ဗဟုသုတ | Posted by စည်သူအောင်
[Unicode]
ချီး(ချေး)လှပြိုင်ပွဲ
ရသခံစားမှုဆိုတာ ကြီးမှဖြစ်လာတာမဟုတ်ပါဘူး။မွေးကတည်းက ဖြစ်လာတယ်လို့တောင် ပြောလို့ရပါတယ်။ မိဖရဲ့အသံဟာ ကလေးအတွက် ရသဖြစ်စေတဲ့အသံပါပဲ။မိဖဖြစ်သူရဲ့ မရတရဆိုပြတတ်တဲ့ ကဗျာတွေ သီချင်း တွေတောင် ကလေးဖြစ်သူအတွက် ခံစားမှုကို ဖြစ်စေပြီး ကျေနပ်စေပါတယ်။ ဘာမှမရလို့ ပါးစပ်ပိတ်ပြီး တအင်အင်ဆိုတဲ့ မိခင်ရဲ့ အသံကိုတောင်ခံစားနိုင်တတ်ကြတယ်။
အခါလည်ကျော်လို့ ပြောတတ်ဆိုတတ်လေးရှိလာရင် လိုက်ပြီးသင်ယူတာတွေက မြန်လာပါတယ်။ပုံပြင်လို မျက်စိထဲမြင်လွယ်တဲ့ ကဗျာလေးတွေကို ကြိုက်နှစ်သက်လာကြတယ်။ကဗျာနဲ့ ပုံပြင်ဆိုတာ ကလေးဘဝက သိပ်ကိုကြိုက်ခဲ့တဲ့ ရသခံစားမှုပါပဲ။မကြိုက်တဲ့ကလေးဆိုတာ မရှိလောက်ပါဘူး။
အိပ်ရာဝင်ပုံပြင်လေးတွေဟာလည်း ကလေးတိုင်းနှစ်သက်ခဲ့ကြပါတယ်။ပုံပြင်ကို မနှစ်သက်သူ ရှိလည်း ရှိဟန်မတူးပါဘူး။အရွယ်မရွေး အားလုံးနှစ်သက်ကြလိမ့်မယ်လို့လည်းထင်ပါတယ်။
သက်လတ်ပိုင်းအရွယ် ကျော်ခဲ့တာတောင် တစ်ခါတစ်ရံ ကမ္ဘာကျော်အိပ်ရာဝင်ပုံပြင်တွေ၊ ဂရင်းညီနောင်ပုံပြင် တွေ၊တစ်ထောင့်တစ်ညပုံပြင်တွေ ပြန်ဖတ်ဖြစ်နေပါသေးတယ်။ပုံပြင်တွေဟာ ကလေးတွေအတွက်သာလို့ တွေးမိရင်မှားပါလိမ့်မယ်။လူကြီးတွေလည်းပုံပြင်ကြိုက်တတ်ပါတယ်။ပုံပြင်တွေနဲ့ ငယ်ရာကကြီးလာသလို ကြီးတော့လည်း ပုံပြင်တွေကို လက်မလွှတ်နိုင်ခဲ့ပြန်ပါဘူး။
ကျွန်တော်တို့ငယ်ငယ်ကလည်း ကဗျာတွေပုံပြင်တွေနဲ့ ကြီးခဲ့ရတယ်။အခုခေတ်မှာတော့ မြန်မာစကားပြော ကာတွန်းတွေက ရုပ်သံလိုင်းတွေကလွှင့်သလို အခွေတွေလည်းထွက်လာတော့ စက်ထဲထည့်ပြီး ကလေးတွေကို ပြထားလိုက်ရုံပါပဲ။အဲဒီလို ဖြစ်သွားတော့ ပုံပြောတဲ့ မိခင်ဖခင်တွေ မရှိတော့လောက်အောင်ကို ဖြစ်ကုန်ပါပြီ။
ကျွန်တော်တို့တုန်းကတော့ ဖေဖေ့လက်မောင်းကို ခေါင်းအုံးပြီး ဖေဖေပြောတဲ့ပုံပြင်တွေကို တစ်ဝကြီးနားထောင် ခဲ့ရတယ်။ပရိမ္မရွာကြီးကနေ မြို့ပေါ်ကို စက်ဘီးနဲ့တက်လာတတ်တဲ့ ဖေဖေ့ညီ ဦးလေးကို ညပိုင်းမှာ နင်းပေး တော့ သူပြောပြတဲ့ ပုံပြင်တွေကိုလည်း နားထောင်ခဲ့ကြရပြန်ပါတယ်။ဒီလိုနဲ့ ပုံပြင်တွေကိုကြိုက်ခဲ့တယ်ပေါ့။
