ဓာတ်ပုံ-Jon-Micheal Sullivan)

(ခြံဝန်းအတွင်း တစ်နေရာ။ ဓာတ်ပုံ-Jon-Micheal Sullivan)

(အိမ်တွင်း ရုပ်ရှင်ရုံ။ ဓာတ်ပုံ-Jon-Micheal Sullivan)

(အဝတ်အစားထားသိုခန်း။ ဓာတ်ပုံ-Jon-Micheal Sullivan)

(အိပ်ခန်း ၉ ခန်းအနက်မှ တစ်ခု။ ဓာတ်ပုံ-Jon-Micheal Sullivan)

(အလှပြင်ခန်း။ ဓာတ်ပုံ-Jon-Micheal Sullivan)

(မီးဖိုဆောင်။ ဓာတ်ပုံ-Jon-Micheal Sullivan)

(ဧည့်ခန်း။ ဓာတ်ပုံ-Jon-Micheal Sullivan)

(စံအိမ်အကျယ် ၁၂၅၀၀ စတုရန်းပေကျော် ရှိသည်။ ဓာတ်ပုံ-Jon-Micheal Sullivan)

(တင်းနစ်ကွင်းကို အပေါ်စီးမှ မြင်ရပုံ။ ဓာတ်ပုံ-Jon-Micheal Sullivan)

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Mariah Carey’s Atlanta mansion sells at a loss for $4.3M (nypost)

[Zawgyi]

အေမရိကန္ျပည္ အတၱလႏၱာျမဳိ႕မွ စံအိမ္ကို Mariah Carey အရံႈးခံေရာင္းခ်

Mariah Carey (ေမြး-၁၉၆၉) သည္ အေမရိကန္အဆိုေတာ္၊ ေတးေရး၊ ရုပ္ရွင္မင္းသမီးတစ္ဦး ျဖစ္သည္။

ဂင္းနက္စ္ကမၻာ့စံခ်ိန္မွတ္တမ္းတြင္ Mariah Carey ကို အျမင့္ဆံုးေတးဆိုငွက္ဟု ေဖာ္ျပျခင္းခံရသည္။

Mariah Carey သည္ အသံ ၅ ျပန္ Vocal range ရွိျပီး စာသားတစ္မ်ဳိးတည္းကို အသံအနိမ့္အျမင့္ အမ်ဳိးမ်ဳိးျဖင့္ သီဆိုဟန္၊ whistle register ကို သီဆိုႏိုင္မႈတို႔ျဖင့္ နာမည္ၾကီးသည္။

၁၉၉၀ ျပည့္ႏွစ္တြင္ သူ၏ ပြဲဦးထြက္ေတးအယ္လ္ဘမ္မွ စတင္နာမည္ၾကီးခဲ့သည္။

ပထမဆံုး single သီခ်င္း ၅ ပုဒ္ Billboard Hot 100 စာရင္းဝင္ခဲ့သည့္ ပထမဆံုးေတးသံရွင္လည္း ျဖစ္သည္။

Billboard က Mariah Carey ကို ၁၉၉၀ ျပည့္လြန္ကာလမ်ားအတြက္ Artist of the Decade အျဖစ္ သတ္မွတ္ခဲ့သည္။

World Music Awards ကလည္း Mariah Carey ကို ေထာင္စုႏွစ္၏ အေရာင္းရဆံုး အမ်ဳိးသမီး ေပါ့ပ္ေတးသံရွင္အျဖစ္ ဂုဏ္ျပဳခဲ့သည္။

အေမရိက၏ နံပါတ္ ၁ single စာရင္းတြင္ ၁၁ ႏွစ္ဆက္တိုက္ စာရင္းဝင္ခဲ့ျပီးေနာက္ ၂၀၀၁ ခုႏွစ္တြင္ Mariah Carey သည္ ကိုလံဘီယာကို ေက်ာခိုင္းကာ Virgin Records ကုမၸဏီႏွင့္ ေဒၚလာ သန္း ၁၀၀ တန္ ေတးသီခ်င္းသီဆိုမႈစာခ်ဳပ္ ခ်ဳပ္ဆိုခဲ့သည္။

