လန်ဒန်မြို့သားတစ်ဦး သန်းကြွယ်သူဌေးများသာ နေထိုင်နိုင်သော လန်ဒန်မြို့လယ် တန်ဖိုးကြီး ဇိမ်ခံလူနေခန်းတစ်ခု ငှားရမ်းနေထိုင်ရာ တစ်ပတ်လျှင် ပေါင် ၂၀၀ မျှသာ ပေးရ။ ဘာကြောင့်လဲ

လန်ဒန်မြို့သားတစ်ဦး သန်းကြွယ်သူဌေးများသာ နေထိုင်နိုင်သော လန်ဒန်မြို့လယ် တန်ဖိုးကြီး ဇိမ်ခံလူနေခန်းတစ်ခု ငှားရမ်းနေထိုင်ရာ တစ်ပတ်လျှင် ပေါင် ၂၀၀ မျှသာ ပေးရ။ ဘာကြောင့်လဲ - Property News in Myanmar from iMyanmarHouse.com
8 Jun 2023 12:22 pm တွင် တင်ခဲ့သည်
912 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လန်ဒန်မြို့သားတစ်ဦးသည် လန်ဒန်မြို့၏ အလွန်လူကြိုက်များသော နေရာတစ်ခုရှိ တန်ဖိုးကြီး လူနေခန်းတစ်ခုတွင် တစ်ပတ်လျှင် ပေါင် ၂၀၀ မျှသာ အိမ်ငှားခပေးရကာ သန်းကြွယ်သူဌေးတစ်ဦးသဖွယ် နေထိုင်ရလျက်ရှိသည်။

Kwame Agyekum အမည်ရှိ အသက် ၃၄ နှစ်အရွယ် အမျိုးသားသည် အင်္ဂလန် ၊ အောက်လွှတ်တော်မှ စီးပွားရေးစီမံခန့်ခွဲမှု အရာရှိတစ်ဦး ဖြစ်သည်။

သူသည် ပေါင် ၃၅ သန်းနှင့်အထက် တန်ကြေးရှိသော လူနေခန်းများ တည်ရှိရာ တန်ဖိုးကြီး လူနေအိမ်ရာတစ်ခုတွင် အိပ်ခန်း ၁ ခန်းပါ လူနေခန်းကို ငှားရမ်းနေထိုင်လျက်ရှိသည်။

(Kwame သည် Millbank Quarter အမည်ရှိ တန်ဖိုးကြီးအိမ်ရာတွင် ငှားရမ်းနေထိုင်ခြင်း ဖြစ်သည်။ ဓာတ်ပုံ- Berkeley Group)

(သူ၏ အခန်းမှာ တန်ဖိုးနည်း လူနေခန်း ၁၃ ခန်းတွင် တစ်ခန်းအပါအဝင်ဖြစ်သောကြောင့် တစ်လလျှင် ၈၆၂ ပေါင်သာ အိမ်ငှားခပေးရသည်။ ဓာတ်ပုံ- Berkeley Group)

Millbank Residences လူနေအိမ်ရာ အဆောက်အအုံကို ၁၉၂၇ မှ ၁၉၂၉ ခုနှစ်ကြား ဆောက်လုပ်ခဲ့ပြီး ယခုအခါ သမိုင်းဝင် အဆောက်အအုံတစ်ခုအဖြစ် သတ်မှတ်ခံထားရသည်။

ထိုအိမ်ရာမှတဆင့် လွှတ်တော်နှင့် သိမ်းမြစ်ကို စီးမိုးတွေ့မြင်ရသည်။

ထိုလူနေအိမ်ရာတွင် အိပ်ခန်း ၁ ခန်းပါ လူနေခန်းများ၏ ဈေးနှုန်းမှာ ပေါင် ၁ ဒသမ ၇၅ သန်းရှိပြီး Kwame ငှားရမ်းနေထိုင်သည့် အခန်းထက် ကျဉ်းမြောင်းသော စတူဒီယို အခန်းများပင်လျှင် တစ်လလျှင် အိမ်ငှားခ ပေါင် ၃၃၅၀ ပေးရသည်။

