ကီဗင်ကော့စ်နာက ဒေါ်လာသန်း ၁၀၀ ခန့်ကုန်မည့် ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးရန် ၁၀ ဧကကျယ်သော ခြံကို ပေါင်နှံခဲ့

ကီဗင်ကော့စ်နာက ဒေါ်လာသန်း ၁၀၀ ခန့်ကုန်မည့် ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ကူးရန် ၁၀ ဧကကျယ်သော ခြံကို ပေါင်နှံခဲ့ - Property News in Myanmar from iMyanmarHouse.com
9 Jun 2023 9:47 am တွင် တင်ခဲ့သည်
294 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

ဟောလိဝုဒ်ကြယ်ပွင့် ကီဗင်ကော့စ်နာသည် ဒေါ်လာ သန်း ၁၀၀ ခန့်ကုန်ကျကာ နှစ်ပေါင်း ၃၀ ခန့် ရိုက်ကူးရမည့် ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် ကုန်ကျစရိတ်ရရှိရန် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်တာဘာဘရာခရိုင်ရှိ ၁၀ ဧက ကျယ်ဝန်းသော ခြံကို ပေါင်နှံခဲ့ကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။

Deadline သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ကီဗင်ကော့စ်နာက ပြောသည်မှာ ဆန်တာဘာဘရာခရိုင်၊ Carpinteria မြို့ရှိ ၁၀ ဧကကျယ်သော ပင်လယ်ကမ်းခြေရှိ မြေကွက်လွတ်နေရာတွင် ဒေါ်လာ ၁၄၅ သန်း ကုန်ကျမည့် စံအိမ်သစ်တစ်လုံး ဆောက်လုပ်ရန် စီစဉ်ခဲ့ကြောင်း ပြောသည်။

“ဆန်တာဘာဘရာမှာရှိတဲ့ ကျွန်တော်အိမ်ဆောက်ဖို့ စီစဉ်ထားတဲ့ ၁၀ ဧကမြေကွက်ကို ပေါင်နှံခဲ့ပါတယ်။ တစ်ချက်လေးတောင် မတွေးဘဲ ဒါကိုလုပ်ခဲ့တာပါ။ ကျွန်တော့် စာရင်းကိုင်က ဒေါသတွေထွက်ခဲ့တယ်။ ဒါပေမယ့် ဒါက ကျွန်တော့်ဘဝပါ။ ကျွန်တော့်စိတ်ကူးအကြံဉာဏ်ကို ကျွန်တော်ယုံကြည်ပါတယ်”ဟု ကီဗင်ကော်စနာက အဆိုပါသတင်းဌာနသို့ ပြောသည်။

ယခုနှစ်အတွင်း ကီဗင်ကော့စ်နာ၏ ၁၈ နှစ်တာ အိမ်ထောင်ရေးနိဂုံးချုပ်သွားခဲ့ခြင်းနှင့်စပ်လျဉ်း၍လည်း ကောလာဟလသတင်းများစွာ ထွက်ပေါ်နေသည်။

ဇနီးဖြစ်သူ Christine Baumgartner က အလုပ်ကိုသာ အလွန်အကျွံအာရုံစိုက်နေသော ကီဗင်ကော့စ်နာအပေါ် စိတ်ကုန်နေခြင်းဖြစ်သည်ဟူသော ခန့်မှန်းချက်များရှိသည်။

ကီဗင်ကော့စ်နာသည် ယခုရုပ်ရှင်ကားကြောင့် အိမ်ထောင်ရေးထိခိုက်ရသည်သာမက အကောင်းဆုံးအိမ်ခြံမြေ တစ်ခုကိုပါ ထိခိုက်စေခဲ့ခြင်းလည်း ဖြစ်သည်။

(၁၀ ဧက ကျယ်သော ဤမြေကွက်တွင် ကီဗင်ကော့စ်နာက မိသားစုအတွက် အိမ်သစ်တစ်လုံးဆောက်ရန် စီစဉ်ခဲ့သည်။ ဓာတ်ပုံ-Backgrid)

