ဇနီးဟောင်း Amber Heard နှင့် ဖြစ်သောအမှုတွင် Johnny Depp ဘက်မှ ကူညီထွက်ဆိုပေးခဲ့သော နာမည်ကြီးမော်ဒယ် Kate Moss နှင့် Johnny Depp တို့ အတူနေထိုင်ခဲ့သော နယူးယောက်မှ အချစ်နိဗ္ဗာန်ဘုံ ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ

ဇနီးဟောင်း Amber Heard နှင့် ဖြစ်သောအမှုတွင် Johnny Depp ဘက်မှ ကူညီထွက်ဆိုပေးခဲ့သော နာမည်ကြီးမော်ဒယ် Kate Moss နှင့် Johnny Depp တို့ အတူနေထိုင်ခဲ့သော နယူးယောက်မှ အချစ်နိဗ္ဗာန်ဘုံ ကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ - Property News in Myanmar from iMyanmarHouse.com
8 Jun 2023 10:57 am တွင် တင်ခဲ့သည်
452 ကြိမ် ကြည့်ရှု့ပြီး

[Unicode]

လွန်ခဲ့သောနှစ်များအတွင်း ကမ္ဘာကျော်စုံတွဲတို့၏ တရားတဘောင်ရင်ဆိုင်မှုများ ကမ္ဘာကျော်ခဲ့ရာ ဂျွန်နီဒက်ပ်တို့ စုံတွဲနှင့် ဘရက်ပစ်နှင့်အင်ဂျလီနာဂျိုလီတို့၏ အမှုများ ဖြစ်သည်။

ဂျွန်နီဒက်ပ်၏ ဇနီးဟောင်း Amber Heard က သူမအား ဂျွန်နီဒက်ပ်က ရိုက်နှက်နှိပ်စက်ကြောင်း ပြောကြားခဲ့ပြီး ဂျွန်နီဒက်ပ်၏ ချစ်သူဟောင်း Kate Moss မှာလည်း နှိပ်စက်ခံရဖူးကြောင်း တရားရုံးတွင် ပြောခဲ့ရာ Kate Moss က လာရောက်ထွက်ဆိုရာတွင် မိမိအား ဂျွန်နီဒက်ပ်က နှိပ်စက်ဖူးခြင်း မရှိကြောင်း ဂျွန်နီဒက်ပ်ဘက်မှ ကာကွယ် ထွက်ဆိုသွားခဲ့သည်။

Kate Moss သည် Amber Heard မတိုင်မီ ဂျွန်နီဒက်ပ် တွဲခဲ့သော ချစ်သူဟောင်း ဖြစ်သည်။

(ဂျွန်နီဒက်ပ် အချစ်ရေး)

● ၁၉၈၃ မှ ၁၉၈၅ အထိ မိတ်ကပ်ပညာရှင် Lori Anne Allison နှင့် လက်ထပ်

● ၁၉၈၀ နှောင်းပိုင်းကာလများတွင် ရုပ်ရှင်မင်းသမီးများဖြစ်သော Jennifer Gray , Sherilyn Fenn တို့နှင့် စေ့စပ်ကြောင်းလမ်းခဲ့

● ၁၉၉၀ ပြည့်နှစ်တွင် ရုပ်ရှင်မင်းသမီး Winona Ryder ကို ချစ်ရေးဆို။ သူတို့တွဲချိန်တွင် Winona မှာ ၁၇ နှစ်သာ ရှိသေးပြီး ဂျွန်နီဒက်ပ်မှာ ၂၆ နှစ်အရွယ်ဖြစ်သည်။

● ၁၉၉၄ မှ ၁၉၉၈ အကြား အင်္ဂလန်မော်ဒယ် Kate Moss နှင့်တွဲခဲ့။

● ၁၉၉၈ တွင် ပြင်သစ်နိုင်ငံတွင် ရုပ်ရှင်ရိုက်ရင်း ပြင်သစ်ရုပ်ရှင်မင်းသမီး အဆိုတော် Vanessa Paradis နှင့် ဆုံစည်းကာ တွဲခဲ့ကြပြီး သားသမီး ၂ ဦး ထွန်းကား။