Kwame သည် တစ်နှစ်လျှင်လစာငွေ ပေါင် ၃၄၅၀၀ ရရှိပြီး အိမ်ငှားခ တစ်လလျှင် ၈၆၂ ဒသမ ၄၂ ပေါင်သာ ပေးရသည်။

အဘယ်ကြောင့်ဆိုလျှင် လူနေခန်းပေါင်း ၂၀၀ နီးပါးရှိသော ထိုအိမ်ရာတွင် တန်ဖိုးနည်းလူနေခန်း ၁၃ ခန်း ပါဝင်ရာ Kwame ၏ အခန်းလည်း အပါအဝင် ဖြစ်သည်။

ဝက်စ်မင်စတာ (Westminster) မြို့ကောင်စီက ယခုအိမ်ရာကို ဆောက်လုပ်သော Developer ဖြစ်သော Berkeley Group ကို ပုဒ်မ ၁၀၆ သဘောတူညီချက်တစ်ခုအရ ဆောက်လုပ်ခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုသဘောတူညီချက်တွင် လန်ဒန်မြို့မှ အရေးပါသော ဝန်ထမ်းများအတွက် တန်ဖိုးနည်းလူနေခန်းများ ထည့်သွင်းပေးရန်ဟူသောအချက် ပါဝင်သည်။

Kwame က The Guardian သတင်းဌာနသို့ ပြောသည်မှာ “ဒီနေရာဝန်းကျင်မှာ ပုံမှန်အိမ်လခနဲ့သာ ဆိုရင် ကျွန်တော့်ရဲ့ တစ်လလုံးလစာထက် ပိုများပါလိမ့်မယ်။ ကျွန်တော်က တန်ဖိုးနည်း နေအိမ်ကို ငှားရမ်း နေထိုင်ခွင့်ရတာအပြင် ဒီလိုအရမ်းကောင်းတဲ့အဆောက်အအုံတစ်ခုမှာ နေထိုင်ခွင့်ရတာဟာ အရမ်းရမ်းကို ကံကောင်းပါတယ်”ဟု ပြောသည်။

Kwame ကပြောသည်မှာ တန်ဖိုးနည်းအိမ်ရာမရှိဘဲ လန်ဒန်မြို့လယ်တွင် နေထိုင်နိုင်မည် မဟုတ်ကြောင်း ပြောသည်။

သူ၏ မိခင်ကြီး အိမ်သို့ လာရောက်ချိန်တွင် သားဖြစ်သူအား မေးသည်မှာ ယခုအဆောက်အအုံမှာ ဟိုတယ်ကြီးတစ်ခုလားဟု မေးခဲ့သည်ဟု ဆိုသည်။

“အမေ ပထမဆုံးရောက်လာတုန်းက … ဒါက အိမ်လိုမျိုးလဲ မခံစားရဘူး။ ဟိုတယ်မဟုတ်တာ သေချာလို့လားလို့ မေးခဲ့ပါတယ်။”

ပုဒ်မ ၁၀၆ ဟူသည်မှာ ဒေသကောင်စီနှင့် အိမ်ခြံမြေ Developer တို့အကြား စီမံကိန်းများ ဆောက်လုပ်ခွင့်ပေးရာတွင် Developer ဘက်မှ လုပ်ဆောင်ပေးရမည့် တာဝန်များကို ပြဌာန်းထားခြင်း ဖြစ်သည်။

၁၉၉၀ ပြည့်နှစ် မြို့ပြနှင့်ကျေးလက် စီမံကိန်းအက်ဥပဒေမှ ပုဒ်မ ၁၀၆ ကို ရည်ညွှန်းခြင်းဖြစ်သည်။

ထိုပုဒ်မတွင်ဖော်ပြချက်အရ အိမ်ခြံမြေ developer တို့သည် စီမံကိန်းတစ်ခုဖော်ဆောင်ပါက လူအသိုက်အဝန်းအတွက် ကောင်းကျိုးပြုမည့်အရာများလည်း လုပ်ဆောင်ပေးရန် ပြဌာန်းထားခြင်းဖြစ်ပြီး အများအားဖြင့် အများပြည်သူသွားလာရာလမ်းများ၊ ပလက်ဖောင်းများ၊ လမ်းမီးတိုင်များကဲ့သို့ အခြေခံအဆောက်အအုံများ ဆောက်လုပ်ပေးရခြင်း ဖြစ်သည်။