မြောင်တောင်ရပ်က အ.မ.က ကျောင်းတက်တော့လည်း ဆရာတွေပြောတဲ့ ပုံပြင်တွေကိုနားထောင်ခဲ့ရ ပြန်ပါတယ်။ မှတ်တော့ မှတ်မိသေးတယ်။ သုံးတန်းတုန်းကပေါ့။ ဆရာကြီးဦးအောင်ဘီလို့ထင်ပါတယ်။ ဖွံ့ဖြိုးအချိန်မှာ ပုံပြင်တစ်ပုဒ်ပြောပြတယ်။
ပုံပြင်က “ချီး(ချေး)လှပြိုင်ပွဲ” တဲ့။ ပုံပြင်ဆိုတော့ ဟိုရှေးရှေးတုန်းကနဲ့ စတယ်ပေါ့ဗျာ။
ထူးထူးဆန်းဆန်းလုပ်လိုတဲ့ ဘုရင်ကြီးက ချီး(ချေး)လှတဲ့သူကို သူ့သမီးနဲ့ ထိမ်းမြားပြီး အိမ်ရှေ့အရာမြှောက်မယ် ဆိုပြီး ပြိုင်ပွဲလုပ်ဖို့ မှူးကြီးမတ်ရာတွေကို စီစဉ်ခိုင်းတာပေါ့။လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုင်းသူပြည်သား လူအများသိအောင် မောင်းကြေးနင်းခတ်ပြီး ကြေညာခိုင်းပါတယ်။
လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ကြေညာခိုင်းပေမယ့် လူတိုင်းက သိမနေပါဘူး။စိတ်လည်း ဝင်စားလှတယ်ရယ်လို့ မရှိကြပါဘူးတဲ့။ကိုယ်နဲ့မဆိုင်ဘူးလို့သာ သဘောထားတာပေါ့။ဒါကြောင့်လည်း ကိုယ့်အလုပ်ကိုသာ အာရုံစိုက်ပြီး လုပ်နေကြတဲ့ သူတွေက များပါတယ်တဲ့။တစ်နေ့လုပ်မှ တစ်နေ့စားကြရတဲ့ သူတွေက ဘာတွေထူးပြီး ပြင်ဆင်နိုင်မှာလည်းပေါ့။ကိုယ့်လယ်ယာထဲကထွက်တဲ့ အသီးအနှံလေးတွေ စားခါနီးမှ ခူးခပ်ချက်ပြုတ်စားကြရတဲ့ ဘဝတွေမို့လား။ချီးလှအောင် ဘာတွေများလုပ်နိုင်မှာလဲ။
ဘုရင့်အနားခစားနေကြတဲ့ မှူးကြီးမတ်ရာသေနာပတိကြီးတွေရဲ့ သားသမီးတွေကသာ ဘုရင့်သမီးရရင် ဘုရင်ဖြစ်ခွင့် ရမှာဆိုတော့ ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြပါတယ်တဲ့။ သုံးရက်လောက်လိုသေးတဲ့ ချီးလှပြိုင်ပွဲအတွက် အစားကောင်းအသောက်ကောင်းတွေကို ကြိုတင်ချက်ပြုတ်စားသောက်ကြတော့တာပေါ့။ စားသမျှအစားအစာတွေထဲ အမွှေးအကြိုင်တွေထည့်လို့ ချက်ကြပါသတဲ့။
အဲ…ပြောဖို့ ကျန်ခဲ့ပါသေးတယ်။အလှဆုံးပြနိုင်တဲ့ ချီးကို အကဲဖြတ်ရတဲ့ အဖွဲ့က မြည်းကြည့်ရမယ်ဆိုတဲ့ စည်းကမ်းလည်းပါနေပါသေးတယ်။
ဒါကြောင့် ပြိုင်ပွဲဝင်ကြမယ့် သူတွေဟာ အကဲဖြတ်ဒိုင်တွေက အမှတ်ပေးတဲ့အခါ အမှတ်ကောင်းကောင်း ရဖို့အတွက် ဟင်းခတ်အမွှေးအကြိုင်တွေကို ကောင်းကောင်းသုံးပြီး ချက်ပြုတ်စားသောက်ကြပါတယ်တဲ့။ ပြီးတော့ ချီးပါချင်တာကို မပါဘဲ အောင့်ထားကြပါသတဲ့။ကိုယ်စားထားတဲ့ ကောင့်ပေ့ဆိုတာ အစာတွေဟာ ပြန်ထွက်လာရင် ဒီအတိုင်းပဲ ဖြစ်နေမယ်ထင်နေကြတယ်တဲ့။