(Horizon အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းတွဲရိုက်ရန် ဤမြေကွက်ကို ပေါင်ခဲ့သည်။ ဓာတ်ပုံ-Backgrid)

မကြာမီရိုက်ကူးမည့် Horizon အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ကုန်ကျစရိတ်ရရန် ထပ်ဆင့် အော်စကာဆုရှင် ကီဗင်ကော့စ်နာက ယခုကဲ့သို့ ဆုံးဖြတ်ချက်ချခဲ့ရခြင်းလည်း ဖြစ်သည်။

သူရိုက်ကူးမည့် Horizon ဇာတ်လမ်းတွဲမှာ အပိုင်း ၄ ပိုင်း ပါဝင်ကာ နှစ်ပေါင်း ၃၀ ခန့် ရိုက်ကူးရမည်ဟု ခန့်မှန်းထားပြီး အဆိုပါရုပ်ရှင်အတွက် ကီဗင်ကော့စ်နာက အားသွန်ခွန်စိုက် လုံးပမ်းလျက်ရှိသည်။

ဒေါ်လာ သန်း ၁၀၀ ကုန်မည့် ထိုရုပ်ရှင်အတွက် ကီဗင်ကော့စ်နာက သူတစ်ဦးတည်းအနေဖြင့် ဒေါ်လာ သန်း ၅၀ ရှာဖွေထားသည်။

“ကျွန်တော်ပြောမယ်ဗျာ။ ဒီလိုမျိုး ဘယ်တော့မှ ထပ်မလုပ်တော့ဘူး။ ဒီ ရုပ်ရှင် ၄ ကားပြီးရင် နောက်ထပ်ဘယ်ရုပ်ရှင်အတွက်မှ ကျွန်တော့်ငွေတွေ မသုံးတော့ဘူး”

ကီဗင်ကော့စ်နာသည် Carpinteria မြို့တွင် အခြားအိမ်တစ်လုံးလည်း ပိုင်ဆိုင်ထားသေးသည်။

အဆိုပါအိမ်မှာ ခြံအကျယ် ၁၇ ဧကရှိပြီး အိပ်ခန်း ၂ ခန်း၊ ရေချိုးခန်း ၂ ခန်းပါ မွေးမြူရေးခြံတစ်ခု ဖြစ်သည်။

ကီဗင်ကော့စ်နာက ထိုအိမ်ကို ၂၀၀၆ ခုနှစ်အတွင်း ကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

(Carpinteria မြို့မှ ကီဗင်ကော့စ်နာ၏ အိမ်တစ်လုံး။ ဓာတ်ပုံ-MEGA)

၂၀၁၇ ခုနှစ်အတွင်း ကီဗင်ကော့စ်နာက ယခုအိမ်ကို ကန်ဒေါ်လာ သန်း ၆၀ ဖြင့် ခေတ္တမျှ အရောင်းဈေးကွက် တင်ခဲ့ဖူးသော်လည်း နောက်ပိုင်းတွင် အရောင်းဈေးကွက်မှ ပြန်လည်ရုတ်သိမ်းခဲ့သည်။

ကီဗင်ကော့စ်နာ၏ မိသားစု အဓိကအခြေချနေထိုင်သည်မှာ ဆန်တာဘာဘရာ၏ တောင်ဘက် မိုင် ၃၀ ခန့်အကွာတွင်ရှိသော Ventura မြို့တွင် ဖြစ်သည်။

ထို့အပြင် ကီဗင်ကော့စ်နာသည် Aspen မြို့တွင်လည်း ဧက ၁၆၀ ကျယ်ဝန်းသော ခြံတစ်ခြံ ပိုင်ဆိုင်ထားသေးပြီး ထိုခြံတွင် Baumgarter နှင့် ၂၀၀၄ ခုနှစ်တွင် လက်ထပ်ခဲ့ခြင်း ဖြစ်သည်။