●၂၀၁၂ ခုနှစ်တွင် Vanessa နှင့် လမ်းခွဲပြီးနောက် ရုပ်ရှင်မင်းသမီး Amber Heard နှင့်တွဲခဲ့ပြီး ၂၀၁၅ တွင် လက်ထပ်ကာ ၂၀၁၆ တွင် ကွာရှင်းခဲ့သည်။

(ဂျွန်နီဒက်ပ်နှင့် Kate Moss တို့ အချစ်ရေး)

Kate Moss သည် ဂျွန်နီဒက်ပ်ကို မြင်မြင်ခြင်း ချစ်သွားခဲ့သည်ဟု ဆိုသည်။

“ပထမဆုံးတွေ့လိုက်တဲ့အချိန်မှာပဲ ကျွန်မတို့ အတူတကွ ဘဝခရီးဆက်ကြမယ်ဆိုတာ ကျွန်မသိခဲ့တယ်”ဟု Kate Moss ကပြောသည်။

ဂျွန်နီဒက်ပ်နှင့် Kate Moss တို့ လမ်းခွဲခဲ့ပြီး နှစ်ပေါင်းအတန်ကြာချိန် ၂၀၁၂ ခုနှစ်တွင် Kate Moss ကပြောခဲ့သည်မှာ ဂျွန်နီဒက်ပ်နှင့် လမ်းခွဲပြီးနောက်ပိုင်း နှစ်ပေါင်းများစွာ ငိုခဲ့ရကြောင်း ၊ ဂျွန်နီဒက်ပ်ကဲ့သို့ မိမိအပေါ် ဂရုစိုက်သူတစ်ဦးမှ မရှိကြောင်း ၊ မိမိယုံကြည်မှုထားနိုင်သူ တစ်ဦးကို ဆုံးရှုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောသည်။

၂၀၂၂ ခုနှစ်အတွင်း ဂျွန်နီဒက်ပ်က ဇနီးဟောင်း Amber Heard ကို အသရေဖျက်မှုနှင့် တရားစွဲချိန်တွင် Kate Moss က Live Video မှတဆင့် တရားရုံးထွက်ဆိုမှု ပြုလုပ်ပေးခဲ့သည်။

ထိုထွက်ဆိုမှုတွင် Kate Moss က ပြောသည်မှာ ဟိုတယ်တစ်ခုတွင် ရှိစဉ် လှေကားပေါ်မှ ပြုတ်ကျသည်မှာ ဂျွန်နီဒက်ပ်က တွန်းချခြင်း မဟုတ်ကြောင်း ပြောခဲ့သည်။

- ၁၉၉၄ ခုနှစ် ၊ ဖေဖော်ဝါရီလ သူတို့နှစ်ဦး ပထမဆုံးစတွေ့။

- ၁၉၉၄ စက်တင်ဘာလ ၁၃ ရက်။ နယူးယောက်မြို့ရှိ The Mark ဟိုတယ်တွင် Kate Moss နှင့် စကားများကာ ဟိုတယ်အခန်းနံရံကို ကန်ကျောက်ထုရိုက်ခဲ့မှုများကြောင့် အဖမ်းခံရ။ တရားသူကြီးက ဂျွန်နီဒက်ပ်ကို ၆ လတာ ပြဿနာမရှာဘဲ နေပါမည်ဟူသော ကတိဖြင့် လွှတ်ပေးခဲ့။

- ၁၉၉၄ စက်တင်ဘာ ၂၄ ရက်။ ဂျွန်နီဒက်ပ်၏ Ed Wood ရုပ်ရှင် စာနယ်ဇင်းမိတ်ဆက်ပွဲသို့ နှစ်ဦးအတူ တက်ရောက်။ -၁၉၉၅ ဇန်နဝါရီ ၂၁ ရက်။ ရွှေကမ္ဘာလုံး ဆုပေးပွဲသို့ နှစ်ဦးအတူတက်။