ပြိုင်ပွဲနေ့ရောက်တော့ ကွင်းပြင်ကြီးထဲ ပြိုင်ပွဲဝင်တွေဟာ ချီးပါဖို့ အဆင်သင့်ဖြစ်နေကြပါတယ်တဲ့။ဒိုင်တွေက ချီးပါဖို့ အချက်ပေးကျွဲချိုကြီးမှုတ်တော့ ပြိုင်ပွဲဝင်တွေဟာ ပုဆိုးတွေလှန်လို့ ဖင်ပြောင်ကြီးတွေနဲ့ ချီးတွေကို ပါကြပါတယ်တဲ့။
နှစ်ရက်ကျော်လောက် အောင့်ထားပြီးမှ ပါတဲ့ချီးတွေကြောင့် ပြိုင်ကွင်းတစ်ခုလုံးဟာ ပုပ်အဲ့နံလို့နေတော့တာ ပါပဲတဲ့။အကဲဖြတ်ဒိုင်တွေက လိုက်စစ်ဆေးတော့လည်း ချီးပုံကြီးတွေဟာ မည်းတူးညစ်ပုပ်နေလို့ မကြည့်ချင် လောက်အောင်ကိုပါပဲတဲ့။
အဲဒီအချိန်မှာ ရွှေဖရုံခင်းစိုက်တဲ့ လုလင်ပျိုတစ်ယောက်က သူ့ရဲ့ ရွှေဖရုံသီးတွေကို မင်းနေပြည်လာရောင်းရင်း ရုတ်ရုတ်သဲသဲဖြစ်နေတဲ့ ပြိုင်ပွဲရှိရာကို လာကြည့်တဲ့အချိန်လည်း ဖြစ်နေခဲ့ပါတယ်။
အမှတ်ပေးဖို့နေနေသာ ချီးပုံကြီးတွေဟာ မကြည့်ချင်လောက်အောင်ဖြစ်တဲ့ အခြေအနေတွေကြောင့် ပြိုင်ပွဲဝင်အသစ်တွေ ဖိတ်ခေါ်ယှဉ်ပြိုင်ဖြစ်ဖို့ ဖြစ်လာပါတော့တယ်။ဒါနဲ့ပြိုင်ပွဲဝင် အသစ်တွေဖိတ်ခေါ် ယှဉ်ပြိုင်တဲ့အခါ စူးစမ်းလိုစိတ်နဲ့ရောက်နေတဲ့ ရွှေဖရုံခင်းရှင်လေးဟာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ဖြစ်လာပါတယ်။
အခြားမြို့ပေါ်နေ အကောင်းစားတွေလည်း ထပ်မံဝင်ရောက်ယှဉ်ပြိုင်ကြပါတယ်တဲ့။ဒီလိုနဲ့ ချီးလှပြိုင်ပွဲဟာ စိတ်ဝင်စားစရာ ပိုပြီးကောင်းလာပါတော့တယ်။အသစ်တွေနဲ့ ထပ်မံယှဉ်ပြိုင်ခဲ့တဲ့ ချီးလှပြိုင်ပွဲကို အမှတ်ပေးဖို့ ဒိုင်လူကြီးတွေလှည့်လည် စစ်ဆေးတဲ့အခါမှာ ရွှေဖရုံသီးစိုက်တဲ့ တောသားလေးရဲ့ ချီးပုံရှေ့ရောက်တဲ့ အခါ အားလုံးဟာ “အို”ဆိုတဲ့ အာမေဋိတ်သံထွက်သွားပြီး လက်ညှိုးနဲ့ တစ်ယောက်တစ်ကော်ဝိုင်းပြီး မြည်းကြည့် ကြပါသတဲ့ ။ခေါင်းတညိတ်ညိတ်နဲ့ ကျေနပ်သဘောကျပြီး ရွှေဖရုံခင်းရှင်ကို မေးပါတယ်။
‘ဘယ်လိုကြောင့် မင်းရဲ့ချီးဟာ အရောင်အဆင်းလှလှနဲ့ စားချင်သဖွယ် ကောင်းအောင်လှနေရတာလဲလို့’ မေးတော့