ကီဗင်ကော့စ်နာတို့ ဇနီးမောင်နှံတွင် အသက် ၁၂၊ ၁၄ နှင့် ၁၅ နှစ်အရွယ်များရှိသော သားသမီး ၃ ဦးထွန်းကားထားပြီး ကွာရှင်းပြီးနောက်ပိုင်း ပူးတွဲအုပ်ထိန်းခွင့်ရရန် တင်ပြထားသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kevin Costner risked 10-acre oceanfront home to fund $100M 30-year film (nypost)

[Zawgyi]

ကီဗင္ေကာ့စ္နာက ေဒၚလာသန္း ၁၀၀ ခန္႔ကုန္မည့္ ရုပ္ရွင္ဇာတ္လမ္းတြဲရိုက္ကူးရန္ ၁၀ ဧကက်ယ္ေသာ ျခံကို ေပါင္ႏွံခဲ့

ေဟာလိဝုဒ္ၾကယ္ပြင့္ ကီဗင္ေကာ့စ္နာသည္ ေဒၚလာ သန္း ၁၀၀ ခန္႔ကုန္က်ကာ ႏွစ္ေပါင္း ၃၀ ခန္႔ ရိုက္ကူးရမည့္ ရုပ္ရွင္ဇာတ္လမ္းတြဲ ရိုက္ကူးေရးအတြက္ ကုန္က်စရိတ္ရရွိရန္ အေမရိကန္ျပည္ေထာင္စု၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ဆန္တာဘာဘရာခရိုင္ရွိ ၁၀ ဧက က်ယ္ဝန္းေသာ ျခံကို ေပါင္ႏွံခဲ့ေၾကာင္း ထုတ္ေဖာ္ဝန္ခံခဲ့သည္။

Deadline သတင္းဌာနႏွင့္ ေတြ႔ဆံုေမးျမန္းခန္းတြင္ ကီဗင္ေကာ့စ္နာက ေျပာသည္မွာ ဆန္တာဘာဘရာခရိုင္၊ Carpinteria ျမိဳ႕ရွိ ၁၀ ဧကက်ယ္ေသာ ပင္လယ္ကမ္းေျခရွိ ေျမကြက္လြတ္ေနရာတြင္ ေဒၚလာ ၁၄၅ သန္း ကုန္က်မည့္ စံအိမ္သစ္တစ္လံုး ေဆာက္လုပ္ရန္ စီစဥ္ခဲ့ေၾကာင္း ေျပာသည္။

“ဆန္တာဘာဘရာမွာရွိတဲ့ ကၽြန္ေတာ္အိမ္ေဆာက္ဖုိ႔ စီစဥ္ထားတဲ့ ၁၀ ဧကေျမကြက္ကို ေပါင္ႏွံခဲ့ပါတယ္။ တစ္ခ်က္ေလးေတာင္ မေတြးဘဲ ဒါကိုလုပ္ခဲ့တာပါ။ ကၽြန္ေတာ့္ စာရင္းကိုင္က ေဒါသေတြထြက္ခဲ့တယ္။ ဒါေပမယ့္ ဒါက ကၽြန္ေတာ့္ဘဝပါ။ ကၽြန္ေတာ့္စိတ္ကူးအၾကံဥာဏ္ကို ကၽြန္ေတာ္ယံုၾကည္ပါတယ္”ဟု ကီဗင္ေကာ္စနာက အဆိုပါသတင္းဌာနသို႔ ေျပာသည္။ ယခုႏွစ္အတြင္း ကီဗင္ေကာ့စ္နာ၏ ၁၈ ႏွစ္တာ အိမ္ေထာင္ေရးနိဂံုးခ်ဳပ္သြားခဲ့ျခင္းႏွင့္စပ္လ်ဥ္း၍လည္း ေကာလာဟလသတင္းမ်ားစြာ ထြက္ေပၚေနသည္။

ဇနီးျဖစ္သူ Christine Baumgartner က အလုပ္ကိုသာ အလြန္အကၽြံအာရံုစိုက္ေနေသာ ကီဗင္ေကာ့စ္နာအေပၚ စိတ္ကုန္ေနျခင္းျဖစ္သည္ဟူေသာ ခန္႔မွန္းခ်က္မ်ားရွိသည္။

