စာသင်ကျောင်းသို့ ၈ ကီလိုမီတာခရီး နေ့စဉ် လမ်းလျှောက်ကာ ၂ နှစ်ခန့် ကျောင်းတက်နေရသော ကျောင်းသားလေးကို မြို့တော်ဝန်က ဘက်ထရီစက်ဘီးတစ်စီးနှင့် ပညာသင်ဆုငွေပေး

စာသင်ကျောင်းသို့ ၈ ကီလိုမီတာခရီး နေ့စဉ် လမ်းလျှောက်ကာ ၂ နှစ်ခန့် ကျောင်းတက်နေရသော ကျောင်းသားလေးကို မြို့တော်ဝန်က ဘက်ထရီစက်ဘီးတစ်စီးနှင့် ပညာသင်ဆုငွေပေး - Property News in Myanmar from iMyanmarHouse.com
9 Jun 2023 10:00 am တွင် တင်ခဲ့သည်
869 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ကျွန်ုပ်တို့အများစုမှာ ဘူတာရုံ ၊ ကားမှတ်တိုင်သို့ လမ်းလျှောက်သွားရခြင်းကို ပူပြင်းသော နေပူရှိန်ကြောင့် ငြီးညူကြသည်။

အင်ဒိုနီးရှားနိုင်ငံမှ ဆယ်ကျော်သက် ကျောင်းသားတစ်ဦးမှာမူ ကျောင်းသို့အသွားအပြန် နေ့စဉ် ၈ ကီလိုမီတာခရီးကို ၂ နှစ်ခန့် လမ်းလျှောက်ကာ ကျောင်းတက်ရလျက်ရှိသည်။

မကြာသေးမီကမူ အဆိုပါကျောင်းသား လမ်းဘေးပလက်ဖောင်းတွင် လဲကျသွားပုံ ဗွီဒီယိုမှာ TikTok လူမှုကွန်ရက်တွင် ဂယက်ရိုက်ခဲ့သည်။

အသက် ၁၆ နှစ်အရွယ်ရှိ ကျောင်းသားလူငယ်၏ ပြောကြားချက်အရ အိမ်မှကျောင်းသို့သွားစဉ် လမ်းတွင် မူးဝေအားနည်းမှုကို ခံစားခဲ့ရကြောင်း ပြောသည်။

သူ၏ အဖြစ်အပျက်ကို မြို့တော်ဝန် South Tangerang ကြားသိခဲ့ပြီးနောက် ကျောင်းသားလူငယ်အား လျှပ်စစ်စက်ဘီးတစ်စီးနှင့် ဆက်လက်ပညာသင်ယူမှုများ ပြုလုပ်ရန် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခဲ့သည်။

ကျောင်းသားလူငယ်၏ အမည်မှာ Viky ဟု သိရသည်။

TikTok လူမှုကွန်ရက်တွင် @Terdalam ဟူသောအမည်ဖြင့် သုံးစွဲသူတစ်ဦးက ထိုလူငယ်နှင့် တွေ့ဆုံခဲ့ပုံကို မေလ ၁၇ ရက်က လူမှုကွန်ရက်တွင် ဗွီဒီယိုတင်ခဲ့ခြင်း ဖြစ်သည်။

ဗွီဒီယိုဖိုင်ထဲတွင် ကျောင်းယူနီဖောင်း ဝတ်ဆင်ထားသော လူငယ်တစ်ဦး လမ်းဘေးတွင် ထိုင်နေသည်ကို တွေ့ရသည်။

အနီးဝန်းကျင်သို့ ဝိုင်းအုံကြည့်ရှုသူများနှင့် စကားအနည်းငယ်ပြောဆိုပြီးနောက် ဗွီဒီယိုဖိုင်တင်သူ သိလိုက်သည်မှာ ထိုလူငယ်သည် မူးလဲသွားခြင်းဖြစ်ကြောင်း သိခဲ့သည်။

ဗွီဒီယိုဖိုင် တင်သူအား Viky က ပြောသည်မှာ ကျောင်းသို့ လမ်းလျှောက်လာစဉ် အလွန်မူးဝေလာကြောင်း ပြောသည်။

Viky က ဆက်လက်ပြောကြားသည်မှာ အင်ဒိုနီးရှားနိုင်ငံ ၊ South Tangerang မြို့ ၊ Ciputat အရပ်တွင် နေထိုင်ပြီး Bojongsari အရပ်ရှိ ကျောင်းသို့ ကျောင်းတက်ရကြောင်း ၊ အကွာအဝေးမှာ ၈ ကီလိုမီတာခန့်ရှိကြောင်း ပြောသည်။

သူသည် ပြီးခဲ့သော ၂ နှစ်တာအတွင်း ထိုသို့ လမ်းလျှောက်ကာ ကျောင်းတက်ခဲ့ရခြင်းဖြစ်သည်။

စထရိတ်တိုင်းမ်းသတင်းစာ၏ ဖော်ပြချက်အရ Viky သည် မုန့်ဖိုးငွေမှ ငွေစုနိုင်ရန်အတွက် လမ်းလျှောက်သွားခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