‘တခြားတော့မရှိပါဘူး…တောထဲမှာ စားစရာမရှိတော့…ကိုယ်စိုက်တဲ့ ရွှေဖရုံသီးကိုသာ နေ့စဉ်ရက်ဆက်… ညမနက် ချက်ပြီးစားနေရတဲ့အတွက် ချီးဟာ ဒီလိုလှပနေတာပါ’ လို့ဖြေလိုက်ပါတယ်တဲ့..။
အကဲဖြတ်ဒိုင်အားလုံးက သူ့ကို အမှတ်ပြည့်ပေးလိုက်တဲ့အတွက် ရွှေဖရုံခင်းရှင်လုလင်ဟာ ဘုရင့်သမီးကို လက်ဆက်ခွင့်ရသွားခဲ့ပါတယ်တဲ့။
ပုံပြင်ဟာ ဒီမှာဆုံးခဲ့ပေမယ့် ကျွန်တော်တို့ကျောင်းသားတွေရင်ထဲမှာ ပုံပြင်ဟာ မဆုံးသေးခဲ့ဘဲ ရှိခဲ့ပါတယ်။ ဆရာကြီးပြောတဲ့ ပုံပြင်ကိုနားထောင်ပြီးတဲ့နောက်တော့ ဆရာမလာသေးတဲ့ အချိန်တွေမှာ ယောက်ျားလေး သူငယ်ချင်းတွေစုပြီး ကျောင်းအနောက်ဘက်က မစိုက်သေးတဲ့ လယ်ကွင်းတွေထဲ သွားပြီး ချီးလှပြိုင်ပွဲတွေ လုပ်ကြပါတော့တယ်။
အလယ်မှာတစ်ယောက်ထားပြီး ကျန်တဲ့ကောင်တွေက ဝိုင်းထိုင်လို့ ချီးကိုပါနိုင်သမျှပါကြပါတယ်။ အလယ်ကကောင်က တစ်ပုံပါပြီးလို့ ချီးပုံနဲ့ဖင်ထိသွားလို့ ရှေ့တိုးပြီးနေရာရွေ့သွားရင် သူ့ချီးပုံကို ခဲနဲ့ဝိုင်းထုကြပါတယ်။ အဲကောင်အမြန်ထပြေးနိုင်ရင် ချီးတွေလွင့်စဉ်ပြီး လာထိတာက လွတ်ပါတယ်။
ပထမတစ်ရက်နှစ်ရက်တော့ ဘာမှ ပြဿနာ မဖြစ်ပေမယ့် တစ်ရက်တော့ အလယ်ကကောင်ရဲ့ ချီးပုံခဲနဲ့ပစ်တာ ချီးတွေစဉ်ပြီး အင်္ကျီအဖြူတွေဟာ ညစ်ပေကုန်ပါတော့တယ်။ကျောင်းမြောက်ဘက်က ရေကန်ထဲမှာ သွားပြီးပွတ်လျော်ပေးကြရပါတယ်။အဲဒီကောင်က ဆရာကြီးကိုသွားတိုင်တယ်။
ဆရာကြီးက အကုန်လုံးကို ခေါက်ဆွဲစားတဲ့တူလောက်သာရှိတဲ့ တမာရိုးလေးတွေ သုံးလုံးပူးထားတဲ့တုတ်နဲ့ တင်ပါးဆုံရယ်၊ပေါင်ရယ်၊ ခြေသလုံးရယ် တစ်ယောက်ကို သုံးချက်ဆီရိုက်ပါတယ်။
အဲဒီဖြစ်စဉ်နောက်မှာ ယောက်ျားလေးတွေ သေးပေါက်ထွက်ရင် လက်ညှိုးထောင်ပြီးထွက်ရုံနဲ့ မရတော့ပါဘူး။ ပေါင်ကိုတစ်ချက် အထုခံပြီးမှ ထွက်ခွင့်ရပါတော့တယ်။တစ်ခါတုန်းက ကဲခဲ့တာလေးကို အမှတ်ရလို့ ပြန်ရေးလိုက်ရခြင်းပါ။ညစ်ပတ်တယ်ထင်ရင် ခွင့်လွှတ်ပါတော့။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ဥက္ကာသစ္စာ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မှ အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
[Zawgyi]
တစ္ခါတုန္းက အျဖစ္ေလးေတြ (၂၈)