-၁၉၉၇ ခုနှစ်။ သူတို့နှစ်ဦး လမ်းခွဲ။

-၁၉၉၈ ခုနှစ်။Kate Moss နှင့် လမ်းခွဲရခြင်းတွင် မိမိ၌သာ အပြစ်ရှိကြောင်း ဂျွန်နီဒက်ပ်ပြော။

ဂျွန်နီဒက်ပ်နှင့် Kate Moss တို့ တွဲခဲ့စဉ်က နယူးယောက်မြို့ ၊ West Village ရှိ စံအိမ်တစ်လုံးတွင် နေထိုင်ခဲ့ကြသည်။

အဆိုပါ အိမ်သည် အဆောက်အအုံကြီးတစ်ခု၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး Washington Square Park မှ တစ်ဘလောက်ခန့်သာ ဝေးကွာသည်။

Waverly Place လမ်း ၊ အမှတ် ၁၁၂ တွင်ရှိသော အဆိုပါ အိမ်ကို ဒေါ်လာ ၁၅ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်တင်ထားသည်။

Kate Moss သည် အဆိုပါအိမ်တွင် ဂျွန်နီဒက်ပ်နှင့် တွဲခဲ့သော ၁၉၉၄ မှ ၁၉၉၈ အထိ နေထိုင်ခဲ့သည်။

Federal ဗိသုကာဟန်ဖြင့် ၁၈၂၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ အကျယ်မှာ ၂၂ ပေ ရှိသည်။

ကြီးမားသော ပြတင်းများ ၊ ထင်းသုံးမီးလင်းဖိုများနှင့် နေအိမ်ပြင်ပနေရာများ ပါဝင်သည်။

မျက်နှာကြက်မှာ အလွန်မြင့်မားပြီး သစ်မာသားကြမ်းခင်းများ အသုံးပြုထားသည်။

(နေအိမ်၏ အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Corcoran Group)

(မီးလင်းဖိုနှင့် ခေါင်းတိုင်ကို အခန်းအတွင်းဘက် အုတ်ဖော်ကာ ဆောက်လုပ်ထားမှုကို တွေ့ရသည်။ ဓာတ်ပုံ- Corcoran Group)

(မီးဖိုဆောင်နှင့် ညစာစားနေရာ။ ဓာတ်ပုံ- Corcoran Group)

(အပြင်ဘက်မြင်ကွင်း။ ဓာတ်ပုံ- Corcoran Group)

(ကျယ်ပြောလှသော အိပ်ခန်း။ ဓာတ်ပုံ- Corcoran Group)

(အဆောက်အအုံကြီးကို လမ်းဘက်မှတွေ့မြင်ရပုံ။ ဓာတ်ပုံ- Corcoran Group)

(မီးလင်းဖိုနှင့် အတွင်းပိုင်းမြင်ကွင်း။ ဓာတ်ပုံ- Corcoran Group)

(နေအိမ်အတွင်း အခြားတစ်နေရာ။ ဓာတ်ပုံ- Corcoran Group)

(အိပ်ခန်း။ ဓာတ်ပုံ- Corcoran Group)

(ပြင်ပနားနေနေရာ။ ဓာတ်ပုံ- Corcoran Group)

(နေအိမ်ပြင်ပ စိမ်းလန်းသော နေရာတစ်ခု။ ဓာတ်ပုံ- Corcoran Group)

အရောင်းဈေးကွက်တင်ပေးသည်မှာ Corcoral အိမ်ခြံမြေကုမ္ပဏီမှ အကျိုးဆောင် Randy Baruh ဖြစ်သည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Kate Moss and Johnny Depp’s former NYC love nest asks $15.5M (nypost)

[Zawgyi]

ဇနီးေဟာင္း Amber Heard ႏွင့္ ျဖစ္ေသာအမႈတြင္ Johnny Depp ဘက္မွ ကူညီထြက္ဆိုေပးခဲ့ေသာ နာမည္ၾကီးေမာ္ဒယ္ Kate Moss ႏွင့္ Johnny Depp တို႔ အတူေနထိုင္ခဲ့ေသာ နယူးေယာက္မွ အခ်စ္နိဗၺာန္ဘံု ကန္ေဒၚလာ ၁၅ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္ဝင္လာ