Mariah Carey သည္ သမိုင္းတစ္ေလွ်ာက္ အေရာင္းရဆံုးဂီတအႏုပညာသမားမ်ားတြင္ တစ္ဦးအပါအဝင္ျဖစ္ျပီး ကမၻာတစ္ဝန္းတြင္ ေတးအယ္လ္ဘမ္ခ်ပ္ေရ သန္း ၂၂၀ ေက်ာ္ ေရာင္းခ်ထားရျပီး ျဖစ္သည္။

၂၀၀၈ ခုႏွစ္တြင္ တိုင္းမ္မဂၢဇင္းၾကီး၏ ကမၻာ့ၾသဇာအလႊမ္းဆံုး အႏုပညာရွင္မ်ားႏွင့္ ေဖ်ာ္ေျဖေရးပုဂၢိဳလ္ ၁၀၀ စာရင္းတြင္ Mariah Carey ကို ထည့္သြင္းေဖာ္ျပျခင္းခံခဲ့ရသည္။

Mariah Carey သည္ ဂရမ္မီဆု ၅ ဆု၊ World Music Awards ၁၉ ဆု၊ American Music Awards ၁၀ ဆု၊ ဂင္းနက္စ္ကမၻာ့စံခ်ိန္ ၈ ခုႏွင့္ Billboard Music Awards ၁၅ ဆု ရရွိထားသည္။

(Mariah Carey အခ်စ္ေရး)

Mariah Carey သည္ သူ၏နာမည္ျဖင့္ ထုတ္လုပ္ခဲ့ေသာ Mariah Carey အေခြကို သီဆိုအသံသြင္းေနခ်ိန္ ကာလအတြင္း Tommy Mottola ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့ျပီး ၁၉၉၃ ခုႏွစ္၊ ဇြန္လ ၅ ရက္တြင္ နယူးေယာက္ျမိဳ႕၌ လက္ထပ္ခဲ့ၾကသည္။

၁၉၉၇ ခုႏွစ္၊ ေမလ ၃၀ ရက္တြင္ ၎တို႔ႏွစ္ဦး လမ္းခြဲခဲ့ၾကသည္။

Mariah Carey သည္ အဆိုေတာ္ Luis Miguel ႏွင့္ ၁၉၉၈ ခုႏွစ္မွ ၂၀၀၁ ခုႏွစ္အထိ ခ်စ္ၾကိဳက္ခဲ့သည္။

ယင္းေနာက္ Antigua တြင္ သူ၏ Bye Bye အမည္ရွိ သီခ်င္းအတြက္ ဂီတဗြီဒီယိုရိုက္ကူးခ်ိန္တြင္ လူရႊင္ေတာ္ Nick Cannon ႏွင့္ ဆံုစည္းခဲ့ျပီး ၂၀၀၈ ခုႏွစ္၊ ဧျပီလ ၃၀ ရက္တြင္ လက္ထပ္ခဲ့ၾကသည္။

၂၀၁၄ ခုႏွစ္၊ ဒီဇင္ဘာလ ၁၂ ရက္တြင္ Cannon က ကြာရွင္းျပတ္စဲခြင့္ ေလွ်ာက္ထားခဲ့သည္။

၂၀၁၆ ခုႏွစ္၊ ဇန္နဝါရီလ ၂၁ ရက္တြင္ Mariah Carey သည္ ၾသစေတးလ် ဘီလ်ံနာ James Packer ႏွင့္ ေစ့စပ္ေၾကာင္းလမ္းခဲ့သည္။ သုိ႔ေသာ္ ထိုႏွစ္ ေအာက္တိုဘာလတြင္ ေစ့စပ္ေၾကာင္းလမ္းမႈ ဖ်က္သိမ္းခဲ့ၾကသည္။

၂၀၁၆ ခုႏွစ္၊ ေအာက္တိုဘာလတြင္ Mariah Carey သည္ အေမရိကန္ အကပညာရွင္ Bryan Tanaka ႏွင့္ စတင္ခ်စ္ၾကိဳက္ခဲ့သည္။

(ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈမ်ား)

Mariah Carey ၏ သီခ်င္းမ်ားသည္ ဆိုရခက္သည္။ ျမန္မာႏိုင္ငံတြင္ ျပန္လည္သီဆိုမႈ အနည္းငယ္သာရွိရာ ေအာက္ပါအတိုင္းျဖစ္ပါသည္။

Dream lover -တင္ဇာေမာ္ အိပ္မက္ရူး (ထြန္းအိျႏၵာဗိုလ္ စိတ္ကူးအခ်စ္မီး)

Hero - ေအးခ်မ္းေမ သူရဲေကာင္း (အဆိုပါသီခ်င္းကိုပင္ မဒီ၊ တင္ဇာေမာ္ႏွင့္ ထြန္းအိျႏၵာဗိုလ္တို႔ ၃ ဦးပါဝင္ေသာ သံုးေယာက္စကား ေတးအယ္လ္ဘမ္တြင္ တင္ဇာေမာ္က သူရဲေကာင္းဟူေသာ အမည္ျဖင့္ပင္ ျပန္လည္သီဆိုထားသည္)

Without you တူးတူး မိဆိုး (ႏြဲ႔ယဥ္ဝင္း ဂ်ပန္ျပည္ကို ေရးတဲ့စာ)

Do you know where you’re going to - ခ်မ္းခ်မ္း ဘယ္ကိုလဲ

(Mariah Carey အရံႈးခံေရာင္းခ်လိုက္ေသာစံအိမ္)

Mariah Carey သည္ အေမရိကန္ျပည္ ၊ ေဂ်ာ္ဂ်ီယာျပည္နယ္ ၊ အတၱလႏၱာျမဳိ႕ရွိ ေနအိမ္ကို ၂၀၂၁ ခုႏွစ္တြင္ ဝယ္ယူခဲ့ေသာေစ်းႏႈန္းေအာက္ ေဒၚလာ ၁ ဒသမ ၃၅ သန္းခန္႔ အရံႈးခံကာ ေရာင္းခ်လိုက္သည္။

အသက္ ၅၄ ႏွစ္ရွိျပီျဖစ္ေသာ Mariah Carey သည္ အဆုိပါ စံအိမ္ကို ေစ်းကြက္တင္ျပီး ၁၀ လနီးပါးအၾကာ ေမလ ၃၁ ရက္ေန႔တြင္ ေရာင္းစြံသြားေၾကာင္း ေဝါစထရိဂ်ာနယ္က ေဖာ္ျပသည္။

အိပ္ခန္း ၉ ခန္း ၊ ေရခ်ဳိးခန္း ၉ ခန္းပါေသာစံအိမ္ကို Mariah Carey က ျပီးခဲ့ေသာ စက္တင္ဘာတြင္ အေရာင္းေစ်းကြက္တင္ခဲ့ျပီး ထိုစဥ္က ကန္ေဒၚလာ ၆ ဒသမ ၅ သန္း ေစ်းေခၚခဲ့သည္။

ေနာက္ဆံုးေစ်းကြက္တင္ခ်ိန္တြင္မူ ေဒၚလာ ၁ ဒသမ ၅ သန္းေက်ာ္ ေစ်းေလ်ာ့ေပးခဲ့ျပီး ၄ ဒသမ ၉၉ သန္းေစ်းေခၚခဲ့ကာ ေနာက္ဆံုးတြင္ ကန္ေဒၚလာ ၄ ဒသမ ၃ သန္းျဖင့္ ေရာင္းထြက္သြားသည္။

Mariah Carey က အဆိုပါအိမ္ကို ေဒၚလာ ၅ ဒသမ ၆၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

ဝယ္ယူသြားသူမွာ Modern Luxury Media ၏ CEO ျဖစ္သူ Michael Dickey ျဖစ္ျပီး ၎က မိသားစုအဓိက အေျခစိုက္ေနထိုင္ေသာ ေနအိမ္အျဖစ္ အသံုးျပဳရန္ စီစဥ္ထားသည္။