ခ်ီး(ေခ်း)လွၿပိဳင္ပြဲ
ရသခံစားမႈဆိုတာ ႀကီးမွျဖစ္လာတာမဟုတ္ပါဘူး။ေမြးကတည္းက ျဖစ္လာတယ္လို႔ေတာင္ ေျပာလို႔ရပါတယ္။ မိဖရဲ႕အသံဟာ ကေလးအတြက္ ရသျဖစ္ေစတဲ့အသံပါပဲ။မိဖျဖစ္သူရဲ႕ မရတရဆိုျပတတ္တဲ့ ကဗ်ာေတြ သီခ်င္း ေတြေတာင္ ကေလးျဖစ္သူအတြက္ ခံစားမႈကို ျဖစ္ေစၿပီး ေက်နပ္ေစပါတယ္။ ဘာမွမရလို႔ ပါးစပ္ပိတ္ၿပီး တအင္အင္ဆိုတဲ့ မိခင္ရဲ႕ အသံကိုေတာင္ခံစားႏိုင္တတ္ၾကတယ္။
အခါလည္ေက်ာ္လို႔ ေျပာတတ္ဆိုတတ္ေလး႐ွိလာရင္ လိုက္ၿပီးသင္ယူတာေတြက ျမန္လာပါတယ္။ပုံျပင္လို မ်က္စိထဲျမင္လြယ္တဲ့ ကဗ်ာေလးေတြကို ႀကိဳက္ႏွစ္သက္လာၾကတယ္။ကဗ်ာနဲ႔ ပုံျပင္ဆိုတာ ကေလးဘဝက သိပ္ကိုႀကိဳက္ခဲ့တဲ့ ရသခံစားမႈပါပဲ။မႀကိဳက္တဲ့ကေလးဆိုတာ မ႐ွိေလာက္ပါဘူး။
အိပ္ရာဝင္ပုံျပင္ေလးေတြဟာလည္း ကေလးတိုင္းႏွစ္သက္ခဲ့ၾကပါတယ္။ပုံျပင္ကို မႏွစ္သက္သူ ႐ွိလည္း ႐ွိဟန္မတူးပါဘူး။အ႐ြယ္မေ႐ြး အားလုံးႏွစ္သက္ၾကလိမ့္မယ္လို႔လည္းထင္ပါတယ္။
သက္လတ္ပိုင္းအ႐ြယ္ ေက်ာ္ခဲ့တာေတာင္ တစ္ခါတစ္ရံ ကမ႓ာေက်ာ္အိပ္ရာဝင္ပုံျပင္ေတြ၊ ဂရင္းညီေနာင္ပုံျပင္ ေတြ၊တစ္ေထာင့္တစ္ညပုံျပင္ေတြ ျပန္ဖတ္ျဖစ္ေနပါေသးတယ္။ပုံျပင္ေတြဟာ ကေလးေတြအတြက္သာလို႔ ေတြးမိရင္မွားပါလိမ့္မယ္။လူႀကီးေတြလည္းပုံျပင္ႀကိဳက္တတ္ပါတယ္။ပုံျပင္ေတြနဲ႔ ငယ္ရာကႀကီးလာသလို ႀကီးေတာ့လည္း ပုံျပင္ေတြကို လက္မလႊတ္ႏိုင္ခဲ့ျပန္ပါဘူး။
ကြၽန္ေတာ္တို႔ငယ္ငယ္ကလည္း ကဗ်ာေတြပုံျပင္ေတြနဲ႔ ႀကီးခဲ့ရတယ္။အခုေခတ္မွာေတာ့ ျမန္မာစကားေျပာ ကာတြန္းေတြက ႐ုပ္သံလိုင္းေတြကလႊင့္သလို အေခြေတြလည္းထြက္လာေတာ့ စက္ထဲထည့္ၿပီး ကေလးေတြကို ျပထားလိုက္႐ုံပါပဲ။အဲဒီလို ျဖစ္သြားေတာ့ ပုံေျပာတဲ့ မိခင္ဖခင္ေတြ မ႐ွိေတာ့ေလာက္ေအာင္ကို ျဖစ္ကုန္ပါၿပီ။
ကြၽန္ေတာ္တို႔တုန္းကေတာ့ ေဖေဖ့လက္ေမာင္းကို ေခါင္းအုံးၿပီး ေဖေဖေျပာတဲ့ပုံျပင္ေတြကို တစ္ဝႀကီးနားေထာင္ ခဲ့ရတယ္။ပရိမၼ႐ြာႀကီးကေန ၿမိဳ႕ေပၚကို စက္ဘီးနဲ႔တက္လာတတ္တဲ့ ေဖေဖ့ညီ ဦးေလးကို ညပိုင္းမွာ နင္းေပး ေတာ့ သူေျပာျပတဲ့ ပုံျပင္ေတြကိုလည္း နားေထာင္ခဲ့ၾကရျပန္ပါတယ္။ဒီလိုနဲ႔ ပုံျပင္ေတြကိုႀကိဳက္ခဲ့တယ္ေပါ့။