Kwame နေထိုင်သောအိမ်ရာတွင် တန်ဖိုးနည်းအိမ်ခန်း ၁၃ ခန်းသာပါသော်လည်း မူလသတ်မှတ်ချက်မှာမူ စုစုပေါင်းအခန်းအရေအတွက်၏ ၂၅ ရာခိုင်နှုန်းအထိ တန်ဖိုးနည်းအိမ်ခန်းများ ထည့်သွင်းခိုင်းထားခြင်း ဖြစ်သည်။

ဝက်စ်မင်စတာမြို့ကောင်စီ၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက ပြောသည်မှာ “ကျွန်တော်တို့မြို့ကြီး အောင်မြင်မှုရစေဖို့အတွက် လန်ဒန်မြို့လယ်မှာ အဓိကလုပ်သား (Keyworker) တွေအတွက် တန်ဖိုးနည်းနေအိမ်တွေ ထောက်ပံ့ပေးဖို့ အရေးကြီးပါတယ်”ဟု ပြောသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: I pay just £200 a week to live like a billionaire in a luxury flat in hugely sought-after location – here’s how (thesun)

[Zawgyi]

လန္ဒန္ျမိဳ႕သားတစ္ဦး သန္းၾကြယ္သူေဌးမ်ားသာ ေနထိုင္ႏိုင္ေသာ လန္ဒန္ျမဳိ႕လယ္ တန္ဖိုးၾကီး ဇိမ္ခံလူေနခန္းတစ္ခု ငွားရမ္းေနထိုင္ရာ တစ္ပတ္လွ်င္ ေပါင္ ၂၀၀ မွ်သာ ေပးရ။ ဘာေၾကာင့္လဲ

လန္ဒန္ျမိဳ႕သားတစ္ဦးသည္ လန္ဒန္ျမိဳ႕၏ အလြန္လူၾကိဳက္မ်ားေသာ ေနရာတစ္ခုရွိ တန္ဖိုးၾကီး လူေနခန္းတစ္ခုတြင္ တစ္ပတ္လွ်င္ ေပါင္ ၂၀၀ မွ်သာ အိမ္ငွားခေပးရကာ သန္းၾကြယ္သူေဌးတစ္ဦးသဖြယ္ ေနထိုင္ရလ်က္ရွိသည္။

Kwame Agyekum အမည္ရွိ အသက္ ၃၄ ႏွစ္အရြယ္ အမ်ဳိးသားသည္ အဂၤလန္ ၊ ေအာက္လႊတ္ေတာ္မွ စီးပြားေရးစီမံခန္႔ခြဲမႈ အရာရွိတစ္ဦး ျဖစ္သည္။

သူသည္ ေပါင္ ၃၅ သန္းႏွင့္အထက္ တန္ေၾကးရွိေသာ လူေနခန္းမ်ား တည္ရွိရာ တန္ဖိုးၾကီး လူေနအိမ္ရာတစ္ခုတြင္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းကို ငွားရမ္းေနထိုင္လ်က္ရွိသည္။

(Kwame သည္ Millbank Quarter အမည္ရွိ တန္ဖိုးၾကီးအိမ္ရာတြင္ ငွားရမ္းေနထိုင္ျခင္း ျဖစ္သည္။ ဓာတ္ပံု- Berkeley Group)

(သူ၏ အခန္းမွာ တန္ဖိုးနည္း လူေနခန္း ၁၃ ခန္းတြင္ တစ္ခန္းအပါအဝင္ျဖစ္ေသာေၾကာင့္ တစ္လလွ်င္ ၈၆၂ ေပါင္သာ အိမ္ငွားခေပးရသည္။ ဓာတ္ပံု- Berkeley Group)