ကီဗင္ေကာ့စ္နာသည္ ယခုရုပ္ရွင္ကားေၾကာင့္ အိမ္ေထာင္ေရးထိခိုက္ရသည္သာမက အေကာင္းဆံုးအိမ္ျခံေျမ တစ္ခုကိုပါ ထိခိုက္ေစခဲ့ျခင္းလည္း ျဖစ္သည္။

(၁၀ ဧက က်ယ္ေသာ ဤေျမကြက္တြင္ ကီဗင္ေကာ့စ္နာက မိသားစုအတြက္ အိမ္သစ္တစ္လံုးေဆာက္ရန္ စီစဥ္ခဲ့သည္။ ဓာတ္ပံု-Backgrid)

(Horizon အမည္ရွိ ရုပ္ရွင္ဇာတ္လမ္းတြဲရိုက္ရန္ ဤေျမကြက္ကို ေပါင္ခဲ့သည္။ ဓာတ္ပံု-Backgrid)

မၾကာမီရိုက္ကူးမည့္ Horizon အမည္ရွိ ရုပ္ရွင္ဇာတ္လမ္းတြဲအတြက္ ကုန္က်စရိတ္ရရန္ ထပ္ဆင့္ ေအာ္စကာဆုရွင္ ကီဗင္ေကာ့စ္နာက ယခုကဲ့သို႔ ဆံုးျဖတ္ခ်က္ခ်ခဲ့ရျခင္းလည္း ျဖစ္သည္။

သူရိုက္ကူးမည့္ Horizon ဇာတ္လမ္းတြဲမွာ အပိုင္း ၄ ပိုင္း ပါဝင္ကာ ႏွစ္ေပါင္း ၃၀ ခန္႔ ရိုက္ကူးရမည္ဟု ခန္႔မွန္းထားျပီး အဆိုပါရုပ္ရွင္အတြက္ ကီဗင္ေကာ့စ္နာက အားသြန္ခြန္စိုက္ လံုးပမ္းလ်က္ရွိသည္။

ေဒၚလာ သန္း ၁၀၀ ကုန္မည့္ ထိုရုပ္ရွင္အတြက္ ကီဗင္ေကာ့စ္နာက သူတစ္ဦးတည္းအေနျဖင့္ ေဒၚလာ သန္း ၅၀ ရွာေဖြထားသည္။

“ကၽြန္ေတာ္ေျပာမယ္ဗ်ာ။ ဒီလိုမ်ဳိး ဘယ္ေတာ့မွ ထပ္မလုပ္ေတာ့ဘူး။ ဒီ ရုပ္ရွင္ ၄ ကားျပီးရင္ ေနာက္ထပ္ဘယ္ရုပ္ရွင္အတြက္မွ ကၽြန္ေတာ့္ေငြေတြ မသံုးေတာ့ဘူး”

ကီဗင္ေကာ့စ္နာသည္ Carpinteria ျမိဳ႕တြင္ အျခားအိမ္တစ္လံုးလည္း ပိုင္ဆိုင္ထားေသးသည္။

အဆိုပါအိမ္မွာ ျခံအက်ယ္ ၁၇ ဧကရွိျပီး အိပ္ခန္း ၂ ခန္း၊ ေရခ်ဳိးခန္း ၂ ခန္းပါ ေမြးျမဴေရးျခံတစ္ခု ျဖစ္သည္။

ကီဗင္ေကာ့စ္နာက ထိုအိမ္ကို ၂၀၀၆ ခုႏွစ္အတြင္း ကန္ေဒၚလာ ၂၈ ဒသမ ၅ သန္းျဖင့္ ဝယ္ယူခဲ့ျခင္း ျဖစ္သည္။

(Carpinteria ျမိဳ႕မွ ကီဗင္ေကာ့စ္နာ၏ အိမ္တစ္လံုး။ ဓာတ္ပံု-MEGA)