ေျမာင္ေတာင္ရပ္က အ.မ.က ေက်ာင္းတက္ေတာ့လည္း ဆရာေတြေျပာတဲ့ ပုံျပင္ေတြကိုနားေထာင္ခဲ့ရ ျပန္ပါတယ္။ မွတ္ေတာ့ မွတ္မိေသးတယ္။ သုံးတန္းတုန္းကေပါ့။ ဆရာႀကီးဦးေအာင္ဘီလို႔ထင္ပါတယ္။ ဖြံ႕ၿဖိဳးအခ်ိန္မွာ ပုံျပင္တစ္ပုဒ္ေျပာျပတယ္။
ပုံျပင္က “ခ်ီး(ေခ်း)လွၿပိဳင္ပြဲ” တဲ့။ ပုံျပင္ဆိုေတာ့ ဟိုေ႐ွးေ႐ွးတုန္းကနဲ႔ စတယ္ေပါ့ဗ်ာ။
ထူးထူးဆန္းဆန္းလုပ္လိုတဲ့ ဘုရင္ႀကီးက ခ်ီး(ေခ်း)လွတဲ့သူကို သူ႕သမီးနဲ႔ ထိမ္းျမားၿပီး အိမ္ေ႐ွ႕အရာေျမႇာက္မယ္ ဆိုၿပီး ၿပိဳင္ပြဲလုပ္ဖို႔ မႉးႀကီးမတ္ရာေတြကို စီစဥ္ခိုင္းတာေပါ့။လွည္းေန ေလွေအာင္း ျမင္းေဇာင္းမက်န္ တိုင္းသူျပည္သား လူအမ်ားသိေအာင္ ေမာင္းေၾကးနင္းခတ္ၿပီး ေၾကညာခိုင္းပါတယ္။
လွည္းေနေလွေအာင္း ျမင္းေဇာင္းမက်န္ ေၾကညာခိုင္းေပမယ့္ လူတိုင္းက သိမေနပါဘူး။စိတ္လည္း ဝင္စားလွတယ္ရယ္လို႔ မ႐ွိၾကပါဘူးတဲ့။ကိုယ္နဲ႔မဆိုင္ဘူးလို႔သာ သေဘာထားတာေပါ့။ဒါေၾကာင့္လည္း ကိုယ့္အလုပ္ကိုသာ အာ႐ုံစိုက္ၿပီး လုပ္ေနၾကတဲ့ သူေတြက မ်ားပါတယ္တဲ့။တစ္ေန႔လုပ္မွ တစ္ေန႔စားၾကရတဲ့ သူေတြက ဘာေတြထူးၿပီး ျပင္ဆင္ႏိုင္မွာလည္းေပါ့။ကိုယ့္လယ္ယာထဲကထြက္တဲ့ အသီးအႏွံေလးေတြ စားခါနီးမွ ခူးခပ္ခ်က္ျပဳတ္စားၾကရတဲ့ ဘဝေတြမို႔လား။ခ်ီးလွေအာင္ ဘာေတြမ်ားလုပ္ႏိုင္မွာလဲ။
ဘုရင့္အနားခစားေနၾကတဲ့ မႉးႀကီးမတ္ရာေသနာပတိႀကီးေတြရဲ႕ သားသမီးေတြကသာ ဘုရင့္သမီးရရင္ ဘုရင္ျဖစ္ခြင့္ ရမွာဆိုေတာ့ ၿပိဳင္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္ၾကပါတယ္တဲ့။ သုံးရက္ေလာက္လိုေသးတဲ့ ခ်ီးလွၿပိဳင္ပြဲအတြက္ အစားေကာင္းအေသာက္ေကာင္းေတြကို ႀကိဳတင္ခ်က္ျပဳတ္စားေသာက္ၾကေတာ့တာေပါ့။ စားသမွ်အစားအစာေတြထဲ အေမႊးအႀကိဳင္ေတြထည့္လို႔ ခ်က္ၾကပါသတဲ့။
အဲ…ေျပာဖို႔ က်န္ခဲ့ပါေသးတယ္။အလွဆုံးျပႏိုင္တဲ့ ခ်ီးကို အကဲျဖတ္ရတဲ့ အဖြဲ႕က ျမည္းၾကည့္ရမယ္ဆိုတဲ့ စည္းကမ္းလည္းပါေနပါေသးတယ္။
ဒါေၾကာင့္ ၿပိဳင္ပြဲဝင္ၾကမယ့္ သူေတြဟာ အကဲျဖတ္ဒိုင္ေတြက အမွတ္ေပးတဲ့အခါ အမွတ္ေကာင္းေကာင္း ရဖို႔အတြက္ ဟင္းခတ္အေမႊးအႀကိဳင္ေတြကို ေကာင္းေကာင္းသုံးၿပီး ခ်က္ျပဳတ္စားေသာက္ၾကပါတယ္တဲ့။ ၿပီးေတာ့ ခ်ီးပါခ်င္တာကို မပါဘဲ ေအာင့္ထားၾကပါသတဲ့။ကိုယ္စားထားတဲ့ ေကာင့္ေပ့ဆိုတာ အစာေတြဟာ ျပန္ထြက္လာရင္ ဒီအတိုင္းပဲ ျဖစ္ေနမယ္ထင္ေနၾကတယ္တဲ့။