လြန္ခဲ့ေသာႏွစ္မ်ားအတြင္း ကမၻာေက်ာ္စံုတြဲတို႔၏ တရားတေဘာင္ရင္ဆိုင္မႈမ်ား ကမၻာေက်ာ္ခဲ့ရာ ဂၽြန္နီဒက္ပ္တို႔ စံုတြဲႏွင့္ ဘရက္ပစ္ႏွင့္အင္ဂ်လီနာဂ်ဳိလီတုိ႔၏ အမႈမ်ား ျဖစ္သည္။

ဂၽြန္နီဒက္ပ္၏ ဇနီးေဟာင္း Amber Heard က သူမအား ဂၽြန္နီဒက္ပ္က ရုိက္ႏွက္ႏွိပ္စက္ေၾကာင္း ေျပာၾကားခဲ့ျပီး ဂၽြန္နီဒက္ပ္၏ ခ်စ္သူေဟာင္း Kate Moss မွာလည္း ႏွိပ္စက္ခံရဖူးေၾကာင္း တရားရံုးတြင္ ေျပာခဲ့ရာ Kate Moss က လာေရာက္ထြက္ဆိုရာတြင္ မိမိအား ဂၽြန္နီဒက္ပ္က ႏွိပ္စက္ဖူးျခင္း မရွိေၾကာင္း ဂၽြန္နီဒက္ပ္ဘက္မွ ကာကြယ္ ထြက္ဆိုသြားခဲ့သည္။

Kate Moss သည္ Amber Heard မတိုင္မီ ဂၽြန္နီဒက္ပ္ တြဲခဲ့ေသာ ခ်စ္သူေဟာင္း ျဖစ္သည္။

(ဂၽြန္နီဒက္ပ္ အခ်စ္ေရး)

● ၁၉၈၃ မွ ၁၉၈၅ အထိ မိတ္ကပ္ပညာရွင္ Lori Anne Allison ႏွင့္ လက္ထပ္

● ၁၉၈၀ ေႏွာင္းပိုင္းကာလမ်ားတြင္ ရုပ္ရွင္မင္းသမီးမ်ားျဖစ္ေသာ Jennifer Gray , Sherilyn Fenn တုိ႔ႏွင့္ ေစ့စပ္ေၾကာင္းလမ္းခဲ့

● ၁၉၉၀ ျပည့္ႏွစ္တြင္ ရုပ္ရွင္မင္းသမီး Winona Ryder ကို ခ်စ္ေရးဆို။ သူတို႔တြဲခ်ိန္တြင္ Winona မွာ ၁၇ ႏွစ္သာ ရွိေသးျပီး ဂၽြန္နီဒက္ပ္မွာ ၂၆ ႏွစ္အရြယ္ျဖစ္သည္။

● ၁၉၉၄ မွ ၁၉၉၈ အၾကား အဂၤလန္ေမာ္ဒယ္ Kate Moss ႏွင့္တြဲခဲ့။

● ၁၉၉၈ တြင္ ျပင္သစ္ႏိုင္ငံတြင္ ရုပ္ရွင္ရုိက္ရင္း ျပင္သစ္ရုပ္ရွင္မင္းသမီး အဆိုေတာ္ Vanessa Paradis ႏွင့္ ဆံုစည္းကာ တြဲခဲ့ၾကျပီး သားသမီး ၂ ဦး ထြန္းကား။

●၂၀၁၂ ခုႏွစ္တြင္ Vanessa ႏွင့္ လမ္းခြဲျပီးေနာက္ ရုပ္ရွင္မင္းသမီး Amber Heard ႏွင့္တြဲခဲ့ျပီး ၂၀၁၅ တြင္ လက္ထပ္ကာ ၂၀၁၆ တြင္ ကြာရွင္းခဲ့သည္။

(ဂၽြန္နီဒက္ပ္ႏွင့္ Kate Moss တို႔ အခ်စ္ေရး)