သူနေ့စဉ်ရသော မုန့်ဖိုးငွေမှာ အင်ဒိုနီးရှားငွေ ၁၀၀၀၀ (စင်္ကာပူ ၁ ဒေါ်လာနီးပါး) ဖြစ်ပြီး တစ်ခါတစ်ရံတွင် ကားပါကင်အစောင့်အဖြစ် လုပ်ကိုင်ခြင်းမှလည်း ဝင်ငွေအချို့ရသည်။

Viky က ပြောသည်မှာ မိမိအတွက် မိဘများ၏ ဝန်ထုပ်ဝန်ပိုး နည်းနိုင်သမျှ နည်းစေလိုကြောင်း ပြောသည်။

စထရိတ်တိုင်းသတင်းစာ၏ ဖော်ပြချက်အရ သူ၏ ဖခင်မှာ မကြာသေးမီက လေဖြတ်ကာ အလုပ်လက်မဲ့ဖြစ်နေပြီး မိခင်မှာ မှီခိုတစ်ဦးသာ ဖြစ်သည်ဟု ဆိုသည်။

မိဘများက ကျောင်းလခမပေးနိုင်သောကြောင့် Viky သည် အိမ်နှင့်နီးသော ပုဂ္ဂလိကကျောင်းမှ ကျောင်းထွက်ကာ အိမ်နှင့်ဝေးသော အစိုးရကျောင်းသို့ ကျောင်းပြောင်းခဲ့ရသည်။

Viky လမ်းပေါ်သို့ လဲကျခဲ့သည့် ဗွီဒီယိုမှာ ကြည့်ရှုသူ ၁၂ ဒသမ ၄ သန်း ရှိခဲ့သည်။

မြို့တော်ဝန်ဖြစ်သူ မစ္စတာ ပီလာဆာဂါက ကျောင်းသားလူငယ်ထံသို့ သွားကာ လျှပ်စစ်ဘီးနှင့် ပညာသင်ထောက်ပံ့ကြေးပေးခဲ့ပုံကို အင်စတာဂရမ် လူမှုကွန်ရက်တွင် တင်ခဲ့သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Indonesian Teen Treks 8KM To School For 2 Years, Receives Bicycle & Bursary From Mayor (mustsharenews)

[Zawgyi]

စာသင္ေက်ာင္းသို႔ ၈ ကီလိုမီတာခရီး ေန႔စဥ္ လမ္းေလွ်ာက္ကာ ၂ ႏွစ္ခန္႔ ေက်ာင္းတက္ေနရေသာ ေက်ာင္းသားေလးကို ျမဳိ႕ေတာ္ဝန္က ဘက္ထရီစက္ဘီးတစ္စီးႏွင့္ ပညာသင္ဆုေငြေပး

ကၽြႏု္ပ္တို႔အမ်ားစုမွာ ဘူတာရံု ၊ ကားမွတ္တိုင္သို႔ လမ္းေလွ်ာက္သြားရျခင္းကို ပူျပင္းေသာ ေနပူရွိန္ေၾကာင့္ ျငီးညဴၾကသည္။

အင္ဒိုနီးရွားႏိုင္ငံမွ ဆယ္ေက်ာ္သက္ ေက်ာင္းသားတစ္ဦးမွာမူ ေက်ာင္းသုိ႔အသြားအျပန္ ေန႔စဥ္ ၈ ကီလိုမီတာခရီးကို ၂ ႏွစ္ခန္႔ လမ္းေလွ်ာက္ကာ ေက်ာင္းတက္ရလ်က္ရွိသည္။

မၾကာေသးမီကမူ အဆိုပါေက်ာင္းသား လမ္းေဘးပလက္ေဖာင္းတြင္ လဲက်သြားပံု ဗြီဒီယိုမွာ TikTok လူမႈကြန္ရက္တြင္ ဂယက္ရုိက္ခဲ့သည္။

အသက္ ၁၆ ႏွစ္အရြယ္ရွိ ေက်ာင္းသားလူငယ္၏ ေျပာၾကားခ်က္အရ အိမ္မွေက်ာင္းသို႔သြားစဥ္ လမ္းတြင္ မူးေဝအားနည္းမႈကို ခံစားခ့ဲရေၾကာင္း ေျပာသည္။

သူ၏ အျဖစ္အပ်က္ကို ျမဳိ႕ေတာ္ဝန္ South Tangerang ၾကားသိခဲ့ျပီးေနာက္ ေက်ာင္းသားလူငယ္အား လွ်ပ္စစ္စက္ဘီးတစ္စီးႏွင့္ ဆက္လက္ပညာသင္ယူမႈမ်ား ျပဳလုပ္ရန္ ပညာသင္ေထာက္ပံ့ေၾကး ေပးအပ္ခဲ့သည္။

ေက်ာင္းသားလူငယ္၏ အမည္မွာ Viky ဟု သိရသည္။ TikTok လူမႈကြန္ရက္တြင္ @Terdalam ဟူေသာအမည္ျဖင့္ သံုးစြဲသူတစ္ဦးက ထိုလူငယ္ႏွင့္ ေတြ႔ဆံုခဲ့ပံုကို ေမလ ၁၇ ရက္က လူမႈကြန္ရက္တြင္ ဗြီဒီယိုတင္ခဲ့ျခင္း ျဖစ္သည္။