ၿပိဳင္ပြဲေန႔ေရာက္ေတာ့ ကြင္းျပင္ႀကီးထဲ ၿပိဳင္ပြဲဝင္ေတြဟာ ခ်ီးပါဖို႔ အဆင္သင့္ျဖစ္ေနၾကပါတယ္တဲ့။ဒိုင္ေတြက ခ်ီးပါဖို႔ အခ်က္ေပးကြၽဲခ်ိဳႀကီးမႈတ္ေတာ့ ၿပိဳင္ပြဲဝင္ေတြဟာ ပုဆိုးေတြလွန္လို႔ ဖင္ေျပာင္ႀကီးေတြနဲ႔ ခ်ီးေတြကို ပါၾကပါတယ္တဲ့။
ႏွစ္ရက္ေက်ာ္ေလာက္ ေအာင့္ထားၿပီးမွ ပါတဲ့ခ်ီးေတြေၾကာင့္ ၿပိဳင္ကြင္းတစ္ခုလုံးဟာ ပုပ္အဲ့နံလို႔ေနေတာ့တာ ပါပဲတဲ့။အကဲျဖတ္ဒိုင္ေတြက လိုက္စစ္ေဆးေတာ့လည္း ခ်ီးပုံႀကီးေတြဟာ မည္းတူးညစ္ပုပ္ေနလို႔ မၾကည့္ခ်င္ ေလာက္ေအာင္ကိုပါပဲတဲ့။
အဲဒီအခ်ိန္မွာ ေ႐ႊဖ႐ုံခင္းစိုက္တဲ့ လုလင္ပ်ိဳတစ္ေယာက္က သူ႕ရဲ႕ ေ႐ႊဖ႐ုံသီးေတြကို မင္းေနျပည္လာေရာင္းရင္း ႐ုတ္႐ုတ္သဲသဲျဖစ္ေနတဲ့ ၿပိဳင္ပြဲ႐ွိရာကို လာၾကည့္တဲ့အခ်ိန္လည္း ျဖစ္ေနခဲ့ပါတယ္။
အမွတ္ေပးဖို႔ေနေနသာ ခ်ီးပုံႀကီးေတြဟာ မၾကည့္ခ်င္ေလာက္ေအာင္ျဖစ္တဲ့ အေျခအေနေတြေၾကာင့္ ၿပိဳင္ပြဲဝင္အသစ္ေတြ ဖိတ္ေခၚယွဥ္ၿပိဳင္ျဖစ္ဖို႔ ျဖစ္လာပါေတာ့တယ္။ဒါနဲ႔ၿပိဳင္ပြဲဝင္ အသစ္ေတြဖိတ္ေခၚ ယွဥ္ၿပိဳင္တဲ့အခါ စူးစမ္းလိုစိတ္နဲ႔ေရာက္ေနတဲ့ ေ႐ႊဖ႐ုံခင္း႐ွင္ေလးဟာ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔ျဖစ္လာပါတယ္။
အျခားၿမိဳ႕ေပၚေန အေကာင္းစားေတြလည္း ထပ္မံဝင္ေရာက္ယွဥ္ၿပိဳင္ၾကပါတယ္တဲ့။ဒီလိုနဲ႔ ခ်ီးလွၿပိဳင္ပြဲဟာ စိတ္ဝင္စားစရာ ပိုၿပီးေကာင္းလာပါေတာ့တယ္။အသစ္ေတြနဲ႔ ထပ္မံယွဥ္ၿပိဳင္ခဲ့တဲ့ ခ်ီးလွၿပိဳင္ပြဲကို အမွတ္ေပးဖို႔ ဒိုင္လူႀကီးေတြလွည့္လည္ စစ္ေဆးတဲ့အခါမွာ ေ႐ႊဖ႐ုံသီးစိုက္တဲ့ ေတာသားေလးရဲ႕ ခ်ီးပုံေ႐ွ႕ေရာက္တဲ့ အခါ အားလုံးဟာ “အို”ဆိုတဲ့ အာေမဋိတ္သံထြက္သြားၿပီး လက္ညိႇဳးနဲ႔ တစ္ေယာက္တစ္ေကာ္ဝိုင္းၿပီး ျမည္းၾကည့္ ၾကပါသတဲ့ ။ေခါင္းတညိတ္ညိတ္နဲ႔ ေက်နပ္သေဘာက်ၿပီး ေ႐ႊဖ႐ုံခင္း႐ွင္ကို ေမးပါတယ္။
‘ဘယ္လိုေၾကာင့္ မင္းရဲ႕ခ်ီးဟာ အေရာင္အဆင္းလွလွနဲ႔ စားခ်င္သဖြယ္ ေကာင္းေအာင္လွေနရတာလဲလို႔’ ေမးေတာ့
‘တျခားေတာ့မ႐ွိပါဘူး…ေတာထဲမွာ စားစရာမ႐ွိေတာ့…ကိုယ္စိုက္တဲ့ ေ႐ႊဖ႐ုံသီးကိုသာ ေန႔စဥ္ရက္ဆက္… ညမနက္ ခ်က္ၿပီးစားေနရတဲ့အတြက္ ခ်ီးဟာ ဒီလိုလွပေနတာပါ’ လို႔ေျဖလိုက္ပါတယ္တဲ့..။