Kate Moss သည္ ဂၽြန္နီဒက္ပ္ကုိ ျမင္ျမင္ျခင္း ခ်စ္သြားခဲ့သည္ဟု ဆိုသည္။

“ပထမဆံုးေတြ႔လုိက္တဲ့အခ်ိန္မွာပဲ ကၽြန္မတို႔ အတူတကြ ဘဝခရီးဆက္ၾကမယ္ဆိုတာ ကၽြန္မသိခဲ့တယ္”ဟု Kate Moss ကေျပာသည္။

ဂၽြန္နီဒက္ပ္ႏွင့္ Kate Moss တို႔ လမ္းခြဲခဲ့ျပီး ႏွစ္ေပါင္းအတန္ၾကာခ်ိန္ ၂၀၁၂ ခုႏွစ္တြင္ Kate Moss ကေျပာခဲ့သည္မွာ ဂၽြန္နီဒက္ပ္ႏွင့္ လမ္းခြဲျပီးေနာက္ပိုင္း ႏွစ္ေပါင္းမ်ားစြာ ငိုခဲ့ရေၾကာင္း ၊ ဂၽြန္နီဒက္ပ္ကဲ့သို႔ မိမိအေပၚ ဂရုစိုက္သူတစ္ဦးမွ မရွိေၾကာင္း ၊ မိမိယံုၾကည္မႈထားႏိုင္သူ တစ္ဦးကို ဆံုးရံႈးခဲ့ရျခင္း ျဖစ္ေၾကာင္း ေျပာသည္။

၂၀၂၂ ခုႏွစ္အတြင္း ဂၽြန္နီဒက္ပ္က ဇနီးေဟာင္း Amber Heard ကို အသေရဖ်က္မႈႏွင့္ တရားစြဲခ်ိန္တြင္ Kate Moss က Live Video မွတဆင့္ တရားရံုးထြက္ဆိုမႈ ျပဳလုပ္ေပးခဲ့သည္။

ထိုထြက္ဆိုမႈတြင္ Kate Moss က ေျပာသည္မွာ ဟိုတယ္တစ္ခုတြင္ ရွိစဥ္ ေလွကားေပၚမွ ျပဳတ္က်သည္မွာ ဂၽြန္နီဒက္ပ္က တြန္းခ်ျခင္း မဟုတ္ေၾကာင္း ေျပာခဲ့သည္။

- ၁၉၉၄ ခုႏွစ္ ၊ ေဖေဖာ္ဝါရီလ သူတို႔ႏွစ္ဦး ပထမဆံုးစေတြ႔။

- ၁၉၉၄ စက္တင္ဘာလ ၁၃ ရက္။ နယူးေယာက္ျမိဳ႕ရွိ The Mark ဟိုတယ္တြင္ Kate Moss ႏွင့္ စကားမ်ားကာ ဟိုတယ္အခန္းနံရံကို ကန္ေက်ာက္ထုရိုက္ခဲ့မႈမ်ားေၾကာင့္ အဖမ္းခံရ။ တရားသူၾကီးက ဂၽြန္နီဒက္ပ္ကို ၆ လတာ ျပႆနာမရွာဘဲ ေနပါမည္ဟူေသာ ကတိျဖင့္ လႊတ္ေပးခဲ့။

- ၁၉၉၄ စက္တင္ဘာ ၂၄ ရက္။ ဂၽြန္နီဒက္ပ္၏ Ed Wood ရုပ္ရွင္ စာနယ္ဇင္းမိတ္ဆက္ပြဲသို႔ ႏွစ္ဦးအတူ တက္ေရာက္။ -၁၉၉၅ ဇန္နဝါရီ ၂၁ ရက္။ ေရႊကမၻာလံုး ဆုေပးပြဲသို႔ ႏွစ္ဦးအတူတက္။

-၁၉၉၇ ခုႏွစ္။ သူတို႔ႏွစ္ဦး လမ္းခြဲ။

-၁၉၉၈ ခုႏွစ္။Kate Moss ႏွင့္ လမ္းခြဲရျခင္းတြင္ မိမိ၌သာ အျပစ္ရွိေၾကာင္း ဂၽြန္နီဒက္ပ္ေျပာ။