Millbank Residences လူေနအိမ္ရာ အေဆာက္အအံုကို ၁၉၂၇ မွ ၁၉၂၉ ခုႏွစ္ၾကား ေဆာက္လုပ္ခဲ့ျပီး ယခုအခါ သမိုင္းဝင္ အေဆာက္အအံုတစ္ခုအျဖစ္ သတ္မွတ္ခံထားရသည္။

ထိုအိမ္ရာမွတဆင့္ လႊတ္ေတာ္ႏွင့္ သိမ္းျမစ္ကို စီးမိုးေတြ႔ျမင္ရသည္။

ထိုလူေနအိမ္ရာတြင္ အိပ္ခန္း ၁ ခန္းပါ လူေနခန္းမ်ား၏ ေစ်းႏႈန္းမွာ ေပါင္ ၁ ဒသမ ၇၅ သန္းရွိျပီး Kwame ငွားရမ္းေနထိုင္သည့္ အခန္းထက္ က်ဥ္းေျမာင္းေသာ စတူဒီယို အခန္းမ်ားပင္လွ်င္ တစ္လလွ်င္ အိမ္ငွားခ ေပါင္ ၃၃၅၀ ေပးရသည္။

Kwame သည္ တစ္ႏွစ္လွ်င္လစာေငြ ေပါင္ ၃၄၅၀၀ ရရွိျပီး အိမ္ငွားခ တစ္လလွ်င္ ၈၆၂ ဒသမ ၄၂ ေပါင္သာ ေပးရသည္။

အဘယ္ေၾကာင့္ဆိုလွ်င္ လူေနခန္းေပါင္း ၂၀၀ နီးပါးရွိေသာ ထိုအိမ္ရာတြင္ တန္ဖိုးနည္းလူေနခန္း ၁၃ ခန္း ပါဝင္ရာ Kwame ၏ အခန္းလည္း အပါအဝင္ ျဖစ္သည္။

ဝက္စ္မင္စတာ (Westminster) ျမဳိ႕ေကာင္စီက ယခုအိမ္ရာကို ေဆာက္လုပ္ေသာ Developer ျဖစ္ေသာ Berkeley Group ကို ပုဒ္မ ၁၀၆ သေဘာတူညီခ်က္တစ္ခုအရ ေဆာက္လုပ္ခြင့္ေပးခဲ့ျခင္း ျဖစ္သည္။

ထိုသေဘာတူညီခ်က္တြင္ လန္ဒန္ျမိဳ႕မွ အေရးပါေသာ ဝန္ထမ္းမ်ားအတြက္ တန္ဖိုးနည္းလူေနခန္းမ်ား ထည့္သြင္းေပးရန္ဟူေသာအခ်က္ ပါဝင္သည္။

Kwame က The Guardian သတင္းဌာနသို႔ ေျပာသည္မွာ “ဒီေနရာဝန္းက်င္မွာ ပံုမွန္အိမ္လခနဲ႔သာ ဆိုရင္ ကၽြန္ေတာ့္ရဲ႕ တစ္လလံုးလစာထက္ ပိုမ်ားပါလိမ့္မယ္။ ကၽြန္ေတာ္က တန္ဖုိးနည္း ေနအိမ္ကို ငွားရမ္း ေနထိုင္ခြင့္ရတာအျပင္ ဒီလုိအရမ္းေကာင္းတဲ့အေဆာက္အအံုတစ္ခုမွာ ေနထိုင္ခြင့္ရတာဟာ အရမ္းရမ္းကို ကံေကာင္းပါတယ္”ဟု ေျပာသည္။

Kwame ကေျပာသည္မွာ တန္ဖိုးနည္းအိမ္ရာမရွိဘဲ လန္ဒန္ျမိဳ႕လယ္တြင္ ေနထိုင္ႏိုင္မည္ မဟုတ္ေၾကာင္း ေျပာသည္။ သူ၏ မိခင္ၾကီး အိမ္သို႔ လာေရာက္ခ်ိန္တြင္ သားျဖစ္သူအား ေမးသည္မွာ ယခုအေဆာက္အအံုမွာ ဟိုတယ္ၾကီးတစ္ခုလားဟု ေမးခဲ့သည္ဟု ဆုိသည္။