အကဲျဖတ္ဒိုင္အားလုံးက သူ႕ကို အမွတ္ျပည့္ေပးလိုက္တဲ့အတြက္ ေ႐ႊဖ႐ုံခင္း႐ွင္လုလင္ဟာ ဘုရင့္သမီးကို လက္ဆက္ခြင့္ရသြားခဲ့ပါတယ္တဲ့။
ပုံျပင္ဟာ ဒီမွာဆုံးခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ေက်ာင္းသားေတြရင္ထဲမွာ ပုံျပင္ဟာ မဆုံးေသးခဲ့ဘဲ ႐ွိခဲ့ပါတယ္။ ဆရာႀကီးေျပာတဲ့ ပုံျပင္ကိုနားေထာင္ၿပီးတဲ့ေနာက္ေတာ့ ဆရာမလာေသးတဲ့ အခ်ိန္ေတြမွာ ေယာက်္ားေလး သူငယ္ခ်င္းေတြစုၿပီး ေက်ာင္းအေနာက္ဘက္က မစိုက္ေသးတဲ့ လယ္ကြင္းေတြထဲ သြားၿပီး ခ်ီးလွၿပိဳင္ပြဲေတြ လုပ္ၾကပါေတာ့တယ္။
အလယ္မွာတစ္ေယာက္ထားၿပီး က်န္တဲ့ေကာင္ေတြက ဝိုင္းထိုင္လို႔ ခ်ီးကိုပါႏိုင္သမွ်ပါၾကပါတယ္။ အလယ္ကေကာင္က တစ္ပုံပါၿပီးလို႔ ခ်ီးပုံနဲ႔ဖင္ထိသြားလို႔ ေ႐ွ႕တိုးၿပီးေနရာေ႐ြ႕သြားရင္ သူ႕ခ်ီးပုံကို ခဲနဲ႔ဝိုင္းထုၾကပါတယ္။ အဲေကာင္အျမန္ထေျပးႏိုင္ရင္ ခ်ီးေတြလြင့္စဥ္ၿပီး လာထိတာက လြတ္ပါတယ္။
ပထမတစ္ရက္ႏွစ္ရက္ေတာ့ ဘာမွ ျပႆနာ မျဖစ္ေပမယ့္ တစ္ရက္ေတာ့ အလယ္ကေကာင္ရဲ႕ ခ်ီးပုံခဲနဲ႔ပစ္တာ ခ်ီးေတြစဥ္ၿပီး အက်ႌအျဖဴေတြဟာ ညစ္ေပကုန္ပါေတာ့တယ္။ေက်ာင္းေျမာက္ဘက္က ေရကန္ထဲမွာ သြားၿပီးပြတ္ေလ်ာ္ေပးၾကရပါတယ္။အဲဒီေကာင္က ဆရာႀကီးကိုသြားတိုင္တယ္။
ဆရာႀကီးက အကုန္လုံးကို ေခါက္ဆြဲစားတဲ့တူေလာက္သာ႐ွိတဲ့ တမာ႐ိုးေလးေတြ သုံးလုံးပူးထားတဲ့တုတ္နဲ႔ တင္ပါးဆုံရယ္၊ေပါင္ရယ္၊ ေျခသလုံးရယ္ တစ္ေယာက္ကို သုံးခ်က္ဆီ႐ိုက္ပါတယ္။
အဲဒီျဖစ္စဥ္ေနာက္မွာ ေယာက်္ားေလးေတြ ေသးေပါက္ထြက္ရင္ လက္ညိႇဳးေထာင္ၿပီးထြက္႐ုံနဲ႔ မရေတာ့ပါဘူး။ ေပါင္ကိုတစ္ခ်က္ အထုခံၿပီးမွ ထြက္ခြင့္ရပါေတာ့တယ္။တစ္ခါတုန္းက ကဲခဲ့တာေလးကို အမွတ္ရလို႔ ျပန္ေရးလိုက္ရျခင္းပါ။ညစ္ပတ္တယ္ထင္ရင္ ခြင့္လႊတ္ပါေတာ့။
အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767 သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။
ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။
ဥကၠာသစၥာ ( iMyanmarHouse.com အိုင္ျမန္မာေဟာက္စ္ေဒါ႔ကြန္း) မွ အထူးေရးသားေဖာ္ျပသည္။
Credit: iMyanmarHouse.com