(ျခံေရွ႕အဝင္ဝေနရာ။ ဓာတ္ပံု-Jon-Micheal Sullivan)

(အပူေပးစနစ္ပါ ေရကန္။ ဓာတ္ပံု-Jon-Micheal Sullivan)

(ေရခ်ဳိးခန္း ၉ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု-Jon-Micheal Sullivan)

(ကား ၃ စင္းဆန္႔ ကားဂိုေဒါင္။ ဓာတ္ပံု-Jon-Micheal Sullivan)

(ျခံဝန္းအတြင္း တစ္ေနရာ။ ဓာတ္ပံု-Jon-Micheal Sullivan)

(အိမ္တြင္း ရုပ္ရွင္ရံု။ ဓာတ္ပံု-Jon-Micheal Sullivan)

(အဝတ္အစားထားသိုခန္း။ ဓာတ္ပံု-Jon-Micheal Sullivan)

(အိပ္ခန္း ၉ ခန္းအနက္မွ တစ္ခု။ ဓာတ္ပံု-Jon-Micheal Sullivan)

(အလွျပင္ခန္း။ ဓာတ္ပံု-Jon-Micheal Sullivan)

(မီးဖိုေဆာင္။ ဓာတ္ပံု-Jon-Micheal Sullivan)

(ဧည့္ခန္း။ ဓာတ္ပံု-Jon-Micheal Sullivan)

(စံအိမ္အက်ယ္ ၁၂၅၀၀ စတုရန္းေပေက်ာ္ ရွိသည္။ ဓာတ္ပံု-Jon-Micheal Sullivan)

(တင္းနစ္ကြင္းကို အေပၚစီးမွ ျမင္ရပံု။ ဓာတ္ပံု-Jon-Micheal Sullivan)

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Mariah Carey’s Atlanta mansion sells at a loss for $4.3M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
ကမ္ဘာကျော်ရက်ပ်အဆိုတော် Puff Daddy နှင့် Jay-Z တို့နှစ်ဦး ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့မှု ၂၀၂၅ ခုနှစ်
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
သြစထရီးယားတွင် ပင်စင်ဥပဒေ၏ ဟာကွက်ကို အသုံးချပြီး ခင်ပွန်းဖြစ်သူနှင့် ၁၂ ကြိမ်တိုင် ကွာရှင်းလိုက် ပြန်ပေါင်းလိုက်ပြုလုပ်က
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက ထီဂဏန်းတစ်ခုတည်းကို ၉ နှစ်ကြာ ကံစမ်းခဲ့ရာ တစ်နှစ်လျှင် ဒေါ်လာ ၂၅၀၀၀ နှုန်း တသက်တာ ထုတ်ယ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် ၅၇ ထပ်မြင့်မားသော မိုးမျှော်တိုက်ကြီးကို ၁၉ ရက်အတွင်း ဆောက်လုပ်ခဲ့ပုံ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
ဆာ အဲလက်စ် ဖာဂူဆန်က ဇနီးဖြစ်သူ ကေသီကွယ်လွန်သွားသောကြောင့် နေအိမ်ကို ပေါင် ၃ ဒသမ ၂ သန်းဖြင့် ရောင်းချကာ ရွာကလေးတစ်ခုသို့
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
ဂျပန်တွင် အမျိုးသားတစ်ဦးက မိမိနှင့် လုံးဝမသိကျွမ်းသော သူစိမ်းပေါင်း ၅၀၀ ဦးကျော်၏ အိမ်တွင် တည်းခိုခွင့် တောင်းကာ ၅ နှစ်ကျ
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
ဂျပန်နိုင်ငံတွင် လူလုပ်ကျွန်းတုပေါ်၌ ကန်ဒေါ်လာ ၁၈ ဘီလီယံ အကုန်အကျခံကာ ဆောက်လုပ်ထားသော လေဆိပ်ကြီး ပင်လယ်အောက်သို့ နစ်မြုပ
Shwe Wutt Hmone
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service