ဗြီဒီယိုဖိုင္ထဲတြင္ ေက်ာင္းယူနီေဖာင္း ဝတ္ဆင္ထားေသာ လူငယ္တစ္ဦး လမ္းေဘးတြင္ ထိုင္ေနသည္ကို ေတြ႔ရသည္။ အနီးဝန္းက်င္သို႔ ဝိုင္းအံုၾကည့္ရႈသူမ်ားႏွင့္ စကားအနည္းငယ္ေျပာဆိုျပီးေနာက္ ဗြီဒီယိုဖုိင္တင္သူ သိလုိက္သည္မွာ ထိုလူငယ္သည္ မူးလဲသြားျခင္းျဖစ္ေၾကာင္း သိခဲ့သည္။

ဗြီဒီယိုဖုိင္ တင္သူအား Viky က ေျပာသည္မွာ ေက်ာင္းသို႔ လမ္းေလွ်ာက္လာစဥ္ အလြန္မူးေဝလာေၾကာင္း ေျပာသည္။

Viky က ဆက္လက္ေျပာၾကားသည္မွာ အင္ဒိုနီးရွားႏိုင္ငံ ၊ South Tangerang ျမဳိ႕ ၊ Ciputat အရပ္တြင္ ေနထိုင္ျပီး Bojongsari အရပ္ရွိ ေက်ာင္းသို႔ ေက်ာင္းတက္ရေၾကာင္း ၊ အကြာအေဝးမွာ ၈ ကီလိုမီတာခန္႔ရွိေၾကာင္း ေျပာသည္။ သူသည္ ျပီးခဲ့ေသာ ၂ ႏွစ္တာအတြင္း ထိုသို႔ လမ္းေလွ်ာက္ကာ ေက်ာင္းတက္ခဲ့ရျခင္းျဖစ္သည္။

စထရိတ္တိုင္းမ္းသတင္းစာ၏ ေဖာ္ျပခ်က္အရ Viky သည္ မုန္႔ဖုိးေငြမွ ေငြစုႏိုင္ရန္အတြက္ လမ္းေလွ်ာက္သြားျခင္း ျဖစ္ေၾကာင္း ေဖာ္ျပသည္။

သူေန႔စဥ္ရေသာ မုန္႔ဖိုးေငြမွာ အင္ဒိုနီးရွားေငြ ၁၀၀၀၀ (စကၤာပူ ၁ ေဒၚလာနီးပါး) ျဖစ္ျပီး တစ္ခါတစ္ရံတြင္ ကားပါကင္အေစာင့္အျဖစ္ လုပ္ကိုင္ျခင္းမွလည္း ဝင္ေငြအခ်ဳိ႕ရသည္။

Viky က ေျပာသည္မွာ မိမိအတြက္ မိဘမ်ား၏ ဝန္ထုပ္ဝန္ပိုး နည္းႏိုင္သမွ် နည္းေစလိုေၾကာင္း ေျပာသည္။

စထရိတ္တိုင္းသတင္းစာ၏ ေဖာ္ျပခ်က္အရ သူ၏ ဖခင္မွာ မၾကာေသးမီက ေလျဖတ္ကာ အလုပ္လက္မဲ့ျဖစ္ေနျပီး မိခင္မွာ မွီခိုတစ္ဦးသာ ျဖစ္သည္ဟု ဆိုသည္။

မိဘမ်ားက ေက်ာင္းလခမေပးႏိုင္ေသာေၾကာင့္ Viky သည္ အိမ္ႏွင့္နီးေသာ ပုဂၢလိကေက်ာင္းမွ ေက်ာင္းထြက္ကာ အိမ္ႏွင့္ေဝးေသာ အစိုးရေက်ာင္းသို႔ ေက်ာင္းေျပာင္းခဲ့ရသည္။

Viky လမ္းေပၚသို႔ လဲက်ခဲ့သည့္ ဗြီဒီယိုမွာ ၾကည့္ရႈသူ ၁၂ ဒသမ ၄ သန္း ရွိခဲ့သည္။

ျမဳိ႕ေတာ္ဝန္ျဖစ္သူ မစၥတာ ပီလာဆာဂါက ေက်ာင္းသားလူငယ္ထံသုိ႔ သြားကာ လွ်ပ္စစ္ဘီးႏွင့္ ပညာသင္ေထာက္ပံ့ေၾကးေပးခဲ့ပံုကို အင္စတာဂရမ္ လူမႈကြန္ရက္တြင္ တင္ခဲ့သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Indonesian Teen Treks 8KM To School For 2 Years, Receives Bicycle & Bursary From Mayor (mustsharenews)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
မြေလွတ်၊ မြေလပ်၊ မြေရိုင်း လုပ်ငန်းများခွင့်ပြုချက် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလို
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ကလေးဘဝနေအိမ်တွင် တောကြောင်များ သောင်းကျန်းနေ သောကြောင့် ခေါက်ချိုးခန့် ဈေးလျှော့ရောင်းထုတ်
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service