ဂၽြန္နီဒက္ပ္ႏွင့္ Kate Moss တုိ႔ တြဲခဲ့စဥ္က နယူးေယာက္ျမိဳ႕ ၊ West Village ရွိ စံအိမ္တစ္လံုးတြင္ ေနထိုင္ခဲ့ၾကသည္။

အဆိုပါ အိမ္သည္ အေဆာက္အအံုၾကီးတစ္ခု၏ အစိတ္အပိုင္းတစ္ခုျဖစ္ျပီး Washington Square Park မွ တစ္ဘေလာက္ခန္႔သာ ေဝးကြာသည္။

Waverly Place လမ္း ၊ အမွတ္ ၁၁၂ တြင္ရွိေသာ အဆုိပါ အိမ္ကို ေဒၚလာ ၁၅ ဒသမ ၅ သန္းျဖင့္ အေရာင္းေစ်းကြက္တင္ထားသည္။

Kate Moss သည္ အဆုိပါအိမ္တြင္ ဂၽြန္နီဒက္ပ္ႏွင့္ တြဲခဲ့ေသာ ၁၉၉၄ မွ ၁၉၉၈ အထိ ေနထုိင္ခဲ့သည္။

Federal ဗိသုကာဟန္ျဖင့္ ၁၈၂၆ ခုႏွစ္တြင္ ေဆာက္လုပ္ခဲ့ျခင္းျဖစ္ကာ အက်ယ္မွာ ၂၂ ေပ ရွိသည္။

ၾကီးမားေသာ ျပတင္းမ်ား ၊ ထင္းသံုးမီးလင္းဖိုမ်ားႏွင့္ ေနအိမ္ျပင္ပေနရာမ်ား ပါဝင္သည္။

မ်က္ႏွာၾကက္မွာ အလြန္ျမင့္မားျပီး သစ္မာသားၾကမ္းခင္းမ်ား အသံုးျပဳထားသည္။

(ေနအိမ္၏ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Corcoran Group)

(မီးလင္းဖုိႏွင့္ ေခါင္းတုိင္ကုိ အခန္းအတြင္းဘက္ အုတ္ေဖာ္ကာ ေဆာက္လုပ္ထားမႈကို ေတြ႔ရသည္။ ဓာတ္ပံု- Corcoran Group)

(မီးဖုိေဆာင္ႏွင့္ ညစာစားေနရာ။ ဓာတ္ပံု- Corcoran Group)

(အျပင္ဘက္ျမင္ကြင္း။ ဓာတ္ပံု- Corcoran Group)

(က်ယ္ေျပာလွေသာ အိပ္ခန္း။ ဓာတ္ပံု- Corcoran Group)

(အေဆာက္အအံုၾကီးကို လမ္းဘက္မွေတြ႔ျမင္ရပံု။ ဓာတ္ပံု- Corcoran Group)

(မီးလင္းဖိုႏွင့္ အတြင္းပိုင္းျမင္ကြင္း။ ဓာတ္ပံု- Corcoran Group)

(ေနအိမ္အတြင္း အျခားတစ္ေနရာ။ ဓာတ္ပံု- Corcoran Group)

(အိပ္ခန္း။ ဓာတ္ပံု- Corcoran Group)

(ျပင္ပနားေနေနရာ။ ဓာတ္ပံု- Corcoran Group)

(ေနအိမ္ျပင္ပ စိမ္းလန္းေသာ ေနရာတစ္ခု။ ဓာတ္ပံု- Corcoran Group)