၂၀၁၇ ခုႏွစ္အတြင္း ကီဗင္ေကာ့စ္နာက ယခုအိမ္ကို ကန္ေဒၚလာ သန္း ၆၀ ျဖင့္ ေခတၱမွ် အေရာင္းေစ်းကြက္ တင္ခဲ့ဖူးေသာ္လည္း ေနာက္ပိုင္းတြင္ အေရာင္းေစ်းကြက္မွ ျပန္လည္ရုတ္သိမ္းခဲ့သည္။

ကီဗင္ေကာ့စ္နာ၏ မိသားစု အဓိကအေျခခ်ေနထိုင္သည္မွာ ဆန္တာဘာဘရာ၏ ေတာင္ဘက္ မိုင္ ၃၀ ခန္႔အကြာတြင္ရွိေသာ Ventura ျမိဳ႕တြင္ ျဖစ္သည္။

ထို႔အျပင္ ကီဗင္ေကာ့စ္နာသည္ Aspen ျမိဳ႕တြင္လည္း ဧက ၁၆၀ က်ယ္ဝန္းေသာ ျခံတစ္ျခံ ပိုင္ဆိုင္ထားေသးျပီး ထိုျခံတြင္ Baumgarter ႏွင့္ ၂၀၀၄ ခုႏွစ္တြင္ လက္ထပ္ခဲ့ျခင္း ျဖစ္သည္။

ကီဗင္ေကာ့စ္နာတို႔ ဇနီးေမာင္ႏွံတြင္ အသက္ ၁၂၊ ၁၄ ႏွင့္ ၁၅ ႏွစ္အရြယ္မ်ားရွိေသာ သားသမီး ၃ ဦးထြန္းကားထားျပီး ကြာရွင္းျပီးေနာက္ပိုင္း ပူးတြဲအုပ္ထိန္းခြင့္ရရန္ တင္ျပထားသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kevin Costner risked 10-acre oceanfront home to fund $100M 30-year film (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ဆန်ဖရန်စစ္စကိုတွင် နည်းပညာကုမ္ပဏီများက ဝန်ထမ်းလျှော့ချမှု အလွန်များပြားလာနေသောကြောင့် အိမ်ခြံမြေဈေးနှုန်းများ ထိုးကျ...
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များဖြစ်သော Elon Musk, Jeff Bezos နှင့် Mark Zuckerberg တို့၏ စံအိမ်ကြီးများ
လီဗာပူးအသင်းက နည်းပြများ နေထိုင်ရန် ဝယ်ယူထားသော စံအိမ်တွင် ယာဂန် ကလော့ နေထိုင်ခဲ့သော်လည်း ၎င်းထွက်ခွာသွားပြီးနောက် နည်းပြသစ်က နေထိုင်လိုခြင်းမရှိကြောင်း ငြင်းပယ်ခဲ့ရာ စံအိမ်ကို ပေါင် ၄ သန်း ဖြင့် အရ...

အမေရိကန်ပြည်၊ မိုင်အမ်မီရှိ ကျွန်းတစ်ကျွန်းတွင် Jeff Bezos ၏ ခြံနှင့် ကပ်လျက်ရှိသော ၂ ဧကနီးပါး သာရှိသည့် ခြံတစ်ခြံ အရောင်းဈေးကွက်ဝင်လာ၊ ဈေးနှုန်းမှာ ကြောက်ခမန်းလိလိ များပြားရာ ဝယ်ယူမည့်သူအနေဖြင့် Jeff Bezos လောက် ချမ်းသာရန် လိုအပ်မည်ဖြစ်...

ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
ကမ္ဘာ့လက်ဝှေ့ချန်ပီယံ ဖလွိုက်မေဝယ်သာက နယူးယောက်မြို့တွင် တိုက်ခန်းတစ်ခန်းကို တစ်လလျှင် ဒေါ်လာ ၁ သိန်းဖြင့် ငှားရမ်း...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ကယ်လီဖိုးနီးယားပြည်နယ်တွင် စပျစ်ခင်း ဧက ၄၀ ပါသော ဧက ၂၀၀၀ ကျယ်ဝန်းသည့် ခြံကြီး ကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် အရောင်းဈေးကွက်ဝင်လာ...
၁၄ နာရီအတွင်း အမျိုးသားပေါင်း ၁၀၁ ဦးနှင့် အိပ်ခဲ့သော OnlyFans လူမှုကွန်ရက်မှ အကျော်အမော် အင်္ဂလန်နိုင်ငံသူ မိန်းကလေး Lily Philips က OnlyFans မှ ရသောငွေများဖြင့် ခမ်းနားသော စံအိမ်ကြီး ၂ လုံးဝယ်ယူထား...

ကမ္ဘာကြီးကို တပ်လှန့်လိုက်သော လေထုညစ်ညမ်းမှု ပြဿနာ (သို့) ဗီယက်နမ်နိုင်ငံ၏မြို့တော် ဟနွိုင်းတွင် လေထုညစ်ညမ်းမှု အလွန်ဆိုးရွားနေသောကြောင့် မြို့ခံအမျိုးသမီး တစ်ဦးက နေအိမ် ၄ လုံးကို ရောင်းချကာ ထွက်ပြေးတိမ်းရှောင်...

အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...
ဘိန်းဘုရင် အက်စ်ကိုဘာ ပိုင်ဆိုင်ခဲ့သော Boeing 727 ဂျက်လေယာဉ်ကြီးကို အင်္ဂလန်နိုင်ငံသားတစ်ဦးက လူနေအိမ်အဖြစ် ပြောင်းလဲကာ တစ်ညလျှင် ပေါင် ၈၅၀ ဖြင့် အငှားချ...

ငှါးရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ကြေးစား သူတောင်းစားဂိုဏ်းများ ကြီးစိုးမင်းမူလျက်ရှိသော ဗြိတိန်၏ လမ်းမများ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
ဘရစ်တ်နီ စပီးယား လှေကားထိပ်မှ သရဲများ၏ တွန်းချခံရသောကြောင့် မနေရဲသောအိမ်၊ ရုပ်ရှင်မင်းသမီး ဘရစ်နီး မာဖီတို့ ဇနီးမောင်နှံ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
လန်ဒန်မြို့သား ၄၀ ရာခိုင်နှုန်းခန့်မှာ အရက်ဆိုင်နှင့်နီးနီးနားနားရှိသော နေအိမ်များကိုသာ ဝယ်ယူကြကြောင်း စစ်တမ်းတစ်ရပ်အရ တ
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ဗဟုသုတအဖြာဖြာ အိမ်ခြံမြေရေးရာ
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
ရုရှားသို့ ထွက်ပြေးတိမ်းရှောင်သွားသော ဆီးရီးယားသမ္မတ ဘရှား အယ်လ် အာဆတ်၏ စွန့်ပစ်ထားခဲ့သည့် စံအိမ်ကြီး
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
တရုတ်ပြည်တွင် ပြန်ပေးဆွဲခံရသော ကလေးတစ်ဦး ၂၆ နှစ်အကြာ၌ ဆောက်လုပ်ရေးကုမ္ပဏီ ပိုင်ရှင် မိဘများနှင့် ပြန်လည်ဆုံစည်း၊ ဖခင်ဖြစ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
BLACKPINK မှ Rose က သူ၏ Luxury လူနေခန်းကို ပရိသတ်များအား ချပြလာ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
တရုတ်ပြည်တွင် မိန်းကလေးများကြား နာမည်ကြီးနေသော အဖြူရောင်မာဖီးယားဂိုဏ်း၊ အမျိုးသမီးများအား စပေါ်ငွေ ပြန်မပေးသော အိမ်ရှင်မ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
အင်္ဂလန်တွင် အိမ်သို့ ဧည့်သည်လာလျှင် ၁၀ ပေါင် ကောက်ခံသည့် အိမ်ရှင်အပါအဝင် အိမ်ငှားတို့ ရင်ဆိုင်ရသည့်အဖြစ်များ
imyanmarmarket
Shwe Wutt Hmone

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service