“အေမ ပထမဆံုးေရာက္လာတုန္းက … ဒါက အိမ္လိုမ်ဳိးလဲ မခံစားရဘူး။ ဟိုတယ္မဟုတ္တာ ေသခ်ာလို႔လားလို႔ ေမးခဲ့ပါတယ္။”

ပုဒ္မ ၁၀၆ ဟူသည္မွာ ေဒသေကာင္စီႏွင့္ အိမ္ျခံေျမ Developer တို႔အၾကား စီမံကိန္းမ်ား ေဆာက္လုပ္ခြင့္ေပးရာတြင္ Developer ဘက္မွ လုပ္ေဆာင္ေပးရမည့္ တာဝန္မ်ားကို ျပဌာန္းထားျခင္း ျဖစ္သည္။

၁၉၉၀ ျပည့္ႏွစ္ ျမိဳ႕ျပႏွင့္ေက်းလက္ စီမံကိန္းအက္ဥပေဒမွ ပုဒ္မ ၁၀၆ ကို ရည္ညႊန္းျခင္းျဖစ္သည္။

ထိုပုဒ္မတြင္ေဖာ္ျပခ်က္အရ အိမ္ျခံေျမ developer တို႔သည္ စီမံကိန္းတစ္ခုေဖာ္ေဆာင္ပါက လူအသိုက္အဝန္းအတြက္ ေကာင္းက်ဳိးျပဳမည့္အရာမ်ားလည္း လုပ္ေဆာင္ေပးရန္ ျပဌာန္းထားျခင္းျဖစ္ျပီး အမ်ားအားျဖင့္ အမ်ားျပည္သူသြားလာရာလမ္းမ်ား၊ ပလက္ေဖာင္းမ်ား၊ လမ္းမီးတိုင္မ်ားကဲ့သို႔ အေျခခံအေဆာက္အအံုမ်ား ေဆာက္လုပ္ေပးရျခင္း ျဖစ္သည္။

Kwame ေနထိုင္ေသာအိမ္ရာတြင္ တန္ဖိုးနည္းအိမ္ခန္း ၁၃ ခန္းသာပါေသာ္လည္း မူလသတ္မွတ္ခ်က္မွာမူ စုစုေပါင္းအခန္းအေရအတြက္၏ ၂၅ ရာခိုင္ႏႈန္းအထိ တန္ဖိုးနည္းအိမ္ခန္းမ်ား ထည့္သြင္းခိုင္းထားျခင္း ျဖစ္သည္။

ဝက္စ္မင္စတာျမိဳ႕ေကာင္စီ၏ ေျပာေရးဆိုခြင့္ရပုဂၢိဳလ္တစ္ဦးက ေျပာသည္မွာ “ကၽြန္ေတာ္တို႔ျမိဳ႕ၾကီး ေအာင္ျမင္မႈရေစဖို႔အတြက္ လန္ဒန္ျမိဳ႕လယ္မွာ အဓိကလုပ္သား (Keyworker) ေတြအတြက္ တန္ဖိုးနည္းေနအိမ္ေတြ ေထာက္ပံ့ေပးဖို႔ အေရးၾကီးပါတယ္”ဟု ေျပာသည္။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: I pay just £200 a week to live like a billionaire in a luxury flat in hugely sought-after location – here’s how (thesun)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
IP Man သရုပ်ဆောင် ဒွန်နီယန်းက ၎င်းအောက် အသက် ၁၈ နှစ်ငယ်သော ဇနီးနှင့် အိမ်ထောင်သက် ၂၂ နှစ်ပြည့် အခမ်းအနားကို Romantic ဆန်
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
ထိုင်းနိုင်ငံတွင် ဗုဒ္ဓ၏ သားတော် ရာဟုလာ ဝင်စားသည်ဟုဆိုကာ အသက် ၉ နှစ်အရွယ်ကလေးငယ်ကို ကိုးကွယ်နေမှု နာမည်ကြီးနေ၊ စိတ်ချင်း
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service