အေရာင္းေစ်းကြက္တင္ေပးသည္မွာ Corcoral အိမ္ျခံေျမကုမၸဏီမွ အက်ဳိးေဆာင္ Randy Baruh ျဖစ္သည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Ref: Kate Moss and Johnny Depp’s former NYC love nest asks $15.5M (nypost)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အနက်ရှိုင်းဆုံး အပြာရောင်မာယာထဲတိုးဝင်ချင်သလား? ကမ္ဘာ့မြေရဲ့အနက်ဆုံးနေရာ (သို့မဟုတ်) ကမ္ဘာ့အကြီးဆုံးသမုဒ္ဒရာချောက်နက်ကြီး Mariana Trench...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှု လူမှုကွန်ရက်တွင် နာမည်ကြီးနေ...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည်းပညာအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြောင်း နာမည်ကြီးနေ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
အိမ်ဖြူတော်အနီးရှိ ဒေါ်လာ ၂၃ သန်းတန် စံအိမ်ကို ဝယ်ယူသွားသူမှာ Mark Zuckerberg ဖြစ်ကြောင်း ပေါ်ပေါက်လာ...
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ် မိန်းကလေးတစ်ဦးကို သမီးအဖြစ် မွေးစားကာ တစ်ဘဝလုံး စောင့်ရှောက် ပေးသွားမည်ဟု ကြေညာ...

ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
ဘီလ်ဂိတ်၏ ဖလော်ရီဒါတောင်ပိုင်းမှ စံအိမ် ကန်ဒေါ်လာ ၂၃ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်ဝင်လာ
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
CP ကုမ္ပဏီအုပ်စု၏ ဥက္ကဌ ကျီယာ ရာဝါးနွန်းမှာ ကြွယ်ဝမှု ကန်ဒေါ်လာ ၅ ဘီလီယံဖြင့် ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် ရပ်တည်...
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိမိသာ အိမ်မှဆင်းခဲ့သည့်အပြင် Paloma ၏ မီတာခ၊ ဖုန်းဘေမှသည် ကုန်ကျစရိတ် အားလုံးကို ၃ နှစ်ခန့် ပေးပို့နေခဲ့ကာ နောက်ဆုံးတွင် ပြန်လည်လ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်၏ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး အကူအညီစီမံကိန်းကြောင့် ကမ္ဘောဒီးယားရှိ ဝေးလံခေါင်ဖျား သော ရွာလေးတစ်ခု ခေတ်မီကာ စီ
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
တရုတ်ပြည်တွင် မိမိကို သင်ကြားခဲ့သည့် ပါမောက္ခအမျိုးသမီးကြီးနေထိုင်ရန် တပည့်မိန်းကလေးက တိုက်ခန်း တစ်ခန်း ဝယ်ပေးထားခဲ့ပြီး
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
ပြင်သစ်တွင် “ကျွန်တော့်မိန်းမက ဝက်မတစ်ကောင်ပါ” ဟု အမည်ပေးထားသော ဈေးဆိုင်တစ်ခု လူပြောများ သတင်းကြီးနေ
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
DeepSeek ကို တရုတ်ပြည်၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်လိုက်ပြီး DeepSeek ၏ နည်းပညာများ မပေါက်ကြားစေရေးအတွက် ထိပ်တန်းအင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဇာရီမှုနှင့်စပ်လျဉ်း၍ အကြောင်းချင်းရာများအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်၏ ဝါရှင်တန်ဒီစီ စံအိမ်ကို ထရမ့်အစိုးရအဖွဲ့တွင် တာဝန်ထမ်းဆောင်ဖူးသော အရာရှိဟောင်းတစ်ဦးက ဝယ်ယူလ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
မြောက်ကိုရီးယားဗိုလ်ကြီးဖြင့် နာမည်ကြီးခဲ့သော Hyun Bin နှင့် Son Ye Jin တို့ စုံတွဲပိုင်သော ဆိုးလ်မြို့လယ် မှ ဝမ် ၂၂ ဒသမ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
စကော့တလန်ရှိ ၁၆ ရာစုနှစ် ရဲတိုက်ကြီးကို လန်ဒန်မှ ကားပါကင်နေရာတစ်ခု ဈေးနှုန်းမျှဖြင့် ဝယ်ယူလိုက်သော ဇနီးမောင်နှံ
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
ကြိုးပုခက် နဲ့အိပ်တာ ကောင်းသလား ဆိုးသလား
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service